Analysis Premier League

စပါးစ်နဲ့ယှဉ်ပြိုင်ရမယ့် ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအတွက် အာဆင်နယ်ရဲ့ စိုးရိမ်စရာ ၄ ချက်

အာဆင်နယ်အသင်းဟာ လာမယ့် မေလ ၁၂ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အနိုင်ကစားနိုင်မယ်ဆိုရင် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်မယ်ဆိုတာ သိနေပေမယ့်လည်း အဲဒါနဲ့တင် မပြီးသေးပါဘူး။

ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးဖို့က ၄ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အမှတ်ပေးဇယားက အသင်းတွေအားလုံး ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး ထိပ်သီးနေရာတွေမှာ မန်စီးတီးနဲ့ လီဗာပူးလ်ကြား ဆုဖလားတိုက်ပွဲ ဆင်နွှဲနေသလို အောက်ဆုံး ၃ သင်းကလည်း တန်းမဆင်းရဖို့ အသက်လုနေကြတာဖြစ်ပါတယ်။

ဥရောပ ဝင်ခွင့်တိုက်ပွဲမှာလည်း ဘယ်သူက အဆင့် ၄ နေရာကို တက်လှမ်းပြီး ရာသီပြီးဆုံးသွားနိုင်မလဲဆိုတာ ရေရေရာရာ အဖြေထုတ်နိုင်ခြင်းမရှိသေးတာဖြစ်ပြီး ယခုအပတ် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပွဲစဉ်တွေက ဒီ တိုက်ပွဲ ၃ ခုစလုံးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။

စပါးစ်ဟာ ထိပ်ဆုံး ၄ နေရာအတွက် ၎င်းတို့ရဲ့ ဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အန်းဖီးကို ရင်တထိတ်ထိတ်နဲ့ သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာဆေးဆိုဒ်အသင်းကလည်း ဆုဖလားတိုက်ပွဲမှာ နောက်ကောက်မကျရလေအောင် နိုင်ပွဲတွေ ဆက်လက် ရယူသွားချင်နေမှာဖြစ်ပါတယ်။

ပိုပြီး တုန်လှုပ်ခြောက်ခြားတတ်တဲ့ အခြား အာဆင်နယ်ပရိသတ်တွေအတွက်တော့ အတွေးပေါင်းစုံ ခေါင်းထဲမှာ ပြေးလွှားနေမှာဖြစ်ပြီး အဆိုးရွားဆုံးအခြေအနေတိုင်းကို ပုံဖော်နေမှာဖြစ်သလို မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာစိုးရိမ်မှုတွေလည်း ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါဆို စိုးရိမ်စရာအကောင်းဆုံးအရာတွေကဘာတွေလဲလို့ တွေးကြည့်လိုက်ရင် နောက်ဆုံး ၄ ပွဲမှာ စိုးရိမ်စရာ ၄ ခု ရှိနေတာကို တွေ့ရပါတယ်။

၁။ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ အသင်း ၂ သင်းနဲ့ ရင်ဆိုင်နေရခြင်း

လိဒ်စ်နဲ့ အဲဗာတန်တို့ကို လက်ကျန် ၄ ပွဲမှာ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာက ပုံမှန်အားဖြင့် စိတ်သက်သာစရာ ဖြစ်ပါတယ်။ ဒီ ၂ သင်းဟာ တန်းမဆင်းရဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အလွန်ခြေစွမ်းပိုင်း ဆိုးရွားနေတဲ့ အသင်းတွေဖြစ်ပြီး ရာသီကုန်ခါနီးမှာ ၎င်းတို့ရဲ့ သက်ဆိုင်ရာ အဆင့်အတန်းတွေဟာ ကြိုးတန်းပေါ်လျှောက်နေရသလို ဖြစ်နေတဲ့အချိန်မှာ အကောင်းမြင်နိုင်စွမ်းကလည်း သိသိသာသာ နည်းပါးနေတာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကို တန်းဆင်းခံရခါနီးမှ ကပ်သီးလေး လွတ်မြောက်ခဲ့တဲ့ အံ့ဖွယ်လွတ်မြောက်မှုအချို့ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တုန်းက ဆန်းဒါးလန်းရဲ့ အမှတ်ရဖွယ် ရှင်သန်ကျန်ရစ်မှုက အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ဆန်းဒါးလန်းဟာ ၆ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ တန်းဆင်းဇုန်ရဲ့အထက် ၇ မှတ်မှာ ရှိနေခဲ့ချိန်မှာ တန်းဆင်းရမယ့် အသင်းတွေထဲက တစ်သင်းဖြစ်နေခဲ့ပါတယ်။

နောက်ဆုံး ၆ ပွဲအတွင်းမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မှုနဲ့အတူ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါက အဆိုးရွားဆုံးဆိုတဲ့အသင်းကတောင် အကြီးမားဆုံး အံ့အားသင့်စရာတွေကို လုပ်ပြနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသနေတာဖြစ်ပြီး အဲဒါရာသီမှာ တန်းမဆင်းရဖို့အတွက် ၃၆ မှတ်သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ အခု လက်ရှိလိဒ်စ်ရဲ့အခြေအနေအရ ၃၄ မှတ်သာ လိုအပ်နေတာက ပရီးမီးယားလိဂ်မှာ မြင်တွေ့ခဲ့ဖူးသမျှ အဆိုးရွားဆုံးအသင်းတွေထက်တော့ သာတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ကောက်ရိုးတမျှင်လို မီရာလှမ်းဆွဲတော့မယ့် လိဒ်စ်နဲ့ အဲဗာတန်တို့ ၂ သင်းစလုံးနဲ့ လက်ကျန် ၄ ပွဲမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အတွက်တော့ ဒါက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာနေပြီဖြစ်ပါတယ်။

၂။ ဖိအားတွေ ခံစားနေရပြီဖြစ်တဲ့ အာဆင်နယ်ကစားသမားများ

အာဆင်နယ်အသင်းဟာ ယခုရာသီတလျှောက်လုံးမှာ ချီးကျူးမှုတွေ အများအပြား ခံခဲ့ရတဲ့အသင်းဖြစ်ပေမယ့် ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရုန်းကန်ရမှုတွေက ပုံမှန်စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ အဲဒါက နည်းပြမှာလည်း ပြဿနာဖြစ်နိုင်တဲ့ တစ်စုံတရာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲဟာ အာဆင်နယ်အသင်း လဲပြိုနေတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂိုးတိုင်တွေကို အကြိမ်ပေါင်းများစွာ ကျေးဇူးတင်ခဲ့ရသလို အာရွန် ရမ်းစ်ဒေးလ်ကိုလည်း ကျေးဇူးတင်ခဲ့ရပြီး အသင်းတစ်သင်းလုံးရဲ့ တည်ငြိမ်မှုကျဆင်းနေမှုက လေးလေးနက်နက် စိတ်ပူပင်စရာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်လူစာရင်းဟာ မယုံနိုင်အောင် ငယ်ရွယ်တဲ့အသင်းဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပြီး ကစားသမားအများစုအတွက်တော့ တစ်ခါမှ မကြံဖူးတဲ့ စိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ တစ်နေရာရဖို့အတွက် ဥရောပမှာ အကောင်းဆုံးအသင်းတွေထဲက အချို့နဲ့ တိုက်ပွဲဝင်နေရတာဖြစ်ပြီး လက်ရှိပွဲစဉ်တိုင်းမှာ မယုံနိုင်လောက်အောင် အလေးထားကစားနေရတဲ့အချိန်မှာ ရလဒ်ကလည်း ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တော့တင်ဟမ်ဟော့စပါးရဲ့ လက်ကျန် ၄ ပွဲမှာ အားသာချက်တစ်ခုက ၂ ကြိမ်မှာ ပထမအကြိမ် ကစားထားတာဖြစ်ပါတယ်။ လေးပွဲထဲက တစ်ပွဲဟာ ဒါဘီပွဲဖြစ်ပြီး ကျန်တဲ့ပွဲက နောက်ဆုံးနေ့ပွဲဖြစ်တာကြောင့် ဒီအသင်းဟာ ဖြစ်ပျက်ခဲ့တဲ့ရလဒ်ကို သိထားပြီးဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါက ဒီရာသီမှမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေမှာပါ ဒီလိုမျိုး အတားအဆီးတွေမှာ နှောင့်နှေးခဲ့တဲ့ အာဆင်နယ်အတွက်တော့ ကြီးမားတဲ့ဖိအားဖြစ်လာမှာဖြစ်ပါတယ်။

၃။ လီဗာပူးလ်နဲ့ပွဲမှာ တုန်လှုပ်စရာတွေ လုပ်ပြနိုင်တဲ့ တော့တင်ဟမ်ဟော့စပါး

လီဗာပူးလ်က မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့အသင်းဖြစ်ပြီး ထူးခြားတဲ့နည်းပြ၊ ကမ္ဘာ့အဆင့်ကစားသမားတွေ နေရာတိုင်းမှာရှိတဲ့ အံ့မခန်းအသင်းဖြစ်ပါတယ်။ နည်းပြ ကလော့ပ်လက်အောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ချီးကျူးမှုတွေ ရရှိခဲ့ပြီး ၎င်းတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကို သက်သေပြဖို့ မလုံလောက်သေးတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာပွဲစဉ်တိုင်းမှာ နိုင်ပွဲ ရနိုင်သလောက် ရယူသွားမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို မျက်ခြည်အပြတ်ခံလို့မရတာကြောင့် ဖြစ်ပါတယ်။ မကြုံစဖူး ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေသေးပြီး အများစုကတော့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားကို ရယူဖို့ အားပေးမှာဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ကျန်နေသေးတဲ့ အခက်ခဲဆုံးအလုပ်က ပရီးမီးယားလိဂ်မှာ တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ဖြစ်ပြီး မန်စီးတီးအနေနဲ့ တစ်ပွဲပွဲမှာ ခြေချော်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ မန်စီးတီးရဲ့ရမှတ်လျော့ကျမှုအပေါ်မှာ လုံးလုံး မူတည်နေပြီး မာဆေးဆိုဒ်အသင်းဟာ လက်ကျန်ပွဲအားလုံးမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေထဲမှာ စနေနေ့ညပွဲစဉ်ကတော့ ချွင်းချက်ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းဟာ အနိုင်ရဖို့ ရေပန်းမစားဘဲ လီဗာပူးလ်နဲ့ မယှဉ်နိုင်ပေမယ့် တုန်လှုပ်စရာတွေကို လုပ်ပြနိုင်စွမ်းရှိပါတယ်။ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့သူအားလုံးဟာ စပါးစ်က မန်စီးတီး အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ မန်စီးတီးဘက်က အားပေးခဲ့ပေမယ့်လည်း စပါးစ်က ၃-၂ နဲ့ အဝေးကွင်းနိုင်ပွဲကို အံ့အားသင့်ဖွယ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲအပြီး ဘန်လေကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ကွာခြားတယ်လို့ ခံစားရမှာဖြစ်ပြီး အထူးသဖြင့် အန်းဖီးမှာ ကစားပြီးနောက် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို အရှိန်အဟုန်အပြည့်နဲ့ လာမယ့် စပါးစ်ကို အာဆင်နယ်က ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

၄။ ထင်ထားတာထက် ဒဏ်ရာပိုရခဲ့တဲ့ ဆာကာ

ဆာကာဟာ အာဆင်နယ်အသင်းရဲ့ တစ်ရာသီလုံး အကန်ခံခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့ပြီး ဆာကာကိုများ အလှည့်ကျ ဝိုင်းကန်နေတာလားလို့တောင် စပြီး ပြောလာကြပြီဖြစ်ပါတယ်။ အခုဆိုရင် ဆာကာအနေနဲ့ ပွဲကို အပြည့်အဝမကစားနိုင်ခဲ့တာ ၂ ပွဲရှိနေခဲ့ပြီဖြစ်ပြီး ၂ ကြိမ်စလုံးမှာ ပင်ပန်းနွမ်းနယ်နေပုံမပေါ်ပေမယ့် အာတီတာ ပြောသလိုမဟုတ်ဘဲ အဆုံးမှာတော့ လမ်းတောင် မလျှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ “ဘူကာယိုက အဆင်ပြေပါတယ်။ သူက တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီး ဒဏ်ရာနည်းနည်းလည်း ရနေခဲ့တာပါ”လို့ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ အာတီတာက ပြောခဲ့တာပါ။ ဆာကာရဲ့ ပြဿနာဟာ အာဆင်နယ်ပရိသတ်တွေအတွက် ယုံကြည်ချက်အပြည့်အဝ မရှိစေမယ့် နောက်ဆုံးအပိုင်းဖြစ်ပြီး နည်းပြအာတီတာက အဆင်ပြေတယ်လို့ ပြောခဲ့တာကြောင့် စိုးရိမ်စရာမဖြစ်သင့်ပေမယ့်လည်း စပိန်လူမျိုးနည်းပြဟာ ကစားသမားတွေ ပါဝင်ကစားပေးနိုင်ခြေနဲ့ ကြံ့ခိုင်မှုအပိုင်းကို အမှန်အတိုင်းမပြောတတ်သူလို့ လူသိများခဲ့သူဖြစ်ပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းအတွက် လုံးဝကို အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး အခုလည်း အရေးကြီးသလို နောင်လည်း အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေဦးမှာဖြစ်ပါတယ်။ နီကိုလာ ပေပေသာ ဆာကာအစား ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့ရင်ဆိုတဲ့အတွေးက အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိတ်နှလုံးညှိုးနွမ်းစေမှာဖြစ်ပါတယ်။ ဆာကာရဲ့ ဒဏ်ရာပြဿနာက သိပ်အများကြီး စိုးရိမ်စရာမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ဒီရာသီမှာ ထိပ်ဆုံး ၄ နေရာအတွင်း မပြီးဆုံးနိုင်တာကြောင့် မျှော်မှန်းချက်တွေကို လျှော့ချဖို့ မသိစိတ်ရဲ့ ကြိုးပမ်းမှုမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆာကာသာမပါနိုင်ရင်ဆိုတဲ့အတွေးက ပရိသတ်တွေစိတ်ထဲမှာ တအုံ့တနွေးနွေးဖြစ်နေမှာသေချာကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လာမယ့္ ေမလ ၁၂ ရက္ေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ အနိုင္ကစားနိုင္မယ္ဆိုရင္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္မယ္ဆိုတာ သိေနေပမယ့္လည္း အဲဒါနဲ႔တင္ မၿပီးေသးပါဘူး။

ပရီးမီးယားလိဂ္ရာသီ ကုန္ဆုံးဖို႔က ၄ ပြဲသာ က်န္ရွိေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားက အသင္းေတြအားလုံး ကစားဖို႔ က်န္ရွိေနေသးတာျဖစ္ၿပီး ထိပ္သီးေနရာေတြမွာ မန္စီးတီးနဲ႔ လီဗာပူးလ္ၾကား ဆုဖလားတိုက္ပြဲ ဆင္ႏႊဲေနသလို ေအာက္ဆုံး ၃ သင္းကလည္း တန္းမဆင္းရဖို႔ အသက္လုေနၾကတာျဖစ္ပါတယ္။

ဥေရာပ ဝင္ခြင့္တိုက္ပြဲမွာလည္း ဘယ္သူက အဆင့္ ၄ ေနရာကို တက္လွမ္းၿပီး ရာသီၿပီးဆုံးသြားနိုင္မလဲဆိုတာ ေရေရရာရာ အေျဖထုတ္နိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ယခုအပတ္ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ရဲ့ ပြဲစဥ္ေတြက ဒီ တိုက္ပြဲ ၃ ခုစလုံးအေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိလာမွာျဖစ္ပါတယ္။

စပါးစ္ဟာ ထိပ္ဆုံး ၄ ေနရာအတြက္ ၎တို႔ရဲ့ ဖိအားေပးမႈကို ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ အန္းဖီးကို ရင္တထိတ္ထိတ္နဲ႔ သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းကလည္း ဆုဖလားတိုက္ပြဲမွာ ေနာက္ေကာက္မက်ရေလေအာင္ နိုင္ပြဲေတြ ဆက္လက္ ရယူသြားခ်င္ေနမွာျဖစ္ပါတယ္။

ပိုၿပီး တုန္လႈပ္ေျခာက္ျခားတတ္တဲ့ အျခား အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ အေတြးေပါင္းစုံ ေခါင္းထဲမွာ ေျပးလႊားေနမွာျဖစ္ၿပီး အဆိုးရြားဆုံးအေျခအေနတိုင္းကို ပုံေဖာ္ေနမွာျဖစ္သလို မလိုအပ္တဲ့ ကိုယ္ေရးကိုယ္တာစိုးရိမ္မႈေတြလည္း ျဖစ္ေပၚေစမွာျဖစ္ပါတယ္။ ဒါဆို စိုးရိမ္စရာအေကာင္းဆုံးအရာေတြကဘာေတြလဲလို႔ ေတြးၾကည့္လိုက္ရင္ ေနာက္ဆုံး ၄ ပြဲမွာ စိုးရိမ္စရာ ၄ ခု ရွိေနတာကို ေတြ႕ရပါတယ္။

၁။ တန္းမဆင္းရဖို႔ တိုက္ပြဲဝင္ေနတဲ့ အသင္း ၂ သင္းနဲ႔ ရင္ဆိုင္ေနရျခင္း

လိဒ္စ္နဲ႔ အဲဗာတန္တို႔ကို လက္က်န္ ၄ ပြဲမွာ အိမ္ကြင္းမွာ ရင္ဆိုင္ရမွာက ပုံမွန္အားျဖင့္ စိတ္သက္သာစရာ ျဖစ္ပါတယ္။ ဒီ ၂ သင္းဟာ တန္းမဆင္းရဖို႔အတြက္ တိုက္ပြဲဝင္ေနတဲ့ အလြန္ေျခစြမ္းပိုင္း ဆိုးရြားေနတဲ့ အသင္းေတြျဖစ္ၿပီး ရာသီကုန္ခါနီးမွာ ၎တို႔ရဲ့ သက္ဆိုင္ရာ အဆင့္အတန္းေတြဟာ ႀကိဳးတန္းေပၚေလၽွာက္ေနရသလို ျဖစ္ေနတဲ့အခ်ိန္မွာ အေကာင္းျမင္နိုင္စြမ္းကလည္း သိသိသာသာ နည္းပါးေနတာျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ကို တန္းဆင္းခံရခါနီးမွ ကပ္သီးေလး လြတ္ေျမာက္ခဲ့တဲ့ အံ့ဖြယ္လြတ္ေျမာက္မႈအခ်ိဳ႕ ရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္တုန္းက ဆန္းဒါးလန္းရဲ့ အမွတ္ရဖြယ္ ရွင္သန္က်န္ရစ္မႈက အမွတ္ရစရာ ျဖစ္ခဲ့ပါတယ္။ ဆန္းဒါးလန္းဟာ ၆ ပြဲသာ ကစားဖို႔ က်န္ေတာ့တဲ့အခ်ိန္မွာ တန္းဆင္းဇုန္ရဲ့အထက္ ၇ မွတ္မွာ ရွိေနခဲ့ခ်ိန္မွာ တန္းဆင္းရမယ့္ အသင္းေတြထဲက တစ္သင္းျဖစ္ေနခဲ့ပါတယ္။

ေနာက္ဆုံး ၆ ပြဲအတြင္းမွာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ကို အေဝးကြင္းမွာ အံ့အားသင့္ဖြယ္ အနိုင္ရရွိခဲ့မႈနဲ႔အတူ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္နိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါက အဆိုးရြားဆုံးဆိုတဲ့အသင္းကေတာင္ အႀကီးမားဆုံး အံ့အားသင့္စရာေတြကို လုပ္ျပနိုင္စြမ္းရွိတယ္ဆိုတာကို သက္ေသျပသေနတာျဖစ္ၿပီး အဲဒါရာသီမွာ တန္းမဆင္းရဖို႔အတြက္ ၃၆ မွတ္သာ လိုအပ္ခဲ့တာျဖစ္ပါတယ္။ အခု လက္ရွိလိဒ္စ္ရဲ့အေျခအေနအရ ၃၄ မွတ္သာ လိုအပ္ေနတာက ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ခဲ့ဖူးသမၽွ အဆိုးရြားဆုံးအသင္းေတြထက္ေတာ့ သာတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ အသက္ရွင္ရပ္တည္နိုင္ဖို႔အတြက္ ေကာက္ရိုးတမၽွင္လို မီရာလွမ္းဆြဲေတာ့မယ့္ လိဒ္စ္နဲ႔ အဲဗာတန္တို႔ ၂ သင္းစလုံးနဲ႔ လက္က်န္ ၄ ပြဲမွာ ရင္ဆိုင္ရမယ့္ အာဆင္နယ္အတြက္ေတာ့ ဒါက စိုးရိမ္စရာကိစၥတစ္ခု ျဖစ္လာေနၿပီျဖစ္ပါတယ္။

၂။ ဖိအားေတြ ခံစားေနရၿပီျဖစ္တဲ့ အာဆင္နယ္ကစားသမားမ်ား

အာဆင္နယ္အသင္းဟာ ယခုရာသီတေလၽွာက္လုံးမွာ ခ်ီးက်ဴးမႈေတြ အမ်ားအျပား ခံခဲ့ရတဲ့အသင္းျဖစ္ေပမယ့္ ဖိအားေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ ႐ုန္းကန္ရမႈေတြက ပုံမွန္စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။ အဲဒါက နည္းျပမွာလည္း ျပႆနာျဖစ္နိုင္တဲ့ တစ္စုံတရာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ကို အနိုင္ရရွိခဲ့တဲ့ပြဲဟာ အာဆင္နယ္အသင္း လဲၿပိဳေနတဲ့ ကာလအတြင္းမွာ ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ဂိုးတိုင္ေတြကို အႀကိမ္ေပါင္းမ်ားစြာ ေက်းဇူးတင္ခဲ့ရသလို အာရြန္ ရမ္းစ္ေဒးလ္ကိုလည္း ေက်းဇူးတင္ခဲ့ရၿပီး အသင္းတစ္သင္းလုံးရဲ့ တည္ၿငိမ္မႈက်ဆင္းေနမႈက ေလးေလးနက္နက္ စိတ္ပူပင္စရာျဖစ္ခဲ့ပါတယ္။ အာဆင္နယ္လူစာရင္းဟာ မယုံနိုင္ေအာင္ ငယ္ရြယ္တဲ့အသင္းျဖစ္တယ္ဆိုတာ အားလုံးသိထားၿပီးျဖစ္ၿပီး ကစားသမားအမ်ားစုအတြက္ေတာ့ တစ္ခါမွ မႀကံဖူးတဲ့ စိန္ေခၚမႈမ်ိဳးနဲ႔ ရင္ဆိုင္ေနရတာပါ။

လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ တစ္ေနရာရဖို႔အတြက္ ဥေရာပမွာ အေကာင္းဆုံးအသင္းေတြထဲက အခ်ိဳ႕နဲ႔ တိုက္ပြဲဝင္ေနရတာျဖစ္ၿပီး လက္ရွိပြဲစဥ္တိုင္းမွာ မယုံနိုင္ေလာက္ေအာင္ အေလးထားကစားေနရတဲ့အခ်ိန္မွာ ရလဒ္ကလည္း ႀကီးမားတဲ့အခန္းက႑မွာ ပါဝင္ေနပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးရဲ့ လက္က်န္ ၄ ပြဲမွာ အားသာခ်က္တစ္ခုက ၂ ႀကိမ္မွာ ပထမအႀကိမ္ ကစားထားတာျဖစ္ပါတယ္။ ေလးပြဲထဲက တစ္ပြဲဟာ ဒါဘီပြဲျဖစ္ၿပီး က်န္တဲ့ပြဲက ေနာက္ဆုံးေန႔ပြဲျဖစ္တာေၾကာင့္ ဒီအသင္းဟာ ျဖစ္ပ်က္ခဲ့တဲ့ရလဒ္ကို သိထားၿပီးျဖစ္တဲ့အတြက္ မွန္မွန္ကန္ကန္ တုံ႔ျပန္နိုင္မွာျဖစ္ပါတယ္။ ဒါက ဒီရာသီမွမဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္ေတြမွာပါ ဒီလိုမ်ိဳး အတားအဆီးေတြမွာ ေႏွာင့္ေႏွးခဲ့တဲ့ အာဆင္နယ္အတြက္ေတာ့ ႀကီးမားတဲ့ဖိအားျဖစ္လာမွာျဖစ္ပါတယ္။

၃။ လီဗာပူးလ္နဲ႔ပြဲမွာ တုန္လႈပ္စရာေတြ လုပ္ျပနိုင္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါး

လီဗာပူးလ္က မယုံနိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့အသင္းျဖစ္ၿပီး ထူးျခားတဲ့နည္းျပ၊ ကမၻာ့အဆင့္ကစားသမားေတြ ေနရာတိုင္းမွာရွိတဲ့ အံ့မခန္းအသင္းျဖစ္ပါတယ္။ နည္းၿပ ကေလာ့ပ္လက္ေအာက္မွာ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေၾကာင့္ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ၿပီး ၎တို႔ရဲ့ ႀကီးက်ယ္ခမ္းနားမႈကို သက္ေသျပဖို႔ မလုံေလာက္ေသးတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ဒီရာသီမွာပြဲစဥ္တိုင္းမွာ နိုင္ပြဲ ရနိုင္သေလာက္ ရယူသြားမွာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးကို မ်က္ျခည္အျပတ္ခံလို႔မရတာေၾကာင့္ ျဖစ္ပါတယ္။ မၾကဳံစဖူး ဖလား ၄ လုံး လမ္းေၾကာင္းေပၚမွာ ရွိေနေသးၿပီး အမ်ားစုကေတာ့ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားကို ရယူဖို႔ အားေပးမွာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ က်န္ေနေသးတဲ့ အခက္ခဲဆုံးအလုပ္က ပရီးမီးယားလိဂ္မွာ တည္ၿငိမ္မႈကို ထိန္းသိမ္းထားဖို႔ျဖစ္ၿပီး မန္စီးတီးအေနနဲ႔ တစ္ပြဲပြဲမွာ ေျခေခ်ာ္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ့ ပရီးမီးယားလိဂ္ဖလား ေမၽွာ္လင့္ခ်က္ဟာ မန္စီးတီးရဲ့ရမွတ္ေလ်ာ့က်မႈအေပၚမွာ လုံးလုံး မူတည္ေနၿပီး မာေဆးဆိုဒ္အသင္းဟာ လက္က်န္ပြဲအားလုံးမွာ အနိုင္ရဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ပါတယ္။ အဲဒီပြဲစဥ္ေတြထဲမွာ စေနေန႔ညပြဲစဥ္ကေတာ့ ခၽြင္းခ်က္ျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အနိုင္ရဖို႔ ေရပန္းမစားဘဲ လီဗာပူးလ္နဲ႔ မယွဥ္နိုင္ေပမယ့္ တုန္လႈပ္စရာေတြကို လုပ္ျပနိုင္စြမ္းရွိပါတယ္။ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့သူအားလုံးဟာ စပါးစ္က မန္စီးတီး အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္တဲ့ပြဲစဥ္မွာ မန္စီးတီးဘက္က အားေပးခဲ့ေပမယ့္လည္း စပါးစ္က ၃-၂ နဲ႔ အေဝးကြင္းနိုင္ပြဲကို အံ့အားသင့္ဖြယ္ ရယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲအၿပီး ဘန္ေလကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ကြာျခားတယ္လို႔ ခံစားရမွာျဖစ္ၿပီး အထူးသျဖင့္ အန္းဖီးမွာ ကစားၿပီးေနာက္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို အရွိန္အဟုန္အျပည့္နဲ႔ လာမယ့္ စပါးစ္ကို အာဆင္နယ္က ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

၄။ ထင္ထားတာထက္ ဒဏ္ရာပိုရခဲ့တဲ့ ဆာကာ

ဆာကာဟာ အာဆင္နယ္အသင္းရဲ့ တစ္ရာသီလုံး အကန္ခံခဲ့ရတဲ့ ကစားသမားျဖစ္ခဲ့ၿပီး ဆာကာကိုမ်ား အလွည့္က် ဝိုင္းကန္ေနတာလားလို႔ေတာင္ စၿပီး ေျပာလာၾကၿပီျဖစ္ပါတယ္။ အခုဆိုရင္ ဆာကာအေနနဲ႔ ပြဲကို အျပည့္အဝမကစားနိုင္ခဲ့တာ ၂ ပြဲရွိေနခဲ့ၿပီျဖစ္ၿပီး ၂ ႀကိမ္စလုံးမွာ ပင္ပန္းႏြမ္းနယ္ေနပုံမေပၚေပမယ့္ အာတီတာ ေျပာသလိုမဟုတ္ဘဲ အဆုံးမွာေတာ့ လမ္းေတာင္ မေလၽွာက္နိုင္ခဲ့တာျဖစ္ပါတယ္။ “ဘူကာယိုက အဆင္ေျပပါတယ္။ သူက တကယ္ကို ပင္ပန္းႏြမ္းနယ္ေနၿပီး ဒဏ္ရာနည္းနည္းလည္း ရေနခဲ့တာပါ”လို႔ ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ အာတီတာက ေျပာခဲ့တာပါ။ ဆာကာရဲ့ ျပႆနာဟာ အာဆင္နယ္ပရိသတ္ေတြအတြက္ ယုံၾကည္ခ်က္အျပည့္အဝ မရွိေစမယ့္ ေနာက္ဆုံးအပိုင္းျဖစ္ၿပီး နည္းျပအာတီတာက အဆင္ေျပတယ္လို႔ ေျပာခဲ့တာေၾကာင့္ စိုးရိမ္စရာမျဖစ္သင့္ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပဟာ ကစားသမားေတြ ပါဝင္ကစားေပးနိုင္ေျခနဲ႔ ႀကံ့ခိုင္မႈအပိုင္းကို အမွန္အတိုင္းမေျပာတတ္သူလို႔ လူသိမ်ားခဲ့သူျဖစ္ပါတယ္။

ဆာကာဟာ အာဆင္နယ္အသင္းအတြက္ လုံးဝကို အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ၿပီး အခုလည္း အေရးႀကီးသလို ေနာင္လည္း အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ေနဦးမွာျဖစ္ပါတယ္။ နီကိုလာ ေပေပသာ ဆာကာအစား ပြဲထြက္လူစာရင္းထဲမွာ ပါဝင္လာခဲ့ရင္ဆိုတဲ့အေတြးက အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ စိတ္ႏွလုံးညႇိုးႏြမ္းေစမွာျဖစ္ပါတယ္။ ဆာကာရဲ့ ဒဏ္ရာျပႆနာက သိပ္အမ်ားႀကီး စိုးရိမ္စရာမဟုတ္တာလည္း ျဖစ္ေကာင္းျဖစ္နိုင္သလို ဒီရာသီမွာ ထိပ္ဆုံး ၄ ေနရာအတြင္း မၿပီးဆုံးနိုင္တာေၾကာင့္ ေမၽွာ္မွန္းခ်က္ေတြကို ေလၽွာ့ခ်ဖို႔ မသိစိတ္ရဲ့ ႀကိဳးပမ္းမႈမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ဆာကာသာမပါနိုင္ရင္ဆိုတဲ့အေတြးက ပရိသတ္ေတြစိတ္ထဲမွာ တအုံ႔တေႏြးေႏြးျဖစ္ေနမွာေသခ်ာေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.