Premier League

မန်စီးတီးကို ဟာလန်း ရွေးချယ်ခဲ့ရတဲ့ အဓိကအကြောင်းအရာကြီး ၂ ခု

ဒေ့ါမွန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အသင်းအများအပြားက ယှဉ်ပြိုင်နေချိန်မှာ ဟာလန်းအနေနဲ့ မန်ချက်စတာစီးတီးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကြီး ၂ ခု ရှိနေပါတယ်။

ကောလာဟလတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းက နော်ဝေတိုက်စစ်မှူးနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားလိမ့်မယ်လို့ ယုံကြည်ရပြီး ဒီဘရိုင်းနားနဲ့အတူ အသင်းရဲ့ ထိပ်တန်းလစာရရှိနေတဲ့ ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပေါင် ၅၁ သန်းနဲ့ သဘောတူညီမှုကို အပြီးသတ်ပြီးတာနဲ့ လက်မှတ်ထိုးကြေးအပြင် ကြီးမားတဲ့ အပိုဆုကြေးငွေအချို့ကိုလည်း ထည့်သွင်းချုပ်ဆိုသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးအသင်းကို မက်မောလောက်ဖွယ် လစာပမာဏ လိုချင်တဲ့ ရည်ရွယ်ချက်သက်သက်နဲ့ ပြောင်းရွှေ့ခဲ့တာမဟုတ်ပုံရပါတယ်။

Manchester Evening News က စတူးဝပ် ဘရန်နန်က ဟာလန်းအနေနဲ့ ဘယ်အသင်းကိုသွားသွား တူညီတဲ့ လစာပမာဏ ရရှိနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ထက် မန်ချက်စတာစီးတီးအသင်းကို ရွေးချယ်ခဲ့တာက စိတ်ခံစားမှုနဲ့ ဘောလုံး အကြောင်းပြချက်တွေကြောင့်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ စစ်မှန်တဲ့ ဆက်နွယ်မှုမျိုး ရှိသူဖြစ်ပြီး ၎င်းရဲ့ဖခင်ဟာ မန်စီးတီးအတွက် ၃၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး နော်ဝေတိုက်စစ်မှူးကလည်း မန်စီးတီးရှပ်နဲ့ ပွဲတွေကိုတောင် တက်ရောက်ကြည့်ရှုခဲ့ဖူးတာဖြစ်ပါတယ်။

ဒေါ့မွန်ကစားသမားအဖြစ်နဲ့ အစ်တီဟတ်ကွင်းထဲမှာ လေ့ကျင့်ရေးလုပ်ဖို့အတွက် ဥမင်လျှောက်လမ်းထဲကနေ ထွက်လာတဲ့လမ်းမှာ ဟာလန်းက ‘လှလိုက်တာ။ ဟုတ်တယ်မလား’လို့ ပြောခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ လိုဂိုကိုလည်း တက်မနင်းဘဲ ဘေးကနေ ရှောင်သွားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းပြချက်ဖြစ်ပြီး ဟာလန်းဟာ နည်းပြ ဂွါဒီယိုလာလက်အောက်မှာ အလုပ်လုပ်နိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံချင်ဘဲ ကတ်တလန်နည်းပြလက်အောက်မှာ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို သိချင်နေတာဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အတွက် ၈၈ ပွဲမှာ ၈၅ ဂိုးအထိ သွင်းယူထားပြီး ချန်ပီယံလိဂ် ၁၉ ပွဲမှာလည်း ၂၃ ဂိုးအထိ သွင်းယူထားတာကြောင့် သေနိုင်လောက်တဲ့ အဆုံးသတ်သူတစ်ဦး ဖြစ်နှင့်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းမှာ အမှန်တကယ် တောက်ပပြနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေပြီး ကစားသမားဘဝ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းချင်နေတာဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ ဒီဘရိုင်းနား၊ ဖီးလ် ဖိုဒန်တို့နဲ့အတူ နည်းပြ ဂွါဒီယိုလာလက်အောက်မှာ ကစားရမယ်ဆိုရင် တစ်ဦးချင်းရော အသင်းလိုက်ပါ ဆုတံဆိပ်များစွာ ရရှိနိုင်မယ့် အကောင်းဆုံးအခွင့်အရေးရှိတယ်လို့ ခံစားနေရမှာဖြစ်ပါတယ်။ ဟာလန်းရဲ့အေးဂျင့် မီနို ရွိုင်းအိုလာဟာ နာမကျန်းဖြစ်ပြီး နောက်ဆုံးမှာတော့ ကွယ်လွန်သွားတာကြောင့် ဖခင်ဖြစ်သူက မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် တွန်းအားပေးလုပ်ဆောင်ရင်း ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ယခုအပတ်စနေနေ့ ဟာသာ ဘာလင်ကို ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ဒေါ့မွန် ပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဇူလိုင်လမှာ ရာသီကြို ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့အတွက် မန်စီးတီးအသင်းဖော်သစ်တွေနဲ့ မပူးပေါင်းမီ လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် နော်ဝေလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒ့ါမြန္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ အသင္းအမ်ားအျပားက ယွဥ္ၿပိဳင္ေနခ်ိန္မွာ ဟာလန္းအေနနဲ႔ မန္ခ်က္စတာစီးတီးကို ေရြးခ်ယ္ဖို႔ ဆုံးျဖတ္ခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းႀကီး ၂ ခု ရွိေနပါတယ္။

ေကာလာဟလေတြ ေတာက္ေလၽွာက္ ထြက္ေပၚေနခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းက ေနာ္ေဝတိုက္စစ္မႉးနဲ႔ မူအားျဖင့္ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဟာလန္းအေနနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားလိမ့္မယ္လို႔ ယုံၾကည္ရၿပီး ဒီဘရိုင္းနားနဲ႔အတူ အသင္းရဲ့ ထိပ္တန္းလစာရရွိေနတဲ့ ကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။

ဟာလန္းဟာ ေပါင္ ၅၁ သန္းနဲ႔ သေဘာတူညီမႈကို အၿပီးသတ္ၿပီးတာနဲ႔ လက္မွတ္ထိုးေၾကးအျပင္ ႀကီးမားတဲ့ အပိုဆုေၾကးေငြအခ်ိဳ႕ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးအသင္းကို မက္ေမာေလာက္ဖြယ္ လစာပမာဏ လိုခ်င္တဲ့ ရည္ရြယ္ခ်က္သက္သက္နဲ႔ ေျပာင္းေရႊ႕ခဲ့တာမဟုတ္ပုံရပါတယ္။

Manchester Evening News က စတူးဝပ္ ဘရန္နန္က ဟာလန္းအေနနဲ႔ ဘယ္အသင္းကိုသြားသြား တူညီတဲ့ လစာပမာဏ ရရွိနိုင္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီတို႔ထက္ မန္ခ်က္စတာစီးတီးအသင္းကို ေရြးခ်ယ္ခဲ့တာက စိတ္ခံစားမႈနဲ႔ ေဘာလုံး အေၾကာင္းျပခ်က္ေတြေၾကာင့္သာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ စစ္မွန္တဲ့ ဆက္ႏြယ္မႈမ်ိဳး ရွိသူျဖစ္ၿပီး ၎ရဲ့ဖခင္ဟာ မန္စီးတီးအတြက္ ၃၅ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ေနာ္ေဝတိုက္စစ္မႉးကလည္း မန္စီးတီးရွပ္နဲ႔ ပြဲေတြကိုေတာင္ တက္ေရာက္ၾကည့္ရႈခဲ့ဖူးတာျဖစ္ပါတယ္။

ေဒါ့မြန္ကစားသမားအျဖစ္နဲ႔ အစ္တီဟတ္ကြင္းထဲမွာ ေလ့က်င့္ေရးလုပ္ဖို႔အတြက္ ဥမင္ေလၽွာက္လမ္းထဲကေန ထြက္လာတဲ့လမ္းမွာ ဟာလန္းက ‘လွလိုက္တာ။ ဟုတ္တယ္မလား’လို႔ ေျပာခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ့ လိုဂိုကိုလည္း တက္မနင္းဘဲ ေဘးကေန ေရွာင္သြားခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ေဘာလုံးနဲ႔ပတ္သက္တဲ့ အေၾကာင္းျပခ်က္ျဖစ္ၿပီး ဟာလန္းဟာ နည္းၿပ ဂြါဒီယိုလာလက္ေအာက္မွာ အလုပ္လုပ္နိုင္မယ့္ အခြင့္အေရးကို လက္လြတ္မခံခ်င္ဘဲ ကတ္တလန္နည္းျပလက္ေအာက္မွာ ဘယ္ေလာက္အထိ တိုးတက္လာမလဲဆိုတာကို သိခ်င္ေနတာျဖစ္ပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အတြက္ ၈၈ ပြဲမွာ ၈၅ ဂိုးအထိ သြင္းယူထားၿပီး ခ်န္ပီယံလိဂ္ ၁၉ ပြဲမွာလည္း ၂၃ ဂိုးအထိ သြင္းယူထားတာေၾကာင့္ ေသနိုင္ေလာက္တဲ့ အဆုံးသတ္သူတစ္ဦး ျဖစ္ႏွင့္ၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းမွာ အမွန္တကယ္ ေတာက္ပျပနိုင္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနၿပီး ကစားသမားဘဝ ေနာက္ထပ္အဆင့္တစ္ခုကို တက္လွမ္းခ်င္ေနတာျဖစ္ပါတယ္။

ဟာလန္းအေနနဲ႔ ဒီဘရိုင္းနား၊ ဖီးလ္ ဖိုဒန္တို႔နဲ႔အတူ နည္းၿပ ဂြါဒီယိုလာလက္ေအာက္မွာ ကစားရမယ္ဆိုရင္ တစ္ဦးခ်င္းေရာ အသင္းလိုက္ပါ ဆုတံဆိပ္မ်ားစြာ ရရွိနိုင္မယ့္ အေကာင္းဆုံးအခြင့္အေရးရွိတယ္လို႔ ခံစားေနရမွာျဖစ္ပါတယ္။ ဟာလန္းရဲ့ေအးဂ်င့္ မီနို ရြိဳင္းအိုလာဟာ နာမက်န္းျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ကြယ္လြန္သြားတာေၾကာင့္ ဖခင္ျဖစ္သူက မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔အတြက္ တြန္းအားေပးလုပ္ေဆာင္ရင္း ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ယခုအပတ္စေနေန႔ ဟာသာ ဘာလင္ကို ဘြန္ဒက္စ္လီဂါ ရာသီပိတ္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာ ေဒါ့မြန္ ပရိသတ္ေတြကို ေနာက္ဆုံး ႏႈတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ ဟာလန္းဟာ ဇူလိုင္လမွာ ရာသီႀကိဳ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ဖို႔အတြက္ မန္စီးတီးအသင္းေဖာ္သစ္ေတြနဲ႔ မပူးေပါင္းမီ လာမယ့္ ေနးရွင္းလိဂ္ပြဲစဥ္ေတြအတြက္ ေနာ္ေဝလက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.