Analysis Premier League

နကီးတီးယားနဲ့ အာဆင်နယ် 2-1 လိဒ်စ်ပွဲအပြီး မြင်တွေ့ခဲ့ရတဲ့ ထူးခြားအခိုက်အတန့်များ

မေလီယေးရဲ့ အိပ်မက်ဆိုး
လိဒ်စ်ယူနိုက်တက်ဂိုးသမား အီယန် မေလီယေးကတော့ ဒီရာသီမှာ တစ်ဦးချင်း ကာကွယ်မှုတွေ ထူးချွန်တယ်လို့ စာရင်းပေါက်ထားသူလည်း ဖြစ်ပေမယ့် ဒီနေ့မှာတော့ အာဆင်နယ်တို့ကို စောစောစီးစီး လက်ဆောင်ဂိုး ပေးသွားခဲ့တာပါ။ အေးလင်းရဲ့ နောက်ပြန်ပေးမှုက သူ့အတွက်တော့ အမြန် ရှင်းထုတ်မယ်ဆိုလည်း ဖြစ်နိုင်ခဲ့ပေမယ့် ဘောလုံးထိန်းသိမ်းရာမှာ အားနည်းခဲ့ပြီး သူ့ရဲ့ ခြေထောက်ထဲကနေ အာဆင်နယ်တိုက်စစ်မှူး နကီးတီးယားက ပြေးဝင်အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ကို အားမနာခဲ့တဲ့ နကီးတီးယား
လိဒ်စ်ယူနိုက်တက်ကို အငှားနဲ့ ထွက်ကစားပြီး သူ့ရဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ နကီးတီးယားအနေနဲ့ ဒီနေ့ပွဲမှာတော့ အသင်းဟောင်းကို တန်းဆင်းရအောင် လုပ်သွားခဲ့တာပါ။ သူ့ရဲ့ ကစားသမားဘဝမှာ အာဆင်နယ်ကလွဲရင် ကစားပေးဖူးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ လိဒ်စ်အတွက် လိဂ်ချန်ပီယံရှစ် ၁၇ ပွဲမှာ ၃ ဂိုးပဲ သွင်းပေးခဲ့တဲ့ နကီးတီးယားဟာ ဒီနေ့မှာတော့ ၅ မိနစ်အတွင်းမှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်တာဝန်ရှိသူတွေရဲ့ အသင်းမှာ ဆက်ထားနိုင်ဖို့ အစွမ်းကုန်စည်းရုံးမှုကို ဖိတ်ခေါ်နေခဲ့ပါပြီ။

အသင်းဟောင်းနဲ့ပွဲမှာ ဉာဏ်ရည်နိမ့်ခဲ့တဲ့ အေးလင်း
လိဒ်စ်ယူနိုက်တက်ဘက်က ပွဲချိန် ၂၇ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရတဲ့ နောက်ခံလူ လုခ် အေးလင်းကတော့ အာဆင်နယ် အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်ပြီး အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာတော့ ကပ္ပတိန်လက်ပတ်ကြီးကိုမှ မထောက် ဉာဏ်ရည်နိမ့်ပါးတဲ့ အမှားကို ကျူးလွန်ခဲ့တာပါ။ မာတီနယ်လီရဲ့ ဘောလုံးထိန်းသိမ်းမှုက နဂိုကတည်းက ဟန်ချက်ပျက်နေချိန်မှာ သာသာယာယာ လုယူလို့ ရလျက်နဲ့ ခြေစုံပစ်ဝင်ပြီး ကြမ်းတမ်းခဲ့တဲ့အခါ အာဆင်နယ်ဆိုရင် နှိမ်နေကျ ဒိုင်လူကြီး ခရစ္စ ကာဗန်းနားရဲ့ အဝါကတ်က မလုံလောက်ခဲ့လို့ VAR ပြန်ကြည့်ပြီး ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျက်ကဲလ်နဲ့ ဟိုက်ဒ်ဖြစ်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်တို့ရဲ့ ပထမပိုင်းက ယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းက ဒုတိယပိုင်းမှာ ဂိုးထပ်မရခဲ့တဲ့အခါ ပျက်စီးသွားတာမျိုးကတော့ ပြိုင်ပွဲကြီးတွေ ကစားမယ်ဆိုရင် မဖြစ်သင့်တဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ပထမပိုင်းမှာ ၁၁ ကြိမ်ကန်ပြီး ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ အာဆင်နယ်တို့ တကယ်တမ်းမှာတော့ ကလေးကွက်တွေ များနေခဲ့သလို ဂိုးသမားတည့်တည်ကို မျက်စိမှိတ်ပြီး ကန်တဲ့ ဆာကာကလည်း ပင်နယ်တီမရရင် ဂိုးမသွင်းတတ်ဘဲဖြစ်နေခဲ့ပြီး မာတီနယ်လီကတော့ တစ်ဖက်ဂိုးရှေ့မှာ နောက်တန်းတွေကို အားနာလို့ ရှောင်ကန်တဲ့ ပုံစံမျိုးတောင် မြင်ခဲ့ရတာပါ။ ပေပေနဲ့ စမစ်ရိုး ဝင်လာတာကတော့ အာဆင်နယ်တို့ကို ရှုံးသွားစေနိုင်တဲ့ လူနှစ်ယောက်လျော့မှုလိုဖြစ်သွားခဲ့ပြီး လာမယ့်ရာသီမှာ အများကြီး ပြင်ဆင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ပထမဆုံးကန်ချက်နဲ့ ဂိုး၊ ခပ်လွယ်လွယ် ရမ်းစ်ဒေးလ်
လိဒ်စ်ယူနိုက်တက်တို့ရဲ့ ချေပဂိုးကတော့ သူတို့ရဲ့ ပထမဆုံးကန်ချက်ကနေ သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး တစ်ကြိမ်တည့်တာနဲ့ ဖုန်းတစ်ဂိုး ဖြစ်ခဲ့တာကတော့ ဂိုးသမား ရမ်းစ်ဒေးလ်ပဲဖြစ်ပါတယ်။ ရာသီအစက စွမ်းစွမ်းတမံ ကာကွယ်မှုမျိုးတွေက သူ့ဆီမှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ခပ်လွယ်လွယ်နဲ့ ပေးဂိုးတွေ ခွင့်ပြုနေခဲ့ရသလို ခံစစ်ကမှ မကောင်းတာ၊ ငါလည်း ဘာမှ မတတ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေခဲ့ပြီး ဖြစ်နိုင်ရင် လီနိုကို ပြန်နေရာပေးသင့်နေတာပါ။

ညာခြမ်းကို အဖြေရှာရမယ့် အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာ မာတီနယ်လီနဲ့ နကီးတီးယားတို့ရဲ့ ဘယ်ခြမ်းကပဲ ထိုးဖောက်နေခဲ့ရသလို ညာခြမ်းကတော့ ဘောလုံးရလည်း အလုပ်မဖြစ်တဲ့ ပါဆင်ဂျာတွေပဲ ဖြစ်နေခဲ့တာပါ။ အော်ဒီဂွါဒ်နဲ့ ဆာကာတို့က မလိုအပ်ဘဲ ဘောလုံးကိုင်လွန်းနေသလို ကျပ်တာနဲ့ ချောင်တဲ့ နေရာကို ရှင်းပစ်ရမယ့်အစား သူတို့နှစ်ယောက်တည်း လိဒ်စ်ခံစစ်တွေနဲ့ လုံးထွေးနေပြီး ဖန်တီးမှု ပြုလုပ်ဖို့ ညာနောက်ခံလူ ဆီးဒရစ်ကိုပဲ အားကိုးခဲ့ရတာပါ။ ပွဲဆက်များလာလို့ ကျဆင်းလာတာလား၊ အာတီတာရဲ့ ဗျူဟာကပဲ လိုအပ်နေတာလားကတော့ လာမယ့် စပါးစ်နဲ့ပွဲမှာ မှတ်ကျောက်တင်ခံရမှာဖြစ်ပြီး ဒီပွဲကိုတော့ အားလုံး ဝိုင်းရုန်းကြမှပဲဖြစ်ပါလိမ့်မယ်။

တန်းဆင်းဖို့ နီးလာတဲ့ လိဒ်စ်
လိဒ်စ်ယူနိုက်တက်တို့ကတော့ ခပ်ဆိုးဆိုးကစားပုံကိုပဲ ပြသနေခဲ့တဲ့ အဆုံးသတ်ထူးချွန်တဲ့ အသင်းတွေနဲ့ဆိုရင် ဂိုးဒါဇင်ဝက်လောက် ပြတ်သွားနိုင်သလို အာဆင်နယ်မို့လို့သာ ဒီလောက် ခံသာခဲ့တာလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီနေ့ရှုံးပွဲကြောင့် အဆင့် ၁၈ အထိ ရောက်သွားခဲ့ပြီး အဆင့် ၁၇ က ဘန်လေနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်က မိုးနဲ့ မြေလောက် များနေခဲ့လို့ တန်းဆင်းဖို့ အခြေအနေကောင်းဆုံးဖြစ်နေပြီး တစ်ချိန်တည်းမှာ သူနဲ့ ရုန်းဖော်ရုန်းဖက် အဲဗာတန်ကတော့ တစ်ပွဲလျှော့ကစားပြီး တစ်မှတ်အသာနဲ့ လွတ်မြောက်ဖို့ ဖြစ်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမလီေယးရဲ႕ အိပ္မက္ဆိုး
လိဒ္စ္ယူႏိုက္တက္ဂိုးသမား အီယန္ ေမလီေယးကေတာ့ ဒီရာသီမွာ တစ္ဦးခ်င္း ကာကြယ္မႈေတြ ထူးခြၽန္တယ္လို႔ စာရင္းေပါက္ထားသူလည္း ျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ အာဆင္နယ္တို႔ကို ေစာေစာစီးစီး လက္ေဆာင္ဂိုး ေပးသြားခဲ့တာပါ။ ေအးလင္းရဲ႕ ေနာက္ျပန္ေပးမႈက သူ႔အတြက္ေတာ့ အျမန္ ရွင္းထုတ္မယ္ဆိုလည္း ျဖစ္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးထိန္းသိမ္းရာမွာ အားနည္းခဲ့ၿပီး သူ႔ရဲ႕ ေျခေထာက္ထဲကေန အာဆင္နယ္တိုက္စစ္မႉး နကီးတီးယားက ေျပးဝင္အဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လိဒ္စ္ကို အားမနာခဲ့တဲ့ နကီးတီးယား
လိဒ္စ္ယူႏိုက္တက္ကို အငွားနဲ႔ ထြက္ကစားၿပီး သူ႔ရဲ႕ ေျခစြမ္းကို ျပသႏိုင္ခဲ့တဲ့ နကီးတီးယားအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ အသင္းေဟာင္းကို တန္းဆင္းရေအာင္ လုပ္သြားခဲ့တာပါ။ သူ႔ရဲ႕ ကစားသမားဘဝမွာ အာဆင္နယ္ကလြဲရင္ ကစားေပးဖူးတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္တဲ့ လိဒ္စ္အတြက္ လိဂ္ခ်န္ပီယံရွစ္ ၁၇ ပြဲမွာ ၃ ဂိုးပဲ သြင္းေပးခဲ့တဲ့ နကီးတီးယားဟာ ဒီေန႔မွာေတာ့ ၅ မိနစ္အတြင္းမွာ ၂ ဂိုးသြင္းယူေပးခဲ့ၿပီး အာဆင္နယ္တာဝန္ရွိသူေတြရဲ႕ အသင္းမွာ ဆက္ထားႏိုင္ဖို႔ အစြမ္းကုန္စည္း႐ုံးမႈကို ဖိတ္ေခၚေနခဲ့ပါၿပီ။

အသင္းေဟာင္းနဲ႔ပြဲမွာ ဉာဏ္ရည္နိမ့္ခဲ့တဲ့ ေအးလင္း
လိဒ္စ္ယူႏိုက္တက္ဘက္က ပြဲခ်ိန္ ၂၇ မိနစ္မွာ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရတဲ့ ေနာက္ခံလူ လုခ္ ေအးလင္းကေတာ့ အာဆင္နယ္ အကယ္ဒမီထြက္ ကစားသမားေဟာင္းျဖစ္ၿပီး အသင္းေဟာင္းနဲ႔ ျပန္ေတြ႕ခ်ိန္မွာေတာ့ ကပၸတိန္လက္ပတ္ႀကီးကိုမွ မေထာက္ ဉာဏ္ရည္နိမ့္ပါးတဲ့ အမွားကို က်ဴးလြန္ခဲ့တာပါ။ မာတီနယ္လီရဲ႕ ေဘာလုံးထိန္းသိမ္းမႈက နဂိုကတည္းက ဟန္ခ်က္ပ်က္ေနခ်ိန္မွာ သာသာယာယာ လုယူလို႔ ရလ်က္နဲ႔ ေျခစုံပစ္ဝင္ၿပီး ၾကမ္းတမ္းခဲ့တဲ့အခါ အာဆင္နယ္ဆိုရင္ ႏွိမ္ေနက် ဒိုင္လူႀကီး ခရစၥ ကာဗန္းနားရဲ႕ အဝါကတ္က မလုံေလာက္ခဲ့လို႔ VAR ျပန္ၾကည့္ၿပီး ထုတ္ပယ္ခဲ့ရတာ ျဖစ္ပါတယ္။

ဂ်က္ကဲလ္နဲ႔ ဟိုက္ဒ္ျဖစ္ခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္တို႔ရဲ႕ ပထမပိုင္းက ယုံၾကည္မႈအျပည့္နဲ႔ ေျခစြမ္းက ဒုတိယပိုင္းမွာ ဂိုးထပ္မရခဲ့တဲ့အခါ ပ်က္စီးသြားတာမ်ိဳးကေတာ့ ၿပိဳင္ပြဲႀကီးေတြ ကစားမယ္ဆိုရင္ မျဖစ္သင့္တဲ့ စိတ္ဓာတ္ပဲျဖစ္ပါတယ္။ ပထမပိုင္းမွာ ၁၁ ႀကိမ္ကန္ၿပီး ၆ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ အာဆင္နယ္တို႔ တကယ္တမ္းမွာေတာ့ ကေလးကြက္ေတြ မ်ားေနခဲ့သလို ဂိုးသမားတည့္တည္ကို မ်က္စိမွိတ္ၿပီး ကန္တဲ့ ဆာကာကလည္း ပင္နယ္တီမရရင္ ဂိုးမသြင္းတတ္ဘဲျဖစ္ေနခဲ့ၿပီး မာတီနယ္လီကေတာ့ တစ္ဖက္ဂိုးေရွ႕မွာ ေနာက္တန္းေတြကို အားနာလို႔ ေရွာင္ကန္တဲ့ ပုံစံမ်ိဳးေတာင္ ျမင္ခဲ့ရတာပါ။ ေပေပနဲ႔ စမစ္႐ိုး ဝင္လာတာကေတာ့ အာဆင္နယ္တို႔ကို ရႈံးသြားေစႏိုင္တဲ့ လူႏွစ္ေယာက္ေလ်ာ့မႈလိုျဖစ္သြားခဲ့ၿပီး လာမယ့္ရာသီမွာ အမ်ားႀကီး ျပင္ဆင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

ပထမဆုံးကန္ခ်က္နဲ႔ ဂိုး၊ ခပ္လြယ္လြယ္ ရမ္းစ္ေဒးလ္
လိဒ္စ္ယူႏိုက္တက္တို႔ရဲ႕ ေခ်ပဂိုးကေတာ့ သူတို႔ရဲ႕ ပထမဆုံးကန္ခ်က္ကေန သြင္းယူသြားႏိုင္ခဲ့တာျဖစ္ၿပီး တစ္ႀကိမ္တည့္တာနဲ႔ ဖုန္းတစ္ဂိုး ျဖစ္ခဲ့တာကေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္ပဲျဖစ္ပါတယ္။ ရာသီအစက စြမ္းစြမ္းတမံ ကာကြယ္မႈမ်ိဳးေတြက သူ႔ဆီမွာ ေပ်ာက္ဆုံးသြားခဲ့ၿပီျဖစ္ၿပီး ခပ္လြယ္လြယ္နဲ႔ ေပးဂိုးေတြ ခြင့္ျပဳေနခဲ့ရသလို ခံစစ္ကမွ မေကာင္းတာ၊ ငါလည္း ဘာမွ မတတ္ႏိုင္ဘူးဆိုတဲ့ ပုံစံမ်ိဳးျဖစ္ေနခဲ့ၿပီး ျဖစ္ႏိုင္ရင္ လီႏိုကို ျပန္ေနရာေပးသင့္ေနတာပါ။

ညာျခမ္းကို အေျဖရွာရမယ့္ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ရဲ႕ ဘယ္ျခမ္းကပဲ ထိုးေဖာက္ေနခဲ့ရသလို ညာျခမ္းကေတာ့ ေဘာလုံးရလည္း အလုပ္မျဖစ္တဲ့ ပါဆင္ဂ်ာေတြပဲ ျဖစ္ေနခဲ့တာပါ။ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔က မလိုအပ္ဘဲ ေဘာလုံးကိုင္လြန္းေနသလို က်ပ္တာနဲ႔ ေခ်ာင္တဲ့ ေနရာကို ရွင္းပစ္ရမယ့္အစား သူတို႔ႏွစ္ေယာက္တည္း လိဒ္စ္ခံစစ္ေတြနဲ႔ လုံးေထြးေနၿပီး ဖန္တီးမႈ ျပဳလုပ္ဖို႔ ညာေနာက္ခံလူ ဆီးဒရစ္ကိုပဲ အားကိုးခဲ့ရတာပါ။ ပြဲဆက္မ်ားလာလို႔ က်ဆင္းလာတာလား၊ အာတီတာရဲ႕ ဗ်ဴဟာကပဲ လိုအပ္ေနတာလားကေတာ့ လာမယ့္ စပါးစ္နဲ႔ပြဲမွာ မွတ္ေက်ာက္တင္ခံရမွာျဖစ္ၿပီး ဒီပြဲကိုေတာ့ အားလုံး ဝိုင္း႐ုန္းၾကမွပဲျဖစ္ပါလိမ့္မယ္။

တန္းဆင္းဖို႔ နီးလာတဲ့ လိဒ္စ္
လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ခပ္ဆိုးဆိုးကစားပုံကိုပဲ ျပသေနခဲ့တဲ့ အဆုံးသတ္ထူးခြၽန္တဲ့ အသင္းေတြနဲ႔ဆိုရင္ ဂိုးဒါဇင္ဝက္ေလာက္ ျပတ္သြားႏိုင္သလို အာဆင္နယ္မို႔လို႔သာ ဒီေလာက္ ခံသာခဲ့တာလို႔ ဆိုရမွာပဲျဖစ္ပါတယ္။ ဒီေန႔ရႈံးပြဲေၾကာင့္ အဆင့္ ၁၈ အထိ ေရာက္သြားခဲ့ၿပီး အဆင့္ ၁၇ က ဘန္ေလနဲ႔ ရမွတ္တူေနေပမယ့္ ဂိုးကြာျခားခ်က္က မိုးနဲ႔ ေျမေလာက္ မ်ားေနခဲ့လို႔ တန္းဆင္းဖို႔ အေျခအေနေကာင္းဆုံးျဖစ္ေနၿပီး တစ္ခ်ိန္တည္းမွာ သူနဲ႔ ႐ုန္းေဖာ္႐ုန္းဖက္ အဲဗာတန္ကေတာ့ တစ္ပြဲေလွ်ာ့ကစားၿပီး တစ္မွတ္အသာနဲ႔ လြတ္ေျမာက္ဖို႔ ျဖစ္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.