Match Report Premier League

ပထမပုိင္းၿပီးခါနီး သြင္းဂိုးႏွစ္ဂိုးနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူသြားတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ တစ္ဖက္ လက္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ ေတြ႕ဆုံေနခ်ိန္မွာ ကိုယ့္ကံၾကမၼာကို ကိုယ္ဖန္တီးခြင့္ ရွိေနတဲ့ အိမ္ကြင္းမွာ ဝုလ္ဗ္စ္အသင္းကို သူတုိ႔ထက္ ပုိမိုျမန္ဆန္သြက္လက္တဲ့ တန္ျပန္တုိက္စစ္ကစားပုံေတြနဲ႔ ထိုးႏွက္ခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္ကို ရယူသြားႏုိင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္အထိုင္ျဖစ္တဲ့ အက္ဇ္ပီလီေကြတာ၊ ဇူးမားနဲ႔ ႐ူဒီဂါတုိ႔အတြဲက ဒီေန႔မွာ အေတာ္ေလး တည္ၿငိမ္ေနခဲ့ၿပီး ဝုလ္ဗ္ရဲ႕ ထရာအုိေရး ပါမလာတဲ့ တုိက္စစ္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္သြားႏုိင္ခဲ့သလို အထက္မေရာက္ ေအာက္မေရာက္ ႏူႏိုဆန္တုိကေတာ့ ဒီေန႔ပြဲအတြက္ ခံစားခ်က္ သိပ္ရွိပုံမေပၚဘဲ အဓိက ကစားသမားတခ်ဳိ႕ကို ခ်န္လွပါၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာခဲ့တာပါ။

ဝုလ္ဗ္ရဲ႕ ကစားပုံကေတာ့ ဒီေန႔မွာ တည္ၿငိမ္မွဳ သိပ္မရွိခဲ့သလို တုိက္စစ္မွာလည္း ဟီမီနက္ဇ္၊ ဂ်ဳိတာ၊ နီတိုတို႔ အဆင္မေျပခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးတုိ႔ ဖိကစားႏုိင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အလြန္ဆိုကို နီတို ဖ်က္ထုတ္ပုံၾကမ္းလုိ႔ ဧရိယာထိပ္ရရွိတဲ့ ဖရီးကစ္ကို ေမဆန္ေမာင့္က လွလွပပ ကန္သြင္းၿပီး အဖြင့္ဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

ဒီဂိုးေပးလုိက္ရၿပီး မၾကာခင္မွာပဲ ဝုလ္ဗ္စ္တုိ႔ ဖရီးကစ္ကို ကန္တင္ခဲ့ရမွာ ခ်ဲလ္ဆီးေနာက္တန္းက ရွင္းထုတ္ႏုိင္ခဲ့ၿပီး ဆြဲေျပးတဲ့ ပူလီဆစ္ခ်္ကို အဖ်က္ခံရခ်ိန္မွာ ေဘးက ပါလာတဲ့ ေမဆန္ေမာင့္က ဂ်ီ႐ူးရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့တာကို ဂိုးသမား ႐ူအီ ပက္ထရီစီယိုနဲ႔ အေတြ႕မွာ ေက်ာ္ျဖတ္ခဲ့ၿပီး ေနာက္က ပါလာတဲ့ ကိုဒီ အရွိန္လြန္ၿပီး မဖ်က္ႏုိင္ခဲ့ခ်ိန္မွာ ျပင္သစ္တုိက္စစ္မွဴးကပဲ ေလွ်ာထိုးကန္သြင္းသြားခဲ့လို႔ ပထမပုိင္းအၿပီးမွာ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝုလ္ဗ္စ္တုိ႔ ထရာအုိေရး၊ ေမာ္တင္ညဳိ၊ ပိုဒင့္စ္တုိ႔ကို ထည့္သြင္းခဲ့ေပမယ့္ ကစားပုံေကာင္းေနတဲ့ ခ်ဲလ္ဆီးကို ထိထိေရာက္ေရာက္ တုံ႔ျပန္ႏုိင္ျခင္း မရွိေတာ့ဘဲ အမွားေတြကေနပါ ဂိုးေပါက္ၿခိမ္းေျခာက္ခံခဲ့ရေသးလို႔ ကာကြယ္ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ ပထမပုိင္းက ရလဒ္အတုိင္းပဲ ၿပီးဆုံးခဲ့မွဳနဲ႔အတူ ခ်ဲလ္ဆီးတုိ႔ စတုတၳေနရာကေန ခ်န္ပီယံလိဂ္ကစားခြင့္ကို ရမွတ္ ၆၆ မွတ္နဲ႔ ရယူႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ တစ်ဖက် လက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ တွေ့ဆုံနေချိန်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိနေတဲ့ အိမ်ကွင်းမှာ ဝုလ်ဗ်စ်အသင်းကို သူတို့ထက် ပိုမိုမြန်ဆန်သွက်လက်တဲ့ တန်ပြန်တိုက်စစ်ကစားပုံတွေနဲ့ ထိုးနှက်ခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ချန်ပီယံလိဂ်ကစားခွင့်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ခံစစ်အထိုင်ဖြစ်တဲ့ အက်ဇ်ပီလီကွေတာ၊ ဇူးမားနဲ့ ရူဒီဂါတို့အတွဲက ဒီနေ့မှာ အတော်လေး တည်ငြိမ်နေခဲ့ပြီး ဝုလ်ဗ်ရဲ့ ထရာအိုရေး ပါမလာတဲ့ တိုက်စစ်ကို ကောင်းကောင်း ထိန်းချုပ်သွားနိုင်ခဲ့သလို အထက်မရောက် အောက်မရောက် နူနိုဆန်တိုကတော့ ဒီနေ့ပွဲအတွက် ခံစားချက် သိပ်ရှိပုံမပေါ်ဘဲ အဓိက ကစားသမားတချို့ကို ချန်လှပါပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာခဲ့တာပါ။

ဝုလ်ဗ်ရဲ့ ကစားပုံကတော့ ဒီနေ့မှာ တည်ငြိမ်မှု သိပ်မရှိခဲ့သလို တိုက်စစ်မှာလည်း ဟီမီနက်ဇ်၊ ဂျိုတာ၊ နီတိုတို့ အဆင်မပြေခဲ့ချိန်မှာ ချဲလ်ဆီးတို့ ဖိကစားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အလွန်ဆိုကို နီတို ဖျက်ထုတ်ပုံကြမ်းလို့ ဧရိယာထိပ်ရရှိတဲ့ ဖရီးကစ်ကို မေဆန်မောင့်က လှလှပပ ကန်သွင်းပြီး အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ဒီဂိုးပေးလိုက်ရပြီး မကြာခင်မှာပဲ ဝုလ်ဗ်စ်တို့ ဖရီးကစ်ကို ကန်တင်ခဲ့ရမှာ ချဲလ်ဆီးနောက်တန်းက ရှင်းထုတ်နိုင်ခဲ့ပြီး ဆွဲပြေးတဲ့ ပူလီဆစ်ချ်ကို အဖျက်ခံရချိန်မှာ ဘေးက ပါလာတဲ့ မေဆန်မောင့်က ဂျီရူးရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့တာကို ဂိုးသမား ရူအီ ပက်ထရီစီယိုနဲ့ အတွေ့မှာ ကျော်ဖြတ်ခဲ့ပြီး နောက်က ပါလာတဲ့ ကိုဒီ အရှိန်လွန်ပြီး မဖျက်နိုင်ခဲ့ချိန်မှာ ပြင်သစ်တိုက်စစ်မှူးကပဲ လျှောထိုးကန်သွင်းသွားခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ ထရာအိုရေး၊ မော်တင်ညို၊ ပိုဒင့်စ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံကောင်းနေတဲ့ ချဲလ်ဆီးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ခြင်း မရှိတော့ဘဲ အမှားတွေကနေပါ ဂိုးပေါက်ခြိမ်းခြောက်ခံခဲ့ရသေးလို့ ကာကွယ်ခဲ့ရပြီး ပွဲအပြီးမှာတော့ ပထမပိုင်းက ရလဒ်အတိုင်းပဲ ပြီးဆုံးခဲ့မှုနဲ့အတူ ချဲလ်ဆီးတို့ စတုတ္ထနေရာကနေ ချန်ပီယံလိဂ်ကစားခွင့်ကို ရမှတ် ၆၆ မှတ်နဲ့ ရယူနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.