Premier League

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဒ် ဘာလီနဲ့ ၎င်းရဲ့လုပ်ငန်းစုက ဘယ်လောက်အထိ ချမ်းသာကြွယ်ဝလဲ

ချဲလ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ အသင်းပိုင်ရှင်သစ်က ဘယ်သူလဲဆိုတာကို ရှာတွေ့ဖို့ နီးစပ်နေပြီဖြစ်ပြီး အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းက ပဋိပက္ခကြောင့် ယူကေအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံခဲ့ရချိန်မှာ အသင်းကို ရောင်းချဖို့ ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့လတွေမှာ အသင်းရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ ၎င်းတို့ရဲ့အသင်း တည်ဆောက်ပုံနဲ့ ဘဏ္ဍာရေးအခြေအနေဟာ အေဘရာမိုဗစ်ချ် ခေတ်လွန်ကာလမှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို သိချင်ခဲ့ကြပြီး ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းသူတွေ အများအပြား ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ စနေနေ့မှာ အသင်းကို လက်လွှဲရောင်းချဖို့အတွက် အသင်းပိုင်ရှင်သစ်တွေနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး တော့ဒ် ဘာလီ၊ Clearlake Capital၊ မာ့ခ် ဝယ်လ်တာ၊ ဟန်းစ်ဂျော့ ဝိစ်တို့ ဦးဆောင်တဲ့ လုပ်ငန်းစုက ယခုလနှောင်းပိုင်းမှာ အသင်းကို အပြီးသတ် လက်လွှဲရယူသွားနိုင်မယ်လို့ အနောက်လန်ဒန်ကလပ်အသင်းက မျှော်မှန်းထားကြောင်း ရှင်းလင်းခဲ့ပါတယ်။

လက်ရှိမှာတော့ အားလုံးက အဆင်ပြေပြီး ကောင်းမွန်နေပေမယ့် ချဲလ်ဆီးအသင်း ရရှိခဲ့တဲ့ သူဌေးအသစ်က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ အသင်းကို ရှေ့ဆက်မောင်းနှင်နိုင်ဖို့ ပိုင်ဆိုင်မှုအင်အားတောင့်တင်းရဲ့လားဆိုတဲ့ မေးခွန်းတွေက ထွက်ပေါ်လာပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ တော့ဒ် ဘာလီနဲ့ ၎င်းရဲ့ လုပ်ငန်းစုဟာ ချဲလ်ဆီးအသင်းကို အပြီးသတ် လက်လွှဲဝယ်ယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆဌမမြောက် အချမ်းသာဆုံး အသင်းပိုင်ရှင်တွေ ဖြစ်လာမယ်လို့ သိရပါတယ်။

ဘာလီ၊ ဝယ်လ်တာ၊ ဝိစ်တို့အားလုံးရဲ့ ချမ်းသာကြွယ်ဝမှုဟာ စုစုပေါင်း ပေါင် ၁၀.၈၆ ဘီလီယံအထိ ရှိနေတာကြောင့် ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေထဲက အချို့ရဲ့ ပိုင်ရှင်အနည်းငယ်ကသာ ၎င်းတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားလုံးထုတ်နိုင်မှာဖြစ်ပါတယ်။

ပြောချင်တဲ့အကြောင်းအရာက မတ်လတုန်းက The Sun သတင်းထဲမှာ ဖော်ပြခဲ့တဲ့ အေဘရာမိုဗစ်ချ်ရဲ့ စုစုပေါင်း ချမ်းသာ ကြွယ်ဝမှုက ပေါင် ၉ ဘီလီယံရှိတယ်လို့ သိရပြီး ဒါကြောင့် မကြာခင် အသင်းပိုင်ရှင်ဖြစ်လာမယ့် တော့ဒ် ဘာလီတို့အုပ်စုဟာ အရင်အသင်းပိုင်ရှင်ထက် ငွေကြေးပိုမိုစိုက်ထုတ်နိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာ အချမ်းသာဆုံးအသင်းပိုင်ရှင်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ချဲလ်ဆီးအသင်း ပိုင်ရှင်သစ်ဖြစ်လာမယ့်သူတွေက ဘယ်လိုအသင်းကို တိုးတက်အောင်လုပ်နိုင်မလဲဆိုတဲ့မေးခွန်းရှိလာပါတယ်။ တော့ဒ် ဘာလီနဲ့ လုပ်ငန်းစုဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့်လည်း ကမ္ဘာ့အချမ်းသာဆုံးအသင်းပိုင်ရှင် ၁၀ ဦးစာရင်းကို ကြည့်လိုက်မယ်ဆိုရင် တွေးစရာတွေ ဖြစ်လာမှာဖြစ်ပါတယ်။

အဲဒါကြောင့် ချဲလ်ဆီးရဲ့ အသင်းပိုင်ရှင်သစ်တွေဟာ ကြောက်မက်ဖွယ် ဘဏ္ဍာရေးအင်အားပိုင်ဆိုင်ထားတဲ့အသင်းတွေကြားမှာ ဘယ်လို အခိုင်အမာ ဆက်လက်ရပ်တည်နိုင်မလဲဆိုတာကို သိရအောင် ကမ္ဘာ့ဘောလုံးလောကရဲ့ အချမ်းသာဆုံးအသင်းပိုင်ရှင် ၁၀ ဦးက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်….

၁၀။ ဂို ကွန်းချောင်း(ဝုလ်ဗ်စ်)- ပေါင် ၅.၂၇ ဘီလီယံ

၉။ ကျန် ကျင်းတုန်(အင်တာမီလန်)- ပေါင် ၆.၂၄ ဘီလီယံ

၈။ စတန် ခရိုယန်ကီ(အာဆင်နယ်)- ပေါင် ၆.၉၀ ဘီလီယံ

၇။ ဖီလစ် အန်ရွှတ်(အယ်လ်အေ ဂလက်ဆီ)- ပေါင် ၈.၁၉ ဘီလီယံ

၆။ တော့ဒ် ဘာလီ၊ မာ့ခ် ဝယ်လ်တာ၊ ဟန်ဂျော့ ဝိစ်(ချဲလ်ဆီး)- ပေါင် ၁၀.၈၆ ဘီလီယံ

၅။ အန်ဒရေး အန်ညယ်လီ(ဂျူဗင်တပ်)- ပေါင် ၁၄.၂၀ ဘီလီယံ

၄။ ဒီထရစ် မာတက်ရှစ်(လိုက်ပ်ဇစ်၊ ဆဲလ်ဘာ့ဂ်)- ပေါင် ၁၆ ဘီလီယံ

၃။ ရှိတ် မန်ဆော်(မန်ချက်စတာစီးတီး)- ပေါင် ၂၂.၃၀ ဘီလီယံ

၂။ ကာတာရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့(ပီအက်စ်ဂျီ)- ပေါင် ၂၂၃ ဘီလီယံ

၁။ ဆော်ဒီ အာရေဗျ အများပြည်သူရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ(နယူးကာဆယ်လ်)- ပေါင် ၃၂၄ ဘီလီယံ

အဲဒီတော့ အသင်းပိုင်ရှင်ရဲ့ ကြွယ်ဝမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကြား ကွင်းအတွင်းမှာ တိုက်ရိုက် ဆက်စပ်မှုမရှိနိုင်ပေမယ့် ဆိုလိုချင်တဲ့အဓိပ္ပာယ်က ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ ဘုတ်အဖွဲ့အခန်းထဲမှာ ငွေကြေးအများအပြား ရှိနေဆဲဖြစ်ပါတယ်။ ဂိုးမန်း ဆက်စ်၊ ရိုဘီ ဝါးရှောတို့ အကြံပေးနေတဲ့ ရှေ့ပြေးလုပ်ငန်းစုဟာ အင်တာမီလန်၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အခြားအသင်းပိုင်ရှင်တွေထက်တောင် ငွေကြေးသုံးစွဲနိုင်စွမ်း ပိုမိုရှိနေတာဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်များများ ဘီလျံနာသူဌေးတိုင်းက ပီအက်စ်ဂျီနဲ့ နယူးကာဆယ်လ်အသင်းတို့ရဲ့ သူဌေးတွေ ပိုင်ဆိုင်ထားတဲ့ မယုံနိုင်လောက်ဖွယ် ပိုင်ဆိုင်မှုနဲ့ ယှဉ်လိုက်ရင် ပိုက်ဆံသိပ်မရှိတဲ့ပုံစံတောင် ပေါက်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ရဲ့ အသင္းပိုင္ရွင္သစ္က ဘယ္သူလဲဆိုတာကို ရွာေတြ႕ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ေအဘရာမိုဗစ္ခ်္ဟာ ယူကရိန္းက ပဋိပကၡေၾကာင့္ ယူေကအစိုးရရဲ့ ပိတ္ဆို႔ဒဏ္ခတ္ခံခဲ့ရခ်ိန္မွာ အသင္းကို ေရာင္းခ်ဖို႔ ေၾကညာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့လေတြမွာ အသင္းရဲ့အနာဂတ္ဟာ မေရမရာျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြဟာ ၎တို႔ရဲ့အသင္း တည္ေဆာက္ပုံနဲ႔ ဘ႑ာေရးအေျခအေနဟာ ေအဘရာမိုဗစ္ခ်္ ေခတ္လြန္ကာလမွာ ဘယ္လိုျဖစ္လာမလဲဆိုတာကို သိခ်င္ခဲ့ၾကၿပီး ခ်ဲလ္ဆီးအသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းသူေတြ အမ်ားအျပား ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ စေနေန႔မွာ အသင္းကို လက္လႊဲေရာင္းခ်ဖို႔အတြက္ အသင္းပိုင္ရွင္သစ္ေတြနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့ၿပီး ေတာ့ဒ္ ဘာလီ၊ Clearlake Capital၊ မာ့ခ္ ဝယ္လ္တာ၊ ဟန္းစ္ေဂ်ာ့ ဝိစ္တို႔ ဦးေဆာင္တဲ့ လုပ္ငန္းစုက ယခုလေႏွာင္းပိုင္းမွာ အသင္းကို အၿပီးသတ္ လက္လႊဲရယူသြားနိုင္မယ္လို႔ အေနာက္လန္ဒန္ကလပ္အသင္းက ေမၽွာ္မွန္းထားေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

လက္ရွိမွာေတာ့ အားလုံးက အဆင္ေျပၿပီး ေကာင္းမြန္ေနေပမယ့္ ခ်ဲလ္ဆီးအသင္း ရရွိခဲ့တဲ့ သူေဌးအသစ္က ဘယ္လို ပုဂၢိဳလ္မ်ိဳးလဲ၊ အသင္းကို ေရွ႕ဆက္ေမာင္းႏွင္နိုင္ဖို႔ ပိုင္ဆိုင္မႈအင္အားေတာင့္တင္းရဲ့လားဆိုတဲ့ ေမးခြန္းေတြက ထြက္ေပၚလာပါတယ္။ The Sun ရဲ့ ေဖာ္ျပခ်က္အရ ေတာ့ဒ္ ဘာလီနဲ႔ ၎ရဲ့ လုပ္ငန္းစုဟာ ခ်ဲလ္ဆီးအသင္းကို အၿပီးသတ္ လက္လႊဲဝယ္ယူနိုင္ခဲ့မယ္ဆိုရင္ ကမၻာေပၚမွာ ဆဌမေျမာက္ အခ်မ္းသာဆုံး အသင္းပိုင္ရွင္ေတြ ျဖစ္လာမယ္လို႔ သိရပါတယ္။

ဘာလီ၊ ဝယ္လ္တာ၊ ဝိစ္တို႔အားလုံးရဲ့ ခ်မ္းသာႂကြယ္ဝမႈဟာ စုစုေပါင္း ေပါင္ ၁၀.၈၆ ဘီလီယံအထိ ရွိေနတာေၾကာင့္ ကမၻာေပၚက အႀကီးမားဆုံးကလပ္အသင္းေတြထဲက အခ်ိဳ႕ရဲ့ ပိုင္ရွင္အနည္းငယ္ကသာ ၎တို႔ရဲ့ ခ်မ္းသာႂကြယ္ဝမႈကို ႂကြားလုံးထုတ္နိုင္မွာျဖစ္ပါတယ္။

ေျပာခ်င္တဲ့အေၾကာင္းအရာက မတ္လတုန္းက The Sun သတင္းထဲမွာ ေဖာ္ျပခဲ့တဲ့ ေအဘရာမိုဗစ္ခ်္ရဲ့ စုစုေပါင္း ခ်မ္းသာ ႂကြယ္ဝမႈက ေပါင္ ၉ ဘီလီယံရွိတယ္လို႔ သိရၿပီး ဒါေၾကာင့္ မၾကာခင္ အသင္းပိုင္ရွင္ျဖစ္လာမယ့္ ေတာ့ဒ္ ဘာလီတို႔အုပ္စုဟာ အရင္အသင္းပိုင္ရွင္ထက္ ေငြေၾကးပိုမိုစိုက္ထုတ္နိုင္မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ဒါေပမယ့္ ကမၻာ့ေဘာလုံးေလာကမွာ အခ်မ္းသာဆုံးအသင္းပိုင္ရွင္ေတြနဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ ခ်ဲလ္ဆီးအသင္း ပိုင္ရွင္သစ္ျဖစ္လာမယ့္သူေတြက ဘယ္လိုအသင္းကို တိုးတက္ေအာင္လုပ္နိုင္မလဲဆိုတဲ့ေမးခြန္းရွိလာပါတယ္။ ေတာ့ဒ္ ဘာလီနဲ႔ လုပ္ငန္းစုဟာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနေပမယ့္လည္း ကမၻာ့အခ်မ္းသာဆုံးအသင္းပိုင္ရွင္ ၁၀ ဦးစာရင္းကို ၾကည့္လိုက္မယ္ဆိုရင္ ေတြးစရာေတြ ျဖစ္လာမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခ်ဲလ္ဆီးရဲ့ အသင္းပိုင္ရွင္သစ္ေတြဟာ ေၾကာက္မက္ဖြယ္ ဘ႑ာေရးအင္အားပိုင္ဆိုင္ထားတဲ့အသင္းေတြၾကားမွာ ဘယ္လို အခိုင္အမာ ဆက္လက္ရပ္တည္နိုင္မလဲဆိုတာကို သိရေအာင္ ကမၻာ့ေဘာလုံးေလာကရဲ့ အခ်မ္းသာဆုံးအသင္းပိုင္ရွင္ ၁၀ ဦးက ဘယ္သူေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္….

၁၀။ ဂို ကြန္းေခ်ာင္း(ဝုလ္ဗ္စ္)- ေပါင္ ၅.၂၇ ဘီလီယံ

၉။ က်န္ က်င္းတုန္(အင္တာမီလန္)- ေပါင္ ၆.၂၄ ဘီလီယံ

၈။ စတန္ ခရိုယန္ကီ(အာဆင္နယ္)- ေပါင္ ၆.၉၀ ဘီလီယံ

၇။ ဖီလစ္ အန္ရႊတ္(အယ္လ္ေအ ဂလက္ဆီ)- ေပါင္ ၈.၁၉ ဘီလီယံ

၆။ ေတာ့ဒ္ ဘာလီ၊ မာ့ခ္ ဝယ္လ္တာ၊ ဟန္ေဂ်ာ့ ဝိစ္(ခ်ဲလ္ဆီး)- ေပါင္ ၁၀.၈၆ ဘီလီယံ

၅။ အန္ဒေရး အန္ညယ္လီ(ဂ်ဴဗင္တပ္)- ေပါင္ ၁၄.၂၀ ဘီလီယံ

၄။ ဒီထရစ္ မာတက္ရွစ္(လိုက္ပ္ဇစ္၊ ဆဲလ္ဘာ့ဂ္)- ေပါင္ ၁၆ ဘီလီယံ

၃။ ရွိတ္ မန္ေဆာ္(မန္ခ်က္စတာစီးတီး)- ေပါင္ ၂၂.၃၀ ဘီလီယံ

၂။ ကာတာရင္းႏွီးျမႇုပ္ႏွံမႈအာဏာပိုင္အဖြဲ႕(ပီအက္စ္ဂ်ီ)- ေပါင္ ၂၂၃ ဘီလီယံ

၁။ ေဆာ္ဒီ အာေရဗ် အမ်ားျပည္သူရင္းႏွီးျမႇုပ္ႏွံမႈ ရန္ပုံေငြ(နယူးကာဆယ္လ္)- ေပါင္ ၃၂၄ ဘီလီယံ

အဲဒီေတာ့ အသင္းပိုင္ရွင္ရဲ့ ႂကြယ္ဝမႈနဲ႔ ရင္းႏွီးျမႇုပ္ႏွံမႈၾကား ကြင္းအတြင္းမွာ တိုက္ရိုက္ ဆက္စပ္မႈမရွိနိုင္ေပမယ့္ ဆိုလိုခ်င္တဲ့အဓိပၸာယ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ရဲ့ ဘုတ္အဖြဲ႕အခန္းထဲမွာ ေငြေၾကးအမ်ားအျပား ရွိေနဆဲျဖစ္ပါတယ္။ ဂိုးမန္း ဆက္စ္၊ ရိုဘီ ဝါးေရွာတို႔ အႀကံေပးေနတဲ့ ေရွ႕ေျပးလုပ္ငန္းစုဟာ အင္တာမီလန္၊ လီဗာပူးလ္၊ မန္ခ်က္စတာယူနိုက္တက္နဲ႔ အျခားအသင္းပိုင္ရွင္ေတြထက္ေတာင္ ေငြေၾကးသုံးစြဲနိုင္စြမ္း ပိုမိုရွိေနတာျဖစ္ပါတယ္။

ပြင့္ပြင့္လင္းလင္းေျပာရရင္ ေတာ္ေတာ္မ်ားမ်ား ဘီလ်ံနာသူေဌးတိုင္းက ပီအက္စ္ဂ်ီနဲ႔ နယူးကာဆယ္လ္အသင္းတို႔ရဲ့ သူေဌးေတြ ပိုင္ဆိုင္ထားတဲ့ မယုံနိုင္ေလာက္ဖြယ္ ပိုင္ဆိုင္မႈနဲ႔ ယွဥ္လိုက္ရင္ ပိုက္ဆံသိပ္မရွိတဲ့ပုံစံေတာင္ ေပါက္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.