Premier League UCL&UEL

ရီးရဲလ်ကို လက်စားချေဖို့ ဗိုလ်လုပွဲ တက်စေချင်နေတဲ့ ဆာလား

လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားဟာ ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်လာလီဂါအသင်းက မန်ချက်စတာစီးတီးအသင်းထက် ပိုမိုကောင်းမွန်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မိုဟာမက် ဆာလားဟာ ၂၀၁၈ ခုနှစ်တုန်းက ဗိုလ်လုပွဲမှာ အသည်းကွဲခဲ့ရတာကို ပြန်လည်လက်စားချေချင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ချင်နေတာဖြစ်ပါတယ်။ ဆာလားနဲ့ လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ဒုတိယအကျော့မှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၅-၂ နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တကယ်လို့ ရီးရဲလ်မက်ဒရစ်သာ မန်ချက်စတာစီးတီးအသင်းကို ဗုဒ္ဓဟူးနေ့(ယနေ့)ညမှာ အနိုင်ယူပြီး ကျော်ဖြတ်နိုင်မယ်ဆိုရင် ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲတုန်းကအတိုင်း လီဗာပူးလ်အသင်းနဲ့ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မိုဟာမက် ဆာလားဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံကြောင့် ပုခုံးဒဏ်ရာ ရရှိခဲ့ပြီး မျက်ရည်စက်လက်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပဲရစ်မှာ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ထဲက ဘယ်အသင်းနဲ့ ပိုပြီး ရင်ဆိုင်ချင်လဲလို့ မေးမြန်းခဲ့ရာမှာ ဆာလားက “ဟုတ်ပါတယ်။ ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားချင်ပါတယ်။ မန်စီးတီးက တကယ်ကို ခက်ခဲတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ဒီရာသီမှာ သူတို့နဲ့ အကြိမ်အနည်းငယ် ကစားခဲ့ပြီးပါပြီ။ ခင်ဗျား ကျွန်တော့်တစ်ယောက်တည်း သဘောကို မေးမယ်ဆိုရင် ကျွန်တော်ကတော့ မက်ဒရစ်နဲ့ ပိုပြီး တွေ့ချင်ပါတယ်”

ပြီးတဲ့နောက်မှာ ဆာလားကို စပိန်လာလီဂါထိပ်သီးအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး လက်စားချေချင်နေတာလားလို့ မေးမြန်းခဲ့ရာမှာ အီဂျစ်ကြယ်ပွင့်က “ကျွန်တော်တို့ သူတို့ကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ အဲဒီတော့ ကျွန်တော် သူတို့နဲ့ ယှဉ်ပြိုင်ကစားချင်ပြီး သူတို့ဆီကနေ အနိုင်ရလဒ် ရယူနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ပထမအကျော့က အိမ်ကွင်းအန်းဖီးမှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့ဟာ လွယ်ကူတဲ့ ပွဲစဉ်မဟုတ်ခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ ပထမပိုင်းမှာ ၂ ကျော့ပေါင်း ၂-၂ ဖြစ်စေမယ့် သွင်းဂိုး ၂ ဂိုးကို သွင်းယူခဲ့ပေမယ့် လီဗာပူးလ်အသင်းက ဒုတိယပိုင်းမှာ ဖာဘင်ညို၊ လူးဝစ္စ ဒီယက်ဇ်၊ ဆာဒီယို မာနေးတို့ရဲ့ သွင်းဂိုးတွေကြောင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ “ပထမပိုင်းမှာ ခက်ခဲခဲ့ပေမယ့် ပြီးတဲ့နောက်မှာ ကျွန်တော်တို့ အဝတ်လဲခန်းထဲကို သွားခဲ့တယ်။ နည်းပြက စတင်ပြီး စကားပြောဆိုခဲ့ပြီး ကျွန်တော်တို့လည်း တစ်ယောက်နဲ့တစ်ယောက် စကားပြောခဲ့ကြတယ်”

“အဝတ်လဲခန်းထဲက ဒီ စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးက ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းဖြစ်တယ်ဆိုတာကို ပြသနေတာပါ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ အဝေးကွင်းမှာ ကစားခဲ့တဲ့ ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်အနိုင်ယူနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားဟာ ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ စပိန္လာလီဂါအသင္းက မန္ခ်က္စတာစီးတီးအသင္းထက္ ပိုမိုေကာင္းမြန္နိုင္ဖို႔ ေမၽွာ္လင့္ေနပါတယ္။

မိုဟာမက္ ဆာလားဟာ ၂၀၁၈ ခုႏွစ္တုန္းက ဗိုလ္လုပြဲမွာ အသည္းကြဲခဲ့ရတာကို ျပန္လည္လက္စားေခ်ခ်င္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ရင္ဆိုင္ခ်င္ေနတာျဖစ္ပါတယ္။ ဆာလားနဲ႔ လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ဒုတိယအေက်ာ့မွာ ၃-၂ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၅-၂ နဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

တကယ္လို႔ ရီးရဲလ္မက္ဒရစ္သာ မန္ခ်က္စတာစီးတီးအသင္းကို ဗုဒၶဟူးေန႔(ယေန႔)ညမွာ အနိုင္ယူၿပီး ေက်ာ္ျဖတ္နိုင္မယ္ဆိုရင္ ၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲတုန္းကအတိုင္း လီဗာပူးလ္အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားဟာ ၂၀၁၈ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ရဲ့ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္ပုံေၾကာင့္ ပုခုံးဒဏ္ရာ ရရွိခဲ့ၿပီး မ်က္ရည္စက္လက္နဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ပဲရစ္မွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔ထဲက ဘယ္အသင္းနဲ႔ ပိုၿပီး ရင္ဆိုင္ခ်င္လဲလို႔ ေမးျမန္းခဲ့ရာမွာ ဆာလားက “ဟုတ္ပါတယ္။ ကၽြန္ေတာ္ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခ်င္ပါတယ္။ မန္စီးတီးက တကယ္ကို ခက္ခဲတဲ့ အသင္းတစ္သင္းပါ။ ကၽြန္ေတာ္တို႔ ဒီရာသီမွာ သူတို႔နဲ႔ အႀကိမ္အနည္းငယ္ ကစားခဲ့ၿပီးပါၿပီ။ ခင္ဗ်ား ကၽြန္ေတာ့္တစ္ေယာက္တည္း သေဘာကို ေမးမယ္ဆိုရင္ ကၽြန္ေတာ္ကေတာ့ မက္ဒရစ္နဲ႔ ပိုၿပီး ေတြ႕ခ်င္ပါတယ္”

ၿပီးတဲ့ေနာက္မွာ ဆာလားကို စပိန္လာလီဂါထိပ္သီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားၿပီး လက္စားေခ်ခ်င္ေနတာလားလို႔ ေမးျမန္းခဲ့ရာမွာ အီဂ်စ္ၾကယ္ပြင့္က “ကၽြန္ေတာ္တို႔ သူတို႔ကို ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ သူတို႔နဲ႔ ယွဥ္ၿပိဳင္ကစားခ်င္ၿပီး သူတို႔ဆီကေန အနိုင္ရလဒ္ ရယူနိုင္မယ္လို႔လည္း ေမၽွာ္လင့္မိပါတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ပထမအေက်ာ့က အိမ္ကြင္းအန္းဖီးမွာ ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္လည္း ဒုတိယအေက်ာ့ဟာ လြယ္ကူတဲ့ ပြဲစဥ္မဟုတ္ခဲ့တာျဖစ္ပါတယ္။

ဗီလာရီးရဲလ္အသင္းဟာ ပထမပိုင္းမွာ ၂ ေက်ာ့ေပါင္း ၂-၂ ျဖစ္ေစမယ့္ သြင္းဂိုး ၂ ဂိုးကို သြင္းယူခဲ့ေပမယ့္ လီဗာပူးလ္အသင္းက ဒုတိယပိုင္းမွာ ဖာဘင္ညိဳ၊ လူးဝစၥ ဒီယက္ဇ္၊ ဆာဒီယို မာေနးတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ျပန္လည္ဦးေဆာင္နိုင္ခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားနိုင္ခဲ့တာျဖစ္ပါတယ္။ “ပထမပိုင္းမွာ ခက္ခဲခဲ့ေပမယ့္ ၿပီးတဲ့ေနာက္မွာ ကၽြန္ေတာ္တို႔ အဝတ္လဲခန္းထဲကို သြားခဲ့တယ္။ နည္းျပက စတင္ၿပီး စကားေျပာဆိုခဲ့ၿပီး ကၽြန္ေတာ္တို႔လည္း တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာခဲ့ၾကတယ္”

“အဝတ္လဲခန္းထဲက ဒီ စရိုက္လကၡဏာနဲ႔ ကိုယ္ရည္ကိုယ္ေသြးက ကၽြန္ေတာ္တို႔ဟာ ထိပ္တန္းအသင္းျဖစ္တယ္ဆိုတာကို ျပသေနတာပါ။ အဲဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔ အေဝးကြင္းမွာ ကစားခဲ့တဲ့ ပထမပိုင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ျပန္အနိုင္ယူနိုင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.