Analysis Premier League

လီဗာပူးလ်တို့ရဲ့ ရုန်းကန်ခဲ့ရတဲ့ ဗီလာနိုင်ပွဲက ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်များ

ရောက်ရောက်ချင်း ဆောက်တဲ့ ထွင်းတဲ့သူ
အက်စ်တန်ဗီလာနည်းပြ စတီဗင် ဂျရတ်အနေနဲ့ အသင်းဟောင်းကို ဖိအားပေးပြီး ကစားနိုင်ဖို့ ပြင်ဆင်လာခဲ့သလို ပွဲစပြီး ၃ မိနစ်မှာပဲ ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်က အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာပါ။ ဒီဂိုးကို စတင်စဉ်မှာ ဒန်နီ အင်းစ် လူကျွံတယ်လို့ စောဒကတက်ခဲ့ကြပေမယ့် ဒိုင်လူကြီးနဲ့ VAR ကတော့ ဒါဟာ တော်တော်လေး နောက်ကျကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုပြီး မျက်ကွယ်ပြုသွားခဲ့သလို အိုးနင်းခွက်နင်းဖျက်တဲ့ မာတစ်ပ်နဲ့ ဆီမီကတ်စ်တို့ကြားကနေ လူးဝစ်ဇ်က နှစ်ကြိမ်ထိုးဖောက်ပြီး လီဗာပူးလ်တို့ကို မျက်ကလူးဆန်ပြာဖြစ်စေခဲ့ပါတယ်။

အမှားကို ပြန်ချေဖျက်တဲ့ မာတစ်ပ်
လူးဝစ်ဇ်ရဲ့ ပထမဂိုးမှာ အောက်ခြေမခိုင်တဲ့ ပုံစံနဲ့ မာတစ်ပ်ရဲ့ အိုလီ ဝပ်ကင်းစ်ကို သွားလုံးပြီး လဲကျသွားမှုက ကြီးမားတဲ့ အပြစ်ဖြစ်ခဲ့ပြီး ဒါကိုတော့ နောက်ထပ် သုံးမိနစ်အကြာမှာ ကင်းမရွန်းနောက်ခံလူအနေနဲ့ ပြန်လည်ချေဖျက်ပေးနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ အနီးကပ် ပိတ်သွင်းမှုကို ဂိုးရဖို့ စိတ်အားထက်သန်နေတဲ့ မာတစ်ပ်က နောက်ကနေ ပြေးဝင်လျှောထိုးပိတ်ပြီး သူ့ရဲ့ ဂိုးပေးလိုက်ရတဲ့ အမှားအတွက် ဂိုးပြန်ယူပေးခဲ့တာဖြစ်ပြီး ဒီရာသီမှာ သူ့ရဲ့ ရင့်ကျက်မှုနဲ့ စိန်ခေါ်နိုင်မှုတွေက ထင်ရှားခဲ့တာပါ။

အီဒါဆန်ရဲ့ အစ်ကိုကြီး အယ်လစ်ဆန်
မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ ဂိုးရှေ့က ခပ်ကြောင်ကြောင် ကစားပုံတွေကို ဝိုင်းပြောလို့ မဆုံးသေးခင်မှာပဲ ဒီနေ့မှာ သူ့အစ်ကိုကြီး အယ်လစ်ဆန်က အမှားတွေ ကျူးလွန်ပြခဲ့သေးတာပါ။ ဖာဘင်ညိုရဲ့ နောက်ပြန်ပေးမှုကို ဆရာကြီးအထာနဲ့ ဘေးကို ပြန်ပေးခဲ့တာက ပြေးလိုက်လာတဲ့ ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်နဲ့ မလွတ်ခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ အချိန်မီ မထိန်းသိမ်းနိုင်ခဲ့လို့သာ သက်သာခဲ့ရသလို အယ်လစ်ဆန်ကပဲ အသည်းအသန် လိုက်လံရှင်းထုတ်သွားခဲ့ရတာဖြစ်ပါတယ်။

ဖာရိုးလား? ပိရမစ်ထဲမှာ…
အီဂျစ်သားမို့လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဖာရိုးဘုရင်ကြီးလို့ ခေါ်ကြတဲ့ မိုဟာမက် ဆာလားကတော့ ဒီနေ့မှာလည်း အရန်ခုံထိုင်ခဲ့ရသလို လူစားဝင် ကစားခဲ့ချိန်မှာလည်း ခြေစွမ်းမပြနိုင်ဘဲဖြစ်ခဲ့လို့ ပိရမစ်ထဲ ရောက်နေပြီလို့ ပြောရမလိုဖြစ်ခဲ့တာပါ။ နောက်ဆုံး ၈ ပွဲမှာ ဂိုးပေါက်တွေ့တဲ့ပွဲ ၂ ပွဲသာရှိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ဘက်ကို နှစ်ဂိုးသွင်းအပြီးမှာ နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ လူးဝစ် ဒီယက်ဇ်လောက်တောင် အသုံးမဝင်ဘဲဖြစ်နေခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဦးဆောင်နေမှုကိုလည်း နောက်ကနေ ဆွန်ဟောင်မင်ရဲ့ နှစ်ဂိုးအကွာကနေ ကျော်တက်ခံရမလားလို့ အတွေးများစရာ ဖြစ်လာခဲ့ပါတယ်။

မာနေးကယ်ပေလို့ပေါ့ကွာ
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ ကီတာနဲ့ ဂျိုတာတို့နှစ်ယောက် ခြေစွမ်းမပြနိုင်ခဲ့ချိန်မှာ လူးဝစ် ဒီယက်ဇ်နဲ့ မာနေးတို့နှစ်ယောက်တည်း ရုန်းကန်ခဲ့ရသလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ပုံစံကလည်း အရင်ပွဲတွေကို မမီသလို ရောဘတ်ဆန်နေရာ ဝင်ကစားတဲ့ ဆီမီကတ်စ်ကလည်း သိပ်ပြီး အားကိုးလို့ရတဲ့ အဆင့်မျိုး မဟုတ်ခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာကတည်း ဒီယက်ဇ်နဲ့ မာနေးတို့ တွဲဖက်ထိုးဖောက်နေခဲ့ပြီး လူကျွံနေခဲ့လို့ တစ်ဂိုး မရခဲ့သလို ဒုတိယပိုင်းမှာတော့ ဒီယက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ မာနေးက ပါးပါးနပ်နပ် ခေါင်းတိုက်ပြီး အဖိုးတန်နိုင်ပွဲအတွက် သုံးမှတ်ရစေမယ့် ဂိုးနဲ့ ကယ်တင်ခဲ့တာဖြစ်ပါတယ်။

ဖလား ၄ လုံးအတွက် ဖာဘင်ညို မပါဘဲ ရုန်းရမှာလား
ကာရာဘောင်းဖလားကို ရယူအပြီးမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေကို ထပ်မံရရှိနိုင်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူးလ်တို့ အတွက် ဒီနေ့မှာတော့ ဖာဘင်ညိုရဲ့ ဒဏ်ရာက ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ပေါင်နောက်ကြော ဒဏ်ရာကို ၂၉ မိနစ် ကစားအပြီးမှာ ရရှိသွားခဲ့တဲ့ ဖာဘင်ညိုကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူအနားပေးထားတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ထုတ်သုံးခဲ့ရပြီး အလှည့်ကျ လူထုတ်ဖို့နဲ့ စီမံခန့်ခွဲဖို့ ခက်ခဲခဲ့ရသလို ဒီဒဏ်ရာမျိုးကတော့ အနည်းဆုံး နှစ်ပတ်လောက် နားရတတ်တာကြောင့် ခေါင်းခဲစရာလည်းဖြစ်လာခဲ့တာပါ။ လာမယ့် ပွဲတွေမှာတော့ ဝါရင့်ကစားသမား ဂျိမ်းစ် မီလ်နာကိုပဲ ပြန်အားကိုးရတော့ဖို့လည်း ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ယူနိုင်တဲ့ တိုက်စစ်
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ မိုဟာမက် ဆာလားက ဦးဆောင်နေခဲ့သလို ထိပ်ဆုံး ၅ ဦးစာရင်းမှာတော့ နောက်ထပ် လီဗာပူးလ်တိုက်စစ်မှူးနှစ်ဦးက ထပ်မံပါဝင်နေတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒီယိုဂို ဂျိုတာ ဂိုးမသွင်းနိုင်ဘဲ ဆာဒီယို မာနေးက ဂိုးသွင်းနိုင်ခဲ့လို့ သူတို့နှစ်ဦးရဲ့ သွင်းဂိုး ၁၅ ဂိုးချင်း တူညီသွားခဲ့တာဖြစ်ပြီး ပူးတွဲ စတုတ္ထနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ကစားသမားသုံးဦးအထိ ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ စံချိန်မှာ ၂၀၁၃-၁၄ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးရဲ့ ယာယာ တိုရေး၊ ဆာဂျီယို အဂွေရိုနဲ့ အက်ဒင် ဂျက်ကိုတို့ရဲ့ စံချိန်နဲ့လည်း တူညီခဲ့တာကြောင့် ချန်ပီယံဆုကိုရော တူညီမလား စောင့်ကြည့်ရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာက္ေရာက္ခ်င္း ေဆာက္တဲ့ ထြင္းတဲ့သူ
အက္စ္တန္ဗီလာနည္းျပ စတီဗင္ ဂ်ရတ္အေနနဲ႔ အသင္းေဟာင္းကို ဖိအားေပးၿပီး ကစားႏိုင္ဖို႔ ျပင္ဆင္လာခဲ့သလို ပြဲစၿပီး ၃ မိနစ္မွာပဲ ကြင္းလယ္ ကစားသမား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာပါ။ ဒီဂိုးကို စတင္စဥ္မွာ ဒန္နီ အင္းစ္ လူကြၽံတယ္လို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ ဒိုင္လူႀကီးနဲ႔ VAR ကေတာ့ ဒါဟာ ေတာ္ေတာ္ေလး ေနာက္က်က်န္ရစ္ခဲ့တဲ့ ျဖစ္ရပ္ဆိုၿပီး မ်က္ကြယ္ျပဳသြားခဲ့သလို အိုးနင္းခြက္နင္းဖ်က္တဲ့ မာတစ္ပ္နဲ႔ ဆီမီကတ္စ္တို႔ၾကားကေန လူးဝစ္ဇ္က ႏွစ္ႀကိမ္ထိုးေဖာက္ၿပီး လီဗာပူးလ္တို႔ကို မ်က္ကလူးဆန္ျပာျဖစ္ေစခဲ့ပါတယ္။

အမွားကို ျပန္ေခ်ဖ်က္တဲ့ မာတစ္ပ္
လူးဝစ္ဇ္ရဲ႕ ပထမဂိုးမွာ ေအာက္ေျခမခိုင္တဲ့ ပုံစံနဲ႔ မာတစ္ပ္ရဲ႕ အိုလီ ဝပ္ကင္းစ္ကို သြားလုံးၿပီး လဲက်သြားမႈက ႀကီးမားတဲ့ အျပစ္ျဖစ္ခဲ့ၿပီး ဒါကိုေတာ့ ေနာက္ထပ္ သုံးမိနစ္အၾကာမွာ ကင္းမ႐ြန္းေနာက္ခံလူအေနနဲ႔ ျပန္လည္ေခ်ဖ်က္ေပးႏိုင္ခဲ့ပါတယ္။ ဗန္ဒိုက္ရဲ႕ အနီးကပ္ ပိတ္သြင္းမႈကို ဂိုးရဖို႔ စိတ္အားထက္သန္ေနတဲ့ မာတစ္ပ္က ေနာက္ကေန ေျပးဝင္ေလွ်ာထိုးပိတ္ၿပီး သူ႔ရဲ႕ ဂိုးေပးလိုက္ရတဲ့ အမွားအတြက္ ဂိုးျပန္ယူေပးခဲ့တာျဖစ္ၿပီး ဒီရာသီမွာ သူ႔ရဲ႕ ရင့္က်က္မႈနဲ႔ စိန္ေခၚႏိုင္မႈေတြက ထင္ရွားခဲ့တာပါ။

အီဒါဆန္ရဲ႕ အစ္ကိုႀကီး အယ္လစ္ဆန္
မန္စီးတီးဂိုးသမား အီဒါဆန္ရဲ႕ ဂိုးေရွ႕က ခပ္ေၾကာင္ေၾကာင္ ကစားပုံေတြကို ဝိုင္းေျပာလို႔ မဆုံးေသးခင္မွာပဲ ဒီေန႔မွာ သူ႔အစ္ကိုႀကီး အယ္လစ္ဆန္က အမွားေတြ က်ဴးလြန္ျပခဲ့ေသးတာပါ။ ဖာဘင္ညိဳရဲ႕ ေနာက္ျပန္ေပးမႈကို ဆရာႀကီးအထာနဲ႔ ေဘးကို ျပန္ေပးခဲ့တာက ေျပးလိုက္လာတဲ့ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္နဲ႔ မလြတ္ခဲ့ေပမယ့္ အဂၤလန္တိုက္စစ္မႉးအေနနဲ႔ အခ်ိန္မီ မထိန္းသိမ္းႏိုင္ခဲ့လို႔သာ သက္သာခဲ့ရသလို အယ္လစ္ဆန္ကပဲ အသည္းအသန္ လိုက္လံရွင္းထုတ္သြားခဲ့ရတာျဖစ္ပါတယ္။

ဖာ႐ိုးလား? ပိရမစ္ထဲမွာ…
အီဂ်စ္သားမို႔လို႔ ဂုဏ္ျပဳတဲ့အေနနဲ႔ ဖာ႐ိုးဘုရင္ႀကီးလို႔ ေခၚၾကတဲ့ မိုဟာမက္ ဆာလားကေတာ့ ဒီေန႔မွာလည္း အရန္ခုံထိုင္ခဲ့ရသလို လူစားဝင္ ကစားခဲ့ခ်ိန္မွာလည္း ေျခစြမ္းမျပႏိုင္ဘဲျဖစ္ခဲ့လို႔ ပိရမစ္ထဲ ေရာက္ေနၿပီလို႔ ေျပာရမလိုျဖစ္ခဲ့တာပါ။ ေနာက္ဆုံး ၈ ပြဲမွာ ဂိုးေပါက္ေတြ႕တဲ့ပြဲ ၂ ပြဲသာရွိခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္ဘက္ကို ႏွစ္ဂိုးသြင္းအၿပီးမွာ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ လူးဝစ္ ဒီယက္ဇ္ေလာက္ေတာင္ အသုံးမဝင္ဘဲျဖစ္ေနခဲ့ၿပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဦးေဆာင္ေနမႈကိုလည္း ေနာက္ကေန ဆြန္ေဟာင္မင္ရဲ႕ ႏွစ္ဂိုးအကြာကေန ေက်ာ္တက္ခံရမလားလို႔ အေတြးမ်ားစရာ ျဖစ္လာခဲ့ပါတယ္။

မာေနးကယ္ေပလို႔ေပါ့ကြာ
လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မွာ ကီတာနဲ႔ ဂ်ိဳတာတို႔ႏွစ္ေယာက္ ေျခစြမ္းမျပႏိုင္ခဲ့ခ်ိန္မွာ လူးဝစ္ ဒီယက္ဇ္နဲ႔ မာေနးတို႔ႏွစ္ေယာက္တည္း ႐ုန္းကန္ခဲ့ရသလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ပုံစံကလည္း အရင္ပြဲေတြကို မမီသလို ေရာဘတ္ဆန္ေနရာ ဝင္ကစားတဲ့ ဆီမီကတ္စ္ကလည္း သိပ္ၿပီး အားကိုးလို႔ရတဲ့ အဆင့္မ်ိဳး မဟုတ္ခဲ့တာပါ။ ဒါေၾကာင့္ ပထမပိုင္းမွာကတည္း ဒီယက္ဇ္နဲ႔ မာေနးတို႔ တြဲဖက္ထိုးေဖာက္ေနခဲ့ၿပီး လူကြၽံေနခဲ့လို႔ တစ္ဂိုး မရခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဒီယက္ဇ္ရဲ႕ ျဖတ္တင္ေဘာကေန မာေနးက ပါးပါးနပ္နပ္ ေခါင္းတိုက္ၿပီး အဖိုးတန္ႏိုင္ပြဲအတြက္ သုံးမွတ္ရေစမယ့္ ဂိုးနဲ႔ ကယ္တင္ခဲ့တာျဖစ္ပါတယ္။

ဖလား ၄ လုံးအတြက္ ဖာဘင္ညိဳ မပါဘဲ ႐ုန္းရမွာလား
ကာရာေဘာင္းဖလားကို ရယူအၿပီးမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားေတြကို ထပ္မံရရွိႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ လီဗာပူးလ္တို႔ အတြက္ ဒီေန႔မွာေတာ့ ဖာဘင္ညိဳရဲ႕ ဒဏ္ရာက ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ ေပါင္ေနာက္ေၾကာ ဒဏ္ရာကို ၂၉ မိနစ္ ကစားအၿပီးမွာ ရရွိသြားခဲ့တဲ့ ဖာဘင္ညိဳေၾကာင့္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူအနားေပးထားတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ထုတ္သုံးခဲ့ရၿပီး အလွည့္က် လူထုတ္ဖို႔နဲ႔ စီမံခန႔္ခြဲဖို႔ ခက္ခဲခဲ့ရသလို ဒီဒဏ္ရာမ်ိဳးကေတာ့ အနည္းဆုံး ႏွစ္ပတ္ေလာက္ နားရတတ္တာေၾကာင့္ ေခါင္းခဲစရာလည္းျဖစ္လာခဲ့တာပါ။ လာမယ့္ ပြဲေတြမွာေတာ့ ဝါရင့္ကစားသမား ဂ်ိမ္းစ္ မီလ္နာကိုပဲ ျပန္အားကိုးရေတာ့ဖို႔လည္း ရွိေနပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဂုဏ္ယူႏိုင္တဲ့ တိုက္စစ္
ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ မိုဟာမက္ ဆာလားက ဦးေဆာင္ေနခဲ့သလို ထိပ္ဆုံး ၅ ဦးစာရင္းမွာေတာ့ ေနာက္ထပ္ လီဗာပူးလ္တိုက္စစ္မႉးႏွစ္ဦးက ထပ္မံပါဝင္ေနတာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ဒီယိုဂို ဂ်ိဳတာ ဂိုးမသြင္းႏိုင္ဘဲ ဆာဒီယို မာေနးက ဂိုးသြင္းႏိုင္ခဲ့လို႔ သူတို႔ႏွစ္ဦးရဲ႕ သြင္းဂိုး ၁၅ ဂိုးခ်င္း တူညီသြားခဲ့တာျဖစ္ၿပီး ပူးတြဲ စတုတၳေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ ဒီလိုမ်ိဳး ကစားသမားသုံးဦးအထိ ၁၅ ဂိုးနဲ႔အထက္ သြင္းယူႏိုင္ခဲ့တဲ့ စံခ်ိန္မွာ ၂၀၁၃-၁၄ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးရဲ႕ ယာယာ တိုေရး၊ ဆာဂ်ီယို အေဂြ႐ိုနဲ႔ အက္ဒင္ ဂ်က္ကိုတို႔ရဲ႕ စံခ်ိန္နဲ႔လည္း တူညီခဲ့တာေၾကာင့္ ခ်န္ပီယံဆုကိုေရာ တူညီမလား ေစာင့္ၾကည့္ရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.