Match Report Premier League

ေနာက္ထပ္ ငါးဂိုးျပတ္သြင္းတဲ့ ႏိုင္ပြဲကို ရရွိခဲ့ေပမယ့္ ဂိုးသြင္းစံခ်ိန္ေဟာင္းကို လုိက္မမီတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးကေတာ့ ဒီေန႔မွာလည္း ငါးဂိုး-ဂိုးမရွိႏုိင္ပြဲတစ္ပြဲကို ေနာ့ဝစ္ခ်္စီးတီးအသင္းနဲ႔ ပြဲမွာ ပုိင္ဆုိင္ႏုိင္ခဲ့ၿပီး အိမ္ကြင္း အစ္တီဟတ္မွာ အစစသာလြန္တဲ့ လူစာရင္းနဲ႔ တစ္ဖက္သတ္ ဖိကစားၿပီး ေဘာလုံးပုိင္ဆုိင္မွဳ ၇၄ ရာခိုင္ႏွဳန္း၊ ဂိုးကန္သြင္းခြင့္ ၃၁ ႀကိမ္နဲ႔ အႏိုင္ယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးကို ရွဳံးၿပီး လီဗာပူးလ္အသင္းကို ဖလားလႊဲေပးခဲ့ရၿပီးကတည္းက ေပါက္ကြဲေနခဲ့တဲ့ မန္စီးတီးအသင္းဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးမရခဲ့တဲ့ ပြဲနဲ႔ ဘုန္းေမာက္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ကစားခဲ့တဲ့ ပြဲေတြကလြဲလုိ႔ ဂိုးျပတ္ေတြ သြင္းယူႏုိင္ခဲ့ေပမယ့္ ၂၀၁၇-၁၈ တုန္းက တင္ရွိထားခဲ့တဲ့ တစ္ရာသီသြင္းဂိုး ၁၀၆ ဂိုးစံခ်ိန္ထက္ေတာ့ ၄ ဂိုး ေလ်ာ့နည္းခဲ့တာလည္းျဖစ္ပါတယ္။

အသင္းရဲ႕ ဝါရင့္ကြင္းလယ္လူနဲ႔ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ပြဲမွာ မန္စီးတီးတုိ႔အတြက္ ပထမဆုံး အဖြင့္ဂိုးကို သြင္းယူႏုိင္ခဲ့သူကေတာ့ တုိက္စစ္မွဴး ေဂ်ဆူးစ္ျဖစ္ၿပီး သူရဲ႕ ဒီရာသီ ၁၃ ဂိုးေျမာက္သြင္းဂိုးကို ပြဲခ်ိန္ ၁၁ မိနစ္မွာ သူ႕အသင္းေခါင္းေဆာင္ရဲ႕ ေဘးကေန ကန္သြင္းရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန လြတ္ထြက္သြားခဲ့တဲ့ ပူကီရဲ႕ ကန္သြင္းခ်က္ကို အီဒါဆန္ ကာကြယ္ခဲ့ရၿပီး မန္စီးတီးနဲ႔ ၁၉ ဂိုး ရရွိထားတဲ့ စတာလင္ကေတာ့ ေတာက္ေလွ်ာက္ ျဖဳန္းတီးေနခဲ့သလို ေရႊဖိနပ္ဆုအတြက္ ၄ ဂိုး သြင္းယူႏုိင္ဖို႔ လိုအပ္ေနေပမယ့္လည္း ဂိုးရဖို႔ ခက္ခဲေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက ေနာက္ခံလူ ေဝၚလ္ကာ ေပးတဲ့ ေဘာလုံးကို လိမ္မလို လုပ္ၿပီးမွ ဂိုးဧရိယာထိပ္ကေန အေဝးတုိင္ေထာင့္ထဲကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ လွပတဲ့ သြင္းဂိုးတစ္ဂိုးျဖစ္ခဲ့ၿပီး ေနာ့ဝစ္ခ်္ဂိုးသမား တင္မ္ က႐ူးလ္ကို ငုတ္တုတ္ေမ့ေစခဲ့သလို ပထမပိုင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးေစခဲ့တာပါ။

ဒုတိယပုိင္းအထိ ဒီဘ႐ိုင္နားရဲ႕ ဖန္တီးမွဳေတြကေတာ့ ဂိုးမျဖစ္ခဲ့ေသးခ်ိန္မွာ အြန္နရီကို ဖန္တီးမွဳ စံခ်ိန္အတြက္ လိုက္မီပါ့မလားလို႔ စိုးရိမ္ေနခဲ့ရေပမယ့္ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ တစ္ပြဲလုံး လြဲေခ်ာ္ေနတဲ့ စတာလင္က သူ႕ရဲ႕ Through Ball ကို ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ အသင္းအတြက္ တတိယဂိုးအျဖစ္ အဆုံးသတ္ၿပီး ဖန္တီးမွဳ အႀကိမ္ ၂၀ ျပည့္ေျမာက္ေစႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား မာရက္ဇ္က ေနာ့ဝစ္ခ်္ေနာက္ခံလူေတြဆီက ဒီဘ႐ုိင္းနား လုယူလို႔ ထြက္လာခဲ့တဲ့ ေဘာလုံးကို သူမသန္တဲ့ ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့ၿပီး စတုတၳဂိုးကို ရယူသြားခဲ့ၿပီး အေႏွးျပကြက္ေတြမွာေတာ့ ေနာက္ခံလူရဲ႕ ေျခေထာက္နဲ႔ ေနာက္ဆုံးထိခဲ့တာျဖစ္လို႔ ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမွဳ မျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ညာျခမ္းကေန တစ္ကိုယ္ေတာ္ ဆြဲဝင္လာၿပီး ကန္သြင္းဖို႔ ႀကဳိးစားတဲ့ မာရက္ဇ္ရဲ႕ ကန္ခ်က္က ေနာ့ဝစ္ခ်္ေနာက္ခံလူေတြနဲ႔ ထိထြက္လာခဲ့တာကို ဒီဘ႐ိုင္းနားကပဲ သူ႕ရဲ႕ ဒုတိယေျမာက္ဂိုးအျဖစ္ အေဝးတိုင္ဘက္ကို ကန္ၿပီး အဆုံးသတ္ႏုိင္ခဲ့လုိ႔ ပြဲအၿပီးမွာ မန္စီးတီးတုိ႔အေနနဲ႔ ဒီရာသီမွာ ပဥၥမေျမာက္ ငါးဂိုး-ဂိုးမရွိႏုိင္ပြဲကို ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲရလဒ္ေၾကာင့္ အဆင့္ ၂ နဲ႔ ရာသီသိမ္းခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားက ဖန္တီးမွဳအမ်ားဆုံး ပရီးမီးယားလိဂ္ကစားသမားဆုကို အႀကိမ္ ၂၀ နဲ႔ ခ်ီးျမႇင့္ခံခဲ့ရသလို ဂိုးသမား အီဒါဆန္ကလည္း Clean Sheet အမ်ားဆုံး ေရႊလက္အိတ္ဆုကို ၁၆ ပြဲနဲ႔ ခ်ီးျမႇင့္ခံခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကတော့ ဒီနေ့မှာလည်း ငါးဂိုး-ဂိုးမရှိနိုင်ပွဲတစ်ပွဲကို နော့ဝစ်ချ်စီးတီးအသင်းနဲ့ ပွဲမှာ ပိုင်ဆိုင်နိုင်ခဲ့ပြီး အိမ်ကွင်း အစ်တီဟတ်မှာ အစစသာလွန်တဲ့ လူစာရင်းနဲ့ တစ်ဖက်သတ် ဖိကစားပြီး ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၃၁ ကြိမ်နဲ့ အနိုင်ယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကို ရှုံးပြီး လီဗာပူးလ်အသင်းကို ဖလားလွှဲပေးခဲ့ရပြီးကတည်းက ပေါက်ကွဲနေခဲ့တဲ့ မန်စီးတီးအသင်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးမရခဲ့တဲ့ ပွဲနဲ့ ဘုန်းမောက်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ကစားခဲ့တဲ့ ပွဲတွေကလွဲလို့ ဂိုးပြတ်တွေ သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၁၇-၁၈ တုန်းက တင်ရှိထားခဲ့တဲ့ တစ်ရာသီသွင်းဂိုး ၁၀၆ ဂိုးစံချိန်ထက်တော့ ၄ ဂိုး လျော့နည်းခဲ့တာလည်းဖြစ်ပါတယ်။

အသင်းရဲ့ ဝါရင့်ကွင်းလယ်လူနဲ့ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးတို့အတွက် ပထမဆုံး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သူကတော့ တိုက်စစ်မှူး ဂျေဆူးစ်ဖြစ်ပြီး သူရဲ့ ဒီရာသီ ၁၃ ဂိုးမြောက်သွင်းဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ သူ့အသင်းခေါင်းဆောင်ရဲ့ ဘေးကနေ ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လွတ်ထွက်သွားခဲ့တဲ့ ပူကီရဲ့ ကန်သွင်းချက်ကို အီဒါဆန် ကာကွယ်ခဲ့ရပြီး မန်စီးတီးနဲ့ ၁၉ ဂိုး ရရှိထားတဲ့ စတာလင်ကတော့ တောက်လျှောက် ဖြုန်းတီးနေခဲ့သလို ရွှေဖိနပ်ဆုအတွက် ၄ ဂိုး သွင်းယူနိုင်ဖို့ လိုအပ်နေပေမယ့်လည်း ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက နောက်ခံလူ ဝေါ်လ်ကာ ပေးတဲ့ ဘောလုံးကို လိမ်မလို လုပ်ပြီးမှ ဂိုးဧရိယာထိပ်ကနေ အဝေးတိုင်ထောင့်ထဲကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး နော့ဝစ်ချ်ဂိုးသမား တင်မ် ကရူးလ်ကို ငုတ်တုတ်မေ့စေခဲ့သလို ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးစေခဲ့တာပါ။

ဒုတိယပိုင်းအထိ ဒီဘရိုင်နားရဲ့ ဖန်တီးမှုတွေကတော့ ဂိုးမဖြစ်ခဲ့သေးချိန်မှာ အွန်နရီကို ဖန်တီးမှု စံချိန်အတွက် လိုက်မီပါ့မလားလို့ စိုးရိမ်နေခဲ့ရပေမယ့် ပွဲချိန် ၇၉ မိနစ်မှာတော့ တစ်ပွဲလုံး လွဲချော်နေတဲ့ စတာလင်က သူ့ရဲ့ Through Ball ကို ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အသင်းအတွက် တတိယဂိုးအဖြစ် အဆုံးသတ်ပြီး ဖန်တီးမှု အကြိမ် ၂၀ ပြည့်မြောက်စေနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က နော့ဝစ်ချ်နောက်ခံလူတွေဆီက ဒီဘရိုင်းနား လုယူလို့ ထွက်လာခဲ့တဲ့ ဘောလုံးကို သူမသန်တဲ့ ညာခြေနဲ့ အပြင်းကန်သွင်းခဲ့ပြီး စတုတ္ထဂိုးကို ရယူသွားခဲ့ပြီး အနှေးပြကွက်တွေမှာတော့ နောက်ခံလူရဲ့ ခြေထောက်နဲ့ နောက်ဆုံးထိခဲ့တာဖြစ်လို့ ဒီဘရိုင်းနားရဲ့ ဖန်တီးမှု မဖြစ်ခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ ညာခြမ်းကနေ တစ်ကိုယ်တော် ဆွဲဝင်လာပြီး ကန်သွင်းဖို့ ကြိုးစားတဲ့ မာရက်ဇ်ရဲ့ ကန်ချက်က နော့ဝစ်ချ်နောက်ခံလူတွေနဲ့ ထိထွက်လာခဲ့တာကို ဒီဘရိုင်းနားကပဲ သူ့ရဲ့ ဒုတိယမြောက်ဂိုးအဖြစ် အဝေးတိုင်ဘက်ကို ကန်ပြီး အဆုံးသတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးတို့အနေနဲ့ ဒီရာသီမှာ ပဉ္စမမြောက် ငါးဂိုး-ဂိုးမရှိနိုင်ပွဲကို ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားက ဖန်တီးမှုအများဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကို အကြိမ် ၂၀ နဲ့ ချီးမြှင့်ခံခဲ့ရသလို ဂိုးသမား အီဒါဆန်ကလည်း Clean Sheet အများဆုံး ရွှေလက်အိတ်ဆုကို ၁၆ ပွဲနဲ့ ချီးမြှင့်ခံခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.