Premier League

ဝုလ်ဗ်စ်နဲ့သရေကျလို့ နားရက်မပေးတဲ့ တူဟယ်အပေါ် ကစားသမားတွေရဲ့သဘေထားကို ပြောပြခဲ့တဲ့ လော့ဖ်တပ်စ်-ချိခ်

ရူဘင် လော့ဖ်တက်စ်-ချိခ်က ချဲလ်ဆီးကစားသမားတွေဟာ ၎င်းတို့ရဲ့ လေ့ကျင့်ရေး နားရက်ကို နည်းပြ တူဟယ်က မပေးဘဲ ထားခဲ့ပြီးနောက် အပြစ်ပေးခံခဲ့ရတယ်လို့ ခံစားခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

တူဟယ်က တနင်္ဂနွေနေ့ ကစားသမားတွေရဲ့ လေ့ကျင့်ရေးနားရက်ကို ဖျက်သိမ်းခဲ့တာက ကစားသမားတွေရဲ့ အမျက်ဒေါသကို ခံရနိုင်တဲ့ စွန့်စားမှုလုပ်ခဲ့တာလို့ ဝန်ခံခဲ့ပြီး ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ ၂-၂ နဲ့ စိတ်ပျက်ဖွယ် သရေကျခဲ့တဲ့ပွဲစဉ်အတွက် ပြင်းထန်တဲ့တုံ့ပြန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပုံမှန်ပွဲကစားချိန် ၁၀ မိနစ်ကျော်သာ ကျန်တော့ချိန်မှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ထရင်ကာအိုက ချေပဂိုးတစ်ဂိုး သွင်းယူပြီး ၉၇ မိနစ်မှာ ကော်နာ ကိုဒီက ချေပဂိုးကို သွင်းယူသွားခဲ့တာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ သရေ ၁ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်နဲ့ သရေကျခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ပွဲဝင်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ စပါးစ်တို့ဟာ အဆင့် ၄ နဲ့ အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။ တူဟယ်က အသင်းရဲ့ စိတ်ပျက်ဖွယ်ရလဒ်ကို တုံ့ပြန်တဲ့အနေနဲ့ ဝုလ်ဗ်စ်နဲ့ပွဲအပြီး နားရက်ကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အပြစ်ပေးခံရတာလို့ ခံစားခဲ့ရကောင်း ခံစားခဲ့ရနိုင်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“အဲဒါက သာမန်အားဖြင့်တော့ နားရက်ဖြစ်ပြီး တချို့ကစားသမားတွေအနေနဲ့ အဲဒါက အပြစ်ပေးခံခဲ့ရတာလို့ ခံစားခဲ့ရကောင်း ခံစားခဲ့ရနိုင်ပေမယ့် အဲဒီလို မဟုတ်ခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့တဲ့ လော့ဖ်တပ်စ်-ချိ်က အဝတ်လဲခန်းအတွင်းမှာ နည်းပြ တူဟယ်ရဲ့ နားရက်ကို ဖျက်သိမ်းမှုဟာ အပြစ်ပေးမှုလို့ ရှုမြင်နေတာမျိုး မရှိဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

“ခင်ဗျား မိနစ် ၆၀ မှာ ပွဲပြတ်သွားစေချင်မှာပဲ။ ဒါပေမယ့်လည်း ဒီလိုလိဂ်မှာ ခင်ဗျား အဲဒီလို အခွင့်အရေးမျိုး ရတာ ရှားပါတယ်။ ကျွန်တော်တို့ နောက်နေ့မှာ လေ့ကျင့်ရေးကွင်းကို သွားခဲ့ကြတယ်။ ကစားသမားတွေက အဲဒါကို အပြစ်ပေးခံရတာလို့ မြင်နေမယ်လို့ ကျွန်တော် မထင်ပါဘူး”

“ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းထဲ ဝင်ခဲ့ကြပြီး ပြန်လည်ကုစားခဲ့တယ်။ တစ်ခါတလေမှာ တခြားပွဲစဉ်တစ်ခုကို တိုတောင်းတဲ့အလှည့်အပြောင်းရှိနေတဲ့အချိန်မှာ အဲဒီလိုမျိုးလုပ်တာက ပိုကောင်းပါတယ်။ လိဒ်စ်နဲ့ပွဲစဉ်ကို တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ပြင်းထန်မှုတွေနဲ့ သွားရောက်ယှဉ်ပြိုင်မယ်ဆိုတာ သေချာအောင် ကျွန်တော်တို့တွေကြားထဲမှာ စကားစမြည်ပြောဆိုခဲ့ကြတယ်။ ကျွန်တော်တို့ အတူတူ ရှိနေဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝုလ်ဗ်စ်နဲ့ပွဲစဉ်က သရေရလဒ်ကို ချေဖျက်ဖို့အတွက် အချိန်အကြာကြီး မစောင့်ဆိုင်းခဲ့ရဘဲ ယနေ့ညမှာတော့ အရေးကြီးပွဲစဉ်အဖြစ် အဲလန်းရုဒ်ကို သွားပြီး လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအတွက် အနိုင် ၃ မှတ် မဖြစ်မနေ ရယူနိုင်ဖို့ လိုအပ်ပြီး စနေနေ့မှာ လီဗာပူးလ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားရရှိနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:႐ူဘင္ ေလာ့ဖ္တက္စ္-ခ်ိခ္က ခ်ဲလ္ဆီးကစားသမားေတြဟာ ၎တို႔ရဲ့ ေလ့က်င့္ေရး နားရက္ကို နည္းၿပ တူဟယ္က မေပးဘဲ ထားခဲ့ၿပီးေနာက္ အျပစ္ေပးခံခဲ့ရတယ္လို႔ ခံစားခဲ့ရတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

တူဟယ္က တနဂၤေႏြေန႔ ကစားသမားေတြရဲ့ ေလ့က်င့္ေရးနားရက္ကို ဖ်က္သိမ္းခဲ့တာက ကစားသမားေတြရဲ့ အမ်က္ေဒါသကို ခံရနိုင္တဲ့ စြန႔္စားမႈလုပ္ခဲ့တာလို႔ ဝန္ခံခဲ့ၿပီး ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ ၂-၂ နဲ႔ စိတ္ပ်က္ဖြယ္ သေရက်ခဲ့တဲ့ပြဲစဥ္အတြက္ ျပင္းထန္တဲ့တုံ႔ျပန္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပုံမွန္ပြဲကစားခ်ိန္ ၁၀ မိနစ္ေက်ာ္သာ က်န္ေတာ့ခ်ိန္မွာ ၂-၀ နဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္လည္း ထရင္ကာအိုက ေခ်ပဂိုးတစ္ဂိုး သြင္းယူၿပီး ၉၇ မိနစ္မွာ ေကာ္နာ ကိုဒီက ေခ်ပဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ သေရ ၁ မွတ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္နဲ႔ သေရက်ခဲ့တာက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပိဳင္ပြဲဝင္ေနရတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး အာဆင္နယ္နဲ႔ စပါးစ္တို႔ဟာ အဆင့္ ၄ နဲ႔ အဆင့္ ၅ ေနရာမွာ အသီးသီး ရပ္တည္ေနတာျဖစ္ပါတယ္။ တူဟယ္က အသင္းရဲ့ စိတ္ပ်က္ဖြယ္ရလဒ္ကို တုံ႔ျပန္တဲ့အေနနဲ႔ ဝုလ္ဗ္စ္နဲ႔ပြဲအၿပီး နားရက္ကို ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး ကစားသမားေတြအေနနဲ႔ အျပစ္ေပးခံရတာလို႔ ခံစားခဲ့ရေကာင္း ခံစားခဲ့ရနိုင္တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“အဲဒါက သာမန္အားျဖင့္ေတာ့ နားရက္ျဖစ္ၿပီး တခ်ိဳ႕ကစားသမားေတြအေနနဲ႔ အဲဒါက အျပစ္ေပးခံခဲ့ရတာလို႔ ခံစားခဲ့ရေကာင္း ခံစားခဲ့ရနိုင္ေပမယ့္ အဲဒီလို မဟုတ္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးခဲ့တဲ့ ေလာ့ဖ္တပ္စ္-ခ်ိ္က အဝတ္လဲခန္းအတြင္းမွာ နည္းၿပ တူဟယ္ရဲ့ နားရက္ကို ဖ်က္သိမ္းမႈဟာ အျပစ္ေပးမႈလို႔ ရႈျမင္ေနတာမ်ိဳး မရွိဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

“ခင္ဗ်ား မိနစ္ ၆၀ မွာ ပြဲျပတ္သြားေစခ်င္မွာပဲ။ ဒါေပမယ့္လည္း ဒီလိုလိဂ္မွာ ခင္ဗ်ား အဲဒီလို အခြင့္အေရးမ်ိဳး ရတာ ရွားပါတယ္။ ကၽြန္ေတာ္တို႔ ေနာက္ေန႔မွာ ေလ့က်င့္ေရးကြင္းကို သြားခဲ့ၾကတယ္။ ကစားသမားေတြက အဲဒါကို အျပစ္ေပးခံရတာလို႔ ျမင္ေနမယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး”

“ကၽြန္ေတာ္တို႔ ေလ့က်င့္ေရးကြင္းထဲ ဝင္ခဲ့ၾကၿပီး ျပန္လည္ကုစားခဲ့တယ္။ တစ္ခါတေလမွာ တျခားပြဲစဥ္တစ္ခုကို တိုေတာင္းတဲ့အလွည့္အေျပာင္းရွိေနတဲ့အခ်ိန္မွာ အဲဒီလိုမ်ိဳးလုပ္တာက ပိုေကာင္းပါတယ္။ လိဒ္စ္နဲ႔ပြဲစဥ္ကို တူညီတဲ့ ခံယူခ်က္၊ တူညီတဲ့ ျပင္းထန္မႈေတြနဲ႔ သြားေရာက္ယွဥ္ၿပိဳင္မယ္ဆိုတာ ေသခ်ာေအာင္ ကၽြန္ေတာ္တို႔ေတြၾကားထဲမွာ စကားစျမည္ေျပာဆိုခဲ့ၾကတယ္။ ကၽြန္ေတာ္တို႔ အတူတူ ရွိေနဖို႔က ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္က သေရရလဒ္ကို ေခ်ဖ်က္ဖို႔အတြက္ အခ်ိန္အၾကာႀကီး မေစာင့္ဆိုင္းခဲ့ရဘဲ ယေန႔ညမွာေတာ့ အေရးႀကီးပြဲစဥ္အျဖစ္ အဲလန္း႐ုဒ္ကို သြားၿပီး လိဒ္စ္ယူနိုက္တက္နဲ႔ ယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲအတြက္ အနိုင္ ၃ မွတ္ မျဖစ္မေန ရယူနိုင္ဖို႔ လိုအပ္ၿပီး စေနေန႔မွာ လီဗာပူးလ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲမတိုင္ခင္လည္း စိတ္ဓာတ္ပိုင္းဆိုင္ရာ ခြန္အားရရွိနိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.