Serie A UCL&UEL

မော်ရင်ညိုရဲ့အသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ အေဘရာဟမ်

ရိုးမားအသင်းဟာ ကြာသပတေးနေ့ညက လက်စတာစီးတီးအသင်းကို အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် တန်မီ အေဘရာဟမ်ရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၂-၁ နဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရိုးမားအသင်းနည်းပြ မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းမှာတုန်းက ၎င်းရဲ့နည်းပြအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ ဘရန်ဒန် ရော့ဂျားစ်ကို အသာစီး ရယူနိုင်ခဲ့ပြီး ရိုးမားအသင်းဟာ ပထမပိုင်းအတွင်း လက်စတာစီးတီးရဲ့ အန္တရာယ်ရှိတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်ကို ငြင်းပယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လော်ရန်ဇိုး ပယ်လီဂရီနီဟာ ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဖြတ်တင်ပေးပို့ခဲ့ပြီး တန်မီ အေဘရာဟမ်က နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် ရိုးမားအသင်း ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

တောင်ပံ ၂ ဖက်မှာ ပြင်းပြင်းထန်ထန် ထိုးဖောက်ပြီး ရိုးမားအသင်းရဲ့ တန်ပြန်တိုက်စစ်ကို ခံနိုင်ရည်ရှိပုံပေါ်နေချိန်မှာ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ အရေးတကြီး အပြောင်းအလဲ လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ရော့ဂျားစ်က လွတ်ခ်မန်း၊ ဟာဗေး ဘန်းစ်တို့ရဲ့နေရာကို ပထမပိုင်းအပြီးမှာ အမာတေ၊ အီယန်နာချိုတို့နဲ့ အစားထိုးခဲ့ပြီး ရှည်လျားတဲ့ ဥရောပရာသီကို အဆုံးသတ်မှာ စိုးရိမ်တဲ့အတွက် ဧည့်သည်အသင်းဆီကနေ သိသာထင်ရှားတဲ့ အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းက အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တိကျမှုကင်းမဲ့နေဆဲဖြစ်နေချိန်မှာ ရိုးမားအသင်းက ဆက်လက်ပြီး သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပုံပေါ်ပြီး ဧည့်သည်အသင်းကို ဘောလုံးပိုင်ဆိုင်ခွင့်ပိုမိုပေးပြီး အမှားစောင့်နေခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ် မက်ဒီဆင်၊ အီယန်နာချိုတို့ရဲ့ ပွဲပြီးဆုံးခါနီး ဂိုးကန်သွင်းချက်တွေကို ရူအီ ပက်ထရီစီယိုက ကာကွယ်နိုင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်ဂိုးသမားအတွက်တော့ ၂ ကြိမ်စလုံးက ပြဿနာမဖြစ်ခဲ့ဘဲ သက်တောင့်သက်သာကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ လက်စတာစီးတီးအသင်းကို ကြာသပတေးနေ့ညမှာ အနိုင်ရရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေကလပ်အသင်းပြိုင်ပွဲမှာ အိမ်ကွင်း ၁၉ ပွဲအထိ ရှုံးပွဲမရှိတဲ့ စံချိန်ကို တိုးမြှင့်နိုင်ခဲ့ပြီး ဘရန်ဒန် ရော့ဂျားစ်ဟာ ပွဲအပြီးမှာ စိတ်ပျက်လက်ပျက်နဲ့ ကစားသမားတွေကို လိုက်လံနှစ်သိမ့်ပေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲစဉ်တလျှောက်လုံး ကစားသမားတွေကို ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့တဲ့ ဟိုဆေး မော်ရင်ညိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တာ ၂ နှစ်ထဲ ဝင်ရောက်နေချိန်မှာ အသင်းကို မေလ ၂၅ ရက်နေ့ တီရာနာမှာ ကျင်းပမယ့် ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲကို ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ညိုဟာ ယူရိုပါကွန်းဖရင့်လိဂ်၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြ ဖြစ်လာခဲ့ပြီဖြစ်ပြီး မေလ ၂၅ ရက်နေ့ ဗိုလ်လုပွဲမှာလည်း နောက်ထပ်စံချိန်သစ်တွေကို ရေးထိုးသွားနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရိုးမားအသင္းဟာ ၾကာသပေတးေန႔ညက လက္စတာစီးတီးအသင္းကို အသင္းရဲ့ထိပ္တန္းဂိုးသြင္းရွင္ တန္မီ ေအဘရာဟမ္ရဲ့ သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၂-၁ နဲ႔ ယူရိုပါကြန္းဖရင့္လိဂ္ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

ရိုးမားအသင္းနည္းၿပ ေမာ္ရင္ညိဳဟာ ခ်ဲလ္ဆီးအသင္းမွာတုန္းက ၎ရဲ့နည္းျပအဖြဲ႕ဝင္ျဖစ္ခဲ့ဖူးတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို အသာစီး ရယူနိုင္ခဲ့ၿပီး ရိုးမားအသင္းဟာ ပထမပိုင္းအတြင္း လက္စတာစီးတီးရဲ့ အႏၲရာယ္ရွိတဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈတစ္ႀကိမ္ကို ျငင္းပယ္နိုင္ခဲ့တာျဖစ္ပါတယ္။ ေလာ္ရန္ဇိုး ပယ္လီဂရီနီဟာ ၁၁ မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ျဖတ္တင္ေပးပို႔ခဲ့ၿပီး တန္မီ ေအဘရာဟမ္က ေနရာယူမွန္မွန္နဲ႔ ေခါင္းတိုက္သြင္းယူသြားခဲ့တာေၾကာင့္ ရိုးမားအသင္း ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ေတာင္ပံ ၂ ဖက္မွာ ျပင္းျပင္းထန္ထန္ ထိုးေဖာက္ၿပီး ရိုးမားအသင္းရဲ့ တန္ျပန္တိုက္စစ္ကို ခံနိုင္ရည္ရွိပုံေပၚေနခ်ိန္မွာ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ အေရးတႀကီး အေျပာင္းအလဲ လုပ္ဖို႔ လိုအပ္ခဲ့ပါတယ္။ ေရာ့ဂ်ားစ္က လြတ္ခ္မန္း၊ ဟာေဗး ဘန္းစ္တို႔ရဲ့ေနရာကို ပထမပိုင္းအၿပီးမွာ အမာေတ၊ အီယန္နာခ်ိဳတို႔နဲ႔ အစားထိုးခဲ့ၿပီး ရွည္လ်ားတဲ့ ဥေရာပရာသီကို အဆုံးသတ္မွာ စိုးရိမ္တဲ့အတြက္ ဧည့္သည္အသင္းဆီကေန သိသာထင္ရွားတဲ့ အေျပာင္းအလဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းက အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း တိက်မႈကင္းမဲ့ေနဆဲျဖစ္ေနခ်ိန္မွာ ရိုးမားအသင္းက ဆက္လက္ၿပီး သက္ေတာင့္သက္သာနဲ႔ ကစားနိုင္ခဲ့ပုံေပၚၿပီး ဧည့္သည္အသင္းကို ေဘာလုံးပိုင္ဆိုင္ခြင့္ပိုမိုေပးၿပီး အမွားေစာင့္ေနခဲ့တာျဖစ္ပါတယ္။ ဂ်ိမ္းစ္ မက္ဒီဆင္၊ အီယန္နာခ်ိဳတို႔ရဲ့ ပြဲၿပီးဆုံးခါနီး ဂိုးကန္သြင္းခ်က္ေတြကို ႐ူအီ ပက္ထရီစီယိုက ကာကြယ္နိုင္ခဲ့ၿပီး ေပၚတူဂီလက္ေရြးစင္ဂိုးသမားအတြက္ေတာ့ ၂ ႀကိမ္စလုံးက ျပႆနာမျဖစ္ခဲ့ဘဲ သက္ေတာင့္သက္သာကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ရိုးမားအသင္းဟာ လက္စတာစီးတီးအသင္းကို ၾကာသပေတးေန႔ညမွာ အနိုင္ရရွိခဲ့တာေၾကာင့္ ယူအီးအက္ဖ္ေအကလပ္အသင္းၿပိဳင္ပြဲမွာ အိမ္ကြင္း ၁၉ ပြဲအထိ ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို တိုးျမႇင့္နိုင္ခဲ့ၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္ဟာ ပြဲအၿပီးမွာ စိတ္ပ်က္လက္ပ်က္နဲ႔ ကစားသမားေတြကို လိုက္လံႏွစ္သိမ့္ေပးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲစဥ္တေလၽွာက္လုံး ကစားသမားေတြကို ျပင္းျပင္းထန္ထန္ တြန္းအားေပးခဲ့တဲ့ ဟိုေဆး ေမာ္ရင္ညိဳဟာ ရိုးမားအသင္းကို ကိုင္တြယ္ခဲ့တာ ၂ ႏွစ္ထဲ ဝင္ေရာက္ေနခ်ိန္မွာ အသင္းကို ေမလ ၂၅ ရက္ေန႔ တီရာနာမွာ က်င္းပမယ့္ ယူရိုပါကြန္းဖရင့္လိဂ္ဗိုလ္လုပြဲကို ပို႔ေဆာင္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ယူရိုပါကြန္းဖရင့္လိဂ္၊ ယူရိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြကို တက္ေရာက္နိုင္ခဲ့တဲ့ ပထမဆုံးေသာ နည္းၿပ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ေမလ ၂၅ ရက္ေန႔ ဗိုလ္လုပြဲမွာလည္း ေနာက္ထပ္စံခ်ိန္သစ္ေတြကို ေရးထိုးသြားနိုင္ဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.