Premier League

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဆုသုံးဆုကို ဗာဒီ၊ ဒီဘ႐ိုင္းနားနဲ႔ အီဒါဆန္တုိ႔ ရယူ

ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ကုန္ဆုံးခ်ိန္မွာ ေပးအပ္ခ်ီးျမႇင့္ေလ့ရွိတဲ့ ေရႊဖိနပ္ဆု၊ ဖန္တီးမွဳအမ်ားဆုံးဆုနဲ႔ ေရႊလက္အိတ္ဆုေတြကို လက္စတာစီးတီးတုိက္စစ္မွဴး ေဂ်မီ ဗာဒီ၊ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဂိုးသမား အီဒါဆန္ မုိေရးစ္တုိ႔က ရရွိသြားခဲ့ၾကပါတယ္။

လက္စတာတိုက္စစ္မွဴး ဗာဒီကေတာ့ ေနာက္ပုိင္းပြဲေတြမွာ ဂိုးအရနည္းေနေပမယ့္ အေစာပုိင္းမွာ ရရွိထားခဲ့တဲ့ သြင္းဂိုးေတြနဲ႔ ကံေကာင္းခဲ့တယ္လို႔ပဲ ဆုိရမွာျဖစ္ၿပီး ဒီေန႔မွာ သူ႕ရဲ႕ ၿပဳိင္ဘက္ေတြျဖစ္ၾကတဲ့ အာဆင္နယ္ရဲ႕ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ ေဆာက္သမ္တန္ရဲ႕ ဒန္နီ အင္းစ္တို႔ လိုသေလာက္ ဂိုးမရရွိခဲ့ၾကလို႔ ပြဲအၿပီးမွာ ၂၃ ဂိုးနဲ႔ ေရႊဖိနပ္ဆုကို ဆြတ္ခူးႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားကေတာ့ ပြဲစဥ္ေတြ မကုန္ခင္မွာကတည္းက လီဗာပူးလ္ရဲ႕ ထရင့္ အလက္ဇန္းဒါး-အာႏုိးလ္ဒ္၊ အန္ဒီ ေရာဘတ္ဆန္၊ မိုဟာမက္ ဆာလားတုိ႔ကို အျပတ္အသတ္ ေက်ာ္ျဖတ္ထားႏုိင္ၿပီး ဒီႏွစ္ ဖန္တီးမွဳကေတာ့ သူ႕ရဲ႕ အျမင့္ဆုံးစံခ်ိန္ အႀကိမ္ ၂၀ နဲ႔အတူ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီရဲ႕ စံခ်ိန္မွတ္တမ္းကိုပါ လုိက္မီသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းရဲ႕ ေနာက္ပုိင္းပြဲေတြမွာ Clean Sheet ေတြ အရမ်ားခဲ့ၿပီး ေရွ႕က ဘန္ေလဂိုးသမား နစ္ခ္ ပုပ္နဲ႔ လီဗာပူးလ္ဂိုးသမား အယ္လီဆန္ ဘက္ကာတုိ႔ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တဲ့ အီဒါဆန္ကေတာ့ ေပးဂိုးမရွိခဲ့တဲ့ ၁၆ ပြဲနဲ႔ ေရႊလက္အိတ္ဆုကို အရယူသြားခဲ့ၿပီး အယ္လီဆန္ရဲ႕ေနာက္ ဒုတိယေျမာက္ရရွိတဲ့ ဘရာဇီးလ္ဂိုးသမားလည္းျဖစ္လာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကို ၂၀၁၄-၁၅ ရာသီမွာမွ စတင္ကစားခြင့္ရရွိခဲ့တဲ့ ဗာဒီကေတာ့ သူ႕ရဲ႕ ၆ ရာသီေျမာက္မွာ ဒီဆုကို ဆြတ္ခူးႏုိင္ခဲ့တာျဖစ္ၿပီး လက္စတာကစားသမားထဲက ပထမဆုံးရရွိသူနဲ႔ အဂၤလန္သားထဲကေတာ့ ၉ ေယာက္ေျမာက္ ရရွိသူျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကုန်ဆုံးချိန်မှာ ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ ရွှေဖိနပ်ဆု၊ ဖန်တီးမှုအများဆုံးဆုနဲ့ ရွှေလက်အိတ်ဆုတွေကို လက်စတာစီးတီးတိုက်စစ်မှူး ဂျေမီ ဗာဒီ၊ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ ဂိုးသမား အီဒါဆန် မိုရေးစ်တို့က ရရှိသွားခဲ့ကြပါတယ်။

လက်စတာတိုက်စစ်မှူး ဗာဒီကတော့ နောက်ပိုင်းပွဲတွေမှာ ဂိုးအရနည်းနေပေမယ့် အစောပိုင်းမှာ ရရှိထားခဲ့တဲ့ သွင်းဂိုးတွေနဲ့ ကံကောင်းခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ဒီနေ့မှာ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ အာဆင်နယ်ရဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ ဆောက်သမ်တန်ရဲ့ ဒန်နီ အင်းစ်တို့ လိုသလောက် ဂိုးမရရှိခဲ့ကြလို့ ပွဲအပြီးမှာ ၂၃ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားကတော့ ပွဲစဉ်တွေ မကုန်ခင်မှာကတည်းက လီဗာပူးလ်ရဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ အန်ဒီ ရောဘတ်ဆန်၊ မိုဟာမက် ဆာလားတို့ကို အပြတ်အသတ် ကျော်ဖြတ်ထားနိုင်ပြီး ဒီနှစ် ဖန်တီးမှုကတော့ သူ့ရဲ့ အမြင့်ဆုံးစံချိန် အကြိမ် ၂၀ နဲ့အတူ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီရဲ့ စံချိန်မှတ်တမ်းကိုပါ လိုက်မီသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ပိုင်းပွဲတွေမှာ Clean Sheet တွေ အရများခဲ့ပြီး ရှေ့က ဘန်လေဂိုးသမား နစ်ခ် ပုပ်နဲ့ လီဗာပူးလ်ဂိုးသမား အယ်လီဆန် ဘက်ကာတို့ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အီဒါဆန်ကတော့ ပေးဂိုးမရှိခဲ့တဲ့ ၁၆ ပွဲနဲ့ ရွှေလက်အိတ်ဆုကို အရယူသွားခဲ့ပြီး အယ်လီဆန်ရဲ့နောက် ဒုတိယမြောက်ရရှိတဲ့ ဘရာဇီးလ်ဂိုးသမားလည်းဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို ၂၀၁၄-၁၅ ရာသီမှာမှ စတင်ကစားခွင့်ရရှိခဲ့တဲ့ ဗာဒီကတော့ သူ့ရဲ့ ၆ ရာသီမြောက်မှာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လက်စတာကစားသမားထဲက ပထမဆုံးရရှိသူနဲ့ အင်္ဂလန်သားထဲကတော့ ၉ ယောက်မြောက် ရရှိသူဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.