La Liga UCL&UEL

ဗိုလ်လုပွဲမတိုင်ခင်ကတည်းက လီဗာပူးလ်ကို လေကြိုတိုက်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုလနှောင်းပိုင်းမှာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တကျော့ပြန်ပွဲစဉ်အဖြစ်နဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

စပိန်လာလီဂါချန်ပီယံတွေဟာ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ပွဲကစားချိန်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ဒီပွဲစဉ်ကို ပထမအကျော့တုန်းက ၄-၃ အိမ်ကွင်းနိုင်ပွဲ အားသာချက်နဲ့အတူ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၇၃ မိနစ်မှာ မာရက်ဇ်က မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်စေမယ့် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အရာအားလုံးက ဧည့်သည်အသင်းအတွက် ပိုလို့တောင် ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိနစ် ၉၀ ကနေ နာကျင်အချိန်ပိုအတွင်း ဘရာဇီးလ်တိုက်စစ်မှူး ရိုဒရီဂိုသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးက အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ အချိန်ပိုမှာ ရူဘင် ဒီယက်စ်က ဘန်ဇီးမားကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့အချိန်မှာ အရာအားလုံးက ဆိုးသည်ထက် ပိုဆိုးလာခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက ပင်နယ်တီကနေတဆင့် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ နာကျင်အချိန်ပို လက်ကျန်မိနစ်တွေမှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို အမှန်တကယ် ဖိအားပေးနိုင်စွမ်းမရှိခဲ့တာကြောင့် ကာလို အန်ဆယ်လော့တီရဲ့အသင်းဟာ မေလ ၂၈ ရက်နေ့ ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားတွေဟာ ၎င်းတို့ရဲ့ အထူး ပြုလုပ်ထားတဲ့ အိမ်ကွင်းဝတ်စုံနဲ့ ကွင်းအတွင်းမှာ အောင်ပွဲခံခဲ့ကြပြီး အဲဒီဝတ်စုံရဲ့ကျောဘက်မှာ “All out for”ဆိုတဲ့စာသားနဲ့အတူ ကျောနံပါတ် ၁၄ ကို ရိုက်နှိပ်ထားတာဖြစ်ပါတယ်။

အဲဒီရှပ်ရဲ့ အဓိပ္ပာယ်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလား ၁၃ ကြိမ်အထိ ရရှိထားခဲ့ပြီးဖြစ်တာကြောင့် ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် အစွမ်းကုန်လုပ်သွားမယ်လို့ ဆိုလိုတာဖြစ်ပြီး လက်ရှိမှာတော့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေး ရရှိနေပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အခုလို လုပ်ခဲ့တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ဘဲ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးလ်နဲ့ ပွဲမတိုင်ခင် “All out for” ဆိုတဲ့စာသားနဲ့အတူ ကျောနံပါတ် ၁၃ ကို ဝတ်ဆင်ခဲ့ကြသေးတာစြဖ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကစားသမားတွေ ပြသခဲ့တဲ့ ဒီရှပ်ဟာ လီဗာပူးလ်ပရိသတ်တွေကြားမှာ ဒေါသထွက်စရာဖြစ်ခဲ့ပြီး ပရိသတ်အများစုက ဒီလိုစတန့်ထွင်တာက လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ဗိုလ်လုပွဲမှာ ၃-၁ နဲ့ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်အသင်းကို မေလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ဗိုလ်လုပွဲမတိုင်ခင် သတင်းစကား ပေးပို့လိုက်ပြီဖြစ်ပြီး တစ်ခုရှိတာကတော့ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးလ်နဲ့မတူညီတော့တဲ့ လီဗာပူးလ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ဦးတည်ပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ သတင်းစကား ပေးပို့ခဲ့ပြီးဖြစ်ပြီး မိုဟာမက် ဆာလားက ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ပွဲအပြီးမှာ လာလီဂါထိပ်သီးအသင်းကြီးကို လက်စားချေဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်ကြောင်းကို ပရိသတ်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးက ဖာဘင်ညိုနဲ့အတူ အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး “ငါတို့တွေ ခံစားခဲ့ရသလိုမျိုး ပြန်ခံစားရအောင် လုပ်ပေးရမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဟာ ယခုလေႏွာင္းပိုင္းမွာ ၂၀၁၈ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တေက်ာ့ျပန္ပြဲစဥ္အျဖစ္နဲ႔ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

စပိန္လာလီဂါခ်န္ပီယံေတြဟာ မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ ပြဲကစားခ်ိန္အမ်ားစုကို ထိန္းခ်ဳပ္ထားနိုင္ခဲ့ၿပီး ဂြါဒီယိုလာရဲ့အသင္းဟာ ဒီပြဲစဥ္ကို ပထမအေက်ာ့တုန္းက ၄-၃ အိမ္ကြင္းနိုင္ပြဲ အားသာခ်က္နဲ႔အတူ လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၇၃ မိနစ္မွာ မာရက္ဇ္က မန္ခ်က္စတာစီးတီးအသင္းကို ၂ ဂိုးအသာနဲ႔ ဦးေဆာင္နိုင္ေစမယ့္ အဖြင့္ဂိုးကို သြင္းယူနိုင္ခဲ့ၿပီးေနာက္ အရာအားလုံးက ဧည့္သည္အသင္းအတြက္ ပိုလို႔ေတာင္ ေကာင္းမြန္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မိနစ္ ၉၀ ကေန နာက်င္အခ်ိန္ပိုအတြင္း ဘရာဇီးလ္တိုက္စစ္မႉး ရိုဒရီဂိုသြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးက အေျခအေနအားလုံးကို ေျပာင္းျပန္လွန္ပစ္ခဲ့ၿပီး အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။ အခ်ိန္ပိုမွာ ႐ူဘင္ ဒီယက္စ္က ဘန္ဇီးမားကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တဲ့အခ်ိန္မွာ အရာအားလုံးက ဆိုးသည္ထက္ ပိုဆိုးလာခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက ပင္နယ္တီကေနတဆင့္ ရီးရဲလ္မက္ဒရစ္အသင္းကို အနိုင္ရရွိေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးဟာ နာက်င္အခ်ိန္ပို လက္က်န္မိနစ္ေတြမွာ အိမ္ရွင္ ရီးရဲလ္မက္ဒရစ္ကို အမွန္တကယ္ ဖိအားေပးနိုင္စြမ္းမရွိခဲ့တာေၾကာင့္ ကာလို အန္ဆယ္ေလာ့တီရဲ့အသင္းဟာ ေမလ ၂၈ ရက္ေန႔ ပဲရစ္မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပြဲအၿပီးမွာ ရီးရဲလ္မက္ဒရစ္အသင္းကစားသမားေတြဟာ ၎တို႔ရဲ့ အထူး ျပဳလုပ္ထားတဲ့ အိမ္ကြင္းဝတ္စုံနဲ႔ ကြင္းအတြင္းမွာ ေအာင္ပြဲခံခဲ့ၾကၿပီး အဲဒီဝတ္စုံရဲ့ေက်ာဘက္မွာ “All out for”ဆိုတဲ့စာသားနဲ႔အတူ ေက်ာနံပါတ္ ၁၄ ကို ရိုက္ႏွိပ္ထားတာျဖစ္ပါတယ္။

အဲဒီရွပ္ရဲ့ အဓိပၸာယ္ဟာ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္ဖလား ၁၃ ႀကိမ္အထိ ရရွိထားခဲ့ၿပီးျဖစ္တာေၾကာင့္ ၁၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔အတြက္ အစြမ္းကုန္လုပ္သြားမယ္လို႔ ဆိုလိုတာျဖစ္ၿပီး လက္ရွိမွာေတာ့ ၁၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔ အခြင့္အေရး ရရွိေနၿပီျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အခုလို လုပ္ခဲ့တာဟာ ပထမဆုံးအႀကိမ္ေတာ့မဟုတ္ဘဲ ၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကေလာ့ပ္ရဲ့ လီဗာပူးလ္နဲ႔ ပြဲမတိုင္ခင္ “All out for” ဆိုတဲ့စာသားနဲ႔အတူ ေက်ာနံပါတ္ ၁၃ ကို ဝတ္ဆင္ခဲ့ၾကေသးတာျစဖ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကစားသမားေတြ ျပသခဲ့တဲ့ ဒီရွပ္ဟာ လီဗာပူးလ္ပရိသတ္ေတြၾကားမွာ ေဒါသထြက္စရာျဖစ္ခဲ့ၿပီး ပရိသတ္အမ်ားစုက ဒီလိုစတန႔္ထြင္တာက ေလးစားမႈကင္းမဲ့တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ ၄ ႏွစ္တုန္းက ဗိုလ္လုပြဲမွာ ၃-၁ နဲ႔ အနိုင္ယူခဲ့တဲ့ လီဗာပူးလ္အသင္းကို ေမလ ၂၈ ရက္ေန႔မွာ က်င္းပမယ့္ ဗိုလ္လုပြဲမတိုင္ခင္ သတင္းစကား ေပးပို႔လိုက္ၿပီျဖစ္ၿပီး တစ္ခုရွိတာကေတာ့ ၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးလ္နဲ႔မတူညီေတာ့တဲ့ လီဗာပူးလ္ကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကလည္း ရီးရဲလ္မက္ဒရစ္အသင္းကို ဦးတည္ၿပီး ကိုယ့္နည္းကိုယ္ဟန္နဲ႔ သတင္းစကား ေပးပို႔ခဲ့ၿပီးျဖစ္ၿပီး မိုဟာမက္ ဆာလားက ရီးရဲလ္မက္ဒရစ္နဲ႔ မန္စီးတီးတို႔ပြဲအၿပီးမွာ လာလီဂါထိပ္သီးအသင္းႀကီးကို လက္စားေခ်ဖို႔ အခြင့္အေရး ရရွိခဲ့ၿပီျဖစ္ေၾကာင္းကို ပရိသတ္ေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးက ဖာဘင္ညိဳနဲ႔အတူ ေအာင္ပြဲခံေနတဲ့ ဓာတ္ပုံကို တင္ခဲ့ၿပီး “ငါတို႔ေတြ ခံစားခဲ့ရသလိုမ်ိဳး ျပန္ခံစားရေအာင္ လုပ္ေပးရမယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.