Premier League Serie A Transfer News

နူနို တာဗာရက်စ်နေရာမှာ အစားထိုးဖို့ စီးရီးအေနောက်ခံလူကို ခေါ်ယူသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ စီးရီးအေမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနေတဲ့ ဘိုလော့ဂ်ညာ ဘယ်နောက်ခံကစားသမား အာရွန် ဟစ်ကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဟစ်ကီဟာ ၂၀၂၀ နွေရာသီမှာ ဟာ့တ်စ်အသင်းကနေ ဘိုလော့ဂ်ညာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ စီးရီးအေ ၁၁ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ နောက်ခံ ဘယ်၊ ညာ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ဟစ်ကီဟာ ဘိုလော့ဂ်ညာမှာ အောင်မြင်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း အီတလီမှာရော ပြည်ပကနေပါ ချီးကျူးမှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။

ဟစ်ကီဟာ ယခုရာသီမှာ စီးရီးအေ ၃၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ယခုရာသီမှာ ၎င်းရဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့ နေရာစုံကစားနိုင်တဲ့ ဘယ်နောက်ခံလူလိုချင်နေတာဖြစ်ပြီး ကီရန် တီယာနီဟာ ဒူးခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက် အနားယူနေရတာဖြစ်ပါတယ်။

ဆီးဒရစ် ဆိုအာရက်စ်ဟာ အမ်းမရိတ်စ်မှာ ပျော်ရွှင်နေတာကြောင့် ယခုနွေရာသီမှာ အသင်းနဲ့ လမ်းခွဲမယ့်ပုံမပေါ်ဘဲ နူနို တာဗာရက်စ်ကတော့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် နေရာပျောက်တော့မှာဖြစ်ပါတယ်။ ဘိုလော့ဂ်ညာအသင်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အာရွန် ဟစ်ကီအတွက် ယူရိုသန်း ၂၀ ဝန်းကျင် တောင်းဆိုသွားမှာဖြစ်ပြီး ကစားသမားသစ်ခေါ်ယူမှုနဲ့ပတ်သက်ပြီး နောက်ထပ်အလုပ်များတဲ့ နွေရာသီဖြစ်လာမယ်လို့ မျှော်မှန်းထားလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အာတီတာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်လည်း မျှော်မှန်းထားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ထင်တာက ပြိုင်ပွဲ ၂ ခုစလုံး(ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်)က ကြီးမားတဲ့ လူစာရင်းလိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ကစားရမယ့် ပွဲပမာဏက ၂ ခုစလုံးမှာ အရမ်းများပါတယ်။ အဲဒီတော့ ကွဲပြားခြားနားမှု အများအပြား ဒါမှမဟုတ် အပြောင်းအလဲ အများကြီး လုပ်နိုင်မယ်လို့တော့ မထင်ပါဘူး။ တကယ်လို့ ခင်ဗျားသာ ငွေရေးကြေးရေးတတ်နိုင်ရင် ကျွန်တော်တို့ လူစာရင်းကို အလှည့်အပြောင်းလုပ်ဖို့မလိုပါဘူး။ ကျွန်တော် ဘာလိုချင်လဲလို့ ခင်ဗျား မေးရင်တော့ ဂိုးသမားမဟုတ်တဲ့ ကစားသမား ၂၂ ဦးနဲ့ ဂိုးသမား ၃ ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဟစ်ကီဆိုတာ ဘယ်သူလဲ၊ အာဆင်နယ်အတွက် ဘာတွေ ယူဆောင်ပေးနိုင်မလဲဆိုရင် ပထမဆုံးအနေနဲ့ ဘိုလော့ဂ်ညာ ဘယ်နောက်ခံလူကို ပစ်မှတ်ထားရတဲ့အကြောင်းအရင်းတွေက ရှင်းပါတယ်။ နူနို တာဗာရက်စ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကီရန် တီယာနီနေရာမှာ အရန်သင့်သုံးနိုင်အောင် ခေါ်ယူခဲ့ပေမယ့်လည်း စကော့တလန် နောက်ခံလူရဲ့ ဒဏ်ရာပြဿနာအခြေအနေကြောင့် တာဗာရက်စ်ရဲ့ ချို့ယွင်းချက်တွေက ဆိုးဆိုးရွားရွား ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

စကော့တလန်သားလည်းဖြစ်တဲ့ ဟစ်ကီဟာ နေရာစုံကစားနိုင်တဲ့ ဘယ်နောက်ခံကစားသမားဖြစ်ပြီး ယခုရာသီ စီးရီးအေမှာ ဘိုလော့ဂ်ညာအတွက် ၅ ဂိုးသွင်းယူထားနိုင်သလို တိုက်စစ်မှူးတွေအတွက် ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ဖို့လည်း အဆက်အပြတ် ဟာကွက် ချောင်းနေတတ်သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒါက ဟစ်ကီရဲ့ ခံစစ်တာဝန်တွေကို မလစ်ဟင်းစေဘဲ နေရာယူပုံ ကောင်းမွန်မှုနဲ့ ကြားဝင်ဖျက်ထုတ်မှုတွေက အထင်ကြီးစရာ ကောင်းနေခဲ့တာဖြစ်ပြီး အရင်တုန်းက ဘိုလော့ဂ်ညာနောက်ခံလူက ညာနောက်ခံ၊ ဗဟိုခံစစ်၊ ကွင်းလယ်ဗဟိုအထိတောင် ကစားနိုင်စွမ်းရှိတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အဓိက နေရာတွေမှာ ဒဏ်ရာပြဿနာတွေရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းခံနေရတဲ့ အာဆင်နယ်ရဲ့ အခြေအနေကြောင့် ဟစ်ကီရဲ့ နေရာစုံ ကစားနိုင်စွမ်းက အသုံးဝင်တဲ့ လက်နက်တစ်ခု ဖြစ်လာမှာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်နောက်ခံကစားသမားဟာ ဆဲလ်တစ်ကို အလွတ်နဲ့မပြောင်းရွှေ့မီ ဟာ့တ်စ်လူငယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အီဒင်ဘာ့ဂ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဟီဘာနီယန်နဲ့ ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူပြီး ၂၀၁၉-၂၀၂၀ ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာခဲ့တာဖစြ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အာရွန် ဟစ်ကီကို ခေါ်ယူဖို့အတွက် အခိုင်အမာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘိုလော့ဂ်ညာအသင်းက ၂၀၂၀ နွေရာသီမှာ စကော့တလန်နောက်ခံလူကို ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဟစ်ကီက ဘိုင်ယန်မြူးနစ်ထက် အီတလီအသင်းကို ရွေးချယ်ခဲ့ရတာဟာ ၎င်း မိသားစုရဲ့ ခံစားချက်ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အီတလီမှာ ကောင်းသည်ထက် ကောင်းမွန်လာခဲ့ပြီး Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာတောင် နေရာတစ်နေရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဟစ်ကီရဲ့ ဘိုလော့ဂ်ညာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စီးရီးအေကလပ်အသင်းဟာ ယခုနွေရာသီမှာ ဘယ်နောက်ခံကစားသမားကို ခေါ်ယူချင်တဲ့အသင်းတွေကို ယူရိုသန်း ၂၀ တောင်းဆိုသွားမှာဖြစ်ပါတယ်။ ဟစ်ကီရဲ့ အသက်အရွယ်၊ ဘောလုံးကိုင်ကစားရဲတဲ့သတ္တိကြောင့် အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဘာကြောင့် ဘိုလော့ဂ်ညာ နောက်ခံလူကို ခေါ်ယူဖို့ အလားအလာရှိလဲဆိုတာကို အလွယ်တကူ မြင်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ စီးရီးေအမွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသေနတဲ့ ဘိုေလာ့ဂ္ညာ ဘယ္ေနာက္ခံကစားသမား အာရြန္ ဟစ္ကီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဟစ္ကီဟာ ၂၀၂၀ ေႏြရာသီမွာ ဟာ့တ္စ္အသင္းကေန ဘိုေလာ့ဂ္ညာကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ပထမဆုံးရာသီမွာ စီးရီးေအ ၁၁ ပြဲ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ ေနာက္ခံ ဘယ္၊ ညာ ၂ ဖက္စလုံးမွာ ကစားနိုင္တဲ့ ဟစ္ကီဟာ ဘိုေလာ့ဂ္ညာမွာ ေအာင္ျမင္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ပိုင္း အီတလီမွာေရာ ျပည္ပကေနပါ ခ်ီးက်ဴးမႈေတြ ရရွိခဲ့သူျဖစ္ပါတယ္။

ဟစ္ကီဟာ ယခုရာသီမွာ စီးရီးေအ ၃၃ ပြဲအထိ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း အဓိက ကစားသမားတစ္ဦး ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နည္းၿပ အာတီတာဟာ ယခုရာသီမွာ ၎ရဲ့ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ ေနရာစုံကစားနိုင္တဲ့ ဘယ္ေနာက္ခံလူလိုခ်င္ေနတာျဖစ္ၿပီး ကီရန္ တီယာနီဟာ ဒူးခြဲစိတ္မႈျပဳလုပ္ခဲ့ၿပီးေနာက္ အနားယူေနရတာျဖစ္ပါတယ္။

ဆီးဒရစ္ ဆိုအာရက္စ္ဟာ အမ္းမရိတ္စ္မွာ ေပ်ာ္ရႊင္ေနတာေၾကာင့္ ယခုေႏြရာသီမွာ အသင္းနဲ႔ လမ္းခြဲမယ့္ပုံမေပၚဘဲ ႏူနို တာဗာရက္စ္ကေတာ့ ေျခစြမ္းပိုင္း မတည္ၿငိမ္မႈေၾကာင့္ ေနရာေပ်ာက္ေတာ့မွာျဖစ္ပါတယ္။ ဘိုေလာ့ဂ္ညာအသင္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အာရြန္ ဟစ္ကီအတြက္ ယူရိုသန္း ၂၀ ဝန္းက်င္ ေတာင္းဆိုသြားမွာျဖစ္ၿပီး ကစားသမားသစ္ေခၚယူမႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အလုပ္မ်ားတဲ့ ေႏြရာသီျဖစ္လာမယ္လို႔ ေမၽွာ္မွန္းထားလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အာတီတာက အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္လည္း ေမၽွာ္မွန္းထားပါတယ္။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ ထင္တာက ၿပိဳင္ပြဲ ၂ ခုစလုံး(ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္)က ႀကီးမားတဲ့ လူစာရင္းလိုအပ္မွာပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ကစားရမယ့္ ပြဲပမာဏက ၂ ခုစလုံးမွာ အရမ္းမ်ားပါတယ္။ အဲဒီေတာ့ ကြဲျပားျခားနားမႈ အမ်ားအျပား ဒါမွမဟုတ္ အေျပာင္းအလဲ အမ်ားႀကီး လုပ္နိုင္မယ္လို႔ေတာ့ မထင္ပါဘူး။ တကယ္လို႔ ခင္ဗ်ားသာ ေငြေရးေၾကးေရးတတ္နိုင္ရင္ ကၽြန္ေတာ္တို႔ လူစာရင္းကို အလွည့္အေျပာင္းလုပ္ဖို႔မလိုပါဘူး။ ကၽြန္ေတာ္ ဘာလိုခ်င္လဲလို႔ ခင္ဗ်ား ေမးရင္ေတာ့ ဂိုးသမားမဟုတ္တဲ့ ကစားသမား ၂၂ ဦးနဲ႔ ဂိုးသမား ၃ ဦးပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ဟစ္ကီဆိုတာ ဘယ္သူလဲ၊ အာဆင္နယ္အတြက္ ဘာေတြ ယူေဆာင္ေပးနိုင္မလဲဆိုရင္ ပထမဆုံးအေနနဲ႔ ဘိုေလာ့ဂ္ညာ ဘယ္ေနာက္ခံလူကို ပစ္မွတ္ထားရတဲ့အေၾကာင္းအရင္းေတြက ရွင္းပါတယ္။ ႏူနို တာဗာရက္စ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ကီရန္ တီယာနီေနရာမွာ အရန္သင့္သုံးနိုင္ေအာင္ ေခၚယူခဲ့ေပမယ့္လည္း စေကာ့တလန္ ေနာက္ခံလူရဲ့ ဒဏ္ရာျပႆနာအေျခအေနေၾကာင့္ တာဗာရက္စ္ရဲ့ ခ်ိဳ႕ယြင္းခ်က္ေတြက ဆိုးဆိုးရြားရြား ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။

စေကာ့တလန္သားလည္းျဖစ္တဲ့ ဟစ္ကီဟာ ေနရာစုံကစားနိုင္တဲ့ ဘယ္ေနာက္ခံကစားသမားျဖစ္ၿပီး ယခုရာသီ စီးရီးေအမွာ ဘိုေလာ့ဂ္ညာအတြက္ ၅ ဂိုးသြင္းယူထားနိုင္သလို တိုက္စစ္မႉးေတြအတြက္ ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ဖို႔လည္း အဆက္အျပတ္ ဟာကြက္ ေခ်ာင္းေနတတ္သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒါက ဟစ္ကီရဲ့ ခံစစ္တာဝန္ေတြကို မလစ္ဟင္းေစဘဲ ေနရာယူပုံ ေကာင္းမြန္မႈနဲ႔ ၾကားဝင္ဖ်က္ထုတ္မႈေတြက အထင္ႀကီးစရာ ေကာင္းေနခဲ့တာျဖစ္ၿပီး အရင္တုန္းက ဘိုေလာ့ဂ္ညာေနာက္ခံလူက ညာေနာက္ခံ၊ ဗဟိုခံစစ္၊ ကြင္းလယ္ဗဟိုအထိေတာင္ ကစားနိုင္စြမ္းရွိတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဓိက ေနရာေတြမွာ ဒဏ္ရာျပႆနာေတြရဲ့ ျပင္းျပင္းထန္ထန္ ထိုးႏွက္ျခင္းခံေနရတဲ့ အာဆင္နယ္ရဲ့ အေျခအေနေၾကာင့္ ဟစ္ကီရဲ့ ေနရာစုံ ကစားနိုင္စြမ္းက အသုံးဝင္တဲ့ လက္နက္တစ္ခု ျဖစ္လာမွာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ ဆဲလ္တစ္ကို အလြတ္နဲ႔မေျပာင္းေရႊ႕မီ ဟာ့တ္စ္လူငယ္အသင္းမွာ ကစားသမားဘဝကို စတင္ခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ အီဒင္ဘာ့ဂ္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့ၿပီး ဟီဘာနီယန္နဲ႔ ကစားခဲ့တဲ့ ဒါဘီပြဲစဥ္မွာ ပထမဆုံးသြင္းဂိုးကို သြင္းယူၿပီး ၂၀၁၉-၂၀၂၀ ရာသီမွာ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္လာခဲ့တာဖျစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အာရြန္ ဟစ္ကီကို ေခၚယူဖို႔အတြက္ အခိုင္အမာ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ဘိုေလာ့ဂ္ညာအသင္းက ၂၀၂၀ ေႏြရာသီမွာ စေကာ့တလန္ေနာက္ခံလူကို ေပါင္ ၁.၅ သန္းနဲ႔ ေခၚယူသြားခဲ့တာျဖစ္ပါတယ္။ ဟစ္ကီက ဘိုင္ယန္ျမဴးနစ္ထက္ အီတလီအသင္းကို ေရြးခ်ယ္ခဲ့ရတာဟာ ၎ မိသားစုရဲ့ ခံစားခ်က္ေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အီတလီမွာ ေကာင္းသည္ထက္ ေကာင္းမြန္လာခဲ့ၿပီး Golden Boy ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာေတာင္ ေနရာတစ္ေနရာ ရရွိခဲ့တာျဖစ္ပါတယ္။

ဟစ္ကီရဲ့ ဘိုေလာ့ဂ္ညာနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး စီးရီးေအကလပ္အသင္းဟာ ယခုေႏြရာသီမွာ ဘယ္ေနာက္ခံကစားသမားကို ေခၚယူခ်င္တဲ့အသင္းေတြကို ယူရိုသန္း ၂၀ ေတာင္းဆိုသြားမွာျဖစ္ပါတယ္။ ဟစ္ကီရဲ့ အသက္အရြယ္၊ ေဘာလုံးကိုင္ကစားရဲတဲ့သတၱိေၾကာင့္ အာဆင္နယ္နည္းၿပ အာတီတာအေနနဲ႔ ဘာေၾကာင့္ ဘိုေလာ့ဂ္ညာ ေနာက္ခံလူကို ေခၚယူဖို႔ အလားအလာရွိလဲဆိုတာကို အလြယ္တကူ ျမင္နိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.