Article La Liga Ligue1 Premier League Serie A

နာမည်ကြီး တွင်းအောင်းတွေကြောင့် အင်္ဂလန်လာရဲသူတွေရဲ့ သတ္တိကို ချီးကျူးရဖို့ဖြစ်လာပြီ

အင်္ဂလန်ကို လာပြီး ကစားရဲဖို့ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ထီမထင် စိန်ခေါ်ရဲသူတွေသာ လုပ်ဆောင်နိုင်တာဖြစ်ကြောင်းကို ကစားသမားတချို့က ပြသနေခဲ့ပြီး ဒီထဲမှာ ပရီးမီးယားလိဂ်ကလပ်တွေဆီ သတင်းထွက်ပြီးမှ တော်ရာ ပြေးပုန်းနေကြတဲ့ နာမည်ကြီးတွေလည်း ပါဝင်ခဲ့တာကြောင့် လာကစားနိုင်သူတွေကို ခြေစွမ်းပြပြ မပြပြ ချီးကျူးရဖို့တောင်ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးသတင်းတစ်ရပ်ကတော့ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ပေါ်လို ဒီဘားလားပဲဖြစ်ပြီး သူကတော့ တူရင် ကလပ်ကနေ ထွက်ခွာရင် အင်တာမီလန်အသင်းကိုပဲ ရွေးချယ်သွားမှာဖြစ်တယ်လို့ သတင်းထွက်လာခဲ့သလို အီတလီမြေမှာပဲ ဆက်လက်ကျောက်ချသွားဖို့ ဆိုနေခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်က အာဆင်နယ်အသင်းရဲ့ ခေါ်ယူမှုကို ငြင်းပယ်ပြီး ပါလာမိုအသင်းကို ပေါင် ၅ သန်းလောက် နစ်နာစေမယ့် ပြောင်းရွှေ့မှုအဖြစ် ဂျူဗင်တပ်စ်ကို ရွေးချယ်သွားခဲ့တဲ့ အာဂျင်တီးနားသားဟာ နောက်ထပ် ၆ နှစ်အကြာမှာလည်း အင်္ဂလန်ကို လာရောက်ကစားဖို့ ဆန္ဒနဲ့ သတ္တိမရှိခဲ့တာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ကျော့ပြန် စိတ်ဝင်စားလာတဲ့ အာဆင်နယ်တို့ကို ငြင်းပယ်ခဲ့တာပါ။

ဒီရှေ့မှာ အာဆင်နယ်မှာ ကိုယ်တိုင်ဝင်ရုန်းပြီး ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်ပြီး ဂျူဗီတွင်းကို ဝင်အောင်းခဲ့တဲ့ ဖီအိုရင်တီးနားက ဆားဘီးယားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကလည်း ထင်ရှားခဲ့ပြီး လက်ရှိမှာတော့ ဗနီးဇီးယားနဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့လို့ လှောင်ပြောင်ခံနေခဲ့ရသေးတာဖြစ်သလို ဆာဆူအိုလိုရဲ့ မာနူယယ် လိုကာတယ်လီကလည်း သူ့လိုပဲ သတ္တိနည်းခဲ့ဖူးတာဖြစ်ပါတယ်။

ဥရောပထိပ်သီးလိဂ်တွေမှာ အင်္ဂလန်ဟာ မြေဆွဲအား နည်းနည်းများတယ်လို့ပဲ ပြောရမလိုဖြစ်နေပြီး Gravity ချင်း မတူတဲ့ ဂျာမနီ၊ အီတလီ၊ ပြင်သစ်မြေတွေက ပရီးမီးယားလိဂ်ရဲ့ အပယ်ခံတွေ ခြေစွမ်းပြနေကြချိန်မှာ နည်းစနစ်ပိုင်း ပိုအားကိုးတဲ့ စပိန်ကလည်း ကြံ့ခိုင်မှုပိုင်းမှာတော့ ဒီကျွန်းနိုင်ငံနဲ့ မယှဉ်သာသေးဘဲ လာသမျှ ကစားသမားတွေ ရုန်းကန်ခဲ့ရတာပါ။

ဒီထဲမှာ အာဆင်နယ်ရဲ့ ပေါင် ၇၂ သန်းတန်ကြီး နီကိုလာ ပေပေ၊ ချဲလ်ဆီးရဲ့ ပေါင် ၉၈ သန်းတန် ရိုမီလူ လူကာကူး၊ ပေါင် ၄၇ သန်းခွဲတန် တီမို ဗာနာတို့ကတော့ တခြားလိဂ်တွေမှာ ခြေစွမ်းပြခဲ့လို့ အင်္ဂလန်မြေကို ခေါ်ယူခံခဲ့ရချိန်တွေမှာ ပျောက်ချင်းမလှ ပျောက်ဆုံးမှုနဲ့ ဂျင်းဖြစ်သွားခဲ့ကြပြီး တချို့နာမည်ကြီးကစားသမားတွေကတော့ ဒီလူတွေကို မြင်ပြီး ဒီမြေကို လာရောက်ဖို့ သတ္တိမရှိတော့တာကြောင့် ငြင်းပယ်နေကြတာလို့ပဲ သုံးသပ်ရပါလိမ့်မယ်။

အကြောင်းကြောင်းတွေကို ထောက်ချင့်ရင် မန်ချက်စတာစီးတီးကို လီယွန်နယ် မက်ဆီ ပြောင်းမလာဖြစ်တာ သူ့အတွက် ကံကောင်းမှုတစ်ခုပဲလို့ ဆိုရမှာဖြစ်ပြီး လက်ရှိ လိဂန် ၂၃ ပွဲမှာ ၄ ဂိုးသာသွင်းတဲ့ ခြေစွမ်းကို နှစ်နဲ့သာ စားချလိုက်ရင် အာဂျင်တီးနား ဂန္ထဝင် GOAT ရဲ့ မျက်နှာက ပိုပျက်ရနိုင်သလို ပြင်သစ်မှာ အေးအေးဆေးဆေး ကန်ထရိုက်ဆွဲထားတဲ့ အမှတ်ပေးဖလားယူတာကပဲ သာယာမှုဖြစ်နိုင်တာပါ။

လက်ရှိမှာတော့ ဒီနေ့သတင်း ဒီဘားလားရဲ့ အီတလီတွင်းထဲပဲ အောင်းတော့မယ်ဆိုတဲ့ သတင်းနဲ့ ချီရို အင်မိုဘီလီလို ဥရောပမှာတောင် ပွဲမတိုးဘဲ လက်ရွေးစင်အသင်းကို ကျဆုံးစေခဲ့တဲ့သူမျိုးက ဂိုးသွင်းဘုရင်ဖြစ်နေတာတွေက အာပင်နိုင်ကျွန်းဆွယ်ဟာ ဗြိတိန်ကျွန်းစုကို ယှဉ်ပြိုင်နိုင်ဖို့ မဖြစ်ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပြီး အဖက်ဖက်က ချိန်ထိုးကြည့်ရင် ဥရောပမှာ ပရီးမီးယားလိဂ်နဲ့ လာလီဂါသာ အစမ်းသပ်ခံနိုင်သူတွေပဲ ဖြစ်ပါတော့မယ်။

ဒါက ချန်ပီယံလိဂ် နောက်ဆုံး လေးသင်းအဆင့်ကို အင်္ဂလန်ရဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီး၊ စပိန်ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ်တို့ နှစ်သင်းစီ တက်ရောက်လာခဲ့တာကလည်း ဒီအဆို မှန်ကန်ကြောင်း ထောက်ခံချက်ဖြစ်ခဲ့ပြီး နာမည်ကြီး ကစားသမားတွေရဲ့ ပုန်းအောင်းမှုနဲ့ ဗြိတိန်လေယာဉ်လက်မှတ်ကို မဝယ်ရဲချိန်မှာ ပေပေ၊ လူကာကူးနဲ့ ဗာနာတို့ကိုတောင် သတ္တိအတွက် ချီးကျူးရဖို့ဖြစ်လာခဲ့ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ကို လာၿပီး ကစားရဲဖို႔ဆိုတာ လြယ္ကူတဲ့ ဆုံးျဖတ္ခ်က္မဟုတ္ဘဲ ထီမထင္ စိန္ေခၚရဲသူေတြသာ လုပ္ေဆာင္ႏိုင္တာျဖစ္ေၾကာင္းကို ကစားသမားတခ်ိဳ႕က ျပသေနခဲ့ၿပီး ဒီထဲမွာ ပရီးမီးယားလိဂ္ကလပ္ေတြဆီ သတင္းထြက္ၿပီးမွ ေတာ္ရာ ေျပးပုန္းေနၾကတဲ့ နာမည္ႀကီးေတြလည္း ပါဝင္ခဲ့တာေၾကာင့္ လာကစားႏိုင္သူေတြကို ေျခစြမ္းျပျပ မျပျပ ခ်ီးက်ဴးရဖို႔ေတာင္ျဖစ္လာခဲ့ပါတယ္။

ေနာက္ဆုံးသတင္းတစ္ရပ္ကေတာ့ ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ေပၚလို ဒီဘားလားပဲျဖစ္ၿပီး သူကေတာ့ တူရင္ ကလပ္ကေန ထြက္ခြာရင္ အင္တာမီလန္အသင္းကိုပဲ ေ႐ြးခ်ယ္သြားမွာျဖစ္တယ္လို႔ သတင္းထြက္လာခဲ့သလို အီတလီေျမမွာပဲ ဆက္လက္ေက်ာက္ခ်သြားဖို႔ ဆိုေနခဲ့ၾကတာပါ။

၂၀၁၅ ခုႏွစ္က အာဆင္နယ္အသင္းရဲ႕ ေခၚယူမႈကို ျငင္းပယ္ၿပီး ပါလာမိုအသင္းကို ေပါင္ ၅ သန္းေလာက္ နစ္နာေစမယ့္ ေျပာင္းေ႐ႊ႕မႈအျဖစ္ ဂ်ဴဗင္တပ္စ္ကို ေ႐ြးခ်ယ္သြားခဲ့တဲ့ အာဂ်င္တီးနားသားဟာ ေနာက္ထပ္ ၆ ႏွစ္အၾကာမွာလည္း အဂၤလန္ကို လာေရာက္ကစားဖို႔ ဆႏၵနဲ႔ သတၱိမရွိခဲ့တာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ တစ္ေက်ာ့ျပန္ စိတ္ဝင္စားလာတဲ့ အာဆင္နယ္တို႔ကို ျငင္းပယ္ခဲ့တာပါ။

ဒီေရွ႕မွာ အာဆင္နယ္မွာ ကိုယ္တိုင္ဝင္႐ုန္းၿပီး ခ်န္ပီယံလိဂ္ကို စိန္ေခၚႏိုင္မယ့္ အခြင့္အေရးကို လႊင့္ပစ္ၿပီး ဂ်ဴဗီတြင္းကို ဝင္ေအာင္းခဲ့တဲ့ ဖီအိုရင္တီးနားက ဆားဘီးယားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကလည္း ထင္ရွားခဲ့ၿပီး လက္ရွိမွာေတာ့ ဗနီးဇီးယားနဲ႔ပြဲမွာ ေျခစြမ္းဆိုး႐ြားခဲ့လို႔ ေလွာင္ေျပာင္ခံေနခဲ့ရေသးတာျဖစ္သလို ဆာဆူအိုလိုရဲ႕ မာႏူယယ္ လိုကာတယ္လီကလည္း သူ႔လိုပဲ သတၱိနည္းခဲ့ဖူးတာျဖစ္ပါတယ္။

ဥေရာပထိပ္သီးလိဂ္ေတြမွာ အဂၤလန္ဟာ ေျမဆြဲအား နည္းနည္းမ်ားတယ္လို႔ပဲ ေျပာရမလိုျဖစ္ေနၿပီး Gravity ခ်င္း မတူတဲ့ ဂ်ာမနီ၊ အီတလီ၊ ျပင္သစ္ေျမေတြက ပရီးမီးယားလိဂ္ရဲ႕ အပယ္ခံေတြ ေျခစြမ္းျပေနၾကခ်ိန္မွာ နည္းစနစ္ပိုင္း ပိုအားကိုးတဲ့ စပိန္ကလည္း ႀကံ့ခိုင္မႈပိုင္းမွာေတာ့ ဒီကြၽန္းႏိုင္ငံနဲ႔ မယွဥ္သာေသးဘဲ လာသမွ် ကစားသမားေတြ ႐ုန္းကန္ခဲ့ရတာပါ။

ဒီထဲမွာ အာဆင္နယ္ရဲ႕ ေပါင္ ၇၂ သန္းတန္ႀကီး နီကိုလာ ေပေပ၊ ခ်ဲလ္ဆီးရဲ႕ ေပါင္ ၉၈ သန္းတန္ ႐ိုမီလူ လူကာကူး၊ ေပါင္ ၄၇ သန္းခြဲတန္ တီမို ဗာနာတို႔ကေတာ့ တျခားလိဂ္ေတြမွာ ေျခစြမ္းျပခဲ့လို႔ အဂၤလန္ေျမကို ေခၚယူခံခဲ့ရခ်ိန္ေတြမွာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ဆုံးမႈနဲ႔ ဂ်င္းျဖစ္သြားခဲ့ၾကၿပီး တခ်ိဳ႕နာမည္ႀကီးကစားသမားေတြကေတာ့ ဒီလူေတြကို ျမင္ၿပီး ဒီေျမကို လာေရာက္ဖို႔ သတၱိမရွိေတာ့တာေၾကာင့္ ျငင္းပယ္ေနၾကတာလို႔ပဲ သုံးသပ္ရပါလိမ့္မယ္။

အေၾကာင္းေၾကာင္းေတြကို ေထာက္ခ်င့္ရင္ မန္ခ်က္စတာစီးတီးကို လီယြန္နယ္ မက္ဆီ ေျပာင္းမလာျဖစ္တာ သူ႔အတြက္ ကံေကာင္းမႈတစ္ခုပဲလို႔ ဆိုရမွာျဖစ္ၿပီး လက္ရွိ လိဂန္ ၂၃ ပြဲမွာ ၄ ဂိုးသာသြင္းတဲ့ ေျခစြမ္းကို ႏွစ္နဲ႔သာ စားခ်လိုက္ရင္ အာဂ်င္တီးနား ဂႏၴဝင္ GOAT ရဲ႕ မ်က္ႏွာက ပိုပ်က္ရႏိုင္သလို ျပင္သစ္မွာ ေအးေအးေဆးေဆး ကန္ထ႐ိုက္ဆြဲထားတဲ့ အမွတ္ေပးဖလားယူတာကပဲ သာယာမႈျဖစ္ႏိုင္တာပါ။

လက္ရွိမွာေတာ့ ဒီေန႔သတင္း ဒီဘားလားရဲ႕ အီတလီတြင္းထဲပဲ ေအာင္းေတာ့မယ္ဆိုတဲ့ သတင္းနဲ႔ ခ်ီ႐ို အင္မိုဘီလီလို ဥေရာပမွာေတာင္ ပြဲမတိုးဘဲ လက္ေ႐ြးစင္အသင္းကို က်ဆုံးေစခဲ့တဲ့သူမ်ိဳးက ဂိုးသြင္းဘုရင္ျဖစ္ေနတာေတြက အာပင္ႏိုင္ကြၽန္းဆြယ္ဟာ ၿဗိတိန္ကြၽန္းစုကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ မျဖစ္ဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ၿပီး အဖက္ဖက္က ခ်ိန္ထိုးၾကည့္ရင္ ဥေရာပမွာ ပရီးမီးယားလိဂ္နဲ႔ လာလီဂါသာ အစမ္းသပ္ခံႏိုင္သူေတြပဲ ျဖစ္ပါေတာ့မယ္။

ဒါက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေလးသင္းအဆင့္ကို အဂၤလန္ရဲ႕ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီး၊ စပိန္ရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ ဗီလာရီးရဲလ္တို႔ ႏွစ္သင္းစီ တက္ေရာက္လာခဲ့တာကလည္း ဒီအဆို မွန္ကန္ေၾကာင္း ေထာက္ခံခ်က္ျဖစ္ခဲ့ၿပီး နာမည္ႀကီး ကစားသမားေတြရဲ႕ ပုန္းေအာင္းမႈနဲ႔ ၿဗိတိန္ေလယာဥ္လက္မွတ္ကို မဝယ္ရဲခ်ိန္မွာ ေပေပ၊ လူကာကူးနဲ႔ ဗာနာတို႔ကိုေတာင္ သတၱိအတြက္ ခ်ီးက်ဴးရဖို႔ျဖစ္လာခဲ့ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.