Article

စကေးလ်မရှိပေမယ့် သွေးရှိလို့ ထိပ်တန်းရောက်ခဲ့ကြတဲ့ ဘောလုံးသမား ၈ ဦး

ဘောလုံးလောကမှာ ကျွမ်းကျင်မှု၊ အလိမ်အခေါက်၊ အထိန်းအသိမ်းနဲ့ တစ်ဦးချင်း စွမ်းရည်ကို ပြသနိုင်သူတွေဟာ ထင်ပေါ်ကျော်ကြားလေ့ရှိပြီး လူငယ်တွေဆိုရင်လည်း ဒီလိုလမ်းကြောင်းမျိုးကနေ ကိုယ့်ကိုကိုယ် တစ်ဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားရင်း သိပ်မခက်ခဲဘဲ အောင်မြင်မှုဆီကို ရောက်အောင် သွားနိုင်ခဲ့ကြပါတယ်။

စကေးလ်ပြည့်မှ ဘောလုံးမှာ ဘာဆိုလားဖြစ်နိုင်ချိန်မှာ ဒီလိုစွမ်းရည်မျိုး လုံးဝနီးပါး မရှိဘဲ အခြေခံ ဘောလုံးသဘောတရားလောက်ကိုသာ ကျေညက်ပြီး ကွင်းထဲမှာ ပါးနပ်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထက်မြက်မှု၊ အပြည့်အဝ ပေးဆပ် တိုက်ပွဲဝင်ကစားမှုတွေနဲ့အတူ ရှေ့တန်းရောက်လာခဲ့ပြီး တကယ့် ကမ္ဘာကျော်ဖြစ်ခဲ့သူ ၈ ဦးကို စုစည်းဖော်ပြလိုက်ပါတယ်။

၈။ ဖိလစ်ပို အင်ဇာဂီ (ဂျူဗင်တပ်စ်/အေစီမီလန်)
အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ထင်ရှားခဲ့တဲ့ အီတလီတိုက်စစ်မှူးဟာ ဂိုးဧရိယာထဲက မြေခွေးလို့ ခေါ်ကြတဲ့ ပါးနပ်လွန်းသူမျိုးဖြစ်ပြီး သူ့ကို လွှတ်ထားတာနဲ့ အချိန်ကိုက် ဒုက္ခပေးတတ်သူမျိုးဖြစ်ပါတယ်။ အင်ဇာဂီမှာ ဂိုးသွင်းစွမ်းရည်နဲ့ နေရာယူပုံကလွဲရင် မြန်နှုန်းမြင့် တိုက်စစ်မှူးတောင် မဟုတ်ဘဲ တခြားဘာစကေးလ်မှာ မယ်မယ်ရရ ပြစရာမရှိသူမျိုးဖြစ်ပေမယ့် သူ့ကို တစ်ချက် သတိမေ့သွားရင်တော့ အဲ့ဒီပြိုင်ဘက်အသင်းက ကံဆိုးဖို့ ဖြစ်လာတာပါ။ ကစားသမားဘဝ ပွဲပေါင်း ၆၂၃ ပွဲမှာ ၂၈၈ ဂိုးနဲ့ အီတလီအသင်းအတွက် ၅၇ ပွဲမှာ ၂၅ ဂိုးရခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီတစ်ပေါက်တည်းနဲ့ ထိပ်တန်းရောက်ခဲ့တာလည်းဖြစ်ပါတယ်။

၇။ ကာလက်စ် ပူယိုလ် (ဘာစီလိုနာ)
ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းကြီး ဘာစကေးလ်ရှိလဲလို့ လိုက်မေးကြည့်ကြစမ်းပါ။ မရှိဘူးလို့ပဲ ဖြေကြမှာ သေချာပါတယ်။ ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ် ဇွဲကောင်းတဲ့ ကစားဟန်၊ ပြိုင်ဘက်တိုက်စစ်မှူးတွေကို အခွင့်အရေးမပေးတဲ့ ကျားကုတ်ကျားခဲ ဖျက်ထုတ်မှုတွေက သူ့ကို ထိပ်တန်း အဆင့်ကို တွန်းပို့ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာပဲ ဘာစီလိုနာရဲ့ သစ္စာဖောက် လူးဝစ် ဖီဂိုကို ထိန်းသိမ်းပြနိုင်ခဲ့လို့ လူသိများ ထင်ရှားလာခဲ့တာပါ။ ပေးပို့မှုတွေ၊ သွင်းဂိုးတွေနဲ့ ပီကေးတစ်ယောက် ကမ္ဘာ့အဆင့်ဖြစ်လာတာ ပူယိုလ်ရဲ့ ထိန်းကျောင်းမှုတွေကြောင့်သာဖြစ်ပြီး သူအနားယူသွားချိန်မှာ ဘာစီလိုနာခံစစ် မကျစ်လျစ်တော့တာကို ကြည့်ရင် သူ့တန်ဖိုးက သိသာလွန်းခဲ့ပါတယ်။

၆။ ဂယ်ရီ နဗီးလ် (မန်ချက်စတာယူနိုက်တက်)
ဒေးဗစ် ဘက်ခမ်း၊ ပေါလ် စခိုးလ်တို့နဲ့ Class of 92 ခေတ်ကို အစပြုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်က ညာခြမ်းမှာတော့ ယုံကြည်စိတ်ချရဆုံး နောက်ခံလူတစ်ယောက်ဖြစ်ခဲ့တာပါ။ ပါးနပ်တဲ့ ဥပဒေဘောင်ထဲက ညစ်ပတ်မှုတွေနဲ့ သူ့ခေတ်သူ့အခါက အာဆင်နယ်ကစားသမား ရောဘတ် ပီရက်စ်လိုလူမျိုးကို ပေါက်ကွဲစေခဲ့တဲ့ သရဲနီကပ္ပတိန်ဟောင်း နဗီးလ်ဟာ ဘယ်ပွဲမှာပဲဖြစ်ဖြစ် ခြေစွမ်းအထက်မြက်ဆုံး၊ ဒါမှ မဟုတ် အဆိုးရွားဆုံးဆိုတာမျိုး မရှိဘဲ ဘောင်ဝင်တန်းဝင် ကစားပုံကို ပွဲတိုင်းပြသနိုင်သူဖြစ်ပါတယ်။

၅။ ဂျင်နာရို ဂတ်တူဆို (အေစီမီလန်)
အေစီမီလန်အသင်းနဲ့ ထင်ရှားတဲ့ ကွင်းလယ်လူဟောင်းကလည်း အီတလီသားလုပ်ပြီး သူတို့တွေ ထူးချွန်တဲ့ Passing တစ်ပေါက်ကိုတောင်မှ သိပ်ပြီး အဖြစ်မရှိသူဆိုပေမယ့် ကွင်းလယ်အဖျက်ပိုင်းမှာတော့ လျှမ်းလျှမ်းတောက် ထူးချွန်သူဖြစ်ပါတယ်။ ကြံ့ခိုင်မှုနဲ့ သက်လုံပိုင်း မြင့်မားတဲ့ ဂတ်တူဆို အနေနဲ့ သူ့ရဲ့ အင်အားသုံး ကစားဟန်နဲ့ အေစီမီလန်ကွင်းလယ်ကို စိုးမိုးပေးခဲ့ပြီး အဝါအနီ မကြောက်တဲ့ ကစားသမားဟာ သူ့ရဲ့ တွဲဖက် အန်ဒရီးယား ပီယာလို ထင်ပေါ်ကျော်ကြားစေဖို့ အကောင်းဆုံး ဇာတ်ပို့အဖြစ် သရုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

၄။ ရေးပါလာ (အာဆင်နယ်)
အာဆင်နယ်အသင်းရဲ့ ဂန္ထဝင် ကွင်းလယ်လူဟာ သူ့ရဲ့ လုပ်အားနှုန်းနဲ့ ကွင်းလယ်၊ တောင်ပံတွေမှာ အကောင်းဆုံး အသုံးတော်ခံခဲ့သူဖြစ်ပြီး လက်ရှိအသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ စရိုက်လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ မမောမပန်း ကစားတတ်တဲ့ ဟန်ပန်က သူ့ရဲ့ နာမည်ကို ကျော်ကြားစေပြီး ဝေဖန်ရေးဆရာတွေ ပြောလေ့ရှိတဲ့ ကန်တင်ပြေး အင်္ဂလိပ်ကစားပုံမှာတော့ အထူးချွန်ဆုံးဖြစ်သလို ရွမ်ဖို့ဒ်အရပ်က လာတဲ့ ပီလီလို့ပါ တစ်ခေတ်တစ်ခါက နာမည်ရစေခဲ့တာပါ။ အာဆင်ဝင်းဂါးလက်ထက်မှာတော့ ဉာဏ်ရည်သုံး ကစားဟန်နဲ့ ပိုကောင်းလာခဲ့တဲ့ ရေးပါလာဟာ အက်ဖ်အေဖလားဖိုင်နယ်မှာလည်း ချဲလ်ဆီးအသင်းဘက်ကို ကိုက် ၃၀ အကွာက ကန်ချက်နဲ့ ပရိသတ်တွေရင်ထဲ စွဲငြိစေခဲ့သူဖြစ်ပါတယ်။

၃။ ဂျေမီ ကာရေဂါ (လီဗာပူးလ်)
ထားရာနေ စေရာသွားလို့ ပြောရင် လူတွေက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို နိမ့်ပါးတယ်လို့ ပြောကောင်းပြောကြမှာဖြစ်ပေမယ့် ညာခြေ တစ်ချောင်းတည်းသန်တဲ့ ဒီကစားသမားဟာ လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် နှစ်ပေါင်းအတော်ကြာ ဖြည့်ဆည်းပြီး အသုံးတော်ခံခဲ့တာကိုတော့ မကောင်းပြောလို့ ဖြစ်မယ် မထင်ပါဘူး။ ဂျွန်တယ်ရီ မတိုင်ခင်က အင်္ဂလိပ်တွေရဲ့ အမာကျောဆုံး နောက်ခံလူဖြစ်ခဲ့တဲ့ ကာရေဂါကို စပိန်နည်းပြ ရာဖာ ဘင်နီတက်ဇ်က ဗဟိုခံစစ်ကို ပြန်ပို့ခဲ့ပြီး ဆာမီ ဟစ်ပီယာနဲ့ တွဲဖက်ညီစေခဲ့သလို အန်းဖီးလ်အတွက် One Club Man အဖြစ် ၇၃၇ ပွဲကစား ၄ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ဒီယာ့ခ် ကော့တ် (လီဗာပူးလ်)
သူ့နာမည် အသံထွက်အမှန်ကို လူတော်တော်များများ မသိတဲ့ ဒတ်ချ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့ စိတ်ကြိုက် အထောင်တိုက်စစ်မှာ နေရာမရလို့ ညာတောင်ပံထွက်ကစားခဲ့ရသူလည်းဖြစ်ပါတယ်။ ဂိုးသွင်းကောင်းတဲ့အထဲမှာလည်း မပါဝင်ခဲ့လို့ နည်းပြ ရာဖာ ဘင်နီတက်ဇ်ရဲ့ နံပါတ် ၉ တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို ပံ့ပိုးပေးခဲ့ရပြီး သူ့ရဲ့ လုပ်အားနှုန်းနဲ့ တိုးအားကတော့ လီဗာပူးလ်တို့အတွက် ဂိုးများစွာကို ဖြစ်ပေါ်စေခဲ့တာပါ။ မြန်နှုန်းလည်း မမြင့်၊ စကေးလ်လည်း နည်းတဲ့ ကော့တ်ဟာ လီဗာပူးလ်အသင်းအတွက် ကစားပေးခဲ့တဲ့ ၆ နှစ်တာမှာ ၂၈၆ ပွဲ ကစားပြီး ၇၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

၁။ နစ်ကီ ဘတ်
Class of 92 ကနေ မန်ချက်စတာယူနိုက်တက်နဲ့ အစောဆုံးလမ်းခွဲခဲ့တဲ့ ကစားသမားလို့လည်း ပြောလို့ရတဲ့ ကွင်းလယ်လူဟာ ဘရာဇီးလ် ဂန္ထဝင် ပီလီရဲ့ အင်္ဂလန်အသင်းမှာ သူအကြိုက်ဆုံးကစားသမားကို ဘယ်သူလဲလို့ ထုတ်ဖော်ခဲ့ရာမှာ “နစ်ကီ ဘွတ်”လို့ အသံထွက်အမှားနဲ့ အပြောခံခဲ့ရပေမယ့် ကြီးမားတဲ့ အသိအမှတ်ပြုမှုကိုတော့ ရရှိခဲ့ပါတယ်။ ကွင်းလယ်အဖျက်တစ်ပေါက်မှာ သူ့အသင်းဖော်တွေကို လွတ်လွတ်လပ်လပ် ကစားခွင့်ရအောင် ကာကွယ်ပေးထားနိုင်ခဲ့တဲ့ နစ်ကီဘတ်ဟာ နယူးကာဆယ်လ်ကို မပြောင်းရွှေ့ခင်မှာ ယူနိုက်တက်တို့ ၉၉ ဖလားသုံးလုံးခရီးမှာ အသင်းရဲ့ ဘိုင်ယန်မြူးနစ်နဲ့ နူးကမ့်က ဖိုင်နယ်ပွဲစဉ်မှာ ရွိုင်းကီးန်ရော ပေါလ် စခိုးလ်ပါ ပွဲပယ်ခံထားရလို့ ဒေးဗစ် ဘက်ခမ်းနဲ့အတူ ကွင်းလယ်မှာ အသုံးတော်ခံခဲ့ရပြီး ဆုဖလား လမ်းကြောင်း မတိမ်းစောင်းရအောင် ထိန်းကျောင်းပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကမွာ ကြၽမ္းက်င္မႈ၊ အလိမ္အေခါက္၊ အထိန္းအသိမ္းနဲ႔ တစ္ဦးခ်င္း စြမ္းရည္ကို ျပသႏိုင္သူေတြဟာ ထင္ေပၚေက်ာ္ၾကားေလ့ရွိၿပီး လူငယ္ေတြဆိုရင္လည္း ဒီလိုလမ္းေၾကာင္းမ်ိဳးကေန ကိုယ့္ကိုကိုယ္ တစ္ဆင့္ျမႇင့္တင္ႏိုင္ဖို႔ ႀကိဳးစားရင္း သိပ္မခက္ခဲဘဲ ေအာင္ျမင္မႈဆီကို ေရာက္ေအာင္ သြားႏိုင္ခဲ့ၾကပါတယ္။

စေကးလ္ျပည့္မွ ေဘာလုံးမွာ ဘာဆိုလားျဖစ္ႏိုင္ခ်ိန္မွာ ဒီလိုစြမ္းရည္မ်ိဳး လုံးဝနီးပါး မရွိဘဲ အေျခခံ ေဘာလုံးသေဘာတရားေလာက္ကိုသာ ေက်ညက္ၿပီး ကြင္းထဲမွာ ပါးနပ္မႈ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ ထက္ျမက္မႈ၊ အျပည့္အဝ ေပးဆပ္ တိုက္ပြဲဝင္ကစားမႈေတြနဲ႔အတူ ေရွ႕တန္းေရာက္လာခဲ့ၿပီး တကယ့္ ကမာၻေက်ာ္ျဖစ္ခဲ့သူ ၈ ဦးကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၈။ ဖိလစ္ပို အင္ဇာဂီ (ဂ်ဴဗင္တပ္စ္/ေအစီမီလန္)
ေအစီမီလန္၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔ ထင္ရွားခဲ့တဲ့ အီတလီတိုက္စစ္မႉးဟာ ဂိုးဧရိယာထဲက ေျမေခြးလို႔ ေခၚၾကတဲ့ ပါးနပ္လြန္းသူမ်ိဳးျဖစ္ၿပီး သူ႔ကို လႊတ္ထားတာနဲ႔ အခ်ိန္ကိုက္ ဒုကၡေပးတတ္သူမ်ိဳးျဖစ္ပါတယ္။ အင္ဇာဂီမွာ ဂိုးသြင္းစြမ္းရည္နဲ႔ ေနရာယူပုံကလြဲရင္ ျမန္ႏႈန္းျမင့္ တိုက္စစ္မႉးေတာင္ မဟုတ္ဘဲ တျခားဘာစေကးလ္မွာ မယ္မယ္ရရ ျပစရာမရွိသူမ်ိဳးျဖစ္ေပမယ့္ သူ႔ကို တစ္ခ်က္ သတိေမ့သြားရင္ေတာ့ အဲ့ဒီၿပိဳင္ဘက္အသင္းက ကံဆိုးဖို႔ ျဖစ္လာတာပါ။ ကစားသမားဘဝ ပြဲေပါင္း ၆၂၃ ပြဲမွာ ၂၈၈ ဂိုးနဲ႔ အီတလီအသင္းအတြက္ ၅၇ ပြဲမွာ ၂၅ ဂိုးရခဲ့တဲ့ တိုက္စစ္မႉးဟာ ဒီတစ္ေပါက္တည္းနဲ႔ ထိပ္တန္းေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

၇။ ကာလက္စ္ ပူယိုလ္ (ဘာစီလိုနာ)
ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္းႀကီး ဘာစေကးလ္ရွိလဲလို႔ လိုက္ေမးၾကည့္ၾကစမ္းပါ။ မရွိဘူးလို႔ပဲ ေျဖၾကမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ မဆုတ္မနစ္ ဇြဲေကာင္းတဲ့ ကစားဟန္၊ ၿပိဳင္ဘက္တိုက္စစ္မႉးေတြကို အခြင့္အေရးမေပးတဲ့ က်ားကုတ္က်ားခဲ ဖ်က္ထုတ္မႈေတြက သူ႔ကို ထိပ္တန္း အဆင့္ကို တြန္းပို႔ခဲ့ၿပီး ငယ္ငယ္႐ြယ္႐ြယ္မွာပဲ ဘာစီလိုနာရဲ႕ သစၥာေဖာက္ လူးဝစ္ ဖီဂိုကို ထိန္းသိမ္းျပႏိုင္ခဲ့လို႔ လူသိမ်ား ထင္ရွားလာခဲ့တာပါ။ ေပးပို႔မႈေတြ၊ သြင္းဂိုးေတြနဲ႔ ပီေကးတစ္ေယာက္ ကမာၻ႔အဆင့္ျဖစ္လာတာ ပူယိုလ္ရဲ႕ ထိန္းေက်ာင္းမႈေတြေၾကာင့္သာျဖစ္ၿပီး သူအနားယူသြားခ်ိန္မွာ ဘာစီလိုနာခံစစ္ မက်စ္လ်စ္ေတာ့တာကို ၾကည့္ရင္ သူ႔တန္ဖိုးက သိသာလြန္းခဲ့ပါတယ္။

၆။ ဂယ္ရီ နဗီးလ္ (မန္ခ်က္စတာယူႏိုက္တက္)
ေဒးဗစ္ ဘက္ခမ္း၊ ေပါလ္ စခိုးလ္တို႔နဲ႔ Class of 92 ေခတ္ကို အစျပဳခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္က ညာျခမ္းမွာေတာ့ ယုံၾကည္စိတ္ခ်ရဆုံး ေနာက္ခံလူတစ္ေယာက္ျဖစ္ခဲ့တာပါ။ ပါးနပ္တဲ့ ဥပေဒေဘာင္ထဲက ညစ္ပတ္မႈေတြနဲ႔ သူ႔ေခတ္သူ႔အခါက အာဆင္နယ္ကစားသမား ေရာဘတ္ ပီရက္စ္လိုလူမ်ိဳးကို ေပါက္ကြဲေစခဲ့တဲ့ သရဲနီကပၸတိန္ေဟာင္း နဗီးလ္ဟာ ဘယ္ပြဲမွာပဲျဖစ္ျဖစ္ ေျခစြမ္းအထက္ျမက္ဆုံး၊ ဒါမွ မဟုတ္ အဆိုး႐ြားဆုံးဆိုတာမ်ိဳး မရွိဘဲ ေဘာင္ဝင္တန္းဝင္ ကစားပုံကို ပြဲတိုင္းျပသႏိုင္သူျဖစ္ပါတယ္။

၅။ ဂ်င္နာ႐ို ဂတ္တူဆို (ေအစီမီလန္)
ေအစီမီလန္အသင္းနဲ႔ ထင္ရွားတဲ့ ကြင္းလယ္လူေဟာင္းကလည္း အီတလီသားလုပ္ၿပီး သူတို႔ေတြ ထူးခြၽန္တဲ့ Passing တစ္ေပါက္ကိုေတာင္မွ သိပ္ၿပီး အျဖစ္မရွိသူဆိုေပမယ့္ ကြင္းလယ္အဖ်က္ပိုင္းမွာေတာ့ လွ်မ္းလွ်မ္းေတာက္ ထူးခြၽန္သူျဖစ္ပါတယ္။ ႀကံ့ခိုင္မႈနဲ႔ သက္လုံပိုင္း ျမင့္မားတဲ့ ဂတ္တူဆို အေနနဲ႔ သူ႔ရဲ႕ အင္အားသုံး ကစားဟန္နဲ႔ ေအစီမီလန္ကြင္းလယ္ကို စိုးမိုးေပးခဲ့ၿပီး အဝါအနီ မေၾကာက္တဲ့ ကစားသမားဟာ သူ႔ရဲ႕ တြဲဖက္ အန္ဒရီးယား ပီယာလို ထင္ေပၚေက်ာ္ၾကားေစဖို႔ အေကာင္းဆုံး ဇာတ္ပို႔အျဖစ္ သ႐ုပ္ေဆာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။

၄။ ေရးပါလာ (အာဆင္နယ္)
အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ ကြင္းလယ္လူဟာ သူ႔ရဲ႕ လုပ္အားႏႈန္းနဲ႔ ကြင္းလယ္၊ ေတာင္ပံေတြမွာ အေကာင္းဆုံး အသုံးေတာ္ခံခဲ့သူျဖစ္ၿပီး လက္ရွိအသင္းမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ စ႐ိုက္လကၡဏာတစ္ခုလည္းျဖစ္ပါတယ္။ မေမာမပန္း ကစားတတ္တဲ့ ဟန္ပန္က သူ႔ရဲ႕ နာမည္ကို ေက်ာ္ၾကားေစၿပီး ေဝဖန္ေရးဆရာေတြ ေျပာေလ့ရွိတဲ့ ကန္တင္ေျပး အဂၤလိပ္ကစားပုံမွာေတာ့ အထူးခြၽန္ဆုံးျဖစ္သလို ႐ြမ္ဖို႔ဒ္အရပ္က လာတဲ့ ပီလီလို႔ပါ တစ္ေခတ္တစ္ခါက နာမည္ရေစခဲ့တာပါ။ အာဆင္ဝင္းဂါးလက္ထက္မွာေတာ့ ဉာဏ္ရည္သုံး ကစားဟန္နဲ႔ ပိုေကာင္းလာခဲ့တဲ့ ေရးပါလာဟာ အက္ဖ္ေအဖလားဖိုင္နယ္မွာလည္း ခ်ဲလ္ဆီးအသင္းဘက္ကို ကိုက္ ၃၀ အကြာက ကန္ခ်က္နဲ႔ ပရိသတ္ေတြရင္ထဲ စြဲၿငိေစခဲ့သူျဖစ္ပါတယ္။

၃။ ေဂ်မီ ကာေရဂါ (လီဗာပူးလ္)
ထားရာေန ေစရာသြားလို႔ ေျပာရင္ လူေတြက သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို နိမ့္ပါးတယ္လို႔ ေျပာေကာင္းေျပာၾကမွာျဖစ္ေပမယ့္ ညာေျခ တစ္ေခ်ာင္းတည္းသန္တဲ့ ဒီကစားသမားဟာ လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံလူအျဖစ္ ႏွစ္ေပါင္းအေတာ္ၾကာ ျဖည့္ဆည္းၿပီး အသုံးေတာ္ခံခဲ့တာကိုေတာ့ မေကာင္းေျပာလို႔ ျဖစ္မယ္ မထင္ပါဘူး။ ဂြၽန္တယ္ရီ မတိုင္ခင္က အဂၤလိပ္ေတြရဲ႕ အမာေက်ာဆုံး ေနာက္ခံလူျဖစ္ခဲ့တဲ့ ကာေရဂါကို စပိန္နည္းျပ ရာဖာ ဘင္နီတက္ဇ္က ဗဟိုခံစစ္ကို ျပန္ပို႔ခဲ့ၿပီး ဆာမီ ဟစ္ပီယာနဲ႔ တြဲဖက္ညီေစခဲ့သလို အန္းဖီးလ္အတြက္ One Club Man အျဖစ္ ၇၃၇ ပြဲကစား ၄ ဂိုး သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ ဒီယာ့ခ္ ေကာ့တ္ (လီဗာပူးလ္)
သူ႔နာမည္ အသံထြက္အမွန္ကို လူေတာ္ေတာ္မ်ားမ်ား မသိတဲ့ ဒတ္ခ်္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို ေရာက္ရွိလာၿပီးေနာက္ပိုင္း သူ႔ရဲ႕ စိတ္ႀကိဳက္ အေထာင္တိုက္စစ္မွာ ေနရာမရလို႔ ညာေတာင္ပံထြက္ကစားခဲ့ရသူလည္းျဖစ္ပါတယ္။ ဂိုးသြင္းေကာင္းတဲ့အထဲမွာလည္း မပါဝင္ခဲ့လို႔ နည္းျပ ရာဖာ ဘင္နီတက္ဇ္ရဲ႕ နံပါတ္ ၉ တိုက္စစ္မႉး ဖာနန္ဒို ေတာရက္စ္ကို ပံ့ပိုးေပးခဲ့ရၿပီး သူ႔ရဲ႕ လုပ္အားႏႈန္းနဲ႔ တိုးအားကေတာ့ လီဗာပူးလ္တို႔အတြက္ ဂိုးမ်ားစြာကို ျဖစ္ေပၚေစခဲ့တာပါ။ ျမန္ႏႈန္းလည္း မျမင့္၊ စေကးလ္လည္း နည္းတဲ့ ေကာ့တ္ဟာ လီဗာပူးလ္အသင္းအတြက္ ကစားေပးခဲ့တဲ့ ၆ ႏွစ္တာမွာ ၂၈၆ ပြဲ ကစားၿပီး ၇၁ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

၁။ နစ္ကီ ဘတ္
Class of 92 ကေန မန္ခ်က္စတာယူႏိုက္တက္နဲ႔ အေစာဆုံးလမ္းခြဲခဲ့တဲ့ ကစားသမားလို႔လည္း ေျပာလို႔ရတဲ့ ကြင္းလယ္လူဟာ ဘရာဇီးလ္ ဂႏၴဝင္ ပီလီရဲ႕ အဂၤလန္အသင္းမွာ သူအႀကိဳက္ဆုံးကစားသမားကို ဘယ္သူလဲလို႔ ထုတ္ေဖာ္ခဲ့ရာမွာ “နစ္ကီ ဘြတ္”လို႔ အသံထြက္အမွားနဲ႔ အေျပာခံခဲ့ရေပမယ့္ ႀကီးမားတဲ့ အသိအမွတ္ျပဳမႈကိုေတာ့ ရရွိခဲ့ပါတယ္။ ကြင္းလယ္အဖ်က္တစ္ေပါက္မွာ သူ႔အသင္းေဖာ္ေတြကို လြတ္လြတ္လပ္လပ္ ကစားခြင့္ရေအာင္ ကာကြယ္ေပးထားႏိုင္ခဲ့တဲ့ နစ္ကီဘတ္ဟာ နယူးကာဆယ္လ္ကို မေျပာင္းေ႐ႊ႕ခင္မွာ ယူႏိုက္တက္တို႔ ၉၉ ဖလားသုံးလုံးခရီးမွာ အသင္းရဲ႕ ဘိုင္ယန္ျမဴးနစ္နဲ႔ ႏူးကမ့္က ဖိုင္နယ္ပြဲစဥ္မွာ ႐ြိဳင္းကီးန္ေရာ ေပါလ္ စခိုးလ္ပါ ပြဲပယ္ခံထားရလို႔ ေဒးဗစ္ ဘက္ခမ္းနဲ႔အတူ ကြင္းလယ္မွာ အသုံးေတာ္ခံခဲ့ရၿပီး ဆုဖလား လမ္းေၾကာင္း မတိမ္းေစာင္းရေအာင္ ထိန္းေက်ာင္းေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.