Match Report Premier League

နယူးကာဆယ်လ်ကို ဂိုးပြတ်နိုင်ပွဲဆင်ပြီး ချန်ပီယံကာကွယ်တော့မယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲက အရှုံးကို ပြန်လည်ဖာထေးနိုင်ဖို့ ပရီးမီးယားလိဂ်ကို အာရုံစိုက်ပြင်ဆင်လာခဲ့ပြီး အီဒါဆန်၊ ကန်ဆယ်လို၊ ဇင်ချန်ကို၊ ရူဘင် ဒီယက်စ်၊ လာပေါ့တ်တို့နဲ့ ခံစစ်ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ စတာလင်၊ ဂရီးလစ်ရှ်နဲ့ ဂျေဆူးစ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ လာဆဲလက်စ်၊ ဒန်ဘန်း၊ ခရတ်ဖ်နဲ့ တားဂက်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်ကိုတော့ ဂျိုလင်တန်၊ ဘရူနို ဂီမာရိုင်းစ်၊ ရှောင် လောင်းစတပ်ဖ်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ခရစ္စဝုဒ်တို့ကို နည်းပြ အက်ဒီဟောင်းက အသုံးပြုလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကန်ချက်က လူတံတိုင်းကျော်ပြီး တိုင်ဘေးက ထွက်သွားခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ မန်စီးတီးနောက်တန်းရဲ့ ဘယ်ခြမ်း အားနည်းမှုကနေ ပျာယာခတ်ပြီး စန်မက်ဇီမန်ရဲ့ ဖြတ်တင်ဘောကို ခရစ္စဝုဒ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့လို့ နယူးကာဆယ်လ်တို့ နစ်နာခဲ့ကြတာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂွန်ဒိုးဝမ် ကန်တင်ပေးတာကို ညာခြမ်းကနေ ခေါင်းတိုက်ချပေးခဲ့တဲ့ ကန်ဆယ်လိုရဲ့ တိကျတဲ့ ပေးပို့မှုကနေ ရီးရဲလ်နဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ စတာလင်က အနီးကပ် ခေါင်းတိုက်ပြီး အိမ်ရှင်တွေကို ဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ထောင့်ကန်ဘောကနေ နယူးကာဆယ်လ်တို့အတွက် ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ တိုက်စစ်မှူး ခရစ္စဝုဒ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂျိုလင်တန် တစ်ဦးတည်း လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရသလို မန်စီးတီးဘက်ကတော့ ကန်ဆယ်လို၊ ဂွန်ဒိုးဝမ်နဲ့ ဂျေဆူးစ်တို့က အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ် ကန်ရာမှာ ဂိုးသမား ဒူဘရက်ဗ်ကာ တားဆီးနိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဒီယက်စ်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ရာမှာတော့ ပြန်ထွက်လာတဲ့ ဘောလုံးကို လာပေါ့တ်က ထပ်ဆင့်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပြီး ဒီပွဲမှာတော့ ဂျေဆူးစ်ရဲ့ ကစားပုံ မဆိုးပေမယ့် နယူးကာဆယ်လ်နောက်တန်းက လာဆယ်လက်စ်ကို ဘော်ဒီချင်း မယှဉ်နိုင်ခဲ့လို့ ရုန်းကန်ခဲ့ရသလို ဒုတိယပိုင်းအစမှာတော့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ရူဘင် ဒီယက်စ်ကို အနားပေးပြီး ဖာနန်ဒင်ညိုနဲ့ လူစားလဲသွားခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ဒီဘရိုင်းနား ကန်ပို့တဲ့ ဘောလုံးကို ကွင်းလယ်လူ ရိုဒရီက သူ့ကို မာကင်ကပ်ထားတဲ့ နယူးကာဆယ်လ်ကစားသမားကို ခွာထွက်ပြီး အနီးတိုင်ဘက်ကနေ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမား ဒူဘရက်ဗ်ကာ မကာကွယ်နိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ ဂျေဆူးစ်အစား ဖိုဒန်ကို လဲကစားသွားခဲ့ပြီး နယူးကာဆယ်လ်ဘက်ကတော့ ခရစ္စဝုဒ်အစား ဝီလ်ဆန်၊ ခရတ်ဖ်အစား ထရစ်ပီယာနဲ့ အယ်လ်မီရွန်အစား မာဖီတို့ကို လဲကစားသွားခဲ့ပြီး ပွဲပြီးခါနီးမှာတော့ အိမ်ရှင်တွေဘက်က နောက်ခံလူ လာပေါ့တ်ကို အနားပေးပြီး လူငယ်ကစားသမား အီဂန်-ရိုင်လီကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ အိမ်ရှင် မန်စီးတီးတို့ စတုတ္ထဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံသမား ဂရီးလစ်ရှ်က အတွင်းချိုးပေးတာကို နောက်က ပါလာတဲ့ ဇင်ချန်ကိုက ဂိုးရှေ့ကို ထိုးပေးရာမှာ နယူးကာဆယ်လ်နောက်ခံလူ နှစ်ယောက်ကြားကနေ ဖိုဒန်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ မန်စီးတီးတို့ပဲ လက်တစ်ဖက်စာ ပြည့်စေမယ့် ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ ဝမ်းတူးရိုက်ထွက်ပြီး အတွင်းကို ပြန်ဆွဲဝင်သွားခဲ့တဲ့ ဂရီးလစ်ရှ်က ချပေးတာကို အောက်ကို အာရုံစိုက်နေတဲ့ ဂိုးသမား ဒူဘရက်ဗ်ကာရဲ့ အပေါ်ကနေ စတာလင်က အမြင့်ဘော ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့ ငါးဂိုး-ဂိုးမရှိနဲ့ နယူးကာဆယ်လ်ကို ဂိုးပြတ်ချေမှုန်းခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲက အရှုံးအတွက် ပေါက်ကွဲ ပြသွားခဲ့ကြသလို စနေနေ့က လီဗာပူးလ်ရဲ့ သရေကျမှုကို အကောင်းဆုံး အခွင့်အရေးယူပြီး ပွဲစဉ် ၃၅ အပြီး သုံးပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ သုံးမှတ် ပြန်ဖြတ်လိုက်ပြီး ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်း၊ ဗီလာတို့နဲ့ လွယ်ကူနေတဲ့ လက်ကျန်ပွဲစဉ်တွေအရ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ နီးစပ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲက အရႈံးကို ျပန္လည္ဖာေထးႏိုင္ဖို႔ ပရီးမီးယားလိဂ္ကို အာ႐ုံစိုက္ျပင္ဆင္လာခဲ့ၿပီး အီဒါဆန္၊ ကန္ဆယ္လို၊ ဇင္ခ်န္ကို၊ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္တို႔နဲ႔ ခံစစ္ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ စတာလင္၊ ဂရီးလစ္ရွ္နဲ႔ ေဂ်ဆူးစ္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ လာဆဲလက္စ္၊ ဒန္ဘန္း၊ ခရတ္ဖ္နဲ႔ တားဂက္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္ကိုေတာ့ ဂ်ိဳလင္တန္၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေရွာင္ ေလာင္းစတပ္ဖ္တို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ စန္မက္ဇီမန္၊ အယ္လ္မီ႐ြန္နဲ႔ ခရစၥဝုဒ္တို႔ကို နည္းျပ အက္ဒီေဟာင္းက အသုံးျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ ဖရီးကစ္ကန္ခ်က္က လူတံတိုင္းေက်ာ္ၿပီး တိုင္ေဘးက ထြက္သြားခဲ့သလို ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ မန္စီးတီးေနာက္တန္းရဲ႕ ဘယ္ျခမ္း အားနည္းမႈကေန ပ်ာယာခတ္ၿပီး စန္မက္ဇီမန္ရဲ႕ ျဖတ္တင္ေဘာကို ခရစၥဝုဒ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ ေရာက္သြားခဲ့လို႔ နယူးကာဆယ္လ္တို႔ နစ္နာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂြန္ဒိုးဝမ္ ကန္တင္ေပးတာကို ညာျခမ္းကေန ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ကန္ဆယ္လိုရဲ႕ တိက်တဲ့ ေပးပို႔မႈကေန ရီးရဲလ္နဲ႔ပြဲမွာ ေျခစြမ္းဆိုး႐ြားခဲ့လို႔ ေဝဖန္ခံခဲ့ရတဲ့ စတာလင္က အနီးကပ္ ေခါင္းတိုက္ၿပီး အိမ္ရွင္ေတြကို ဦးေဆာင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ေထာင့္ကန္ေဘာကေန နယူးကာဆယ္လ္တို႔အတြက္ ရႈပ္ယွက္ခတ္ေနတဲ့ အေနအထားကေန တိုက္စစ္မႉး ခရစၥဝုဒ္က ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဂ်ိဳလင္တန္ တစ္ဦးတည္း လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရသလို မန္စီးတီးဘက္ကေတာ့ ကန္ဆယ္လို၊ ဂြန္ဒိုးဝမ္နဲ႔ ေဂ်ဆူးစ္တို႔က အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန က်လာတဲ့ ေဘာလုံးကို ဂြန္ဒိုးဝမ္ ကန္ရာမွာ ဂိုးသမား ဒူဘရက္ဗ္ကာ တားဆီးႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဒီယက္စ္ရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့ရာမွာေတာ့ ျပန္ထြက္လာတဲ့ ေဘာလုံးကို လာေပါ့တ္က ထပ္ဆင့္ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ၿပီး ဒီပြဲမွာေတာ့ ေဂ်ဆူးစ္ရဲ႕ ကစားပုံ မဆိုးေပမယ့္ နယူးကာဆယ္လ္ေနာက္တန္းက လာဆယ္လက္စ္ကို ေဘာ္ဒီခ်င္း မယွဥ္ႏိုင္ခဲ့လို႔ ႐ုန္းကန္ခဲ့ရသလို ဒုတိယပိုင္းအစမွာေတာ့ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ႐ူဘင္ ဒီယက္စ္ကို အနားေပးၿပီး ဖာနန္ဒင္ညိဳနဲ႔ လူစားလဲသြားခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ဒီဘ႐ိုင္းနား ကန္ပို႔တဲ့ ေဘာလုံးကို ကြင္းလယ္လူ ႐ိုဒရီက သူ႔ကို မာကင္ကပ္ထားတဲ့ နယူးကာဆယ္လ္ကစားသမားကို ခြာထြက္ၿပီး အနီးတိုင္ဘက္ကေန ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးသမား ဒူဘရက္ဗ္ကာ မကာကြယ္ႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးတို႔ ေဂ်ဆူးစ္အစား ဖိုဒန္ကို လဲကစားသြားခဲ့ၿပီး နယူးကာဆယ္လ္ဘက္ကေတာ့ ခရစၥဝုဒ္အစား ဝီလ္ဆန္၊ ခရတ္ဖ္အစား ထရစ္ပီယာနဲ႔ အယ္လ္မီ႐ြန္အစား မာဖီတို႔ကို လဲကစားသြားခဲ့ၿပီး ပြဲၿပီးခါနီးမွာေတာ့ အိမ္ရွင္ေတြဘက္က ေနာက္ခံလူ လာေပါ့တ္ကို အနားေပးၿပီး လူငယ္ကစားသမား အီဂန္-႐ိုင္လီကို ထည့္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ အိမ္ရွင္ မန္စီးတီးတို႔ စတုတၳဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ေတာင္ပံသမား ဂရီးလစ္ရွ္က အတြင္းခ်ိဳးေပးတာကို ေနာက္က ပါလာတဲ့ ဇင္ခ်န္ကိုက ဂိုးေရွ႕ကို ထိုးေပးရာမွာ နယူးကာဆယ္လ္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန ဖိုဒန္က အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ လက္တစ္ဖက္စာ ျပည့္ေစမယ့္ ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ ဝမ္းတူး႐ိုက္ထြက္ၿပီး အတြင္းကို ျပန္ဆြဲဝင္သြားခဲ့တဲ့ ဂရီးလစ္ရွ္က ခ်ေပးတာကို ေအာက္ကို အာ႐ုံစိုက္ေနတဲ့ ဂိုးသမား ဒူဘရက္ဗ္ကာရဲ႕ အေပၚကေန စတာလင္က အျမင့္ေဘာ ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔ ငါးဂိုး-ဂိုးမရွိနဲ႔ နယူးကာဆယ္လ္ကို ဂိုးျပတ္ေခ်မႈန္းခဲ့ၾကၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ပြဲက အရႈံးအတြက္ ေပါက္ကြဲ ျပသြားခဲ့ၾကသလို စေနေန႔က လီဗာပူးလ္ရဲ႕ သေရက်မႈကို အေကာင္းဆုံး အခြင့္အေရးယူၿပီး ပြဲစဥ္ ၃၅ အၿပီး သုံးပြဲသာ ကစားဖို႔ က်န္ရွိေတာ့ခ်ိန္မွာ သုံးမွတ္ ျပန္ျဖတ္လိုက္ၿပီး ဝုလ္ဗ္စ္၊ ဝက္စ္ဟမ္း၊ ဗီလာတို႔နဲ႔ လြယ္ကူေနတဲ့ လက္က်န္ပြဲစဥ္ေတြအရ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲဖို႔ နီးစပ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.