International

ဗြိတိန်ရဲ့လက်ရှိ အကြီးကျယ်ဆုံးအားကစားသမားတွေက ဘယ်သူလဲ

ဗြိတိန်အားကစားလောကအတွက် ဒီနှစ်အပိုင်းအခြားတွေလောက် ကောင်းမွန်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘဲ ဗြိတိန်အားကစားသမားတွေဟာ ၎င်းတို့ရဲ့ သက်ဆိုင်ရာ အားကစားတွေမှာ လွှမ်းမိုးနိုင်ခဲ့ကြပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ ဂရိတ်ဗြိတိန်အဖွဲ့ဟာ ရယ်မောစရာဖြစ်နေတာကို ရပ်တန့်ခဲ့ပြီး ၎င်းတို့ရဲ့ အလေးချိန်အထက်ကို ပုံမှန်လုပ်ရိုးလုပ်စဉ်လိုမျိုး စွမ်းဆောင်ပြခဲ့ပါတယ်။ အင်္ဂလန်အသင်းကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး အောင်မြင်မှုနဲ့ဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Daily Star Sport က ဗြိတိန်ရဲ့ လက်ရှိ ကစားနေဆဲဖြစ်တဲ့ အကြီးကျယ်ဆုံး အားကစားသမားက ဘယ်သူလဲဆိုတာကို သိရှိရအောင် ကြိုးပမ်းခဲ့ပြီး ဗြိတိန်ရဲ့ အကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ အားကစားသမား ၈ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အန်ဒီ မာရေး

အန်ဒီ မာရေးဟာ တစ်ခါတုန်းကလိုမျိုး တင်းနစ် နတ်ဘုရားမဟုတ်တော့ဘဲ ပြီးခဲ့တဲ့လက ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အဆင့် ၈၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အားကစားသမားအနည်းငယ်ကသာ ၎င်းရဲ့ အကောင်းဆုံးအချိန်တုန်းက အောင်မြင်မှုမျိုးနဲ့ ဆင်တူတဲ့ အောင်မြင်မှုမျိုး ရရှိခဲ့ပြီး စကော့လူမျိုး တင်းနစ်သမားဟာ ၂၀၁၃ ခုနှစ်မှာ ဝင်ဘယ်ဒန်ဖလားပြိုင်ပွဲမှာ အောင်ပွဲရယူပြီး ဗြိတိန်ရဲ့ ကာလရှည် စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်ခဲ့သလို ၂၀၁၆ မှာလည်း အလားတူ အောင်မြင်မှုမျိုးကို ထပ်မံ လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဟာမီလ်တန်

လူးဝစ္စ ဟာမီလ်တန်ဟာ ဒီဇင်ဘာလမှာ နောက်ထပ် Drivers World Championship ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်စ် ဗစ်စတက်ပန်ရဲ့ သဲကန္တာရထဲမှာ နှလုံးခုန်ရပ်တန့်စေလောက်အောင် အောင်ပွဲခံနိုင်ခဲ့ပေမယ့်လည်း ဟာမီလ်တန်ဟာ အကောင်းဆုံး ဖော်မြူလာဝမ်း ကားမောင်းနှင်သူ ဖြစ်နေသေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ရာသီအစောပိုင်း ပြိုင်ပွဲတွေမှာ ဟာမီလ်တန် ဖြစ်ချင်တဲ့အတိုင်း အရာအားလုံးက အမှန်တကယ် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

တိုင်ဆန် ဖျူရီ

တိုင်ဆန် ဖျူရီအနေနဲ့ ၎င်းဟာ အကောင်းဆုံးဟဲဗီးဝိတ်လက်ဝှေ့ကျော်လို့ ယုံကြည်နေမှာဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်တဲ့ပွဲစဉ်မှာ ဒီလီယန် ဝှိုက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဖျူရီဟာ လက်ဝှေ့လောကကို စွန့်ခွာဖို့အကြောင်းကို ပြောဆိုခဲ့ပြီး လက်ရှိအချိန်မှာ အနားယူမယ်ဆိုရင် ၃၃-၀-၁ စံချိန်နဲ့ အနားယူနိုင်မှာဖြစ်ပါတယ်။

ရွန်နီ အို ဆူလီဗန်

ရွန်နီ အို ဆူလီဗန်ဟာ တနင်္လာနေ့ညနေမှာ နောက်ထပ်တစ်ကြိမ် ကမ္ဘာ့စနူကာချန်ပီယံအဖြစ် သရဖူဆောင်းနိုင်ခဲ့ပြန်ပြီဖြစ်ပြီး လက်ရှိမှာတော့ စတီဖင် ဟန်ဒရီရဲ့ ကမ္ဘာ့စနူကာချန်ပီယံ ၇ ကြိမ်ရရှိထားတဲ့ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး စနူကာကြယ်ပွင့်ဟာ စံချိန်သစ်တင်နိုင်ဖို့ နောက်ထပ် ပြိုင်ပွဲ ၂ ပွဲ ကျန်ရှိသေးတယ်လို့ ထင်မြင်နေပြီး အို ဆူလီဗန်ရဲ့ ပထမဆုံး ကမ္ဘာ့စနူကာချန်ပီယံဆုဟာ ၂၀၀၁ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

ဂါရတ် ဘေးလ်

ဂါရတ် ဘေးလ်ဟာ ဗြိတိန်ကနေ ပေါ်ထွက်လာတဲ့ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဆိုတာ မေးခွန်းထုတ်စရာမရှိဘဲ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး အားကစားသမားဖြစ်လာနိုင်သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးလ်အနေနဲ့ ကမ္ဘာ့ချန်ပီယံပုံစံမျိုးပေါ်အောင် မလုပ်ဆောင်ခင် ကွင်းပြင်ပမှာ လုပ်ခဲ့တာတွေကို အမှတ်ရနေတာ ဒါမှမဟုတ် မက်ဒရစ်မှာရှိနေစဉ်ကာလအတွင်း ကွင်းထဲမှာ မရှိခဲ့ရတာကို အမှတ်ရနေတာက အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အယ်လန် ဝှိုက်

ဒီစာရင်းထဲမှာ ပါဝင်တဲ့ ဒုတိယနဲ့ နောက်ဆုံး ဘောလုံးသမားဖြစ်ပြီး အမျိုးသားအသင်းထဲက နောက်ထပ်တစ်ယောက် ထပ်မထည့်ရဘူးဆိုရင်တော့ အယ်လန် ဝှိုက်ကိုပဲ ရွေးရမှာပါ။ အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ လက်ရွေးစင်အသင်းအတွက် အတားအဆီးတွေကို ကျော်ဖြတ်ပြီး စံချိန်တွေကို ဆက်လက်ရိုက်ချိုးနေခဲ့သူဖြစ်ပါတယ်။ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး ၀.၅ ဂိုးအောက်သာ ရှိနေပေမယ့်လည်း အယ်လန် ဝှိုက်ဟာ ဥရောပရဲ့ အဆုံးသတ်အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆာရီနာ ဗိခ်မန်းအနေနဲ့ ယခုနွေရာသီမှာ အင်္ဂလန်အမျိုးသမီးအသင်းကို ဥရောပအောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

မို ဖာရာ

လန်ဒန် ၂၀၁၂ အိုလံပစ်ရဲ့ ရုပ်ပုံရှင်ကောင်လေး၊ ဗြိတိန်ရဲ့ တသက်တာအကောင်းဆုံးအိုလံပစ်အားကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မို ဖာရာဟာ ရွှေတံဆိပ် ၄ ခုအထိ ရယူနိုင်ခဲ့ပါတယ်။ ၎င်းရဲ့ အိုလံပစ်အောင်မြင်မှုနဲ့အတူ ဖာရာဟာ မီတာ ၅၀၀၀ နဲ့ ၁၀၀၀၀ ပြေးလမ်းပေါ်မှာလည်း ကမ္ဘာ့ချန်ပီယံရှစ်ဘွဲ့ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဖာရာက မာရသွန်ပြိုင်ပွဲအတွက် ဗြိတိန်အမျိုးသားစံချိန်ကို အသစ်ရေးထိုးဖို့အတွက် ၎င်းရဲ့ လုပ်နိုင်စွမ်းကို တိုးမြှင့်ခဲ့ပါတယ်။

လော်ရာ ကန်နီ

ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအားကစားသမားရဲ့ ဇနီးဖြစ်သူ လော်ရာ ကန်နီဟာ အိုလံပစ်ရွှေတံဆိပ် ၆ ဆုအထိ ပိုင်ဆိုင်ထားပြီး မကြာသေးမီက ကစားသမားဘဝကနေ အနားယူသွားတဲ့ ခင်ပွန်းဖြစ်သူ ဂျေဆန် ကန်နီက ၉ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ကန်နီဟာ ရွှေတံဆိပ် ၆ ဆုရရှိထားပြီး လက်ရှိမှာ ဆက်လက်ယှဉ်ပြိုင်ကစားနေဆဲဖြစ်တဲ့ ဗြိတိန်ရဲ့ အားကစားသမား ၄ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ လော်ရာဟာ နေရှင်နယ်ချန်ပီယံရှစ်ဖလားတွေကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

ဒေးဗစ် ဝေရာ

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ် ဝေရာဟာ ထိပ်ဆုံးအထိ ရောက်ဖို့ ကြိုးပမ်းရာမှာ ဘယ်အရာကြောင့်နဲ့မှ ရပ်တန့်သွားတာကို ခွင့်မပြုသူဖြစ်ပါတယ်။ မွေးရာပါ ခါးရိုးမသန်တာကြောင့် ခြေထောက်တွေကို အသုံးပြုလို့မရနိုင်တဲ့ ဝေရာဟာ ဗြိတိန်ရဲ့ အအောင်မြင်ဆုံး မသန်စွမ်းအားကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဝေရာဟာ လန်ဒန် မာရသွန်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ၈ ခုနဲ့အတူ လွှမ်းမိုးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုရီ မက်ကိုရွိုင်း

ရိုရီ မက်ကိုရွိုင်းရဲ့ အကောင်းဆုံးနေ့တွေက ကျန်ရစ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၂၀၁၂ မတ်လကစပြီး PGA Tour အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ထိလို့မရသူဖြစ်ခဲ့ပါတယ်။ မြောက်အိုင်ယာလန်သားဟာ ပရော်ဖက်ရှင်နယ် နိုင်ပွဲ ၃၂ ပွဲ ပိုင်ဆိုင်ထားပြီး အဲဒီထဲက ပွဲ ၂၀ ဟာ PGA Tour မှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မက်ကိုရွိုင်းဟာ ယူအက်စ် အိုးပင်း၊ PGA Championships နဲ့ The Open တို့မှာလည်း ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ မက်ကိုရွိုင်းဟာ ယခုနှစ် Masters ပြိုင်ပွဲမှာ စကော့တီ ရှက်ဖ်လာရဲ့နောက် ဒုတိယနေရာ ရရှိခဲ့ပြီး အရင်တုန်းက တောက်ပခဲ့တဲ့ လက်စွမ်းမျိုးကို နောက်ထပ်တစ်ကြိမ် ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿဗိတိန္အားကစားေလာကအတြက္ ဒီႏွစ္အပိုင္းအျခားေတြေလာက္ ေကာင္းမြန္ခဲ့တာမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးဘဲ ၿဗိတိန္အားကစားသမားေတြဟာ ၎တို႔ရဲ့ သက္ဆိုင္ရာ အားကစားေတြမွာ လႊမ္းမိုးနိုင္ခဲ့ၾကပါတယ္။

အိုလံပစ္ၿပိဳင္ပြဲမွာ ဂရိတ္ၿဗိတိန္အဖြဲ႕ဟာ ရယ္ေမာစရာျဖစ္ေနတာကို ရပ္တန႔္ခဲ့ၿပီး ၎တို႔ရဲ့ အေလးခ်ိန္အထက္ကို ပုံမွန္လုပ္ရိုးလုပ္စဥ္လိုမ်ိဳး စြမ္းေဆာင္ျပခဲ့ပါတယ္။ အဂၤလန္အသင္းကလည္း ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္နိုင္ခဲ့ၿပီး ေအာင္ျမင္မႈနဲ႔ေဝးကြာေနမႈကို အဆုံးသတ္နိုင္ဖို႔ လက္တစ္ကမ္းအလိုကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

Daily Star Sport က ၿဗိတိန္ရဲ့ လက္ရွိ ကစားေနဆဲျဖစ္တဲ့ အႀကီးက်ယ္ဆုံး အားကစားသမားက ဘယ္သူလဲဆိုတာကို သိရွိရေအာင္ ႀကိဳးပမ္းခဲ့ၿပီး ၿဗိတိန္ရဲ့ အႀကီးက်ယ္အခမ္းနားဆုံးျဖစ္တဲ့ အားကစားသမား ၈ ဦးကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အန္ဒီ မာေရး

အန္ဒီ မာေရးဟာ တစ္ခါတုန္းကလိုမ်ိဳး တင္းနစ္ နတ္ဘုရားမဟုတ္ေတာ့ဘဲ ၿပီးခဲ့တဲ့လက ကမၻာ့အဆင့္ ရပ္တည္မႈမွာ အဆင့္ ၈၅ ေနရာမွာသာ ရပ္တည္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အားကစားသမားအနည္းငယ္ကသာ ၎ရဲ့ အေကာင္းဆုံးအခ်ိန္တုန္းက ေအာင္ျမင္မႈမ်ိဳးနဲ႔ ဆင္တူတဲ့ ေအာင္ျမင္မႈမ်ိဳး ရရွိခဲ့ၿပီး စေကာ့လူမ်ိဳး တင္းနစ္သမားဟာ ၂၀၁၃ ခုႏွစ္မွာ ဝင္ဘယ္ဒန္ဖလားၿပိဳင္ပြဲမွာ ေအာင္ပြဲရယူၿပီး ၿဗိတိန္ရဲ့ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရမႈကို အဆုံးသတ္ခဲ့သလို ၂၀၁၆ မွာလည္း အလားတူ ေအာင္ျမင္မႈမ်ိဳးကို ထပ္မံ လုပ္ျပနိုင္ခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဟာမီလ္တန္

လူးဝစၥ ဟာမီလ္တန္ဟာ ဒီဇင္ဘာလမွာ ေနာက္ထပ္ Drivers World Championship ဖလားကို ဆြတ္ခူးနိုင္ခဲ့ၿပီး မက္စ္ ဗစ္စတက္ပန္ရဲ့ သဲကႏၲာရထဲမွာ ႏွလုံးခုန္ရပ္တန႔္ေစေလာက္ေအာင္ ေအာင္ပြဲခံနိုင္ခဲ့ေပမယ့္လည္း ဟာမီလ္တန္ဟာ အေကာင္းဆုံး ေဖာ္ျမဴလာဝမ္း ကားေမာင္းႏွင္သူ ျဖစ္ေနေသးတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္လည္း ၂၀၂၂ ရာသီအေစာပိုင္း ၿပိဳင္ပြဲေတြမွာ ဟာမီလ္တန္ ျဖစ္ခ်င္တဲ့အတိုင္း အရာအားလုံးက အမွန္တကယ္ ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

တိုင္ဆန္ ဖ်ဴရီ

တိုင္ဆန္ ဖ်ဴရီအေနနဲ႔ ၎ဟာ အေကာင္းဆုံးဟဲဗီးဝိတ္လက္ေဝွ႕ေက်ာ္လို႔ ယုံၾကည္ေနမွာျဖစ္ၿပီး ေနာက္ဆုံးထိုးသတ္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္တဲ့ ခ်န္ပီယံဘြဲ႕ကို ကာကြယ္တဲ့ပြဲစဥ္မွာ ဒီလီယန္ ဝွိုက္ကို အနိုင္ယူနိုင္ခဲ့ပါတယ္။ ဖ်ဴရီဟာ လက္ေဝွ႕ေလာကကို စြန႔္ခြာဖို႔အေၾကာင္းကို ေျပာဆိုခဲ့ၿပီး လက္ရွိအခ်ိန္မွာ အနားယူမယ္ဆိုရင္ ၃၃-၀-၁ စံခ်ိန္နဲ႔ အနားယူနိုင္မွာျဖစ္ပါတယ္။

ရြန္နီ အို ဆူလီဗန္

ရြန္နီ အို ဆူလီဗန္ဟာ တနလၤာေန႔ညေနမွာ ေနာက္ထပ္တစ္ႀကိမ္ ကမၻာ့စႏူကာခ်န္ပီယံအျဖစ္ သရဖူေဆာင္းနိုင္ခဲ့ျပန္ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ စတီဖင္ ဟန္ဒရီရဲ့ ကမၻာ့စႏူကာခ်န္ပီယံ ၇ ႀကိမ္ရရွိထားတဲ့ စံခ်ိန္ကို လိုက္မီသြားခဲ့ၿပီျဖစ္ပါတယ္။ အဂၤလိပ္လူမ်ိဳး စႏူကာၾကယ္ပြင့္ဟာ စံခ်ိန္သစ္တင္နိုင္ဖို႔ ေနာက္ထပ္ ၿပိဳင္ပြဲ ၂ ပြဲ က်န္ရွိေသးတယ္လို႔ ထင္ျမင္ေနၿပီး အို ဆူလီဗန္ရဲ့ ပထမဆုံး ကမၻာ့စႏူကာခ်န္ပီယံဆုဟာ ၂၀၀၁ ခုႏွစ္မွာ ရရွိခဲ့တာျဖစ္ပါတယ္။

ဂါရတ္ ေဘးလ္

ဂါရတ္ ေဘးလ္ဟာ ၿဗိတိန္ကေန ေပၚထြက္လာတဲ့ အေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးဆိုတာ ေမးခြန္းထုတ္စရာမရွိဘဲ ၿဗိတိန္ရဲ့ အႀကီးက်ယ္ဆုံး အားကစားသမားျဖစ္လာနိုင္သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဘးလ္အေနနဲ႔ ကမၻာ့ခ်န္ပီယံပုံစံမ်ိဳးေပၚေအာင္ မလုပ္ေဆာင္ခင္ ကြင္းျပင္ပမွာ လုပ္ခဲ့တာေတြကို အမွတ္ရေနတာ ဒါမွမဟုတ္ မက္ဒရစ္မွာရွိေနစဥ္ကာလအတြင္း ကြင္းထဲမွာ မရွိခဲ့ရတာကို အမွတ္ရေနတာက အေကာင္းဆုံးျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

အယ္လန္ ဝွိုက္

ဒီစာရင္းထဲမွာ ပါဝင္တဲ့ ဒုတိယနဲ႔ ေနာက္ဆုံး ေဘာလုံးသမားျဖစ္ၿပီး အမ်ိဳးသားအသင္းထဲက ေနာက္ထပ္တစ္ေယာက္ ထပ္မထည့္ရဘူးဆိုရင္ေတာ့ အယ္လန္ ဝွိုက္ကိုပဲ ေရြးရမွာပါ။ အသက္ ၃၂ ႏွစ္အရြယ္ ကစားသမားဟာ လက္ေရြးစင္အသင္းအတြက္ အတားအဆီးေတြကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္ေတြကို ဆက္လက္ရိုက္ခ်ိဳးေနခဲ့သူျဖစ္ပါတယ္။ တစ္ပြဲကို ပ်မ္းမၽွသြင္းဂိုး ၀.၅ ဂိုးေအာက္သာ ရွိေနေပမယ့္လည္း အယ္လန္ ဝွိုက္ဟာ ဥေရာပရဲ့ အဆုံးသတ္အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ပါတယ္။ ဆာရီနာ ဗိခ္မန္းအေနနဲ႔ ယခုေႏြရာသီမွာ အဂၤလန္အမ်ိဳးသမီးအသင္းကို ဥေရာပေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

မို ဖာရာ

လန္ဒန္ ၂၀၁၂ အိုလံပစ္ရဲ့ ႐ုပ္ပုံရွင္ေကာင္ေလး၊ ၿဗိတိန္ရဲ့ တသက္တာအေကာင္းဆုံးအိုလံပစ္အားကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ မို ဖာရာဟာ ေရႊတံဆိပ္ ၄ ခုအထိ ရယူနိုင္ခဲ့ပါတယ္။ ၎ရဲ့ အိုလံပစ္ေအာင္ျမင္မႈနဲ႔အတူ ဖာရာဟာ မီတာ ၅၀၀၀ နဲ႔ ၁၀၀၀၀ ေျပးလမ္းေပၚမွာလည္း ကမၻာ့ခ်န္ပီယံရွစ္ဘြဲ႕ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဖာရာက မာရသြန္ၿပိဳင္ပြဲအတြက္ ၿဗိတိန္အမ်ိဳးသားစံခ်ိန္ကို အသစ္ေရးထိုးဖို႔အတြက္ ၎ရဲ့ လုပ္နိုင္စြမ္းကို တိုးျမႇင့္ခဲ့ပါတယ္။

ေလာ္ရာ ကန္နီ

ၿဗိတိန္ရဲ့ အေအာင္ျမင္ဆုံးအားကစားသမားရဲ့ ဇနီးျဖစ္သူ ေလာ္ရာ ကန္နီဟာ အိုလံပစ္ေရႊတံဆိပ္ ၆ ဆုအထိ ပိုင္ဆိုင္ထားၿပီး မၾကာေသးမီက ကစားသမားဘဝကေန အနားယူသြားတဲ့ ခင္ပြန္းျဖစ္သူ ေဂ်ဆန္ ကန္နီက ၉ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။ ကန္နီဟာ ေရႊတံဆိပ္ ၆ ဆုရရွိထားၿပီး လက္ရွိမွာ ဆက္လက္ယွဥ္ၿပိဳင္ကစားေနဆဲျဖစ္တဲ့ ၿဗိတိန္ရဲ့ အားကစားသမား ၄ ဦးထဲက တစ္ဦးျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ရွိၿပီျဖစ္တဲ့ ေလာ္ရာဟာ ေနရွင္နယ္ခ်န္ပီယံရွစ္ဖလားေတြကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။

ေဒးဗစ္ ေဝရာ

အသက္ ၄၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဒးဗစ္ ေဝရာဟာ ထိပ္ဆုံးအထိ ေရာက္ဖို႔ ႀကိဳးပမ္းရာမွာ ဘယ္အရာေၾကာင့္နဲ႔မွ ရပ္တန႔္သြားတာကို ခြင့္မျပဳသူျဖစ္ပါတယ္။ ေမြးရာပါ ခါးရိုးမသန္တာေၾကာင့္ ေျခေထာက္ေတြကို အသုံးျပဳလို႔မရနိုင္တဲ့ ေဝရာဟာ ၿဗိတိန္ရဲ့ အေအာင္ျမင္ဆုံး မသန္စြမ္းအားကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ပါတယ္။ ေဝရာဟာ လန္ဒန္ မာရသြန္ၿပိဳင္ပြဲမွာလည္း ေရႊတံဆိပ္ ၈ ခုနဲ႔အတူ လႊမ္းမိုးထားနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ရိုရီ မက္ကိုရြိဳင္း

ရိုရီ မက္ကိုရြိဳင္းရဲ့ အေကာင္းဆုံးေန႔ေတြက က်န္ရစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ၂၀၁၂ မတ္လကစၿပီး PGA Tour အဆင့္သတ္မွတ္ခ်က္ရဲ့ ထိပ္ဆုံးမွာ ထိလို႔မရသူျဖစ္ခဲ့ပါတယ္။ ေျမာက္အိုင္ယာလန္သားဟာ ပေရာ္ဖက္ရွင္နယ္ နိုင္ပြဲ ၃၂ ပြဲ ပိုင္ဆိုင္ထားၿပီး အဲဒီထဲက ပြဲ ၂၀ ဟာ PGA Tour မွာ ရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ကိုရြိဳင္းဟာ ယူအက္စ္ အိုးပင္း၊ PGA Championships နဲ႔ The Open တို႔မွာလည္း ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။ မက္ကိုရြိဳင္းဟာ ယခုႏွစ္ Masters ၿပိဳင္ပြဲမွာ စေကာ့တီ ရွက္ဖ္လာရဲ့ေနာက္ ဒုတိယေနရာ ရရွိခဲ့ၿပီး အရင္တုန္းက ေတာက္ပခဲ့တဲ့ လက္စြမ္းမ်ိဳးကို ေနာက္ထပ္တစ္ႀကိမ္ ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.