International

ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့တဲ့ အီတလီအတွက် ရင်နာနေတဲ့ အာဂျင်တီးနားနည်းပြ

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီတလီအသင်း ဝင်ခွင့် လွဲချော်ခဲ့တာက မထိုက်တန်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၂၀ ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၈ လအကြာမှာပဲ အဇူရီတွေဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် play-off ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ယနေ့ည မြောက်အမေရိကဇုန်ချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် Finalissima ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အီတလီရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် လွဲချော်ခဲ့ရမှုနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ စကာလိုနီက အာဂျင်တီးနားအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ဖို့ မထိုက်တန်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ကမ္ဘာ့ဖလားဝင်ခွင့်လွဲချော်ခဲ့တာနဲ့ မထိုက်တန်ခဲ့ပါဘူး။ သူတို့တွေက ဥရောပချန်ပီယံတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်ကမှ ဖလားရခဲ့တာပါ။ သူတို့တွေက အရာအားလုံးကို မှန်ကန်အောင် လုပ်နိုင်ခဲ့တဲ့ ထိပ်တန်းအဆင့် နိုင်ငံတစ်နိုင်ငံပါ။ သူတို့မှာ ထိပ်တန်းနည်းပြရှိပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးဆိုတာက အချို့ပွဲစဉ်တွေမှာ ထင်သလိုဖြစ်မလာတတ်တာကြောင့်ပါ”

“ရောဘတ်တို မန်စီနီအနေနဲ့ ကစားသမား ၁၅ ယောက်ကနေ အယောက် ၂၀ အထိ အပြောင်းအလဲလုပ်မယ်ဆိုတာကို ကျွန်တော် မယုံပါဘူး။ ဒါပေမယ့် အဲဒါကို တဖြည်းဖြည်းနဲ့ လုပ်သွားပါလိမ့်မယ်။ အီတလီက ကမ္ဘာ့ဖလားဝင်ခွင့် မရခဲ့တာတောင်မှ နည်းပြ မန်စီနီအပေါ်မှာ ယုံကြည်မှု ဆက်ပေးထားတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အဲဒါက နည်းပြအနေနဲ့ အရေးကြီးတဲ့တစ်စုံတရာကို လုပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်မို့လို့ပါ”

စကာလိုနီက ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်ကို စွန့်ခွာတော့မယ့် ပေါ်လို ဒီဘာလာက ကမ္ဘာ့အဆင့် ကစားသမားလို့ ပြောကြားခဲ့ပြီး အင်တာမီလန်၊ ရိုးမားတို့လိုအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ စကာလိုနီက ဂျူဗင်တပ်ပစ်မှတ် အိန်ဂျယ် ဒီ မာရီယာကို ကမ္ဘာပေါ်က အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကကို ပေးစရာတွေ အများကြီးရှိသေးတယ်လို့ ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ နိုင်ငံတကာဘောလုံးလောကမှာ အရှည်လျားဆုံး ရှုံးပွဲမရှိ စံချိန်ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ် ကိုပါအမေရိက တတိယနေရာ play-off ပွဲစဉ်ကတည်းက ၃၁ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။ တောင်အမေရိကချန်ပီယံအသင်းဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာကနေ ၂၀၂၁ အောက်တိုဘာလအထိ မန်စီနီရဲ့ အီတလီအသင်း ရေးထိုးထားတဲ့ ၃၇ ပွဲ ရှုံးပွဲမရှိ စံချိန်ကို လိုက်မီနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဂ်င္တီးနားနည္းၿပ လီယြန္နယ္ စကာလိုနီက ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ အီတလီအသင္း ဝင္ခြင့္ လြဲေခ်ာ္ခဲ့တာက မထိုက္တန္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ယူရို ၂၀၂၀ ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ ၈ လအၾကာမွာပဲ အဇူရီေတြဟာ ကမၻာ့ဖလားဝင္ခြင့္အတြက္ play-off ပြဲစဥ္မွာ ေျမာက္မက္ဆီဒိုးနီးယားကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး ၂ ႀကိမ္ဆက္တိုက္ ကမၻာ့ဖလားဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ယေန႔ည ေျမာက္အေမရိကဇုန္ခ်န္ပီယံနဲ႔ ဥေရာပခ်န္ပီယံတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ Finalissima ပြဲစဥ္မတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ အီတလီရဲ့ ကမၻာ့ဖလားဝင္ခြင့္ လြဲေခ်ာ္ခဲ့ရမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခံရခ်ိန္မွာ စကာလိုနီက အာဂ်င္တီးနားအသင္းအေနနဲ႔ ကမၻာ့ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ဖို႔ မထိုက္တန္ခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ ကမၻာ့ဖလားဝင္ခြင့္လြဲေခ်ာ္ခဲ့တာနဲ႔ မထိုက္တန္ခဲ့ပါဘူး။ သူတို႔ေတြက ဥေရာပခ်န္ပီယံေတြျဖစ္ၿပီး လြန္ခဲ့တဲ့ ၁ ႏွစ္ကမွ ဖလားရခဲ့တာပါ။ သူတို႔ေတြက အရာအားလုံးကို မွန္ကန္ေအာင္ လုပ္နိုင္ခဲ့တဲ့ ထိပ္တန္းအဆင့္ နိုင္ငံတစ္နိုင္ငံပါ။ သူတို႔မွာ ထိပ္တန္းနည္းျပရွိၿပီး ကမၻာ့ဖလားမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးဆိုတာက အခ်ိဳ႕ပြဲစဥ္ေတြမွာ ထင္သလိုျဖစ္မလာတတ္တာေၾကာင့္ပါ”

“ေရာဘတ္တို မန္စီနီအေနနဲ႔ ကစားသမား ၁၅ ေယာက္ကေန အေယာက္ ၂၀ အထိ အေျပာင္းအလဲလုပ္မယ္ဆိုတာကို ကၽြန္ေတာ္ မယုံပါဘူး။ ဒါေပမယ့္ အဲဒါကို တျဖည္းျဖည္းနဲ႔ လုပ္သြားပါလိမ့္မယ္။ အီတလီက ကမၻာ့ဖလားဝင္ခြင့္ မရခဲ့တာေတာင္မွ နည္းၿပ မန္စီနီအေပၚမွာ ယုံၾကည္မႈ ဆက္ေပးထားတဲ့အတြက္ ကၽြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္။ အဲဒါက နည္းျပအေနနဲ႔ အေရးႀကီးတဲ့တစ္စုံတရာကို လုပ္ခဲ့တယ္ဆိုတဲ့ အဓိပၸာယ္မို႔လို႔ပါ”

စကာလိုနီက ယခုေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္ကို စြန႔္ခြာေတာ့မယ့္ ေပၚလို ဒီဘာလာက ကမၻာ့အဆင့္ ကစားသမားလို႔ ေျပာၾကားခဲ့ၿပီး အင္တာမီလန္၊ ရိုးမားတို႔လိုအသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚေနတဲ့ အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉးကို မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ စကာလိုနီက ဂ်ဴဗင္တပ္ပစ္မွတ္ အိန္ဂ်ယ္ ဒီ မာရီယာကို ကမၻာေပၚက အေကာင္းဆုံး ေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ကမၻာ့ေဘာလုံးေလာကကို ေပးစရာေတြ အမ်ားႀကီးရွိေသးတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ နိုင္ငံတကာေဘာလုံးေလာကမွာ အရွည္လ်ားဆုံး ရႈံးပြဲမရွိ စံခ်ိန္ပိုင္ဆိုင္ထားၿပီး ၂၀၁၉ ခုႏွစ္ ကိုပါအေမရိက တတိယေနရာ play-off ပြဲစဥ္ကတည္းက ၃၁ ပြဲအထိ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။ ေတာင္အေမရိကခ်န္ပီယံအသင္းဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာကေန ၂၀၂၁ ေအာက္တိုဘာလအထိ မန္စီနီရဲ့ အီတလီအသင္း ေရးထိုးထားတဲ့ ၃၇ ပြဲ ရႈံးပြဲမရွိ စံခ်ိန္ကို လိုက္မီနိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.