Bundesliga Premier League Transfer News

ယူႏုိက္တက္ပရိသတ္ေတြေတာင္ စိတ္မရွည္စရာျဖစ္လာတဲ့ ေဒါ့မြန္ရဲ႕ ဆန္ခ်ဳိအတြက္ ေတာင္းဆုိမွဳ

ေဒါ့မြန္ကေတာ့ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေဈးေလွ်ာ့ေပးမယ္ေျပာလိုက္၊ ေနာက္မွ ေဈးျပန္ကိုင္လုိက္နဲ႔ အမ်ဳိးမ်ဳိးျပဳလုပ္ေနၿပီး ဒါကေတာ့ မန္ခ်က္စတာယူႏိုက္တက္ တာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြအတြက္ စိတ္မရွည္စရာျဖစ္လာခဲ့သလို ေနာက္ဆုံး ကမ္းလွမ္းလုိက္တဲ့ ေပါင္ ၈၉ သန္းတန္ ကမ္းလွမ္းမွဳကို ပယ္ခ်လုိက္ျပန္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရေတာ့ ေပါင္သန္း ၁၀၀ ဆုိရင္ လက္ခံစဥ္းစားမယ္လို႔ ဆုိခဲ့ေပမယ့္ လက္ရွိမွာေတာ့ အေျပာနဲ႔ အလုပ္မညီတဲ့ ေဒါ့မြန္တာဝန္ရွိသူေတြက ဆန္ခ်ဳိအတြက္ ေပါင္ ၁၀၉ သန္း ရေတာ့မွ စဥ္းစားေတာ့မယ္လို႔ ဆုိခဲ့ၿပီး ယူႏုိက္တက္အတြက္ေတာ့ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ပါတယ္။

ပရိသတ္ေတြထဲမွာေတာ့ မေခၚယူဖို႔ ေျပာေနၾကတဲ့ အသံေတြကိုလည္း ၾကားေနရေပမယ့္ ယူႏုိက္တက္ရဲ႕ ေနာက္ဆုံး အမွတ္ေပးဇယားရပ္တည္မွဳ အဆင့္ ၃ အတြက္ ဆုေၾကး၊ ခ်န္ပီယံလိဂ္ကစားရင္ ရရွိမယ့္ ဆုေၾကးနဲ႔ အက္ဒီးဒတ္စ္ဆီက အျဖတ္ခံစရာမလိုေတာ့တဲ့ စပြန္ဆာေငြ ေပါင္ ၂၅ သန္းတုိ႔ဟာ ဆန္ခ်ဳိအတြက္ အသုံးျပဳ ေခၚယူႏုိင္တဲ့ လုံေလာက္တဲ့ ပမာဏလည္းျဖစ္ေနလို႔ အုိးလ္ထရက္ဖို႔ဒ္ဘက္က စိတ္ရွည္မလားေတာ့ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၃ ႏွစ္က ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးအသင္းကေန ေပါင္ ၈ သန္းတန္ ေရာင္းခ်မွဳျဖစ္ခဲ့တဲ့ အဂၤလန္လက္ေရြးစင္ေတာင္ပံကစားသမားအတြက္ ေဒါ့မြန္ရဲ႕ အမ်ဳိးမ်ဳိး ေဈးကိုင္မွဳကေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးအေျခအေနေတြ က်ဆင္းေနခ်ိန္မွာ ျဖစ္သင့္တာထက္ ေက်ာ္လြန္တဲ့ လုပ္ရပ္လည္းျဖစ္ေနၿပီး ဆန္ခ်ဳိနဲ႔ ပုဂၢဳိလ္ေရး သေဘာတူညီၿပီးျဖစ္တဲ့ ယူႏုိက္တက္အေနနဲ႔ေတာ့ မ်က္ႏွာမပ်က္ေစဖို႔ ထပ္မံႀကဳိးစားသြားဖြယ္ရွိေနပါတယ္။

ဒီအေနအထားမွာေတာ့ ကစားသမားအေနနဲ႔ အသင္းကို ေဈးႏွဳန္းေလွ်ာ့ခ်ဖို႔ ဖိအားေပးသြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ ဘာမွ ထိထိေရာက္ေရာက္ မေဆာင္ရြက္ႏိုင္ေသးတဲ့ ပုံစံကိုလည္း ျမင္ေတြ႕ေနရၿပီး သူ႕ရဲ႕ေအးဂ်င့္ကုမၸဏီ Elite Project Group ရဲ႕ ၾကားဝင္ေဆာင္ရြက္မွဳကပါ ေႏွာင့္ေႏွးေနတဲ့ ပုံစံရွိလို႔ ယူႏုိက္တက္တို႔အေနနဲ႔ ေပါင္သန္း ၁၀၀ နဲ႔ ထပ္မံကမ္းလွမ္းမွဳက ေနာက္ဆုံးျဖစ္ႏိုင္တယ္လို႔ေတာ့ အေျပာင္းအေရႊ႕ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒေါ့မွန်ကတော့ သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ဈေးလျှော့ပေးမယ်ပြောလိုက်၊ နောက်မှ ဈေးပြန်ကိုင်လိုက်နဲ့ အမျိုးမျိုးပြုလုပ်နေပြီး ဒါကတော့ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် စိတ်မရှည်စရာဖြစ်လာခဲ့သလို နောက်ဆုံး ကမ်းလှမ်းလိုက်တဲ့ ပေါင် ၈၉ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြန်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ ပေါင်သန်း ၁၀၀ ဆိုရင် လက်ခံစဉ်းစားမယ်လို့ ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ အပြောနဲ့ အလုပ်မညီတဲ့ ဒေါ့မွန်တာဝန်ရှိသူတွေက ဆန်ချိုအတွက် ပေါင် ၁၀၉ သန်း ရတော့မှ စဉ်းစားတော့မယ်လို့ ဆိုခဲ့ပြီး ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာလည်းဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေထဲမှာတော့ မခေါ်ယူဖို့ ပြောနေကြတဲ့ အသံတွေကိုလည်း ကြားနေရပေမယ့် ယူနိုက်တက်ရဲ့ နောက်ဆုံး အမှတ်ပေးဇယားရပ်တည်မှု အဆင့် ၃ အတွက် ဆုကြေး၊ ချန်ပီယံလိဂ်ကစားရင် ရရှိမယ့် ဆုကြေးနဲ့ အက်ဒီးဒတ်စ်ဆီက အဖြတ်ခံစရာမလိုတော့တဲ့ စပွန်ဆာငွေ ပေါင် ၂၅ သန်းတို့ဟာ ဆန်ချိုအတွက် အသုံးပြု ခေါ်ယူနိုင်တဲ့ လုံလောက်တဲ့ ပမာဏလည်းဖြစ်နေလို့ အိုးလ်ထရက်ဖို့ဒ်ဘက်က စိတ်ရှည်မလားတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကနေ ပေါင် ၈ သန်းတန် ရောင်းချမှုဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားအတွက် ဒေါ့မွန်ရဲ့ အမျိုးမျိုး ဈေးကိုင်မှုကတော့ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးအခြေအနေတွေ ကျဆင်းနေချိန်မှာ ဖြစ်သင့်တာထက် ကျော်လွန်တဲ့ လုပ်ရပ်လည်းဖြစ်နေပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီပြီးဖြစ်တဲ့ ယူနိုက်တက်အနေနဲ့တော့ မျက်နှာမပျက်စေဖို့ ထပ်မံကြိုးစားသွားဖွယ်ရှိနေပါတယ်။

ဒီအနေအထားမှာတော့ ကစားသမားအနေနဲ့ အသင်းကို ဈေးနှုန်းလျှော့ချဖို့ ဖိအားပေးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတဲ့ ပုံစံကိုလည်း မြင်တွေ့နေရပြီး သူ့ရဲ့အေးဂျင့်ကုမ္ပဏီ Elite Project Group ရဲ့ ကြားဝင်ဆောင်ရွက်မှုကပါ နှောင့်နှေးနေတဲ့ ပုံစံရှိလို့ ယူနိုက်တက်တို့အနေနဲ့ ပေါင်သန်း ၁၀၀ နဲ့ ထပ်မံကမ်းလှမ်းမှုက နောက်ဆုံးဖြစ်နိုင်တယ်လို့တော့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.