Match Report Premier League

ဆယ်ယောက်ကျန်လိဒ်စ်ကို အနိုင်ရဖို့ ရုန်းခဲ့ရပြီးမှ စပါးစ်ကို အမှတ်ဖြတ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ပြီး နူနို တာဗာရက်စ်အစား တိုမီယာစုကို ဘယ်ခြမ်း ခံစစ်မှာ ထည့်သွင်းခဲ့ပြီး ရမ်းစ်ဒေးလ်၊ ဂါဘရီယယ်လ်၊ ဟိုးလ်ဒင်း၊ ဆီးဒရစ်တို့နဲ့ တွဲပေးခဲ့ချိန်မှာ ကွင်းလယ်မှာတော့ အယ်လ်နန်နီ၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ နကီးတီးယား၊ ဆာကာနဲ့ မာတီနယ်လီတို့ ပွဲထွက်လာခဲ့ကြပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ အေးလင်း၊ ယော်ရန်တေ၊ ကို့ချ်နဲ့ ဂျူနီယာ ဖာပိုတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဖိလစ်နဲ့ ကလစ်ချ်တို့ကို တွဲပေးခဲ့သလို တိုက်စစ်ပိုင်းမှာတော့ ဟာရီဆန်၊ ဒန်ဂျိမ်းစ်၊ ရာဖင်ညာနဲ့ လူငယ်တိုက်စစ်မှူး ဂါးလ်ဟတ်ဒ်တို့ကို ပွဲထုတ်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ လိဒ်စ်တို့ အားကိုးတဲ့ ရာဖင်ညာကို ထိန်းချုပ်နိုင်ဖို့ ခံစစ်မှာ သုံးစားမရတဲ့ တာဗာရက်စ်အစား တိုမီယာစုကို အသုံးပြုခဲ့ချိန်မှာ သူနဲ့ ချာကာရဲ့ အတွဲအဖက်က ဘယ်ခြမ်းကို စိုးမိုးထားခဲ့ပြီး မာတီနယ်လီတစ်ယောက် တောင်ပံမှာ အေးအေးဆေးဆေး အာရုံစိုက်နိုင်ခဲ့သလို အသင်းရဲ့ Pressing ကလည်း ထိရောက်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး လိဒ်စ်ခံစစ်က အေးလင်း နောက်ပြန်ပေးတာကို ဂိုးသမား မေလီယေး ထိန်းပုံ မသေသပ်တာကြောင့် ပြန်ကန်တင်ဖို့ နောက်ကျနေတုန်းမှာ တိုက်စစ်မှူး နကီးတီးယားက လုယူပြီး ကန်သွင်းနိုင်ခဲ့တာကြောင့် အမ်းမရိတ်မှာ ပရိသတ်တွေ စတင်ပျော်ရွှင်နိုင်ခဲ့တာပါ။

နောက်ထပ် ၅ မိနစ်အကြာ ပွဲချိန် ၁၀ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ရုန်းထွက်သွားခဲ့တဲ့ မာတီနယ်လီက အတွင်းကို ပြန်ချိုးပေးရာမှာ အလိုက်သင့် နေရာယူထားတဲ့ နကီးတီးယားကပဲ ဘယ်ခြေနဲ့ ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့ ပွဲကို ထိန်းချုပ်ကစားနေခဲ့ပြီး လိဒ်စ်တို့ကတော့ ဂိုးပေါက်ကန်ချက်ကို တစ်ကြိမ်မှ မရှိတဲ့အထိ ဖြစ်ခဲ့ရသလို ပိုမိုဆိုးရွားစေဖို့ ပွဲချိန် ၂၇ မိနစ်မှာတော့ ဘောလုံးကို ဂိုးစည်းမလွန်ခင် ထိန်းသိမ်းရယူတဲ့ မာတီနယ်လီကို ခြေစုံပစ်ဝင်တဲ့ နောက်ခံလူ အေးလင်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။

ဒီဖြစ်ရပ်မှာတော့ အေးလင်းကို ဒိုင်လူကြီး ခရစ္စ ကာဗန်းနားက အဝါသာ ပြခဲ့ပေမယ့် VAR ပြန်ကြည့်အပြီးမှာတော့ တိုက်ရိုက်အနီကတ်နဲ့ ပြောင်းလဲထုတ်ပယ်ခဲ့တာဖြစ်သလို ဒိုင်လူကြီးကို အလွန်အကျွံ စောဒကတက်နေတဲ့ ရာဖင်ညာကိုလည်း အဝါကတ်ပြခဲ့ပြီး လိဒ်စ်တို့ကတော့ တိုက်စစ်မှူး ဂါးလ်ဟတ်ဒ်အစား နောက်ခံလူ စထရိုက်ခ်ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေကို မာတီနယ်လီရော နကီးတီးယားပါ အသုံးမချနိုင်ခဲ့သလို ညာခြမ်းက ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကလည်း ခြေချုပ်မိနေပြီး ဆီးဒရစ်တစ်ယောက်တည်းကို အားကိုးရသလိုဖြစ်နေတာကြောင့် အာဆင်နယ်တို့ လိဒ်စ်ကို ဂိုးကန်ခွင့်ရော ဂိုးပေါက်တည့်ခွင့်ပါ မပေးဘဲ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် နှစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ သုံးစားလို့ရတာထက် ဖြုန်းတီးမှုတွေသာ များနေခဲ့တာကြောင့် အပိုင်ဂိုးနှစ်ဂိုးလောက် လက်လွတ်ခဲ့ရပြီး မာတီနယ်လီအနေနဲ့ ဧရိယာထဲမှာ ပါးနပ်မှု မရှိတာနဲ့ တစ်ဖက်အသင်းကို အားနာသလို ပုံစံမျိုးနဲ့ အဆုံးသတ် ကန်သွင်းနေခဲ့တာတွေက အလုပ်မဖြစ်ခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ လိဒ်စ်ဘက်က ရာဖင်ညာအစား တိုက်စစ်မှူး ရိုဒရီဂိုကို ထည့်သွင်းကစားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ လိဒ်စ်တို့ရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းခွင့်နဲ့ ဂိုးပေါက်တည့်မှုကနေ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ လူကပ်ပုံ မပီပြင်တဲ့ ဟိုးလ်ဒင်းရှေ့ကနေ နောက်ပြန်ခေါင်းတိုက်ချတဲ့ ဂျူနီယာ ဖာပိုဆီက ထွက်လာတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ လူကပ်မခံရဘဲ လွတ်နေခဲ့တဲ့ ယော်ရန်တေက ထောင့်ကျဉ်းထဲ ကန်သွင်းပြီး ရမ်းစ်ဒေးလ်ကို အနိုင်ယူသွားခဲ့တာပါ။

အာဆင်နယ်တို့ကတော့ ညာခြမ်းမှာ ကျဆင်းလာတဲ ဆာကာအစား ပေပေကို လဲကစားခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ အော်ဒီဂွါဒ်ရဲ့ တစ်ကိုယ်တော်ကန်ချက် ကောင်းခဲ့ပေမယ့် တိုင်ဘေးကပဲ ကပ်ထွက်သွားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ချာကာရဲ့ ဖြတ်တင်ဘောကနေ လိဒ်စ်နောက်ခံလူ ကို့ချ် လက်ထိခဲ့ပေမယ့် ပင်နယ်တီ မပေးဘဲ ပယ်ချခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာတီနယ်လီအစား စမစ်ရိုးကို ထည့်ကစားအပြီးမှာတော့ အာဆင်နယ်တောင်ပံတွေက သုံးစားမရတော့ဘဲ ဒေါသထွက်စရာပုံစံကိုပဲ ပြသနေခဲ့သလို လိဒ်စ်ဂိုးသမား ရှေ့တက်လာပြီး ဘောလုံးပြန်ထွက်လာကို ပြန်ရတာတောင် ဘယ်လို အသုံးချရမှန်းမသိတဲ့ ပေပေကတော့ ဘောလုံးသမားဘဝကပါ အနားယူဖို့ သင့်ပြီဖြစ်ပြီး ပွဲချိန်ပြည့်ဖို့ နည်းပြ အာတီတာတစ်ယောက် ရင်တမမဖြစ်ခဲ့ရတာပါ။

နာကျင်အချိန်ပို သုံးမိနစ်အပြီးမှာတော့ ပထမပိုင်းကနဲ့ ဆီနဲ့ရေလို ကွာဟခဲ့တဲ့ အာဆင်နယ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ သုံးမှတ်ရယူသွားနိုင်ခဲ့ပြီး ဒီပုံစံနဲ့ စပါးစ်ကို ဘယ်လိုကန်မလဲဆိုတာကတော့ အတွေးပွားစရာဖြစ်ခဲ့ရသလို ဆယ်ယောက်နဲ့ တစ်နာရီကျော် ကစားခဲ့ရတဲ့ လိဒ်စ်တို့ကတော့ တန်းဆင်းဇုန် အဆင့် ၁၈ ကို ကျရောက်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ လူစာရင္းကို အနည္းငယ္ အေျပာင္းအလဲလုပ္ခဲ့ၿပီး ႏူႏို တာဗာရက္စ္အစား တိုမီယာစုကို ဘယ္ျခမ္း ခံစစ္မွာ ထည့္သြင္းခဲ့ၿပီး ရမ္းစ္ေဒးလ္၊ ဂါဘရီယယ္လ္၊ ဟိုးလ္ဒင္း၊ ဆီးဒရစ္တို႔နဲ႔ တြဲေပးခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ အယ္လ္နန္နီ၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ နကီးတီးယား၊ ဆာကာနဲ႔ မာတီနယ္လီတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ေအးလင္း၊ ေယာ္ရန္ေတ၊ ကို႔ခ်္နဲ႔ ဂ်ဴနီယာ ဖာပိုတို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖိလစ္နဲ႔ ကလစ္ခ်္တို႔ကို တြဲေပးခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ ဟာရီဆန္၊ ဒန္ဂ်ိမ္းစ္၊ ရာဖင္ညာနဲ႔ လူငယ္တိုက္စစ္မႉး ဂါးလ္ဟတ္ဒ္တို႔ကို ပြဲထုတ္ခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ လိဒ္စ္တို႔ အားကိုးတဲ့ ရာဖင္ညာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခံစစ္မွာ သုံးစားမရတဲ့ တာဗာရက္စ္အစား တိုမီယာစုကို အသုံးျပဳခဲ့ခ်ိန္မွာ သူနဲ႔ ခ်ာကာရဲ႕ အတြဲအဖက္က ဘယ္ျခမ္းကို စိုးမိုးထားခဲ့ၿပီး မာတီနယ္လီတစ္ေယာက္ ေတာင္ပံမွာ ေအးေအးေဆးေဆး အာ႐ုံစိုက္ႏိုင္ခဲ့သလို အသင္းရဲ႕ Pressing ကလည္း ထိေရာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး လိဒ္စ္ခံစစ္က ေအးလင္း ေနာက္ျပန္ေပးတာကို ဂိုးသမား ေမလီေယး ထိန္းပုံ မေသသပ္တာေၾကာင့္ ျပန္ကန္တင္ဖို႔ ေနာက္က်ေနတုန္းမွာ တိုက္စစ္မႉး နကီးတီးယားက လုယူၿပီး ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ အမ္းမရိတ္မွာ ပရိသတ္ေတြ စတင္ေပ်ာ္႐ႊင္ႏိုင္ခဲ့တာပါ။

ေနာက္ထပ္ ၅ မိနစ္အၾကာ ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ ႐ုန္းထြက္သြားခဲ့တဲ့ မာတီနယ္လီက အတြင္းကို ျပန္ခ်ိဳးေပးရာမွာ အလိုက္သင့္ ေနရာယူထားတဲ့ နကီးတီးယားကပဲ ဘယ္ေျခနဲ႔ ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

အာဆင္နယ္တို႔ ပြဲကို ထိန္းခ်ဳပ္ကစားေနခဲ့ၿပီး လိဒ္စ္တို႔ကေတာ့ ဂိုးေပါက္ကန္ခ်က္ကို တစ္ႀကိမ္မွ မရွိတဲ့အထိ ျဖစ္ခဲ့ရသလို ပိုမိုဆိုး႐ြားေစဖို႔ ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ေဘာလုံးကို ဂိုးစည္းမလြန္ခင္ ထိန္းသိမ္းရယူတဲ့ မာတီနယ္လီကို ေျခစုံပစ္ဝင္တဲ့ ေနာက္ခံလူ ေအးလင္း အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ ၁၀ ေယာက္နဲ႔ ကစားခဲ့ရတာပါ။

ဒီျဖစ္ရပ္မွာေတာ့ ေအးလင္းကို ဒိုင္လူႀကီး ခရစၥ ကာဗန္းနားက အဝါသာ ျပခဲ့ေပမယ့္ VAR ျပန္ၾကည့္အၿပီးမွာေတာ့ တိုက္႐ိုက္အနီကတ္နဲ႔ ေျပာင္းလဲထုတ္ပယ္ခဲ့တာျဖစ္သလို ဒိုင္လူႀကီးကို အလြန္အကြၽံ ေစာဒကတက္ေနတဲ့ ရာဖင္ညာကိုလည္း အဝါကတ္ျပခဲ့ၿပီး လိဒ္စ္တို႔ကေတာ့ တိုက္စစ္မႉး ဂါးလ္ဟတ္ဒ္အစား ေနာက္ခံလူ စထ႐ိုက္ခ္ကို ထည့္သြင္းသြားခဲ့ပါတယ္။

ပထမပိုင္းမွာ အခြင့္အေရးေတြကို မာတီနယ္လီေရာ နကီးတီးယားပါ အသုံးမခ်ႏိုင္ခဲ့သလို ညာျခမ္းက ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကလည္း ေျခခ်ဳပ္မိေနၿပီး ဆီးဒရစ္တစ္ေယာက္တည္းကို အားကိုးရသလိုျဖစ္ေနတာေၾကာင့္ အာဆင္နယ္တို႔ လိဒ္စ္ကို ဂိုးကန္ခြင့္ေရာ ဂိုးေပါက္တည့္ခြင့္ပါ မေပးဘဲ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမယ့္ ႏွစ္ဂိုးတည္းနဲ႔ ေက်နပ္ခဲ့ရတာပါ။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ သုံးစားလို႔ရတာထက္ ျဖဳန္းတီးမႈေတြသာ မ်ားေနခဲ့တာေၾကာင့္ အပိုင္ဂိုးႏွစ္ဂိုးေလာက္ လက္လြတ္ခဲ့ရၿပီး မာတီနယ္လီအေနနဲ႔ ဧရိယာထဲမွာ ပါးနပ္မႈ မရွိတာနဲ႔ တစ္ဖက္အသင္းကို အားနာသလို ပုံစံမ်ိဳးနဲ႔ အဆုံးသတ္ ကန္သြင္းေနခဲ့တာေတြက အလုပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ လိဒ္စ္ဘက္က ရာဖင္ညာအစား တိုက္စစ္မႉး ႐ိုဒရီဂိုကို ထည့္သြင္းကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ လိဒ္စ္တို႔ရဲ႕ ပထမဆုံး ဂိုးေပါက္ကန္သြင္းခြင့္နဲ႔ ဂိုးေပါက္တည့္မႈကေန ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန လူကပ္ပုံ မပီျပင္တဲ့ ဟိုးလ္ဒင္းေရွ႕ကေန ေနာက္ျပန္ေခါင္းတိုက္ခ်တဲ့ ဂ်ဴနီယာ ဖာပိုဆီက ထြက္လာတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ လူကပ္မခံရဘဲ လြတ္ေနခဲ့တဲ့ ေယာ္ရန္ေတက ေထာင့္က်ဥ္းထဲ ကန္သြင္းၿပီး ရမ္းစ္ေဒးလ္ကို အႏိုင္ယူသြားခဲ့တာပါ။

အာဆင္နယ္တို႔ကေတာ့ ညာျခမ္းမွာ က်ဆင္းလာတဲ ဆာကာအစား ေပေပကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္ရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ ေကာင္းခဲ့ေပမယ့္ တိုင္ေဘးကပဲ ကပ္ထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ခ်ာကာရဲ႕ ျဖတ္တင္ေဘာကေန လိဒ္စ္ေနာက္ခံလူ ကို႔ခ်္ လက္ထိခဲ့ေပမယ့္ ပင္နယ္တီ မေပးဘဲ ပယ္ခ်ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မာတီနယ္လီအစား စမစ္႐ိုးကို ထည့္ကစားအၿပီးမွာေတာ့ အာဆင္နယ္ေတာင္ပံေတြက သုံးစားမရေတာ့ဘဲ ေဒါသထြက္စရာပုံစံကိုပဲ ျပသေနခဲ့သလို လိဒ္စ္ဂိုးသမား ေရွ႕တက္လာၿပီး ေဘာလုံးျပန္ထြက္လာကို ျပန္ရတာေတာင္ ဘယ္လို အသုံးခ်ရမွန္းမသိတဲ့ ေပေပကေတာ့ ေဘာလုံးသမားဘဝကပါ အနားယူဖို႔ သင့္ၿပီျဖစ္ၿပီး ပြဲခ်ိန္ျပည့္ဖို႔ နည္းျပ အာတီတာတစ္ေယာက္ ရင္တမမျဖစ္ခဲ့ရတာပါ။

နာက်င္အခ်ိန္ပို သုံးမိနစ္အၿပီးမွာေတာ့ ပထမပိုင္းကနဲ႔ ဆီနဲ႔ေရလို ကြာဟခဲ့တဲ့ အာဆင္နယ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ သုံးမွတ္ရယူသြားႏိုင္ခဲ့ၿပီး ဒီပုံစံနဲ႔ စပါးစ္ကို ဘယ္လိုကန္မလဲဆိုတာကေတာ့ အေတြးပြားစရာျဖစ္ခဲ့ရသလို ဆယ္ေယာက္နဲ႔ တစ္နာရီေက်ာ္ ကစားခဲ့ရတဲ့ လိဒ္စ္တို႔ကေတာ့ တန္းဆင္းဇုန္ အဆင့္ ၁၈ ကို က်ေရာက္သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.