Premier League

အရေးကြီးတဲ့ စပါးစ်နဲ့ပွဲစဉ်မှာ အသင်းကို ကလော့ပ် ဘယ်လိုပွဲထုတ်လာနိုင်လဲ

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပွဲ ၄ သာ လိုတော့တာ ဖြစ်နိုင်ခြေရှိပေမယ့်လည်း ၎င်းတို့အနေနဲ့ အမှတ်ပေးဖလားကို လိုချင်တယ်ဆိုရင် အခုကနေ ရာသီကုန်အထိ ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခုလက်ရှိ လီဗာပူးလ်အသင်းပုံစံမျိုးနဲ့ဆိုရင် အဲဒီကိစ္စက အရမ်းကို ဖြစ်နိုင်ခြေရှိနေတာ မှန်ပေမယ့်လည်း ၎င်းတို့ရဲ့ ချန်ပီယံလိဂ်ပြေးလမ်းကြောင်းမှာ အကြီးမားဆုံး အဟန့်အတားဖြစ်တဲ့ ယခုအပတ် အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပေမယ့်လည်း ယခုရာသီ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ မထင်မှတ်ထားတာတွေကို လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ကွန်တီရဲ့ အသင်းဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းဆီကနေ ၆ မှတ် ရယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ဒီဇင်ဘာလတုန်းက လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ရမှတ် ၁ မှတ် ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ညပွဲစဉ်မှာ အနိုင်ရဖို့ဆိုရင် ယာဂန် ကလော့ပ်ရဲ့အသင်းအနေနဲ့ အကောင်းဆုံးအနေအထားမှာ ရှိနေရမှာဖြစ်ပြီး အဲဒီလို အကောင်းဆုံးဖြစ်နိုင်ဖို့အတွက် လီဗာပူးလ်အသင်း ဘယ်လို ပွဲထွက်လာနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ရအောင်…

ယာဂန် ကလော့ပ်အနေနဲ့ ဗီလာရီးရဲလ်အသင်းကို ရင်ဆိုင်ခဲ့တဲ့အသင်းကို အပြောင်းအလဲ ၃ ခုအထိ ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းရပြီး လက်ရှိမှာ ၎င်းရဲ့ အားအကောင်းဆုံးအသင်းဆိုတာ အငြင်းပွားစရာမရှိတဲ့ ပွဲထွက်လူစာရင်းကို ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီရာသီအချိန်အများစုမှာ အားလုံးမြင်တွေ့ခဲ့ရတဲ့ ခံစစ် ၅ ဦးကစားကွက်ကို တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ ပစ်ပယ်သွားဖွယ်ရှိပြီး ကိုနာတေရဲ့ နေရာမှာ မာတစ်ပ် ပါဝင်လာမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကွင်းလယ်မှာလည်း အပြောင်းအလဲတွေ ရှိလာနိုင်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် ပြသခဲ့တဲ့ နာဘီ ကီးတားရဲ့နေရာမှာ ဂျော်ဒန် ဟန်ဒါဆန် ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဂျိုတာဟာ ဗုဒ္ဓဟူးနေ့ညက ပွဲစဉ်မှာ မပါဝင်ခဲ့တာကြောင့် လျှပ်စစ်လို လျင်မြန်တဲ့ လူးဝစ္စ ဒီယက်ဇ်ကပဲ ကလော့ပ်ရဲ့ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခံရဖွယ်ရှိနေပြီး ဘောလုံးကလောင်ရှင်များအသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို လတ်လတ်ဆတ်ဆတ် ရရှိထားတဲ့ မိုဟာမက် ဆာလားအနေနဲ့ ညာတောင်ပံတိုက်စစ်မှာ ပွဲထွက်လာနိုင်ပါတယ်။

လီဗာပူးလ် နည်းပြ ယာဂန်ကလော့ပ်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အရည်အသွေးနဲ့ ဘယ်လောက်ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမယ်လို့ ထင်မြင်ထားလဲဆိုတာကို ပြောပြခဲ့ပါတယ်။

“အဓိက စိန်ခေါ်မှုက ပြိုင်ဘက်ရဲ့ အရည်အသွေးပဲ။ ကျွန်တော် ပြောချင်တာက ခင်ဗျား တော့တင်ဟမ် ပွဲစဉ်တွေကို ဘယ်လိုနိုင်လာလဲ တွေးကြည့်လေ။ သူတို့မှာ အရမ်းကို ကောင်းမွန်တဲ့ဘောလုံးအသင်းရှိနေတာ အမှန်ပဲ။ ဒါပေမယ့် သူတို့တွေ သူတို့တွေ ခံစစ် ၅ ယောက်စုဖွဲ့ပြီးတော့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ ၄ ယောက်နဲ့ တစ်ယောက် ဒါမှမဟုတ် ၂ ယောက်နဲ့ ၃ ယောက်ထားပြီး ကစားတယ်”

“တိုက်စစ်မှာဆိုရင် သူတို့မှာ ရူးသွပ်နေသလိုမျိုး မြန်နှုန်းရှိတယ်။ ဟာရီ ကိန်းပေါ့။ အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး ကွန်တီရဲ့ ကစားကွက်မှာ အရမ်းကို ကောင်းကောင်း အံဝင်တာ သိသာပါတယ်။ သူတို့ကြားမှာ မျက်စိမှိတ်ထားရင်တောင် ဘယ်သူ ဘာလုပ်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ နားလည်မှုမျိုးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ကာလရှည် ရင်ဆိုင်ခဲ့ရတဲ့ ဂိုးပေါက်ကာကွယ်မှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ကျွန်တော် ပြောရမှာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ပြဲ ၄ သာ လိုေတာ့တာ ျဖစ္နိုင္ေျခရွိေပမယ့္လည္း ၎တို႔အေနနဲ႔ အမွတ္ေပးဖလားကို လိုခ်င္တယ္ဆိုရင္ အခုကေန ရာသီကုန္အထိ ပြဲစဥ္တိုင္းကို အနိုင္ရရွိဖို႔ လိုအပ္မွာျဖစ္ပါတယ္။

အခုလက္ရွိ လီဗာပူးလ္အသင္းပုံစံမ်ိဳးနဲ႔ဆိုရင္ အဲဒီကိစၥက အရမ္းကို ျဖစ္နိုင္ေျခရွိေနတာ မွန္ေပမယ့္လည္း ၎တို႔ရဲ့ ခ်န္ပီယံလိဂ္ေျပးလမ္းေၾကာင္းမွာ အႀကီးမားဆုံး အဟန႔္အတားျဖစ္တဲ့ ယခုအပတ္ အန္တိုနီယို ကြန္တီရဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ယခုရာသီမွာ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့ေပမယ့္လည္း ယခုရာသီ အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ မထင္မွတ္ထားတာေတြကို လုပ္ျပနိုင္ခဲ့တာျဖစ္ပါတယ္။

ကြန္တီရဲ့ အသင္းဟာ ယခုရာသီမွာ မန္ခ်က္စတာစီးတီးအသင္းဆီကေန ၆ မွတ္ ရယူထားနိုင္ခဲ့ၿပီးျဖစ္ၿပီး ဒီဇင္ဘာလတုန္းက လီဗာပူးလ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ရမွတ္ ၁ မွတ္ ရယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔ညပြဲစဥ္မွာ အနိုင္ရဖို႔ဆိုရင္ ယာဂန္ ကေလာ့ပ္ရဲ့အသင္းအေနနဲ႔ အေကာင္းဆုံးအေနအထားမွာ ရွိေနရမွာျဖစ္ၿပီး အဲဒီလို အေကာင္းဆုံးျဖစ္နိုင္ဖို႔အတြက္ လီဗာပူးလ္အသင္း ဘယ္လို ပြဲထြက္လာနိုင္မလဲဆိုတာ ခန႔္မွန္းၾကည့္ရေအာင္…

ယာဂန္ ကေလာ့ပ္အေနနဲ႔ ဗီလာရီးရဲလ္အသင္းကို ရင္ဆိုင္ခဲ့တဲ့အသင္းကို အေျပာင္းအလဲ ၃ ခုအထိ ျပဳလုပ္လိမ့္မယ္လို႔ ေမၽွာ္မွန္းရၿပီး လက္ရွိမွာ ၎ရဲ့ အားအေကာင္းဆုံးအသင္းဆိုတာ အျငင္းပြားစရာမရွိတဲ့ ပြဲထြက္လူစာရင္းကို ျပန္လည္အသုံးျပဳသြားမွာျဖစ္ပါတယ္။ ဒီရာသီအခ်ိန္အမ်ားစုမွာ အားလုံးျမင္ေတြ႕ခဲ့ရတဲ့ ခံစစ္ ၅ ဦးကစားကြက္ကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ပြဲစဥ္မွာ ပစ္ပယ္သြားဖြယ္ရွိၿပီး ကိုနာေတရဲ့ ေနရာမွာ မာတစ္ပ္ ပါဝင္လာမွာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ကြင္းလယ္မွာလည္း အေျပာင္းအလဲေတြ ရွိလာနိုင္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ ျပသခဲ့တဲ့ နာဘီ ကီးတားရဲ့ေနရာမွာ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ျပန္လည္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဂ်ိဳတာဟာ ဗုဒၶဟူးေန႔ညက ပြဲစဥ္မွာ မပါဝင္ခဲ့တာေၾကာင့္ လၽွပ္စစ္လို လ်င္ျမန္တဲ့ လူးဝစၥ ဒီယက္ဇ္ကပဲ ကေလာ့ပ္ရဲ့ ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳခံရဖြယ္ရွိေနၿပီး ေဘာလုံးကေလာင္ရွင္မ်ားအသင္းရဲ့ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လတ္လတ္ဆတ္ဆတ္ ရရွိထားတဲ့ မိုဟာမက္ ဆာလားအေနနဲ႔ ညာေတာင္ပံတိုက္စစ္မွာ ပြဲထြက္လာနိုင္ပါတယ္။

လီဗာပူးလ္ နည္းၿပ ယာဂန္ကေလာ့ပ္က ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ပြဲစဥ္မတိုင္မီ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ အရည္အေသြးနဲ႔ ဘယ္ေလာက္ခက္ခဲတဲ့ ပြဲစဥ္ျဖစ္လာမယ္လို႔ ထင္ျမင္ထားလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

“အဓိက စိန္ေခၚမႈက ၿပိဳင္ဘက္ရဲ့ အရည္အေသြးပဲ။ ကၽြန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ား ေတာ့တင္ဟမ္ ပြဲစဥ္ေတြကို ဘယ္လိုနိုင္လာလဲ ေတြးၾကည့္ေလ။ သူတို႔မွာ အရမ္းကို ေကာင္းမြန္တဲ့ေဘာလုံးအသင္းရွိေနတာ အမွန္ပဲ။ ဒါေပမယ့္ သူတို႔ေတြ သူတို႔ေတြ ခံစစ္ ၅ ေယာက္စုဖြဲ႕ၿပီးေတာ့ တိုက္စစ္ပိုင္းနဲ႔ ခံစစ္ပိုင္းမွာ ၄ ေယာက္နဲ႔ တစ္ေယာက္ ဒါမွမဟုတ္ ၂ ေယာက္နဲ႔ ၃ ေယာက္ထားၿပီး ကစားတယ္”

“တိုက္စစ္မွာဆိုရင္ သူတို႔မွာ ႐ူးသြပ္ေနသလိုမ်ိဳး ျမန္ႏႈန္းရွိတယ္။ ဟာရီ ကိန္းေပါ့။ အရမ္းေကာင္းတဲ့ကစားသမားျဖစ္ၿပီး ကြန္တီရဲ့ ကစားကြက္မွာ အရမ္းကို ေကာင္းေကာင္း အံဝင္တာ သိသာပါတယ္။ သူတို႔ၾကားမွာ မ်က္စိမွိတ္ထားရင္ေတာင္ ဘယ္သူ ဘာလုပ္ရင္ ဘာဆက္လုပ္မယ္ဆိုတဲ့ နားလည္မႈမ်ိဳးရွိတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ကာလရွည္ ရင္ဆိုင္ခဲ့ရတဲ့ ဂိုးေပါက္ကာကြယ္မႈအတြက္ အႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေကာင္းျဖစ္လာနိုင္တယ္လို႔ ကၽြန္ေတာ္ ေျပာရမွာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.