International UCL&UEL Ukraine-Russian War

ယူကရိန်းကြောင့် ရုရှားဘောလုံးကို ထပ်ပိတ်ဆို့လိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တိုးလာမည်

ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်ကို အားလုံးက ပိတ်ဆို့အရေးယူနေခဲ့ကြပြီး ဒီရာသီ ဥရောပပြိုင်ပွဲတွေကနေ ရုရှားဘောလုံးအသင်းတွေကို ထုတ်ပယ်ခဲ့သလို ယူအီးအက်ဖ်အေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်သွားဖို့ အတည်ပြုလိုက်ပြီး ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို တစ်ဖက်က ကောင်းသော သက်ရောက်မှုဖြစ်လာနိုင်ပါတယ်။

ဖီဖာ၊ ယူအီးအက်ဖ်အေတို့အနေနဲ့ ရုရှားလက်ရွေးစင်ဘောလုံးအသင်းအပြင် ရုရှားပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြိုင်ပွဲဝင်ခွင့်ကို ပိတ်ပင်လိုက်ပြီး ယူကရိန်းနဲ့ ရုရှားပြည်တွင်းလိဂ်တွေမှာ ကစားနေခဲ့ကြတဲ့ နိုင်ငံခြားသား ဘောလုံးသမားတွေကိုလည်း ၆ လတာ အသင်းကနေ ကင်းလွတ်ခွင့် ပေးထားသလို နောက်ထပ်တစ်နှစ်ပိတ်ပင်လိုက်တဲ့ အပေါ်မှာ သူတို့တွေကိုလည်း ထပ်ပြီးကာကွယ်ပေးသွားမလား စောင့်ကြည့်ရမှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ ရုရှားနိုင်ငံရဲ့ ပုံမှန်ခွဲတမ်းဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတဲ့အသင်းက ဦးစားပေး မဲအိုး Pot 1 ထဲကနေ ဆီဒင်ရတဲ့ ခွဲတမ်းတစ်ခုနဲ့ ဒုတိယနေရာကို ရရှိတဲ့အသင်းက ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲကနေ ဝင်ရောက်ကစားခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။

ဒီနှစ်နေရာအတွက်တော့ ယူအီးအက်ဖ်အေအနေနဲ့ ဘယ်နိုင်ငံက အသင်းတွေကို အခွင့်အရေးပေးသွားမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ခံစားခွင့်အရတော့ အညွှန်းကိန်း Coefficient အမြင့်ဆုံးနိုင်ငံတွေအနေနဲ့ တစ်ခုခု အကျိုးခံစားရနိုင်သလို လူမလေး ခွေးမခန့် အဆင့်အတန်း နိမ့်ပါးတဲ့ ရုရှားအသင်းတစ်သင်းက ဦးစားပေး တစ်နေရာကို ယူထားလို့ အသင်းကြီးချင်း မရှောင်လွှဲနိုင်ခဲ့သူတွေအတွက်လည်း တစ်နေရာပိုပြီး ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ဗလာဒီမီယာ ပူတင် အရူးထလို့ ဖြစ်ခဲ့ရတဲ့ သက်ရောက်မှုတွေအတွက် အကျိုးခံစားရမယ့် အသင်းကတော့ နိုင်ငံမှာ ချန်ပီယံဖြစ်ပေမယ့် တိုက်ရိုက်ဝင်ခွင့်မရတဲ့ စကော့တလန်ရဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ထဲက တစ်သင်းကို ရုရှားနေရာမှာ ထည့်သွင်းသွားနိုင်သလို တတိယအဆင့်ကနေ ဝင်ခွင့်ရမယ့် တစ်နေရာကိုလည်း နောက်က ကပ်လျက်အဆင့်ရှိတဲ့ နိုင်ငံဆီ လွှဲပြောင်းပေးသွားနိုင်ပါတယ်။

ချန်ပီယံလိဂ်မှာ ဆီဒင်ရ ဦးစားပေး မဲအိုး Pot 1 ထဲက တစ်နေရာကိုတော့ စကော့တလန်ကလပ်တွေကိုပဲ ဆက်လွှဲပေးမလား UEFA Coefficient အရ အသင်းကြီးတစ်သင်းကိုပဲ လွှဲပေးသွားမလားကတော့ စောင့်ကြည့်ရဖို့ ရှိနေပြီး ရာသီဥတု ပြင်းထန်ဆိုးရွားတဲ့ အိမ်ကွင်းတွေနဲ့ ပြိုင်ဘက်တွေကို နှိပ်စက်လေ့ရှိတဲ့ အသင်းတွေ မပါတော့တာကို အတော်များများက ကြိတ်ပြီး ဝမ်းသာနေကြမှာပါ။

ဥရောပနဲ့ ဖီဖာတို့ရဲ့ အရေးယူမှုတွေအရ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို Play-off ခြေစစ်ပွဲကစားရမယ့် ရုရှားအမျိုးသားအသင်းကို ကစားခွင့် ပိတ်ပင်ထားသလို အမျိုးသမီး ယူရို ၂၀၂၂ ပြိုင်ပွဲကနေလည်း ရုရှားအမျိုးသမီးအသင်းကို ထုတ်ပယ်ထားခဲ့ပြီး ဒီနေရာကိုတော့ ပေါ်တူဂီ အမျိုးသမီးအသင်းက ကစားခွင့်ရရှိထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္ခဲ့တဲ့ ႐ုရွားႏိုင္ငံရဲ႕ လုပ္ရပ္ကို အားလုံးက ပိတ္ဆို႔အေရးယူေနခဲ့ၾကၿပီး ဒီရာသီ ဥေရာပၿပိဳင္ပြဲေတြကေန ႐ုရွားေဘာလုံးအသင္းေတြကို ထုတ္ပယ္ခဲ့သလို ယူအီးအက္ဖ္ေအအေနနဲ႔ ဒီဆုံးျဖတ္ခ်က္ကို တစ္ႏွစ္သက္တမ္း ထပ္မံတိုးျမႇင့္သြားဖို႔ အတည္ျပဳလိုက္ၿပီး ဒါက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြကို တစ္ဖက္က ေကာင္းေသာ သက္ေရာက္မႈျဖစ္လာႏိုင္ပါတယ္။

ဖီဖာ၊ ယူအီးအက္ဖ္ေအတို႔အေနနဲ႔ ႐ုရွားလက္ေ႐ြးစင္ေဘာလုံးအသင္းအျပင္ ႐ုရွားပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ၿပိဳင္ပြဲဝင္ခြင့္ကို ပိတ္ပင္လိုက္ၿပီး ယူကရိန္းနဲ႔ ႐ုရွားျပည္တြင္းလိဂ္ေတြမွာ ကစားေနခဲ့ၾကတဲ့ ႏိုင္ငံျခားသား ေဘာလုံးသမားေတြကိုလည္း ၆ လတာ အသင္းကေန ကင္းလြတ္ခြင့္ ေပးထားသလို ေနာက္ထပ္တစ္ႏွစ္ပိတ္ပင္လိုက္တဲ့ အေပၚမွာ သူတို႔ေတြကိုလည္း ထပ္ၿပီးကာကြယ္ေပးသြားမလား ေစာင့္ၾကည့္ရမွာပါ။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေတာ့ ႐ုရွားႏိုင္ငံရဲ႕ ပုံမွန္ခြဲတမ္းျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲတဲ့အသင္းက ဦးစားေပး မဲအိုး Pot 1 ထဲကေန ဆီဒင္ရတဲ့ ခြဲတမ္းတစ္ခုနဲ႔ ဒုတိယေနရာကို ရရွိတဲ့အသင္းက ခ်န္ပီယံလိဂ္ တတိယအဆင့္ ေျခစစ္ပြဲကေန ဝင္ေရာက္ကစားခြင့္ရရွိထားတာလည္း ျဖစ္ပါတယ္။

ဒီႏွစ္ေနရာအတြက္ေတာ့ ယူအီးအက္ဖ္ေအအေနနဲ႔ ဘယ္ႏိုင္ငံက အသင္းေတြကို အခြင့္အေရးေပးသြားမယ္ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္သလို ခံစားခြင့္အရေတာ့ အၫႊန္းကိန္း Coefficient အျမင့္ဆုံးႏိုင္ငံေတြအေနနဲ႔ တစ္ခုခု အက်ိဳးခံစားရႏိုင္သလို လူမေလး ေခြးမခန႔္ အဆင့္အတန္း နိမ့္ပါးတဲ့ ႐ုရွားအသင္းတစ္သင္းက ဦးစားေပး တစ္ေနရာကို ယူထားလို႔ အသင္းႀကီးခ်င္း မေရွာင္လႊဲႏိုင္ခဲ့သူေတြအတြက္လည္း တစ္ေနရာပိုၿပီး ေရွာင္လႊဲႏိုင္မွာ ျဖစ္ပါတယ္။

ဗလာဒီမီယာ ပူတင္ အ႐ူးထလို႔ ျဖစ္ခဲ့ရတဲ့ သက္ေရာက္မႈေတြအတြက္ အက်ိဳးခံစားရမယ့္ အသင္းကေတာ့ ႏိုင္ငံမွာ ခ်န္ပီယံျဖစ္ေပမယ့္ တိုက္႐ိုက္ဝင္ခြင့္မရတဲ့ စေကာ့တလန္ရဲ႕ ဆဲလ္တစ္နဲ႔ ရိန္းဂ်ားစ္တို႔ထဲက တစ္သင္းကို ႐ုရွားေနရာမွာ ထည့္သြင္းသြားႏိုင္သလို တတိယအဆင့္ကေန ဝင္ခြင့္ရမယ့္ တစ္ေနရာကိုလည္း ေနာက္က ကပ္လ်က္အဆင့္ရွိတဲ့ ႏိုင္ငံဆီ လႊဲေျပာင္းေပးသြားႏိုင္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ဆီဒင္ရ ဦးစားေပး မဲအိုး Pot 1 ထဲက တစ္ေနရာကိုေတာ့ စေကာ့တလန္ကလပ္ေတြကိုပဲ ဆက္လႊဲေပးမလား UEFA Coefficient အရ အသင္းႀကီးတစ္သင္းကိုပဲ လႊဲေပးသြားမလားကေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး ရာသီဥတု ျပင္းထန္ဆိုး႐ြားတဲ့ အိမ္ကြင္းေတြနဲ႔ ၿပိဳင္ဘက္ေတြကို ႏွိပ္စက္ေလ့ရွိတဲ့ အသင္းေတြ မပါေတာ့တာကို အေတာ္မ်ားမ်ားက ႀကိတ္ၿပီး ဝမ္းသာေနၾကမွာပါ။

ဥေရာပနဲ႔ ဖီဖာတို႔ရဲ႕ အေရးယူမႈေတြအရ ၂၀၂၂ ကာတာကမာၻ႔ဖလားကို Play-off ေျခစစ္ပြဲကစားရမယ့္ ႐ုရွားအမ်ိဳးသားအသင္းကို ကစားခြင့္ ပိတ္ပင္ထားသလို အမ်ိဳးသမီး ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲကေနလည္း ႐ုရွားအမ်ိဳးသမီးအသင္းကို ထုတ္ပယ္ထားခဲ့ၿပီး ဒီေနရာကိုေတာ့ ေပၚတူဂီ အမ်ိဳးသမီးအသင္းက ကစားခြင့္ရရွိထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.