Premier League

ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ပေါင် ၁.၆ ဘီလီယံ အလှည့်အပြောင်းက ချဲလ်ဆီးကို ဘယ်လောက်ဒုက္ခရောက်စေနိုင်လဲ

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အနေနဲ့ ၎င်းရဲ့ ပိုက်ဆံတွေကို ပြန်လိုချင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးအတွက်တော့ တော်တော်လေး အကြပ်ရိုက်တဲ့ အခြေအနေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အေဘရာမိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးအသင်းကို ချေးထားတဲ့ ပေါင် ၁.၆ ဘီလီယံကို ပြန်ပေးဖို့ တောင်းဆိုခြင်းက အနောက်လန်ဒန်ကလပ်အသင်းကို ရောင်းချဖို့ကိစ္စ မီးစိမ်းပြဖို့ ယူကေအစိုးရအတွက် မဖြစ်နိုင်တဲ့ကိစ္စဖြစ်လာစေမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆင်ကိုယ်တိုင်က ရုရှားဘီလျံနာအနေနဲ့ ချဲလ်ဆီးအသင်းရောင်းချတဲ့ လုပ်ငန်းစဉ်ကနေ ချူးတပြားမှ ရရှိမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ အေဘရာမိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးကို ချေးထားတဲ့ ပိုက်ဆံတွေကို ပြန်မတောင်းဘဲ လျှော်ပေးမယ်ဆိုတဲ့ ကတိကို ပြန်ရုတ်သိမ်းမှာကို စိုးရိမ်မှုတွေ ရှိနေပြီး အဲဒီလိုမျိုးသား ဖြစ်ခဲ့ရင် လုပ်ငန်းစဉ်တစ်ခုလုံး ကမောက်ကမဖြစ်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ LA Dodgers အသင်း ပူးတွဲပိုင်ရှင် တော့ဒ် ဘာလီက ချဲလ်ဆီးအသင်းကို ဝယ်ယူတော့မယ့်ပုံပေါ်နေတဲ့အချိန်မှာ အသင်းအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်နေတာဖြစ်ပါတယ်။

ဘာလီဟာ ရှုပ်ထွေးတဲ့ ရောင်းချမှုကို တာဝန်ယူထားတဲ့ အမေရိကန်ကုန်သည်ဘဏ်လုပ်ငန်းဖြစ်တဲ့ Raine Group ရဲ့ ဦးစားပေးလေလံဆွဲသူအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဘာလီနဲ့ အဖွဲ့ဟာ လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကို ဝယ်ယူမယ့် သဘောတူညီမှုကို အပြီးသတ်ဖို့အတွက် သီးသန့်ဆွေးနွေးမှု ၅ ရက်ကြာလုပ်ဆောင်နေပေမယ့်လည်း အေဘရာမိုဗစ်ချ်ရဲ့ ချေးငွေကိစ္စက ကြီးမားတဲ့ အတားဆီးဖြစ်လာနိုင်ခြေရှိိတယ်ဆိုတဲ့အချက်က ရှိနေတာဖြစ်ပါတယ်။

ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်ခြင်းခံထားရတဲ့ လက်ရှိပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ အစတုန်းက ချေးငွေကို လျှော်ပေးဖို့ အခိုင်အမာ ကတိပြုထားခဲ့တာဖြစ်ပြီး အသင်းကို ရောင်းချလို့ရရှိလာတဲ့ငွေကြေးအားလုံးကိုလည်း ယူကရိန်းက စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ရန်ပုံငွေအဖြစ် လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူကေအစိုးရ အစာမကြေဖြစ်နိုင်တဲ့အချက်တစ်ချက်အဖြစ် ငွေကြေးအချို့က ဒဏ်ရာရ ရုရှားစစ်သားတွေ လက်ထဲရောက်သွားနိုင်တဲ့ အလားအလာမြင့်တက်လာနေတာဖြစ်ပါတယ်။

ယူကေအစိုးရအနေနဲ့ လက်ရှိမှာတော့ ချဲလ်ဆီးအသင်း ရောင်းရငွေကို ပိတ်ဆို့ထားမလား ဒါမှမဟုတ် ပရဟိတရန်ပုံငွေအဖြစ် လွှဲပြောင်းခွင့်ပေးမလားဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချေးငွေကိစ္စက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး ယူကေအစိုးရက အေဘရာမိုဗစ်ချ်ရဲ့ အိတ်ကပ်ထဲကို ချဲလ်ဆီးအသင်းဆီကနေ တပြားတချပ်မှ ပြန်မဝင်စေချင်တာဖြစ်ပါတယ်။

အဲဒါက မေလ ၃၁ ရက်နေ့မှာ လိုင်စင်သက်တမ်း ကုန်ဆုံးတော့မယ့် ချဲလ်ဆီးအသင်းအတွက်တော့ ကမ္ဘာပျက်နိုင်တဲ့အလားအလာကို မြင့်တက်စေပြီး တကယ်လို့သာ အဲဒီအချိန်အထိ အသင်းကို ရောင်းချနိုင်ခြင်းမရှိဘူးဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံရတော့မှာဖြစ်ပါတယ်။ အနောက်လန်ဒန်ကလပ်အသင်းအတွက် အနာဂတ်ဟာ ဘယ်လို ဖြစ်လာနိုင်ခြေရှိလဲဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်နဲ့ ယူကေ အစိုးရတို့ ထိပ်တိုက်တွေ့ဖို့ ဦးတည်နေတာကြောင့် ပထမဆုံးလှုပ်ရှားတဲ့ ဘယ်သူမဆို ချဲလ်ဆီးအသင်းမှာ အနာဂတ်ရှိ၊ မရှိ အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်နဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောကြားချက်အရ ရုရှားဘီလျံနာရဲ့ ချဲလ်ဆီးအသင်းကို ချေးထားတဲ့ ချေးငွေကို လျှော်ပေးဖို့ကိစ္စဟာ ယူကေအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ပိတ်ဆို့ခြင်းခံနေရတယ်လို့ အကြံပြုခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘယ်လို နည်းလမ်းရှာမှုမျိုးကမဆို အေဘရာမိုဗစ်ချ်က ၎င်းရဲ့ ငွေကြေးတွေကို ပြန်လည်ရရှိဖို့အတွက် အလားအလာမြင့်တက်စေမှာ ဖြစ်ပြီး အဲဒါက အမှောင်ထဲမှာ ဘာဖြစ်လာမလဲဆိုပြီး ရင်ထိတ်နေရတဲ့ တူဟယ်နဲ့ ကစားသမားတွေအတွက်တော့ လုံးဝ အိပ်မက်ဆိုးကြီး တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလုပ်ငန်းစဉ်ကြီးတစ်ခုလုံးက ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ရလဒ်အနေနဲ့ အဓိကဝင်ငွေစီးကြောင်းတွေ ပိတ်ဆို့ခံနေရဆဲဖြစ်တဲ့ အသင်းကို ထိခိုက်စေခဲ့ပြီးဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အန်တိုနီယို ရူဒီဂါ အသင်းကနေ ထွက်ခွာမှာကို တားဆီးနိုင်တဲ့ အင်အားမရှိဘဲ ကစားသမားတွေကို စာချုပ်သစ် ကမ်းလှမ်းလို့ မရနိုင်ဘူးလို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတဲ့ မေဆန် မောင့်နဲ့ ရီးစ် ဂျိမ်းစ်တို့ရဲ့အနာဂတ်ကလည်း လက်ရှိမှာတော့ မရေမရာဖြစ်နေပြီး ပြောဆိုဆွေးနွေးမှုတွေက ပြုလုပ်လို့ မရနိုင် ဖြစ်နေတာဖြစ်ပါတယ်။

တူဟယ်က မရေရာမှုတွေ ကြီးထွားလာတာက ၎င်းရဲ့အသင်းကို အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောကြားထားပေမယ့် တနင်္ဂနွေနေ့က အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို သောင်မတင် ရေမကျ အခြေအနေကြီးက ကြာကြာဆက်ဖြစ်နေလေလေ ပိုလို့တောင် ခက်ခဲလာမှာဖြစ်ပြီး အချိန်ကလည်း တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အတူ ယဉ်ကျေးမှု အတွင်းရေးမှူး နဒင်း ဒေါ်ရီးစ်ရဲ့ ပြောစကားအရ အသင်းဟာ ချေးငှားထားတဲ့အချိန်နဲ့ လည်ပတ်နေရတာကြောင့် တစ်စုံတစ်ရာတော့ ပေးမှရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ၎ရဲ့ ပိုက္ဆံေတြကို ျပန္လိုခ်င္ခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးအတြက္ေတာ့ ေတာ္ေတာ္ေလး အၾကပ္ရိုက္တဲ့ အေျခအေနကို ေရာက္ရွိသြားမွာျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေခ်းထားတဲ့ ေပါင္ ၁.၆ ဘီလီယံကို ျပန္ေပးဖို႔ ေတာင္းဆိုျခင္းက အေနာက္လန္ဒန္ကလပ္အသင္းကို ေရာင္းခ်ဖို႔ကိစၥ မီးစိမ္းျပဖို႔ ယူေကအစိုးရအတြက္ မျဖစ္နိုင္တဲ့ကိစၥျဖစ္လာေစမွာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဘိုးရစ္ ဂၽြန္ဆင္ကိုယ္တိုင္က ႐ုရွားဘီလ်ံနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းေရာင္းခ်တဲ့ လုပ္ငန္းစဥ္ကေန ခ်ဴးတျပားမွ ရရွိမွာမဟုတ္ဘူးလို႔ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ခ်ဲလ္ဆီးကို ေခ်းထားတဲ့ ပိုက္ဆံေတြကို ျပန္မေတာင္းဘဲ ေလၽွာ္ေပးမယ္ဆိုတဲ့ ကတိကို ျပန္႐ုတ္သိမ္းမွာကို စိုးရိမ္မႈေတြ ရွိေနၿပီး အဲဒီလိုမ်ိဳးသား ျဖစ္ခဲ့ရင္ လုပ္ငန္းစဥ္တစ္ခုလုံး ကေမာက္ကမျဖစ္သြားမွာျဖစ္ပါတယ္။ ဒီကိစၥဟာ LA Dodgers အသင္း ပူးတြဲပိုင္ရွင္ ေတာ့ဒ္ ဘာလီက ခ်ဲလ္ဆီးအသင္းကို ဝယ္ယူေတာ့မယ့္ပုံေပၚေနတဲ့အခ်ိန္မွာ အသင္းအတြက္ ႀကီးမားတဲ့ ျပႆနာတစ္ရပ္ ျဖစ္ေနတာျဖစ္ပါတယ္။

ဘာလီဟာ ရႈပ္ေထြးတဲ့ ေရာင္းခ်မႈကို တာဝန္ယူထားတဲ့ အေမရိကန္ကုန္သည္ဘဏ္လုပ္ငန္းျဖစ္တဲ့ Raine Group ရဲ့ ဦးစားေပးေလလံဆြဲသူအျဖစ္ ေရြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဘာလီနဲ႔ အဖြဲ႕ဟာ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းကို ဝယ္ယူမယ့္ သေဘာတူညီမႈကို အၿပီးသတ္ဖို႔အတြက္ သီးသန႔္ေဆြးေႏြးမႈ ၅ ရက္ၾကာလုပ္ေဆာင္ေနေပမယ့္လည္း ေအဘရာမိုဗစ္ခ်္ရဲ့ ေခ်းေငြကိစၥက ႀကီးမားတဲ့ အတားဆီးျဖစ္လာနိုင္ေျခရွိိတယ္ဆိုတဲ့အခ်က္က ရွိေနတာျဖစ္ပါတယ္။

ၿဗိတိန္အစိုးရရဲ့ ပိတ္ဆို႔ဒဏ္ခတ္ျခင္းခံထားရတဲ့ လက္ရွိပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ အစတုန္းက ေခ်းေငြကို ေလၽွာ္ေပးဖို႔ အခိုင္အမာ ကတိျပဳထားခဲ့တာျဖစ္ၿပီး အသင္းကို ေရာင္းခ်လို႔ရရွိလာတဲ့ေငြေၾကးအားလုံးကိုလည္း ယူကရိန္းက စစ္ေဘးဒဏ္သင့္ျပည္သူေတြအတြက္ ရန္ပုံေငြအျဖစ္ လႉဒါန္းသြားမယ္လို႔ ကတိျပဳခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူေကအစိုးရ အစာမေၾကျဖစ္နိုင္တဲ့အခ်က္တစ္ခ်က္အျဖစ္ ေငြေၾကးအခ်ိဳ႕က ဒဏ္ရာရ ႐ုရွားစစ္သားေတြ လက္ထဲေရာက္သြားနိုင္တဲ့ အလားအလာျမင့္တက္လာေနတာျဖစ္ပါတယ္။

ယူေကအစိုးရအေနနဲ႔ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္း ေရာင္းရေငြကို ပိတ္ဆို႔ထားမလား ဒါမွမဟုတ္ ပရဟိတရန္ပုံေငြအျဖစ္ လႊဲေျပာင္းခြင့္ေပးမလားဆိုတာကို ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေခ်းေငြကိစၥက ဘယ္လိုဆက္ျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ယူေကအစိုးရက ေအဘရာမိုဗစ္ခ်္ရဲ့ အိတ္ကပ္ထဲကို ခ်ဲလ္ဆီးအသင္းဆီကေန တျပားတခ်ပ္မွ ျပန္မဝင္ေစခ်င္တာျဖစ္ပါတယ္။

အဲဒါက ေမလ ၃၁ ရက္ေန႔မွာ လိုင္စင္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ကမၻာပ်က္နိုင္တဲ့အလားအလာကို ျမင့္တက္ေစၿပီး တကယ္လို႔သာ အဲဒီအခ်ိန္အထိ အသင္းကို ေရာင္းခ်နိုင္ျခင္းမရွိဘူးဆိုရင္ လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ျခင္း ခံရေတာ့မွာျဖစ္ပါတယ္။ အေနာက္လန္ဒန္ကလပ္အသင္းအတြက္ အနာဂတ္ဟာ ဘယ္လို ျဖစ္လာနိုင္ေျခရွိလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေအဘရာမိုဗစ္ခ်္နဲ႔ ယူေက အစိုးရတို႔ ထိပ္တိုက္ေတြ႕ဖို႔ ဦးတည္ေနတာေၾကာင့္ ပထမဆုံးလႈပ္ရွားတဲ့ ဘယ္သူမဆို ခ်ဲလ္ဆီးအသင္းမွာ အနာဂတ္ရွိ၊ မရွိ အဆုံးအျဖတ္ေပးနိုင္မွာ ျဖစ္ပါတယ္။ ေအဘရာမိုဗစ္ခ်္နဲ႔ နီးစပ္တဲ့သူေတြရဲ့ ေျပာၾကားခ်က္အရ ႐ုရွားဘီလ်ံနာရဲ့ ခ်ဲလ္ဆီးအသင္းကို ေခ်းထားတဲ့ ေခ်းေငြကို ေလၽွာ္ေပးဖို႔ကိစၥဟာ ယူေကအစိုးရရဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈရဲ့ ပိတ္ဆို႔ျခင္းခံေနရတယ္လို႔ အႀကံျပဳျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဘယ္လို နည္းလမ္းရွာမႈမ်ိဳးကမဆို ေအဘရာမိုဗစ္ခ်္က ၎ရဲ့ ေငြေၾကးေတြကို ျပန္လည္ရရွိဖို႔အတြက္ အလားအလာျမင့္တက္ေစမွာ ျဖစ္ၿပီး အဲဒါက အေမွာင္ထဲမွာ ဘာျဖစ္လာမလဲဆိုၿပီး ရင္ထိတ္ေနရတဲ့ တူဟယ္နဲ႔ ကစားသမားေတြအတြက္ေတာ့ လုံးဝ အိပ္မက္ဆိုးႀကီး တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဝမ္းနည္းစရာလုပ္ငန္းစဥ္ႀကီးတစ္ခုလုံးက ပိတ္ဆို႔ဒဏ္ခတ္မႈရဲ့ ရလဒ္အေနနဲ႔ အဓိကဝင္ေငြစီးေၾကာင္းေတြ ပိတ္ဆို႔ခံေနရဆဲျဖစ္တဲ့ အသင္းကို ထိခိုက္ေစခဲ့ၿပီးျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အန္တိုနီယို ႐ူဒီဂါ အသင္းကေန ထြက္ခြာမွာကို တားဆီးနိုင္တဲ့ အင္အားမရွိဘဲ ကစားသမားေတြကို စာခ်ဳပ္သစ္ ကမ္းလွမ္းလို႔ မရနိုင္ဘူးလို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ရွိေနတဲ့ ေမဆန္ ေမာင့္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ရဲ့အနာဂတ္ကလည္း လက္ရွိမွာေတာ့ မေရမရာျဖစ္ေနၿပီး ေျပာဆိုေဆြးေႏြးမႈေတြက ျပဳလုပ္လို႔ မရနိုင္ ျဖစ္ေနတာျဖစ္ပါတယ္။

တူဟယ္က မေရရာမႈေတြ ႀကီးထြားလာတာက ၎ရဲ့အသင္းကို အက်ိဳးသက္ေရာက္မႈ မရွိဘူးလို႔ ေျပာၾကားထားေပမယ့္ တနဂၤေႏြေန႔က အဲဗာတန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ေနာက္ဆုံး ၄ ပြဲမွာ ၁ ပြဲသာ အနိုင္ရရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ အခုလို ေသာင္မတင္ ေရမက် အေျခအေနႀကီးက ၾကာၾကာဆက္ျဖစ္ေနေလေလ ပိုလို႔ေတာင္ ခက္ခဲလာမွာျဖစ္ၿပီး အခ်ိန္ကလည္း တျဖည္းျဖည္း ကုန္ဆုံးလာတာနဲ႔အတူ ယဥ္ေက်းမႈ အတြင္းေရးမႉး နဒင္း ေဒၚရီးစ္ရဲ့ ေျပာစကားအရ အသင္းဟာ ေခ်းငွားထားတဲ့အခ်ိန္နဲ႔ လည္ပတ္ေနရတာေၾကာင့္ တစ္စုံတစ္ရာေတာ့ ေပးမွရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.