Premier League

ဘန်လေကို အနိုင်ယူပြီး ခေတ်ပြိုင်ဂန္တဝင်တစ်ဦးကို ကယ်တင်ခဲ့တဲ့ ဂျရတ်

စတီဗင် ဂျရတ်ဟာ နည်းပြလောကထဲကို ရောက်တာ သိပ်မကြာသေးပေမယ့် ဘန်လေအသင်းရဲ့ အမှတ်အသားဖြစ်တဲ့ ၄-၄-၂ ကစားကွက်ကို ဘယ်လို ဖြိုချရမလဲဆိုတာကို သေချာအစီအစဉ်ဆွဲနိုင်ခဲ့ပြီး ဘန်လေ ယာယီနည်းပြ မိုက်ခ် ဂျက်ဆင်ကို ပထမဆုံးရှုံးပွဲအရသာ မြည်းစမ်းစေခဲ့ပါတယ်။

ဘန်လေအသင်းဟာ နည်းပြ ရှောင် ဒိုက်ချ် ထုတ်ပယ်ခံရပြီးနောက်ပိုင်း ချက်ချင်းပဲ ၁၂ မှတ်ရနိုင်ခြေကနေ ၁၀ မှတ်အထိ ရယူနိုင်ခဲ့ပေမယ့်လည်း တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် ပြန်လည် ရုန်းကန်နေရပြီဖြစ်ပါတယ်။

ဘန်လေ ယာယီနည်းပြ မိုက်ခ် ဂျက်ဆင်က ၎င်းမှာ မှော်တုတ်တံမရှိဘူးလို့ အမြဲတမ်းပြောခဲ့ပြီး စနေနေ့မှာ စတီဗင် ဂျရတ်က ကော်တင်ညိုကို ပထမဆုံးအကြိမ် အရန်ခုံပို့ပြီး ဗဟိုခံစစ်ကစားသမား ကယ်လန် ချိန်ဘာစ်ကို ကွင်းလယ်ခံစစ်၊ ဘူအန်ဒီယာကို ကွင်းလယ်နဲ့ တိုက်စစ်ကြားမှာ လွတ်လွတ်လပ်လပ်ကစားစေခဲ့ပါတယ်။

ဘန်လေဟာ ဒုတိယပိုင်းအစောပိုင်းမှာ အဓိကနောက်ခံလူ တာကောစကီး ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတာကို မြင်တွေ့ခဲ့ရပြီးနောက် ကျော်ကြားတဲ့ တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်နေတဲ့အသင်းတွေဆီက မြင်တွေ့ရလေ့ရှိတဲ့ ကြမ်းတမ်းမှုမျိုး မရှိခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ၇ မိနစ်မှာ ဘူအန်ဒီယာရဲ့ ပေးပို့မှုကနေတဆင့် ဒန်နီ အင့်ဂ်က သေသပ်တဲ့ အဆုံးသတ်နဲ့အတူ အက်စတန် ဗီလာအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပထမပိုင်း မပြီးခင်မှာ အလွန်ကောင်းမွန်နေတဲ့ ဘူအန်ဒီယာကပဲ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၇ မိနစ်အကြာမှာ အိုလီ ဝက်ကင်စ်ဟာ ဂျွန် မက်ဂင်းရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး အက်စတန် ဗီလာအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။ ဘန်လေအသင်းရဲ့ လူစားဝင်ကစားသမား မက်စ်ဝဲလ် ကောနတ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်းကို ဘန်လေအတွက် တစ်လုံးတည်းသော ချေပဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က အမှတ်ပေးဇယားအောက်ဆုံး ၃ သင်းကနေ တန်းဆင်းဇုန်အထက်ကို တက်လှမ်းခဲ့တဲ့ ဘန်လေဟာ တနင်္ဂနွေနေ့မှာ အဲဗာတန်က လက်စတာစီးတီးအသင်းကို အနိုင်ရရှိသွားခဲ့ပြီး လိဒ်စ်က အာဆင်နယ်နဲ့ ပွဲမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ထဲကို ပြန်လည်ရောက်ရှိသွားတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စတီဗင္ ဂ်ရတ္ဟာ နည္းျပေလာကထဲကို ေရာက္တာ သိပ္မၾကာေသးေပမယ့္ ဘန္ေလအသင္းရဲ့ အမွတ္အသားျဖစ္တဲ့ ၄-၄-၂ ကစားကြက္ကို ဘယ္လို ၿဖိဳခ်ရမလဲဆိုတာကို ေသခ်ာအစီအစဥ္ဆြဲနိုင္ခဲ့ၿပီး ဘန္ေလ ယာယီနည္းၿပ မိုက္ခ္ ဂ်က္ဆင္ကို ပထမဆုံးရႈံးပြဲအရသာ ျမည္းစမ္းေစခဲ့ပါတယ္။

ဘန္ေလအသင္းဟာ နည္းၿပ ေရွာင္ ဒိုက္ခ်္ ထုတ္ပယ္ခံရၿပီးေနာက္ပိုင္း ခ်က္ခ်င္းပဲ ၁၂ မွတ္ရနိုင္ေျခကေန ၁၀ မွတ္အထိ ရယူနိုင္ခဲ့ေပမယ့္လည္း တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔အတြက္ ျပန္လည္ ႐ုန္းကန္ေနရၿပီျဖစ္ပါတယ္။

ဘန္ေလ ယာယီနည္းၿပ မိုက္ခ္ ဂ်က္ဆင္က ၎မွာ ေမွာ္တုတ္တံမရွိဘူးလို႔ အျမဲတမ္းေျပာခဲ့ၿပီး စေနေန႔မွာ စတီဗင္ ဂ်ရတ္က ေကာ္တင္ညိဳကို ပထမဆုံးအႀကိမ္ အရန္ခုံပို႔ၿပီး ဗဟိုခံစစ္ကစားသမား ကယ္လန္ ခ်ိန္ဘာစ္ကို ကြင္းလယ္ခံစစ္၊ ဘူအန္ဒီယာကို ကြင္းလယ္နဲ႔ တိုက္စစ္ၾကားမွာ လြတ္လြတ္လပ္လပ္ကစားေစခဲ့ပါတယ္။

ဘန္ေလဟာ ဒုတိယပိုင္းအေစာပိုင္းမွာ အဓိကေနာက္ခံလူ တာေကာစကီး ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခဲ့ရတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေက်ာ္ၾကားတဲ့ တန္းဆင္းဇုန္မွာ တိုက္ပြဲဝင္ေနတဲ့အသင္းေတြဆီက ျမင္ေတြ႕ရေလ့ရွိတဲ့ ၾကမ္းတမ္းမႈမ်ိဳး မရွိခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ ၇ မိနစ္မွာ ဘူအန္ဒီယာရဲ့ ေပးပို႔မႈကေနတဆင့္ ဒန္နီ အင့္ဂ္က ေသသပ္တဲ့ အဆုံးသတ္နဲ႔အတူ အက္စတန္ ဗီလာအတြက္ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပထမပိုင္း မၿပီးခင္မွာ အလြန္ေကာင္းမြန္ေနတဲ့ ဘူအန္ဒီယာကပဲ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၇ မိနစ္အၾကာမွာ အိုလီ ဝက္ကင္စ္ဟာ ဂၽြန္ မက္ဂင္းရဲ့ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီး အက္စတန္ ဗီလာအသင္းအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့တာျဖစ္ပါတယ္။ ဘန္ေလအသင္းရဲ့ လူစားဝင္ကစားသမား မက္စ္ဝဲလ္ ေကာနတ္ဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္ေၾကာင္းကို ဘန္ေလအတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို နာက်င္အခ်ိန္ပိုမွာ သြင္းယူၿပီး ေၾကညာခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္က အမွတ္ေပးဇယားေအာက္ဆုံး ၃ သင္းကေန တန္းဆင္းဇုန္အထက္ကို တက္လွမ္းခဲ့တဲ့ ဘန္ေလဟာ တနဂၤေႏြေန႔မွာ အဲဗာတန္က လက္စတာစီးတီးအသင္းကို အနိုင္ရရွိသြားခဲ့ၿပီး လိဒ္စ္က အာဆင္နယ္နဲ႔ ပြဲမွာ သေရ ၁ မွတ္ ရယူနိုင္ခဲ့မယ္ဆိုရင္ တန္းဆင္းဇုန္ထဲကို ျပန္လည္ေရာက္ရွိသြားေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.