Premier League

၁၃.၂.၂၀၂၀ အတြက္ မန္ခ်က္စတာယူႏုိက္တက္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းမွ ထြက္ခြာေတာ့မည့္ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ မန္ခ်က္စတာ ယူႏုိက္တက္အသင္း ေစာင့္ၾကည့္ေနၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးႏွင့္ လီဗာပူးလ္အသင္းမ်ားႏွင့္ ယွဥ္ၿပဳိင္ေခၚယူရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနျဖင့္ လာမည့္ေႏြရာသီတြင္ အေျပာင္းအေရႊ႕ေဈးကြက္၌ အလုပ္မ်ားဖြယ္ရွိေနၿပီး ေပါ့ဘာအား ေရာင္းထုတ္ႏုိင္ေျခရွိသကဲ့သုိ႔ ကြင္းလယ္အတြက္ ပရီးမီးယားလိဂ္ကစားသမားမ်ားျဖစ္ၾကသည့္ ဂ်က္ခ္ ဂရီလစ္ရွ္ႏွင့္ ဂ်ိမ္းစ္ မက္ဒီဆန္တုိ႔ အတြက္ စုစုေပါင္း ေပါင္သန္း ၁၆၀ ခန္႔အသုံးျပဳသြားရန္ ရည္ရြယ္ထားဟု သည္ဆန္းေဖာ္ျပ။

– ဂ်ဴဗင္တပ္စ္ႏွင့္ ေအစီမီလန္အသင္းမ်ားအား တစ္ေက်ာ့ျပန္ကိုင္တြယ္ရန္ ျငင္းဆန္ထားသည့္ အီတလီလူမ်ဳိးနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီအား မန္ခ်က္စတာယူႏုိက္တက္အသင္းမွ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွား၏ ေနရာအတြက္ အစားထိုးသြားရန္ ေစာင့္ၾကည့္ေနၿပီး စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏိုအားလည္း ထည့္သြင္းစဥ္းစားထား။

– ခ်ဲလ္ဆီးအသင္းက ေဆာင္းရာသီတြင္ ယူ႐ိုသန္း ၄၀ ခန္႔ျဖင့္ ကမ္းလွမ္းဖူးေသာ္လည္း သေဘာတူညီမွဳ မရရွိခဲ့သည့္ ျပင္သစ္ကလပ္ လီယြန္အသင္းမွ တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီအား ေႏြရာသီတြင္ ေပါင္သန္း ၆၀ ခန္႔ျဖင့္ ကမ္းလွမ္းရန္ မန္ခ်က္စတာယူႏုိက္တက္အသင္း စဥ္းစားေန။

– တိုက္စစ္အား အင္အားျဖည့္တင္းရန္ႏွင့္ လက္ရွိတုိက္စစ္မွဴးတစ္ဦးဟု သတ္မွတ္ထားသည့္ အန္တိုနီ မာစီယယ္လ္သည္ အလယ္ဗဟို၌ ကစားႏိုင္ျခင္းမရွိဘဲ သူ၏ အေကာင္းဆုံးေနရာမွာ ဘယ္ေတာင္ပံတြင္သာျဖစ္သည့္အတြက္ ဂိုးမ်ားပုိမုိရရွိရန္ ေနာက္ထပ္တုိက္စစ္မွဴး တစ္ဦး ေခၚယူရမည္ဟု လက္ေထာက္နည္းျပေဟာင္း စတိဗ္ မကၠလာရင္တုိက္တြန္း။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းမှ ထွက်ခွာတော့မည့် အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် မန်ချက်စတာ ယူနိုက်တက်အသင်း စောင့်ကြည့်နေပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်အသင်းများနှင့် ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ဈေးကွက်၌ အလုပ်များဖွယ်ရှိနေပြီး ပေါ့ဘာအား ရောင်းထုတ်နိုင်ခြေရှိသကဲ့သို့ ကွင်းလယ်အတွက် ပရီးမီးယားလိဂ်ကစားသမားများဖြစ်ကြသည့် ဂျက်ခ် ဂရီလစ်ရှ်နှင့် ဂျိမ်းစ် မက်ဒီဆန်တို့ အတွက် စုစုပေါင်း ပေါင်သန်း ၁၆၀ ခန့်အသုံးပြုသွားရန် ရည်ရွယ်ထားဟု သည်ဆန်းဖော်ပြ။

– ဂျူဗင်တပ်စ်နှင့် အေစီမီလန်အသင်းများအား တစ်ကျော့ပြန်ကိုင်တွယ်ရန် ငြင်းဆန်ထားသည့် အီတလီလူမျိုးနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအား မန်ချက်စတာယူနိုက်တက်အသင်းမှ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား၏ နေရာအတွက် အစားထိုးသွားရန် စောင့်ကြည့်နေပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနိုအားလည်း ထည့်သွင်းစဉ်းစားထား။

– ချဲလ်ဆီးအသင်းက ဆောင်းရာသီတွင် ယူရိုသန်း ၄၀ ခန့်ဖြင့် ကမ်းလှမ်းဖူးသော်လည်း သဘောတူညီမှု မရရှိခဲ့သည့် ပြင်သစ်ကလပ် လီယွန်အသင်းမှ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီအား နွေရာသီတွင် ပေါင်သန်း ၆၀ ခန့်ဖြင့် ကမ်းလှမ်းရန် မန်ချက်စတာယူနိုက်တက်အသင်း စဉ်းစားနေ။

– တိုက်စစ်အား အင်အားဖြည့်တင်းရန်နှင့် လက်ရှိတိုက်စစ်မှူးတစ်ဦးဟု သတ်မှတ်ထားသည့် အန်တိုနီ မာစီယယ်လ်သည် အလယ်ဗဟို၌ ကစားနိုင်ခြင်းမရှိဘဲ သူ၏ အကောင်းဆုံးနေရာမှာ ဘယ်တောင်ပံတွင်သာဖြစ်သည့်အတွက် ဂိုးများပိုမိုရရှိရန် နောက်ထပ်တိုက်စစ်မှူး တစ်ဦး ခေါ်ယူရမည်ဟု လက်ထောက်နည်းပြဟောင်း စတိဗ် မက္ကလာရင်တိုက်တွန်း။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.