La Liga Premier League Transfer News

ေတာရက္စ္အတြက္ ဗလင္စီယာနဲ႔ ေဆြးေႏြးမွဳေတြ လုပ္ေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ စပိန္ေတာင္ပံကစားသမား ဖယ္ရန္ ေတာရက္စ္ကို ေခၚယူဖို႔အတြက္ ဗလင္စီယာအသင္းနဲ႔ ေဆြးေႏြးမွဳေတြ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ပစ္မွတ္ဟာ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ လီရြဳိင္း ဆာေနးရဲ႕ေနရာမွာ တုိက္႐ိုက္အစားထိုးမွဳအျဖစ္ ဝင္ေရာက္လာဖြယ္ရွိေနပါတယ္။

အသက္ ၂၀ အရြယ္ ေတာင္ပံတုိက္စစ္မွဴးဟာ ညာသန္ျဖစ္ေပမယ့္ ေျခေထာက္ႏွစ္ေခ်ာင္းစလုံးကို အသုံးျပဳႏိုင္လို႔ ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏုိင္သူျဖစ္ၿပီး အရပ္ ၆ ေပ အရြယ္နဲ႔ လိုအပ္ရင္ အေထာင္တုိက္စစ္မွဴးေနရာမွာပါ ဝင္ေရာက္ကစားႏုိင္သူျဖစ္ၿပီး ဗလင္စီယာအသင္းကေတာ့ ဘက္တစ္မွာ လက္ရွိကစားေနတဲ့ သူတုိ႔ရဲ႕ စပိန္လက္ေရြးစင္ကစားသမားေဟာင္း ယာကြင္းနဲ႔ ႏွဳိင္းယွဥ္ထားပါတယ္။

ေတာရက္စ္ရဲ႕ စာခ်ဳပ္သက္တမ္းကေတာ့ ဒီရာသီမွာ ေနာက္ဆုံးရာသီထဲကို ဝင္ေရာက္ေနၿပီျဖစ္ၿပီး ၁၁ လသာ က်န္ရွိေတာ့တဲ့ အေျခအေနမွာ ေရာင္းခ်ဖို႔ထက္ စာခ်ဳပ္သစ္အတြက္ပဲ ပိုၿပီးဆႏၵရွိေနတာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ေပါင္သန္း ၄၀ မေပးရင္ မေရာင္းႏုိင္ဘူးလို႔ တင္းခံေနၿပီး ဒါကို ေလွ်ာ့ခ်ႏုိင္ဖို႔ အစ္တီဟတ္ဘက္က လုပ္ေဆာင္ေနၾကတယ္လုိ႔ သိရပါတယ္။

ကစားသမားအေနနဲ႔ မန္စီးတီးအသင္းကို ေျပာင္းေရႊ႕ခ်င္ေနတယ္လုိ႔ေတာ့ နီးစပ္ရာအသိုင္းအဝိုင္းက ထုတ္ေဖာ္ထားခဲ့ၿပီ ဗလင္စီယာကေတာ့ ေရာင္းခ်ရမယ္ဆုိရင္ ဂရန္နာဒါအသင္းမွာ အငွားခ်ထားတဲ့ ဗင္နီဇြဲလားလက္ေရြးစင္ကြင္းလယ္အဖ်က္ကစားသမား ယန္ဟဲလ္ ဟာရဲရားကို ျပန္လည္ ေရာင္းခ်ေပးဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။

၂၀၀၆ ခုႏွစ္မွာ ဗလင္စီယာလူငယ္အကယ္ဒမီကို ေရာက္ရွိလာခဲ့ၿပီး အသင္းႀကီးအထိ အဆင့္ဆင့္ တုိးတက္လာခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္ဟာ ဗလင္စီယာအသင္းအတြက္ ၉၇ ပြဲကစား ၉ ဂိုးသြင္း ၁၂ ဂိုး ဖန္တီးထားႏုိင္ခဲ့ၿပီး စပိန္ယူ-၂၁ အသင္းနဲ႔ေတာ့ လက္ရွိအခ်ိန္အထိ ၆ ပြဲ ကစားေပးထားခဲ့ၿပီး ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ စပိန်တောင်ပံကစားသမား ဖယ်ရန် တောရက်စ်ကို ခေါ်ယူဖို့အတွက် ဗလင်စီယာအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ပစ်မှတ်ဟာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ လီရွိုင်း ဆာနေးရဲ့နေရာမှာ တိုက်ရိုက်အစားထိုးမှုအဖြစ် ဝင်ရောက်လာဖွယ်ရှိနေပါတယ်။

အသက် ၂၀ အရွယ် တောင်ပံတိုက်စစ်မှူးဟာ ညာသန်ဖြစ်ပေမယ့် ခြေထောက်နှစ်ချောင်းစလုံးကို အသုံးပြုနိုင်လို့ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်ပြီး အရပ် ၆ ပေ အရွယ်နဲ့ လိုအပ်ရင် အထောင်တိုက်စစ်မှူးနေရာမှာပါ ဝင်ရောက်ကစားနိုင်သူဖြစ်ပြီး ဗလင်စီယာအသင်းကတော့ ဘက်တစ်မှာ လက်ရှိကစားနေတဲ့ သူတို့ရဲ့ စပိန်လက်ရွေးစင်ကစားသမားဟောင်း ယာကွင်းနဲ့ နှိုင်းယှဉ်ထားပါတယ်။

တောရက်စ်ရဲ့ စာချုပ်သက်တမ်းကတော့ ဒီရာသီမှာ နောက်ဆုံးရာသီထဲကို ဝင်ရောက်နေပြီဖြစ်ပြီး ၁၁ လသာ ကျန်ရှိတော့တဲ့ အခြေအနေမှာ ရောင်းချဖို့ထက် စာချုပ်သစ်အတွက်ပဲ ပိုပြီးဆန္ဒရှိနေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ပေါင်သန်း ၄၀ မပေးရင် မရောင်းနိုင်ဘူးလို့ တင်းခံနေပြီး ဒါကို လျှော့ချနိုင်ဖို့ အစ်တီဟတ်ဘက်က လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ကစားသမားအနေနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့တော့ နီးစပ်ရာအသိုင်းအဝိုင်းက ထုတ်ဖော်ထားခဲ့ပြီ ဗလင်စီယာကတော့ ရောင်းချရမယ်ဆိုရင် ဂရန်နာဒါအသင်းမှာ အငှားချထားတဲ့ ဗင်နီဇွဲလားလက်ရွေးစင်ကွင်းလယ်အဖျက်ကစားသမား ယန်ဟဲလ် ဟာရဲရားကို ပြန်လည် ရောင်းချပေးဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

၂၀၀၆ ခုနှစ်မှာ ဗလင်စီယာလူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး အသင်းကြီးအထိ အဆင့်ဆင့် တိုးတက်လာခဲ့တဲ့ ဖယ်ရန် တောရက်စ်ဟာ ဗလင်စီယာအသင်းအတွက် ၉၇ ပွဲကစား ၉ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး စပိန်ယူ-၂၁ အသင်းနဲ့တော့ လက်ရှိအချိန်အထိ ၆ ပွဲ ကစားပေးထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: GOAL & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.