Bundesliga Premier League Transfer News

ဟာဗတ္ဇ္နဲ႔ ခ်ဲလ္ဆီးတုိ႔ ပုဂၢဳိလ္ေရး သေဘာတူညီခဲ့ၿပီး လာမယ့္အပတ္ထဲမွာ ေခၚယူႏုိင္ဖို႔ ေဆြးေႏြးေန

အသင္းရဲ႕ ေႏြရာသီမွာ တတိယေျမာက္ပစ္မွတ္ျဖစ္တဲ့ ကြင္းလယ္တုိက္စစ္သမား ခိုင္ ဟာဗတ္ဇ္နဲ႔ ခ်ဲလ္ဆီးတုိ႔ ပုဂၢဳိလ္ေရးဆုိင္ရာ သေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ၿပီး လာမယ့္အပတ္ထဲမွာ ေဘယာေလဗာကူဆင္အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးအတြက္ သေဘာတူညီမွဳ ရရွိႏုိင္ဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္ကို ပရီးမီးယားလိဂ္ၿပဳိင္ပြဲရဲ႕ ရပ္တည္မွဳ အဆင့္ ၄ ေနရာကေန ဝင္ေရာက္ခြင့္ ရရွိခဲ့ၿပီးတဲ့ေနာက္ အေျပာင္းအေရႊ႕အတြက္ ရန္ပုံေငြ ပိုမိုထြက္ေပၚလာမယ့္ ခ်ဲလ္ဆီးအေနနဲ႔ ဟာဗတ္ဇ္အတြက္ အရွိန္ျမႇင့္ႀကဳိးစားေနၿပီး ကစားသမားကလည္း လန္ဒန္ကို ေျပာင္းေရႊ႕လာခ်င္ေနၿပီလို႔ ဆုိပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမန္လက္ေရြးစင္ကစားသမားအတြက္ ေလဗာကူဆင္အသင္းက ေပါင္သန္း ၉၀ အလိုရွိေနၿပီး ခ်ဲလ္ဆီးအသင္း တာဝန္ရွိသူေတြကေတာ့ ဒီပမာဏကို ေပးေခ်ဖို႔ထက္ ေပါင္သန္း ၇၀ ကို ကနဦးေပးေခ်ၿပီး က်န္တဲ့ ေပါင္သန္း ၂၀ ကို ေအာင္ျမင္မွဳအလိုက္ ခံစားခြင့္အျဖစ္ ထည့္သြင္းဖို႔ ေဆြးေႏြးေနၿပီး ေအာင္ျမင္မွဳရဖို႔ နီးစပ္ေနတယ္လို႔ ဆုိပါတယ္။

လက္ရွိမွာေတာ့ ဟာဗတ္ဇ္အေနနဲ႔ ေလဗာကူဆင္ရဲ႕ လာမယ့္ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ရွဳံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ကစားရမယ့္ ရိန္းဂ်ားစ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္အတြက္ ေလ့က်င့္ေနၿပီး အေဝးကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိထားတာေၾကာင့္ ဒီရလဒ္ကို ထိန္းသိမ္းၿပီး ေနာက္တစ္ဆင့္တက္ႏုိင္ဖို႔ပဲ လုပ္ေဆာင္ဖို႔ ရွိေနပါတယ္။

ဒါေပမယ့္ လာမယ့္အပတ္ထဲမွာ သေဘာတူညီမွဳ ရရွိခဲ့မယ္ဆုိရင္ေတာ့ ခ်ဲလ္ဆီးနဲ႔ ခ်က္ခ်င္းပူးေပါင္းႏုိင္မလား၊ ဒါမွမဟုတ္ ေလဗာကူဆင္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ကုန္ေအာင္ ဆက္ကစားဦးမလားဆုိတာကိုေတာ့ ေဆြးေႏြးညႇိႏွဳိင္းရဦးမွာျဖစ္ၿပီး သူတုိ႔အသင္းအတြက္ ဗုိလ္စြဲႏုိင္ေျခနည္းပါးတဲ့ ၿပဳိင္ပြဲကို စြန္႔လႊတ္ခဲ့မယ္ဆုိရင္လည္း ဟာဗတ္ဇ္ကို အျပစ္တင္မယ့္သူေတာ့ မရွိေလာက္ေၾကာင္းလည္း ခန္႔မွန္းေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းရဲ့ နွေရာသီမှာ တတိယမြောက်ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ်သမား ခိုင် ဟာဗတ်ဇ်နဲ့ ချဲလ်ဆီးတို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး လာမယ့်အပတ်ထဲမှာ ဘေယာလေဗာကူဆင်အသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရပ်တည်မှု အဆင့် ၄ နေရာကနေ ဝင်ရောက်ခွင့် ရရှိခဲ့ပြီးတဲ့နောက် အပြောင်းအရွှေ့အတွက် ရန်ပုံငွေ ပိုမိုထွက်ပေါ်လာမယ့် ချဲလ်ဆီးအနေနဲ့ ဟာဗတ်ဇ်အတွက် အရှိန်မြှင့်ကြိုးစားနေပြီး ကစားသမားကလည်း လန်ဒန်ကို ပြောင်းရွှေ့လာချင်နေပြီလို့ ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမန်လက်ရွေးစင်ကစားသမားအတွက် လေဗာကူဆင်အသင်းက ပေါင်သန်း ၉၀ အလိုရှိနေပြီး ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေကတော့ ဒီပမာဏကို ပေးချေဖို့ထက် ပေါင်သန်း ၇၀ ကို ကနဦးပေးချေပြီး ကျန်တဲ့ ပေါင်သန်း ၂၀ ကို အောင်မြင်မှုအလိုက် ခံစားခွင့်အဖြစ် ထည့်သွင်းဖို့ ဆွေးနွေးနေပြီး အောင်မြင်မှုရဖို့ နီးစပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဟာဗတ်ဇ်အနေနဲ့ လေဗာကူဆင်ရဲ့ လာမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားရမယ့် ရိန်းဂျားစ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အတွက် လေ့ကျင့်နေပြီး အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ဒီရလဒ်ကို ထိန်းသိမ်းပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ပဲ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဒါပေမယ့် လာမယ့်အပတ်ထဲမှာ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးနဲ့ ချက်ချင်းပူးပေါင်းနိုင်မလား၊ ဒါမှမဟုတ် လေဗာကူဆင်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကုန်အောင် ဆက်ကစားဦးမလားဆိုတာကိုတော့ ဆွေးနွေးညှိနှိုင်းရဦးမှာဖြစ်ပြီး သူတို့အသင်းအတွက် ဗိုလ်စွဲနိုင်ခြေနည်းပါးတဲ့ ပြိုင်ပွဲကို စွန့်လွှတ်ခဲ့မယ်ဆိုရင်လည်း ဟာဗတ်ဇ်ကို အပြစ်တင်မယ့်သူတော့ မရှိလောက်ကြောင်းလည်း ခန့်မှန်းဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.