Premier League

ယူရိုပါလိဂ်တောင် နပ်မမှန်ချင်တော့တဲ့ ဘရိုက်တန် ၄-၀ မန်ယူနိုက်တက်တို့ပွဲက မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ သက်ကြီးကစားသမားတွေကို ယုံကြည်မှုပေးခဲ့တဲ့ ရန်းနစ်ခ်

ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းက လုပ်ခဲ့တဲ့အတိုင်းပဲ ရန်းနစ်ခ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ အတွေ့အကြုံရင့်တဲ့ ပွဲထွက်ကစားသမား ၁၁ ဦးနဲ့ ပွဲထွက်ခဲ့ပါတယ်။ ရန်းနစ်ခ်ဟာ မာတစ်နဲ့ ဟွမ် မတာတာတို့ကို ပွဲထွက်ကစားစေခဲ့ပြီး ဖရက်ဒ်နဲ့ လင်ဂတ်တို့ကိုတော့ အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်မတိုင်ခင် ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့်တွေ ပါဝင်ကစားခွင့်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အယ်လ်ဗာရို ဖာနန်ဒက်ဇ်နဲ့ ဂါနာချိုတို့ ၂ ဦးသာ ပါဝင်ခဲ့ပြီး အရန်ခုံကနေ ပွဲထွက်ခဲ့ရတာဖြစ်ပါတယ်။ ရန်းနစ်ခ်ဟာ ၎င်းရဲ့ အသင်းလူစာရင်းရွေးချယ်ပုံ အပြောင်းအလဲ မရှိတာနဲ့ပတ်သက်ပြီး ဘာပြဿနာမှရှိတယ်လို့ မမြင်ဘဲ လူစားဝင်ကစားသမားတွေထဲမှာ ဟာရီ မက်ဂွိုင်းယားကိုလည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

“အပြောင်းအလဲလုပ်ဖို့အတွက် ကျွန်တော့်မှာ ဘာအကြောင်းပြချက်မှမရှိပါဘူး။ ဟာရီ ကစားချင်လိမ့်မယ်ဆိုတာ ကျွန်တော် သိပေမယ့် ကျွန်တော်တို့မှာ ဟာရီ ကစားခဲ့ပြီး ဗာရွမ်းရော လင်ဒီလော့ဖ်ပါ မကစားခဲ့ရတဲ့ အခြားပွဲစဉ်တွေ ရှိပါတယ်။ ဒါက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဗဟိုခံစစ်ကစားသမားအများအပြားရှိပြီး ကျွန်တော်ပြောခဲ့သလိုပဲ ဘာမှ မပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဖရက်ဒ်နဲ့ပတ်သက်ပြီးလည်း အတူတူပါပဲ။ ဖရက်ဒ်က ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော် သိပြီး အထူးသဖြင့် ခံစစ်ပိုင်းတင်မဟုတ်ဘဲ တိုက်စစ်ပိုင်းမှာပါ။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ နီမန်ညာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ စကော့တီလည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဖရက်ဒ်ကို အရန်ခုံမှာ ထားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒါက သူ ပွဲစဉ်အတွင်းမှာ ဝင်ကစားမယ့်ပုံ တော်တော်လေးပေါ်ပါတယ်”လို့ ရန်းနစ်ခ်က MUTV ကို ရှင်းပြခဲ့ပါတယ်။

၂။ အထင်ကြီးစရာကောင်းခဲ့တဲ့ မွိုက်စ် ကိုင်ဆယ်ဒို

နောက်တစ်ကြိမ် ပြောင်းရွှေ့ချင်တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါမှာ သတိပြုမိစေချင်တဲ့ တစ်စုံတယောက်ကို ပြသရမယ်ဆိုရင် ဘရိုက်တန်ရဲ့ မွိုက်စ် ကိုင်ဆယ်ဒိုထက်ပိုပြီး ကြည့်ရမယ့်သူမရှိပါဘူး။ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးချင်တဲ့ အိပ်မက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့ အသက် ၂၀ အရွယ် ကစားသမားဟာ ၎င်းအနေနဲ့ ဘာလုပ်နိုင်လဲဆိုတာ မိခင်ကလပ်အသင်းကို အဖွင့်ပွဲကစားချိန် ၁၅ မိနစ်အတွင်းမှာ ပြသခဲ့ပါတယ်။ ကိုင်ဆယ်ဒိုဟာ ဂိုးကနေ ၂၅ ကိုက်အတွင်းမှာ ဘောလုံးကို ထိန်းချုပ်ထားပြီး ၎င်းရဲ့ ကန်သွင်းချက်က လင်ဒီလော့ဖ်ရဲ့ ခြေထောက်ကြားထဲကနေတဆင့် ပုတ်ထုတ်ကာကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒဟေးယားကို ကျော်လွန်ပြီး ဘရိုက်တန်အသင်းအတွက် ၎င်းရဲ့ ပရီးမီးယားလိဂ်ပထမဆုံးသွင်းဂိုးနဲ့ ဦးဆောင်နိုင်စေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်မှာ စတင်ပါဝင်ကစားပေးခဲ့တာ ၂၈ ရက်ကြာမြင့်ခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟာ ၎င်းရဲ့ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တဲ့ ၅ ပွဲစလုံးမှာ တောက်ပခဲ့တာဖြစ်ပါတယ်။ အီကွေဒေါကြယ်ပွင့်ဟာ ယခုနှစ် ကမ္ဘာ့ဖလားမှာ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ရင်းနှီးပြီးသားနာမည်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရှုပ်ထွေးလာခဲ့ပြီးနောက် အင်ဒီပန်ဒီယန်တေ ဒဲလ် ဗာယဲလ်နဲ့ သဘောတူညီမှုကို နောက်ဆုတ်ခဲ့တာဖြစ်တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ အခက်ဟာ ဘရိုက်တန်ရဲ့ အချက်ဖြစ်လာခဲ့ပြီး ဂရေဟမ် ပေါ့တားဟာ ကိုင်ဆယ်ဒိုကို ပေါင် ၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ဗာရွမ်းရဲ့ အမှားကနေ အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တဲ့ ဝဲလ်ဘက်ခ်

ရန်းနစ်ခ်ရဲ့အသင်းဟာ တုံ့ပြန်နိုင်စွမ်း အနည်းငယ်သာ ပြသနေတာကြောင့် ဘရိုက်တန်အသင်းဟာ ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အလွတ်တည်ကန်ဘောက လွဲချော်သွားခဲ့ပြီးနောက် ဒန်နီ ဝဲလ်ဘက်ခ်ဟာ မန်ချက်စတာယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ် ခြောက်လှန့်နိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ ၎င်းမျှော်လင့်ထားတဲ့ ကစားသမားဘဝမျိုး မရရှိခဲ့ပေမယ့် ဧည့်သည့်ပရိသတ်တွေကို ဘာက ၎င်းကို စိတ်လှုပ်ရှားစရာ အလားအလာမျိုးရှိတဲ့ ကစားသမားဖြစ်စေတာလဲဆိုတာကို သတိပေးနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် ဗာရွမ်းရဲ့ ဆိုးရွားတဲ့ ဘောလုံးထိန်းသိမ်းမှုကနေ ခုန်ပေါက်ထွက်လာတဲ့ ဘောလုံးကို ဝဲလ်ဘက်ခ်က ဒဟေးယားကို ကျော်သွင်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ၂၀၁၅ ခုနှစ်တုန်းက အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းက အာဆင်နယ်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး မိခင်ကလပ်အသင်းနဲ့အဝေး ကောင်းမွန်တဲ့ကစားသမားဘဝကို ထုဆစ်နိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးဆုံးခါနီးမှာ အသင်းဟောင်းကို နောက်ထပ်တစ်ကြိမ် အပြစ်ပေးနိုင်မယ့် အခွင့်အရေးကို ဖြုန်းတီးခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်ရဲ့အသင်းဟာ ပထမပိုင်းမှာ ဘရိုက်တန်ကို တုံ့ပြန်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၄၅ မိနစ်အတွင်း ဂိုးပေါက်တောင် တစ်ကြိမ် ကန်သွင်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

၄။ ကူကူရယ်လာရဲ့ အပျော်မျက်ရည်

ပထမပိုင်းအပြီးမှာ ဖရက်ဒ်နဲ့ ကာဗာနီတို့ကို တပြိုင်နက် လူစားဝင်ကစားစေခဲ့ပေမယ့်လည်း အင်္ဂလန်ချန်ပီယံ အကြိမ် ၂၀ ဖြစ်ထားတဲ့ မန်ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာလည်း ပထမပိုင်းတုန်းကလိုပဲ ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန် နောက်ခံတောင်ပံကစားသမား မာ့စ် ကူကူရယ်လာဟာ ဘယ်တောင်ပံအတွင်းပိုင်းမှာ နေရာလွတ်ရှာတွေ့ခဲ့ပြီး ထရော့ဆက် ထိုးပေးလိုက်တဲ့ဘောလုံးကို ဒဟေးယား ဖင်ထိုင်ကျသွားအောင် ဂိုးပိုက်အမိုးဆီကို အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

ကူကူရယ်လာဟာ ဂီတာဖေးကနေ ပြောင်းရွှေ့လာပြီးနောက် အထင်ကြီးဖွယ် ပထမဆုံးရာသီအဆုံးမှာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအကယ်ဒမီထွက် နောက်ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဘယ်နောက်ခံကစားသမားတွေထဲကတစ်ဦးဆိုတာ ငြင်းဖို့ ခက်ပါတယ်။ ကူကူရယ်လာဟာ ၎င်းရဲ့ ပုံမှန်တာဝန်တွေဖြစ်တဲ့ ခံစစ်ကစားခြင်းနဲ့ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီညီ လုပ်ဆောင်နေချိန်မှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို အကွက်မြင်မြင် အသုံးချနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားစွာနဲ့ အောင်ပွဲခံခဲ့ပြီး အပျော်မျက်ရည်တွေကို ထိန်းလို့မရနိုင်ခဲ့တာဖြစ်ပါတယ်။

၅။ ရော်နယ်လ်ဒိုကို ဟားတိုက်ရယ်မောစေခဲ့တဲ့ ဂရို့စ်

တစ်ဖက်မှာတော့ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၎င်းတို့ရဲ့ စံချိန်တင်ရမှတ်ကို ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။ ပါစကယ် ဂရို့စ်ဟာ ဘရိုက်တန်အတွက် ၃ ဂိုးမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် လင်ဒီလော့ဖ်အနားမှာ ကခုန်နေခဲ့ပြီး အဲဒါက ရော်နယ်လ်ဒိုအနေနဲ့ ၎င်းရဲ့အသင်းဖော်ဟာ ဘယ်လောက်တောင် ဆိုးရွားလဲဆိုတာကို တွေးမိခဲ့ပြီး ရယ်မောခဲ့ပါတယ်။ ဒါပေမယ့် ဒါက ရယ်ရလောက်တဲ့ ဟာသအဆင့်လောက် မဟုတ်ဘူးဆိုရင် ဘလွန်ဒေါ ၅ ဆုရှင်ဟာ နောက်ထပ် ၃ မိနစ်အကြာ ပွဲကစားချိန်က နာရီဝက်လောက် ကျန်ရှိနေသေးတဲ့အချိန်မှာ ဘရိုက်တန်အသင်းက နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားချိန်မှာ နောက်ထပ် ရယ်မောရတော့မှာဖြစ်ပါတယ်။

၆။ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပြီး သရဲနီတွေကို အိပ်မက်ဆိုးမက်စေခဲ့တဲ့ ထရော့ဆက်

ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်တဲ့ ထရော့ဆက်ဟာ ရန်းနစ်ခ်ရဲ့အသင်းကို စတုတ္ထမြောက်ဦးဆောင်ဂိုးပါ ထပ်မံသွင်းယူပြီး အိပ်မက်ဆိုးမက်စေခဲ့ပါတယ်။ ဝဲလ်ဘက်ခ်က မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒဟေးယားကို ကျော်ပြီး ကန်သွင်းလိုက်တဲ့ဘောလုံးကို ဒါလော့က ဂိုးစည်းပေါ်က ရှင်းလင်းနိုင်ခဲ့ပေမယ့်လည်း အနောက်မှာ ရှိနေတဲ့ ထရော့ဆက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဘရိုက်တန်အသင်းရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို ဒါလော့ရဲ့ ဖျက်ထုတ်မှုက ကံကောင်းထောက်မစွာနဲ့ ဂိုးတိုင်ထိထွက်သွားခဲ့တာကြောင့် ပဥ္စမမြောက် ဦးဆောင်ဂိုးကို မပေးခဲ့ရတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့ရတဲ့ စနေနေ့ညမှာ နောက်ထပ် အမှတ်ရဖွယ်ညတစ်ညကို ပိုင်ဆိုင်ခဲ့ပြီး ဘောက်ဆင်ဒေးနောက်ပိုင်း ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

၇။ ယူရိုပါလိဂ်တောင် မသေချာတော့တာကို တွေးမိလို့ ရယ်မောနေခဲ့တာလား ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘရိုက်တန်အသင်းကို တတိယမြောက် ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရတဲ့အချိန်မှာ စိတ်ပျက်လက်ပျက် ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး နောက်ထပ် ၃ မိနစ်အကြာမှာ ထရော့ဆက်က နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားတဲ့အချိန်မှာ အခြေအနေက ဆိုးသည်ထက် ပိုဆိုးလာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကို မက်ဂွိုင်းယားက ခေါင်းတိုက်ခဲ့ရာမှာ ဘရိုက်တန်ဂိုးသမား ပုတ်ထုတ်လိုက်လို့ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို မက်ဂွိုင်းယားက ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး ကာဗာနီက ပိတ်သွင်းခဲ့ချိန်မှာ တစ်ဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ကြပေမယ့် ဥရုဂွေးတိုက်စစ်မှူးဟာ လူကျွံအနေအထားမှာရှိနေခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဘယ်လိုမှ မရနိုင်တော့ဘဲ အဆင့် ၇ နေရာက ဝက်စ်ဟမ်းအသင်းက ၂ ပွဲလျော့ ၆ မှတ်အကွာမှာ ရှိနေတာကြောင့် လက်ကျန် ၂ ပွဲစလုံးသာ အနိုင်မရခဲ့ဘူးဆိုရင် ယူရိုပါကွန်းဖရင့်လိဂ်ပါ ဆင်းကစားရတော့မယ့်ကိန်းဆိုက်နေတာကြောင့် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအနေနဲ့ အဲဒါကို တွေးမိလို့လား စိတ်ပျက်ပျက်နဲ့ ရယ်မောနေခဲ့တာလားဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ သက္ႀကီးကစားသမားေတြကို ယုံၾကည္မႈေပးခဲ့တဲ့ ရန္းနစ္ခ္

ဘရန႔္တ္ဖို႔ဒ္ကို ၃-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္တုန္းက လုပ္ခဲ့တဲ့အတိုင္းပဲ ရန္းနစ္ခ္ဟာ ဘရိုက္တန္နဲ႔ပြဲမွာ အေတြ႕အၾကဳံရင့္တဲ့ ပြဲထြက္ကစားသမား ၁၁ ဦးနဲ႔ ပြဲထြက္ခဲ့ပါတယ္။ ရန္းနစ္ခ္ဟာ မာတစ္နဲ႔ ဟြမ္ မတာတာတို႔ကို ပြဲထြက္ကစားေစခဲ့ၿပီး ဖရက္ဒ္နဲ႔ လင္ဂတ္တို႔ကိုေတာ့ အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့ပါတယ္။ ဘရိုက္တန္နဲ႔ပြဲစဥ္မတိုင္ခင္ ပရိသတ္ေတြဟာ လူငယ္ၾကယ္ပြင့္ေတြ ပါဝင္ကစားခြင့္ရမယ္လို႔ ေမၽွာ္လင့္ခဲ့ေပမယ့္ အယ္လ္ဗာရို ဖာနန္ဒက္ဇ္နဲ႔ ဂါနာခ်ိဳတို႔ ၂ ဦးသာ ပါဝင္ခဲ့ၿပီး အရန္ခုံကေန ပြဲထြက္ခဲ့ရတာျဖစ္ပါတယ္။ ရန္းနစ္ခ္ဟာ ၎ရဲ့ အသင္းလူစာရင္းေရြးခ်ယ္ပုံ အေျပာင္းအလဲ မရွိတာနဲ႔ပတ္သက္ၿပီး ဘာျပႆနာမွရွိတယ္လို႔ မျမင္ဘဲ လူစားဝင္ကစားသမားေတြထဲမွာ ဟာရီ မက္ဂြိဳင္းယားကိုလည္း ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

“အေျပာင္းအလဲလုပ္ဖို႔အတြက္ ကၽြန္ေတာ့္မွာ ဘာအေၾကာင္းျပခ်က္မွမရွိပါဘူး။ ဟာရီ ကစားခ်င္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္ သိေပမယ့္ ကၽြန္ေတာ္တို႔မွာ ဟာရီ ကစားခဲ့ၿပီး ဗာရြမ္းေရာ လင္ဒီေလာ့ဖ္ပါ မကစားခဲ့ရတဲ့ အျခားပြဲစဥ္ေတြ ရွိပါတယ္။ ဒါက ၿပိဳင္ပြဲရဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ကၽြန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ ဗဟိုခံစစ္ကစားသမားအမ်ားအျပားရွိၿပီး ကၽြန္ေတာ္ေျပာခဲ့သလိုပဲ ဘာမွ မေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဖရက္ဒ္နဲ႔ပတ္သက္ၿပီးလည္း အတူတူပါပဲ။ ဖရက္ဒ္က ဘယ္ေလာက္အေရးပါလဲဆိုတာ ကၽြန္ေတာ္ သိၿပီး အထူးသျဖင့္ ခံစစ္ပိုင္းတင္မဟုတ္ဘဲ တိုက္စစ္ပိုင္းမွာပါ။ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္။ နီမန္ညာ ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္။ စေကာ့တီလည္း ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ဖရက္ဒ္ကို အရန္ခုံမွာ ထားဖို႔ ဆုံးျဖတ္ခဲ့ၿပီး အဲဒါက သူ ပြဲစဥ္အတြင္းမွာ ဝင္ကစားမယ့္ပုံ ေတာ္ေတာ္ေလးေပၚပါတယ္”လို႔ ရန္းနစ္ခ္က MUTV ကို ရွင္းျပခဲ့ပါတယ္။

၂။ အထင္ႀကီးစရာေကာင္းခဲ့တဲ့ မြိဳက္စ္ ကိုင္ဆယ္ဒို

ေနာက္တစ္ႀကိမ္ ေျပာင္းေရႊ႕ခ်င္တဲ့ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့အခါမွာ သတိျပဳမိေစခ်င္တဲ့ တစ္စုံတေယာက္ကို ျပသရမယ္ဆိုရင္ ဘရိုက္တန္ရဲ့ မြိဳက္စ္ ကိုင္ဆယ္ဒိုထက္ပိုၿပီး ၾကည့္ရမယ့္သူမရွိပါဘူး။ မန္ခ်က္စတာယူနိုက္တက္အတြက္ ကစားေပးခ်င္တဲ့ အိပ္မက္ကို ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့တဲ့ အသက္ ၂၀ အရြယ္ ကစားသမားဟာ ၎အေနနဲ႔ ဘာလုပ္နိုင္လဲဆိုတာ မိခင္ကလပ္အသင္းကို အဖြင့္ပြဲကစားခ်ိန္ ၁၅ မိနစ္အတြင္းမွာ ျပသခဲ့ပါတယ္။ ကိုင္ဆယ္ဒိုဟာ ဂိုးကေန ၂၅ ကိုက္အတြင္းမွာ ေဘာလုံးကို ထိန္းခ်ဳပ္ထားၿပီး ၎ရဲ့ ကန္သြင္းခ်က္က လင္ဒီေလာ့ဖ္ရဲ့ ေျခေထာက္ၾကားထဲကေနတဆင့္ ပုတ္ထုတ္ကာကြယ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဒေဟးယားကို ေက်ာ္လြန္ၿပီး ဘရိုက္တန္အသင္းအတြက္ ၎ရဲ့ ပရီးမီးယားလိဂ္ပထမဆုံးသြင္းဂိုးနဲ႔ ဦးေဆာင္နိုင္ေစခဲ့တာျဖစ္ပါတယ္။

ဘရိုက္တန္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ စတင္ပါဝင္ကစားေပးခဲ့တာ ၂၈ ရက္ၾကာျမင့္ခဲ့ၿပီးေနာက္ ကြင္းလယ္ကစားသမားဟာ ၎ရဲ့ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တဲ့ ၅ ပြဲစလုံးမွာ ေတာက္ပခဲ့တာျဖစ္ပါတယ္။ အီေကြေဒါၾကယ္ပြင့္ဟာ ယခုႏွစ္ ကမၻာ့ဖလားမွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြအတြက္ေတာ့ လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက ရင္းႏွီးၿပီးသားနာမည္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ မန္ခ်က္စတာယူနိုက္တက္ဟာ ေဆြးေႏြးညႇိႏွိုင္းမႈေတြဟာ ရႈပ္ေထြးလာခဲ့ၿပီးေနာက္ အင္ဒီပန္ဒီယန္ေတ ဒဲလ္ ဗာယဲလ္နဲ႔ သေဘာတူညီမႈကို ေနာက္ဆုတ္ခဲ့တာျဖစ္တယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ရဲ့ အခက္ဟာ ဘရိုက္တန္ရဲ့ အခ်က္ျဖစ္လာခဲ့ၿပီး ဂေရဟမ္ ေပါ့တားဟာ ကိုင္ဆယ္ဒိုကို ေပါင္ ၄ သန္းနဲ႔ ေခၚယူနိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ဗာရြမ္းရဲ့ အမွားကေန အခြင့္ေကာင္းယူဖို႔ ႀကိဳးစားခဲ့တဲ့ ဝဲလ္ဘက္ခ္

ရန္းနစ္ခ္ရဲ့အသင္းဟာ တုံ႔ျပန္နိုင္စြမ္း အနည္းငယ္သာ ျပသေနတာေၾကာင့္ ဘရိုက္တန္အသင္းဟာ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ရရွိဖို႔ အနီးစပ္ဆုံးအေျခအေနကို ေရာက္ရွိခဲ့ပါတယ္။ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ အလြတ္တည္ကန္ေဘာက လြဲေခ်ာ္သြားခဲ့ၿပီးေနာက္ ဒန္နီ ဝဲလ္ဘက္ခ္ဟာ မန္ခ်က္စတာယူနိုက္တက္ကို ေနာက္ထပ္တစ္ႀကိမ္ ေျခာက္လွန႔္နိုင္လုနီးပါးျဖစ္ခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အကယ္ဒမီထြက္ကစားသမားဟာ ၎ေမၽွာ္လင့္ထားတဲ့ ကစားသမားဘဝမ်ိဳး မရရွိခဲ့ေပမယ့္ ဧည့္သည့္ပရိသတ္ေတြကို ဘာက ၎ကို စိတ္လႈပ္ရွားစရာ အလားအလာမ်ိဳးရွိတဲ့ ကစားသမားျဖစ္ေစတာလဲဆိုတာကို သတိေပးနိုင္ဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္ ဗာရြမ္းရဲ့ ဆိုးရြားတဲ့ ေဘာလုံးထိန္းသိမ္းမႈကေန ခုန္ေပါက္ထြက္လာတဲ့ ေဘာလုံးကို ဝဲလ္ဘက္ခ္က ဒေဟးယားကို ေက်ာ္သြင္းခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဝဲလ္ဘက္ခ္ဟာ ၂၀၁၅ ခုႏွစ္တုန္းက အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္တုန္းက အာဆင္နယ္အတြက္ ဂိုးသြင္းယူေပးခဲ့ၿပီး မိခင္ကလပ္အသင္းနဲ႔အေဝး ေကာင္းမြန္တဲ့ကစားသမားဘဝကို ထုဆစ္နိုင္ခဲ့ေပမယ့္ ပထမပိုင္းၿပီးဆုံးခါနီးမွာ အသင္းေဟာင္းကို ေနာက္ထပ္တစ္ႀကိမ္ အျပစ္ေပးနိုင္မယ့္ အခြင့္အေရးကို ျဖဳန္းတီးခဲ့တာျဖစ္ပါတယ္။ ရန္းနစ္ခ္ရဲ့အသင္းဟာ ပထမပိုင္းမွာ ဘရိုက္တန္ကို တုံ႔ျပန္နိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ၄၅ မိနစ္အတြင္း ဂိုးေပါက္ေတာင္ တစ္ႀကိမ္ ကန္သြင္းနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

၄။ ကူကူရယ္လာရဲ့ အေပ်ာ္မ်က္ရည္

ပထမပိုင္းအၿပီးမွာ ဖရက္ဒ္နဲ႔ ကာဗာနီတို႔ကို တၿပိဳင္နက္ လူစားဝင္ကစားေစခဲ့ေပမယ့္လည္း အဂၤလန္ခ်န္ပီယံ အႀကိမ္ ၂၀ ျဖစ္ထားတဲ့ မန္ယူနိုက္တက္ဟာ ဒုတိယပိုင္းမွာလည္း ပထမပိုင္းတုန္းကလိုပဲ ဆိုးဆိုးရြားရြား အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ဘရိုက္တန္ ေနာက္ခံေတာင္ပံကစားသမား မာ့စ္ ကူကူရယ္လာဟာ ဘယ္ေတာင္ပံအတြင္းပိုင္းမွာ ေနရာလြတ္ရွာေတြ႕ခဲ့ၿပီး ထေရာ့ဆက္ ထိုးေပးလိုက္တဲ့ေဘာလုံးကို ဒေဟးယား ဖင္ထိုင္က်သြားေအာင္ ဂိုးပိုက္အမိုးဆီကို အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ကူကူရယ္လာဟာ ဂီတာေဖးကေန ေျပာင္းေရႊ႕လာၿပီးေနာက္ အထင္ႀကီးဖြယ္ ပထမဆုံးရာသီအဆုံးမွာ အသင္းအတြက္ ပထမဆုံးဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာအကယ္ဒမီထြက္ ေနာက္ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္ရဲ့အေကာင္းဆုံးဘယ္ေနာက္ခံကစားသမားေတြထဲကတစ္ဦးဆိုတာ ျငင္းဖို႔ ခက္ပါတယ္။ ကူကူရယ္လာဟာ ၎ရဲ့ ပုံမွန္တာဝန္ေတြျဖစ္တဲ့ ခံစစ္ကစားျခင္းနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ ထိန္းသိမ္းျခင္းတို႔ကို ဟန္ခ်က္ညီညီ လုပ္ေဆာင္ေနခ်ိန္မွာ ဂိုးသြင္းနိုင္မယ့္ အခြင့္အေရးကို အကြက္ျမင္ျမင္ အသုံးခ်နိုင္ခဲ့တာေၾကာင့္ စိတ္လႈပ္ရွားစြာနဲ႔ ေအာင္ပြဲခံခဲ့ၿပီး အေပ်ာ္မ်က္ရည္ေတြကို ထိန္းလို႔မရနိုင္ခဲ့တာျဖစ္ပါတယ္။

၅။ ေရာ္နယ္လ္ဒိုကို ဟားတိုက္ရယ္ေမာေစခဲ့တဲ့ ဂရို႔စ္

တစ္ဖက္မွာေတာ့ ဘရိုက္တန္အသင္းဟာ ပရီးမီးယားလိဂ္မွာ ၎တို႔ရဲ့ စံခ်ိန္တင္ရမွတ္ကို ရရွိခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ရဲ့ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ကို အခြင့္ေကာင္း ယူနိုင္ခဲ့ပါတယ္။ ပါစကယ္ ဂရို႔စ္ဟာ ဘရိုက္တန္အတြက္ ၃ ဂိုးေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ လင္ဒီေလာ့ဖ္အနားမွာ ကခုန္ေနခဲ့ၿပီး အဲဒါက ေရာ္နယ္လ္ဒိုအေနနဲ႔ ၎ရဲ့အသင္းေဖာ္ဟာ ဘယ္ေလာက္ေတာင္ ဆိုးရြားလဲဆိုတာကို ေတြးမိခဲ့ၿပီး ရယ္ေမာခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ရယ္ရေလာက္တဲ့ ဟာသအဆင့္ေလာက္ မဟုတ္ဘူးဆိုရင္ ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေနာက္ထပ္ ၃ မိနစ္အၾကာ ပြဲကစားခ်ိန္က နာရီဝက္ေလာက္ က်န္ရွိေနေသးတဲ့အခ်ိန္မွာ ဘရိုက္တန္အသင္းက ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားခ်ိန္မွာ ေနာက္ထပ္ ရယ္ေမာရေတာ့မွာျဖစ္ပါတယ္။

၆။ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြပါ ျပဳလုပ္ၿပီး သရဲနီေတြကို အိပ္မက္ဆိုးမက္ေစခဲ့တဲ့ ထေရာ့ဆက္

ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ထားၿပီးျဖစ္တဲ့ ထေရာ့ဆက္ဟာ ရန္းနစ္ခ္ရဲ့အသင္းကို စတုတၳေျမာက္ဦးေဆာင္ဂိုးပါ ထပ္မံသြင္းယူၿပီး အိပ္မက္ဆိုးမက္ေစခဲ့ပါတယ္။ ဝဲလ္ဘက္ခ္က မန္ခ်က္စတာယူနိုက္တက္ဂိုးသမား ဒေဟးယားကို ေက်ာ္ၿပီး ကန္သြင္းလိုက္တဲ့ေဘာလုံးကို ဒါေလာ့က ဂိုးစည္းေပၚက ရွင္းလင္းနိုင္ခဲ့ေပမယ့္လည္း အေနာက္မွာ ရွိေနတဲ့ ထေရာ့ဆက္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ဘရိုက္တန္အသင္းရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို ဒါေလာ့ရဲ့ ဖ်က္ထုတ္မႈက ကံေကာင္းေထာက္မစြာနဲ႔ ဂိုးတိုင္ထိထြက္သြားခဲ့တာေၾကာင့္ ပဥၥမေျမာက္ ဦးေဆာင္ဂိုးကို မေပးခဲ့ရတာျဖစ္ပါတယ္။ ဘရိုက္တန္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ခဲ့ရတဲ့ စေနေန႔ညမွာ ေနာက္ထပ္ အမွတ္ရဖြယ္ညတစ္ညကို ပိုင္ဆိုင္ခဲ့ၿပီး ေဘာက္ဆင္ေဒးေနာက္ပိုင္း ပထမဆုံးအိမ္ကြင္းနိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။

၇။ ယူရိုပါလိဂ္ေတာင္ မေသခ်ာေတာ့တာကို ေတြးမိလို႔ ရယ္ေမာေနခဲ့တာလား ေရာ္နယ္လ္ဒို

မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ဘရိုက္တန္အသင္းကို တတိယေျမာက္ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရတဲ့အခ်ိန္မွာ စိတ္ပ်က္လက္ပ်က္ ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ထေရာ့ဆက္က ေနာက္ထပ္ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားတဲ့အခ်ိန္မွာ အေျခအေနက ဆိုးသည္ထက္ ပိုဆိုးလာခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ရဲ့ ေထာင့္ကန္ေဘာကို မက္ဂြိဳင္းယားက ေခါင္းတိုက္ခဲ့ရာမွာ ဘရိုက္တန္ဂိုးသမား ပုတ္ထုတ္လိုက္လို႔ ျပန္လၽွံထြက္လာတဲ့ ေဘာလုံးကို မက္ဂြိဳင္းယားက ဘယ္ေျခနဲ႔ အျပင္းကန္သြင္းၿပီး ကာဗာနီက ပိတ္သြင္းခဲ့ခ်ိန္မွာ တစ္ဂိုး ျပန္သြင္းယူနိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ၾကေပမယ့္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ လူကၽြံအေနအထားမွာရွိေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ဘရိုက္တန္အသင္းကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ဟာ အမွတ္ေပးဇယားမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဘယ္လိုမွ မရနိုင္ေတာ့ဘဲ အဆင့္ ၇ ေနရာက ဝက္စ္ဟမ္းအသင္းက ၂ ပြဲေလ်ာ့ ၆ မွတ္အကြာမွာ ရွိေနတာေၾကာင့္ လက္က်န္ ၂ ပြဲစလုံးသာ အနိုင္မရခဲ့ဘူးဆိုရင္ ယူရိုပါကြန္းဖရင့္လိဂ္ပါ ဆင္းကစားရေတာ့မယ့္ကိန္းဆိုက္ေနတာေၾကာင့္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ အဲဒါကို ေတြးမိလို႔လား စိတ္ပ်က္ပ်က္နဲ႔ ရယ္ေမာေနခဲ့တာလားဆိုတာ ဘုရားပဲ သိပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.