UCL&UEL

ပေါင်သန်း ၂၀၀ တန် လူစာရင်းကို စိတ်ဓာတ်နဲ့ဖြုတ်ချပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲတက်တဲ့ ရိန်းဂျားစ်

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရိန်းဂျားစ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ရိန်းဂျားစ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိပြီး ၂ ကျော့ပေါင်း ၃-၂ နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ် ပြီးဆုံးသွားတဲ့အချိန်မှာ အိုင်းဘရော့စ်ကွင်းထဲမှာ ပျော်ရွှင်မှု လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုကြောင့် ကြက်သီးထချင်စရာကောင်းလောက်အောင် ဆူညံနေခဲ့ပါတယ်။ လိုက်ပ်ဇစ် ကစားသမားတွေဟာ မြက်ခင်းပြင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး ဂလက်စ်ဂိုမြို့ကောင်းကင်ကို စိတ်ပျက်လက်ပျက်နဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်။

သမိုင်းကြောင်းဟာ သူ့အလိုလို တစ်ပတ်ပြန်မလည်နိုင်ပေမယ့်လည်း တစ်ခါတလေကျရင် စည်းချက်အလိုက်ဖြစ်တတ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး Cup Winners Cup ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဘိုင်ယန်မြူးနစ်လူစာရင်းမှာ ဘက်ကင်ဘောင်ဝါ၊ ဂတ် မူလာ၊ ပေါလ် ဘရိုက်တ်နာ၊ ဆက်ပ် မေရာတို့ ပါဝင်ခဲ့ပြီး ရိန်းဂျားစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမန်ပြိုင်ဘက်ကို အနိုင်ယူပြီး ၎င်းတို့ရဲ့ ၅ ကြိမ်မြောက် ဥရောပဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ရိန်းဂျားစ်အသင်းဟာ လာမယ့် ၂ ပတ်အတွင်း ဆီဗီးလ်မြို့မှာ ကျင်းပမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး တတိယမြောက် ဘွန်ဒက်စ်လီဂါပြိုင်ဘက်ဖြစ်တဲ့ ဖရန့်ဖွတ်နဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ပေါင်သန်း ၂၀၀ အထိ သုံးစွဲပြီး တည်ဆောက်ထားတဲ့ လိုက်ပ်ဇစ်အသင်းဟာ အဆုံးမှာတော့ ဘာမှ ထူးခြားမှုမရှိဘူးဆိုတာကို သက်သေပြသခဲ့ပြီး အန်ကွန်ကူရဲ့ ယခုရာသီ ၃၂ ဂိုးမြောက်သွင်းဂိုးက အချိန်ပို ဆက်ကစားပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူရနိုင်ခြေအထိ ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉ မိနစ်မှာ ရိုင်ယန် ကန့်က ဘယ်တောင်ပံကနေ ထိုးဖောက်လာပြီး ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဂျိမ်းစ် တာဗာနီးယားစ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူပြီး ရိန်းဂျားစ်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၅ မိနစ်အကြာမှာ စကော့တ် ရိုက်က ပင်နယ်တီဧရိယာထိပ်မှာ လူကပ်မခံထားရတဲ့ ဂလန်း ကာမာရာဆီကို ဘောလုံး ထိုးပေးခဲ့ရာမှာ ရိန်းဂျားစ် တောင်ပံကစားသမားက ဘယ်ခြေနဲ့ မြေလှိမ့်ဘော အပြင်းကန်သွင်းခဲ့တာကို လိုက်ပ်ဇစ် ဂိုးသမား ဂူလာချီ ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ခွင့်ပြု ပေးခဲ့ရတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ၂၄ မိနစ်အတွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာကြောင့် တိုက်စစ်ကို အရှိန်မြှင့်လာခဲ့ပြီး ရိန်းဂျားစ်အသင်းကလည်း တန်ပြန်တိုက်စစ်ကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၉ မိနစ်မှာ စကော့တ် ရိုက်က ညာတောင်ပံကနေ ပင်နယ်တီဧရိယာထဲကို ချိုးပေးခဲ့ရာမှာ လူကပ်ခံထားရခြင်းမရှိတဲ့ အာရီဘိုက ကန်သွင်းယူခဲ့ပေမယ့် ဘောချော်သွားခဲ့တာကြောင့် ရိန်းဂျားစ်တို့ နောက်ထပ်ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးက အပြန်အလှန်တိုက်စစ်ဆင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ကြပြီး ၇၁ မိနစ်မှာ ခရစ္စတိုဖာ အန်ကွန်ကူက ၂ ကျော့ပေါင်း ၂-၂ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လိုက်ပ်ဇစ် ဘယ်နောက်ခံတောင်ပံကစားသမား အိန်ဂျလီနိုက ဘယ်တောင်ပံတကြောကနေ ဆွဲပြေးလာပြီးနောက် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အန်ကွန်ကူက ညာခြေနဲ့ အသာအယာ လမ်းကြောင်းပြောင်းပေးခဲ့ရာမှာ ရိန်းဂျားစ်ဂိုးသမား မက်ဂရီဂေါ် ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ ဘယ်တောင်ပံကနေ ဖြတ်တင်လိုက်တဲ့ဘောလုံးကို လိုက်ပ်ဇစ်နောက်ခံကစားသမား ခေါင်းတိုက်ရှင်းထုတ်ရာကနေ ကျလာတဲ့ဘောလုံးကို လန်းစထရန်းက ဘယ်ခြေနဲ့ အပြင်းပိတ်သွင်းပြီး ရိန်းဂျားစ်အသင်း အနိုင်ရရှိစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၾကာသပေတးေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရိန္းဂ်ားစ္နဲ႔ လိုက္ပ္ဇစ္အသင္းတို႔ရဲ့ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္မွာ ရိန္းဂ်ားစ္အသင္းက ၃-၁ နဲ႔ အနိုင္ရရွိၿပီး ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္ ၿပီးဆုံးသြားတဲ့အခ်ိန္မွာ အိုင္းဘေရာ့စ္ကြင္းထဲမွာ ေပ်ာ္ရႊင္မႈ လွိုင္းလုံးႀကီးေတြရဲ့ ရိုက္ခတ္မႈေၾကာင့္ ၾကက္သီးထခ်င္စရာေကာင္းေလာက္ေအာင္ ဆူညံေနခဲ့ပါတယ္။ လိုက္ပ္ဇစ္ ကစားသမားေတြဟာ ျမက္ခင္းျပင္ေပၚ ေျခပစ္လက္ပစ္ လွဲခ်လိုက္ၿပီး ဂလက္စ္ဂိုၿမိဳ႕ေကာင္းကင္ကို စိတ္ပ်က္လက္ပ်က္နဲ႔ စိုက္ၾကည့္ေနခဲ့ၾကပါတယ္။

သမိုင္းေၾကာင္းဟာ သူ႔အလိုလို တစ္ပတ္ျပန္မလည္နိုင္ေပမယ့္လည္း တစ္ခါတေလက်ရင္ စည္းခ်က္အလိုက္ျဖစ္တတ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ တုန္းက ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို အနိုင္ယူၿပီး Cup Winners Cup ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက ဘိုင္ယန္ျမဴးနစ္လူစာရင္းမွာ ဘက္ကင္ေဘာင္ဝါ၊ ဂတ္ မူလာ၊ ေပါလ္ ဘရိုက္တ္နာ၊ ဆက္ပ္ ေမရာတို႔ ပါဝင္ခဲ့ၿပီး ရိန္းဂ်ားစ္အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ဂ်ာမန္ၿပိဳင္ဘက္ကို အနိုင္ယူၿပီး ၎တို႔ရဲ့ ၅ ႀကိမ္ေျမာက္ ဥေရာပဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း ရိန္းဂ်ားစ္အသင္းဟာ လာမယ့္ ၂ ပတ္အတြင္း ဆီဗီးလ္ၿမိဳ႕မွာ က်င္းပမယ့္ ယူရိုပါလိဂ္ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့ၿပီျဖစ္ၿပီး တတိယေျမာက္ ဘြန္ဒက္စ္လီဂါၿပိဳင္ဘက္ျဖစ္တဲ့ ဖရန႔္ဖြတ္နဲ႔ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။ ေပါင္သန္း ၂၀၀ အထိ သုံးစြဲၿပီး တည္ေဆာက္ထားတဲ့ လိုက္ပ္ဇစ္အသင္းဟာ အဆုံးမွာေတာ့ ဘာမွ ထူးျခားမႈမရွိဘူးဆိုတာကို သက္ေသျပသခဲ့ၿပီး အန္ကြန္ကူရဲ့ ယခုရာသီ ၃၂ ဂိုးေျမာက္သြင္းဂိုးက အခ်ိန္ပို ဆက္ကစားၿပီး ပင္နယ္တီအဆုံးအျဖတ္ ခံယူရနိုင္ေျခအထိ ၿခိမ္းေျခာက္နိုင္ခဲ့တာျဖစ္ပါတယ္။

၁၉ မိနစ္မွာ ရိုင္ယန္ ကန႔္က ဘယ္ေတာင္ပံကေန ထိုးေဖာက္လာၿပီး ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ဂ်ိမ္းစ္ တာဗာနီးယားစ္က လြတ္လြတ္ကၽြတ္ကၽြတ္ ပိတ္သြင္းယူၿပီး ရိန္းဂ်ားစ္တို႔ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၅ မိနစ္အၾကာမွာ စေကာ့တ္ ရိုက္က ပင္နယ္တီဧရိယာထိပ္မွာ လူကပ္မခံထားရတဲ့ ဂလန္း ကာမာရာဆီကို ေဘာလုံး ထိုးေပးခဲ့ရာမွာ ရိန္းဂ်ားစ္ ေတာင္ပံကစားသမားက ဘယ္ေျခနဲ႔ ေျမလွိမ့္ေဘာ အျပင္းကန္သြင္းခဲ့တာကို လိုက္ပ္ဇစ္ ဂိုးသမား ဂူလာခ်ီ ဘယ္လိုမွ မကာကြယ္နိုင္ဘဲ ခြင့္ျပဳ ေပးခဲ့ရတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ ၂၄ မိနစ္အတြင္းမွာ ဦးေဆာင္ဂိုး ၂ ဂိုးအထိ ခြင့္ျပဳခဲ့ရတာေၾကာင့္ တိုက္စစ္ကို အရွိန္ျမႇင့္လာခဲ့ၿပီး ရိန္းဂ်ားစ္အသင္းကလည္း တန္ျပန္တိုက္စစ္ကေန ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ဆက္လက္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ၂၉ မိနစ္မွာ စေကာ့တ္ ရိုက္က ညာေတာင္ပံကေန ပင္နယ္တီဧရိယာထဲကို ခ်ိဳးေပးခဲ့ရာမွာ လူကပ္ခံထားရျခင္းမရွိတဲ့ အာရီဘိုက ကန္သြင္းယူခဲ့ေပမယ့္ ေဘာေခ်ာ္သြားခဲ့တာေၾကာင့္ ရိန္းဂ်ားစ္တို႔ ေနာက္ထပ္ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံးက အျပန္အလွန္တိုက္စစ္ဆင္ခဲ့တာေၾကာင့္ အႀကိတ္အနယ္ရွိခဲ့ၾကၿပီး ၇၁ မိနစ္မွာ ခရစၥတိုဖာ အန္ကြန္ကူက ၂ ေက်ာ့ေပါင္း ၂-၂ ညီမၽွသြားေစမယ့္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။ လိုက္ပ္ဇစ္ ဘယ္ေနာက္ခံေတာင္ပံကစားသမား အိန္ဂ်လီနိုက ဘယ္ေတာင္ပံတေၾကာကေန ဆြဲေျပးလာၿပီးေနာက္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို အန္ကြန္ကူက ညာေျခနဲ႔ အသာအယာ လမ္းေၾကာင္းေျပာင္းေပးခဲ့ရာမွာ ရိန္းဂ်ားစ္ဂိုးသမား မက္ဂရီေဂၚ ဘယ္လိုမွ မတတ္နိုင္ဘဲ ဂိုးခြင့္ျပဳေပးလိုက္ရတာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ဘယ္ေတာင္ပံကေန ျဖတ္တင္လိုက္တဲ့ေဘာလုံးကို လိုက္ပ္ဇစ္ေနာက္ခံကစားသမား ေခါင္းတိုက္ရွင္းထုတ္ရာကေန က်လာတဲ့ေဘာလုံးကို လန္းစထရန္းက ဘယ္ေျခနဲ႔ အျပင္းပိတ္သြင္းၿပီး ရိန္းဂ်ားစ္အသင္း အနိုင္ရရွိေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.