Premier League
ဝုလ်ဗ်စ်နဲ့ပွဲစဉ်ကစပြီး အသင်းပိုင်ရှင်သစ်ကို ပွဲထုတ်သွားဖွယ်ရှိတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘာလီဟာ ယနေ့ညနေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝုလ်ဗ်စ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုမယ်လို့ မျှော်မှန်းရပါတယ်။
အယ်လ်အေ ဒေါ့ဂျားစ်ဘေ့စ်ဘောအသင်း ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ တော့ဒ် ဘာလီဟာ ချဲလ်ဆီးအသင်းကို အေဘရာမိုဗစ်ချ်ဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ လွှဲပြောင်းရယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင် အသင်းရဲ့ပွဲစဉ်ကို ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။
Eldridge လုပ်ငန်းစုရဲ့ အလုပ်အမှုဆောင်ချုပ် တော့ဒ် ဘာလီဟာ သောကြာနေ့ညက လန်ဒန်မှာ ရှိနေခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက စနေနေ့နံနက် ၁ နာရီ ၃၇ မိနစ်မှာ အသင်းပိုင်ရှင်သစ်ကို တရားဝင် ကြေညာမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ဝုလ်ဗ်စ်နဲ့ အိမ်ကွင်းပွဲစဉ်ဟာ အသင်းကို ရောင်းထုတ်တော့မယ်လို့ အတည်ပြုကြေညာခဲ့ပြီးနောက်ပိုင်း အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်က အသင်းပိုင်ရှင်အဖြစ် ပထမဆုံး တက်ရောက်ကြည့်ရှုမယ့်ပွဲစဉ်ဖြစ်တာကြောင့် အရေးပါတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အသင်းကို လွှဲပြောင်းရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး “ချဲလ်ဆီးဘောလုံးအသင်းအနေနဲ့ တော့ဒ်ဘာလီ၊ Clearlake Capital၊ မာ့ခ် ဝယ်လ်တာ၊ ဟန်းစ်ဂျော့ ဝိစ်တို့ ဦးဆောင်တဲ့ ပိုင်ရှင်သစ်အုပ်စုနဲ့ အသင်းကို ပိုင်ဆိုင်ခွင့်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်”
“ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ စုစုပေါင်းထဲက ပေါင် ၂.၅ ဘီလီယံကို အသင်းက ရှယ်ယာတွေကို ဝယ်ယူဖို့ လျှောက်ထားနိုင်မှာဖြစ်ပြီး အဲဒီလို ရရှိလာတဲ့ငွေတွေကို ရိုမန် အေဘရာမိုဗစ်ချ်က ၁၀၀ ရာခိုင်နှုန်း ပရဟိတလုပ်ငန်းတွေကို လှူဒါန်းဖို့ အတည်ပြုထားတာကြောင့် ပိတ်ဆို့ထားတဲ့ ယူကေဘဏ်အကောင့်ကို အပ်နှံသွားမှာဖြစ်ပါတယ်။
ပိတ်ဆို့ထားတဲ့ ဘဏ်အကောင့်ကနေ ငွေလွှဲပြောင်းမှုတွေ ပြုလုပ်ဖို့အတွက် ယူကေအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းပိုင်ရှင်သစ်တွေဟာ အသင်းရဲ့ အကျိုးစီးပွားအတွက် နောက်ထပ် ၁.၇၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသွားမယ့်နေရာတွေထဲမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၊ အကယ်ဒမီ၊ အမျိုးသမီးအသင်းနဲ့ Kingsmeadow တို့ပါဝင်ပြီး ချဲလ်ဆီးဖောင်ဒေးရှင်းအတွက်လည်း ဆက်လက် ရန်ပုံငွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”
“ဒီရောင်းချမှုကို လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်အားလုံးနဲ့ မေလ နှောင်းပိုင်းမှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်များကို အဲဒီအချိန်ကျရင် ထပ်မံ ဖော်ပြပေးသွားပါမယ်”လို့ ရေးသားထားပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကြေညာချက်ဟာ အေဘရာမိုဗစ်ချ်အပေါ် ယူကေအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် မရေရာမသေချာဖြစ်နေတဲ့ အသင်းကြောင့် စိတ်ပူခဲ့ရတဲ့ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းဖြစ်လာမှာ ဖြစ်ပါတယ်။ ဘာလီရဲ့လုပ်ငန်းစုကြီးဟာ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အမေရိကန်ဘဏ် the Raine Group ထက်ပိုပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့တာကြောင့် အသင်းပိုင်ရှင်သစ်တွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
တော့ဒ် ဘာလီဟာ အယ်လ်အေ ဒေါ့ဂျားအသင်းပိုင်ရှင် မာ့ခ် ဝယ်လ်တာ၊ ဆွစ်ဇာလန် ဘီလျံနာ ဟန်းစ်ဂျော့ ဝိစ်၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Clearlake Capital တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တော့ဒ် ဘာလီဟာ စတီဖင် ပက်ယူကာနဲ့ ဆာ မာတင် ဘရော့တန်၊ ဗြိတိန်ရဲ့အချမ်းသာဆုံးသူဌေး ဆာ ဂျင် ရတ်ကလစ်ဖ်တို့ဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
သဘောတူညီမှုဟာ အစိုးရနဲ့ ပရီးမီးယားလိဂ်တို့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မေလထဲမှာပဲ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း မတ်လမှာ အေဘရာမိုဗစ်ချ်အပေါ် အစိုးရက ပိတ်ဆို့ဒဏ်ခတ်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ မရေရာမသေချာဖြစ်ခဲ့တဲ့ ကာလတွေဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ၃ နှစ်ကျော်ကာလအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ကို ပိုင်ရှင်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ် မတိုင်ခင် ၂၀၁၈ ခုနှစ်ကတည်းက ၎င်းရဲ့ ဗီဇာ အခက်အခဲကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘာလီဟာ ယနေ့ညနေ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဝုလ်ဗ်စ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုမယ်လို့ မျှော်မှန်းရပါတယ်။
အယ်လ်အေ ဒေါ့ဂျားစ်ဘေ့စ်ဘောအသင်း ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ တော့ဒ် ဘာလီဟာ ချဲလ်ဆီးအသင်းကို အေဘရာမိုဗစ်ခ်ျဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ လွှဲပြောင်းရယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင် အသင်းရဲ့ပွဲစဉ်ကို ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ စုစုပေါင်းထဲက ပေါင် ၂.၅ ဘီလီယံကို အသင်းက ရှယ်ယာတွေကို ဝယ်ယူဖို့ လျှောက်ထားနိုင်မှာဖြစ်ပြီး အဲဒီလို ရရှိလာတဲ့ငွေတွေကို ရိုမန် အေဘရာမိုဗစ်ခ်ျက ၁၀၀ ရာခိုင်နှုန်း ပရဟိတလုပ်ငန်းတွေကို လှူဒါန်းဖို့ အတည်ပြုထားတာကြောင့် ပိတ်ဆို့ထားတဲ့ ယူကေဘဏ်အကောင့်ကို အပ်နှံသွားမှာဖြစ်ပါတယ်။
သဘောတူညီမှုဟာ အစိုးရနဲ့ ပရီးမီးယားလိဂ်တို့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မေလထဲမှာပဲ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း မတ်လမှာ အေဘရာမိုဗစ်ခ်ျအပေါ် အစိုးရက ပိတ်ဆို့ဒဏ်ခတ်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ မရေရာမသေချာဖြစ်ခဲ့တဲ့ ကာလတွေဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ အေဘရာမိုဗစ်ခ်ျဟာ ၃ နှစ်ကျော်ကာလအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ကို ပိုင်ရှင်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ် မတိုင်ခင် ၂၀၁၈ ခုနှစ်ကတည်းက ၎င်းရဲ့ ဗီဇာ အခက်အခဲကြောင့် စတမ်းဖို့ဒ် ဘရစ်ခ်ျကို လာရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.