Premier League Transfer News

အူဘာမီယန္းအတြက္ အနာဂတ္ကို ကိုယ္တုိင္ဆုံးျဖတ္သြားမယ့္ ဖခင္ျဖစ္သူ ပ်ယ္-ဖရန္ဆြာ

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ အနာဂတ္အတြက္ မီဒီယာေတြနဲ႔ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ေတြအားလုံးဟာ ေကာလဟာလေတြပဲျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔နဲ႔ အေျပာင္းအေရႊ႕အတြက္အားလုံးကို သူကသာ ဆုံးျဖတ္မွာျဖစ္ေၾကာင္း ဖခင္ျဖစ္သူ ပ်ယ္-ဖရန္ဆြာ အူဘာမီယန္းက အင္စတာဂရမ္ကတစ္ဆင့္ ေျပာၾကားလုိက္ပါတယ္။

ဝတ္ဖို႔ဒ္နဲ႔ အိမ္ကြင္းပြဲစဥ္အၿပီးမွာ ပ်ယ္-ဖရန္ဆြာ(ယာယာ)က “ဒါမွ ငါ့သားကြ… ဘယ္အေဖက ဒီလိုသားမ်ဳိးအတြက္ ဂုဏ္မယူဘဲေနမွာလဲ။ ဘရာဗို ဘရာဗို ဘရာဗို”လို႔ ေျပာၾကားလိုက္ၿပီး ပရီးမီးယားလိဂ္မွာ ႏွစ္ႏွစ္ဆက္တုိက္ ၂၂ ဂိုး ရယူႏုိင္ခဲ့တဲ့ ဂါဘြန္တုိက္စစ္မွဴးဟာ သူ႕ရဲ႕ ဂုဏ္သိကၡာတစ္ရပ္ပဲလို႔ပါဆုိခဲ့သလို သူ႕သားအငယ္ဆုံးရဲ႕ အနာဂတ္အတြက္ ေသေသခ်ာခ်ာ စီစဥ္လုပ္ေဆာင္ေပးသြားမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

“ကဲ… ငါတုိ႔ေတြ မင္းရဲ႕ အနာဂတ္အတြက္ ဆုံးျဖတ္ၾကတာေပါ့… လူေတြက မင္းဘာေရြးခ်ယ္မွာလဲဆိုတာကို ေလွ်ာက္ေျပာေနၾကတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ေတြက ငါတုိ႔ဟာ ဘန္တူးလူမ်ဳိးစုေတြဆိုတာကို မသိၾကလို႔ေပါ့။ ငါတုိ႔လူမ်ဳိးေတြမွာ မိသားစုရဲ႕ အႀကီးဆုံးနဲ႔ ပညာအရွိဆုံးသူက ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ရတာ မဟုတ္လား… အဲ့ဒါက မင္းအေဖပဲေလ”လို႔ ယာယာက အင္စတာဂရမ္မွာ ျပင္သစ္ဘာသာနဲ႔ ေရးသားခဲ့ပါတယ္။

“ေကာင္းေကာင္းအိပ္ေတာ့ ငါ့သား။ ဒါေတြအားလုံးအတြက္ ငါတို႔ေတြ အျမန္ဆုံး စီစဥ္ေပးမွာပါ။ မင္းရဲ႕ ေကာက္ပဲသီးႏွံေတြကို အေဖ ေစာင့္ၾကည့္ေပးထားပါ့မယ္(ဘန္တူးလူမ်ဳိးမ်ား၏ ေျပာဆိုပုံျဖစ္ႏိုင္)။ မင္းကို ငါခ်စ္ပါတယ္”လို႔လည္း ယာယာက ေရးသားခဲ့ပါတယ္။

အူဘာမီယန္းရဲ႕ ဖခင္ျဖစ္သူက ဒီလိုေရးသားလိုက္မွဳဟာ သူ႕ရဲ႕ အသင္းက ထြက္ခြာမယ္ဆုိတဲ့ ေကာလဟာေတြကိုေတာ့ ေကာင္းေကာင္းႀကီး ရပ္တန္႔ပစ္ေတာ့မွာျဖစ္ၿပီး အရာအားလုံး ဖခင္ျဖစ္သူရဲ႕ ဆုံးျဖတ္ခ်က္ကိုပဲ လုိက္နာရမွာျဖစ္ေၾကာင္း ေပၚလြင္ထင္ရွားသြားခဲ့သလို ယာယာရဲ႕ သူ႕သားေတြအေပၚ မ်ဳိး႐ိုးထုံးတမ္းစဥ္လာအရ ေကာင္းေကာင္းၾသဇာလႊမ္းမိုးႏုိင္ေၾကာင္းကိုလည္း သူတုိ႔သားအဖေတြကို မၾကာခဏ စုစည္းေတြ႕ရွိရပုံအရ ျမင္ႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO & AUBAMEYANG.PAPA INSTAGRAM
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ အနာဂတ်အတွက် မီဒီယာတွေနဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအားလုံးဟာ ကောလဟာလတွေပဲဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့နဲ့ အပြောင်းအရွှေ့အတွက်အားလုံးကို သူကသာ ဆုံးဖြတ်မှာဖြစ်ကြောင်း ဖခင်ဖြစ်သူ ပျယ်-ဖရန်ဆွာ အူဘာမီယန်းက အင်စတာဂရမ်ကတစ်ဆင့် ပြောကြားလိုက်ပါတယ်။

ဝတ်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ ပျယ်-ဖရန်ဆွာ(ယာယာ)က “ဒါမှ ငါ့သားကွ… ဘယ်အဖေက ဒီလိုသားမျိုးအတွက် ဂုဏ်မယူဘဲနေမှာလဲ။ ဘရာဗို ဘရာဗို ဘရာဗို”လို့ ပြောကြားလိုက်ပြီး ပရီးမီးယားလိဂ်မှာ နှစ်နှစ်ဆက်တိုက် ၂၂ ဂိုး ရယူနိုင်ခဲ့တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ သူ့ရဲ့ ဂုဏ်သိက္ခာတစ်ရပ်ပဲလို့ပါဆိုခဲ့သလို သူ့သားအငယ်ဆုံးရဲ့ အနာဂတ်အတွက် သေသေချာချာ စီစဉ်လုပ်ဆောင်ပေးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

“ကဲ… ငါတို့တွေ မင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ကြတာပေါ့… လူတွေက မင်းဘာရွေးချယ်မှာလဲဆိုတာကို လျှောက်ပြောနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ငါတို့ဟာ ဘန်တူးလူမျိုးစုတွေဆိုတာကို မသိကြလို့ပေါ့။ ငါတို့လူမျိုးတွေမှာ မိသားစုရဲ့ အကြီးဆုံးနဲ့ ပညာအရှိဆုံးသူက ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာ မဟုတ်လား… အဲ့ဒါက မင်းအဖေပဲလေ”လို့ ယာယာက အင်စတာဂရမ်မှာ ပြင်သစ်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။

“ကောင်းကောင်းအိပ်တော့ ငါ့သား။ ဒါတွေအားလုံးအတွက် ငါတို့တွေ အမြန်ဆုံး စီစဉ်ပေးမှာပါ။ မင်းရဲ့ ကောက်ပဲသီးနှံတွေကို အဖေ စောင့်ကြည့်ပေးထားပါ့မယ်(ဘန်တူးလူမျိုးများ၏ ပြောဆိုပုံဖြစ်နိုင်)။ မင်းကို ငါချစ်ပါတယ်”လို့လည်း ယာယာက ရေးသားခဲ့ပါတယ်။

အူဘာမီယန်းရဲ့ ဖခင်ဖြစ်သူက ဒီလိုရေးသားလိုက်မှုဟာ သူ့ရဲ့ အသင်းက ထွက်ခွာမယ်ဆိုတဲ့ ကောလဟာတွေကိုတော့ ကောင်းကောင်းကြီး ရပ်တန့်ပစ်တော့မှာဖြစ်ပြီး အရာအားလုံး ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာရမှာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသွားခဲ့သလို ယာယာရဲ့ သူ့သားတွေအပေါ် မျိုးရိုးထုံးတမ်းစဉ်လာအရ ကောင်းကောင်းသြဇာလွှမ်းမိုးနိုင်ကြောင်းကိုလည်း သူတို့သားအဖတွေကို မကြာခဏ စုစည်းတွေ့ရှိရပုံအရ မြင်နိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO & AUBAMEYANG.PAPA INSTAGRAM
PHOTOS CREDIT TO OWNERS
SPORTS A2Z.