Other Leagues Premier League

ဖောရက်စ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာခဲ့တဲ့ ဘုန်းမောက်

မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ရဲ့ အရေးပါတဲ့ လိဂ်ချန်ပီယံရှစ် ပွဲစဉ် ၄၅ မှာ အိမ်ရှင် ဘုန်းမောက်အသင်းက ဧည့်သည် နော့တင်ဟမ်ဖောရက်စ်အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို သေချာသွားခဲ့ပြီဖြစ်လို့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားခွင့်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အငှားကစားသမား ဂျိမ်းစ် ဂါနာ၊ ဝတ်ဖို့ဒ်ကနေ အငှားနဲ့ ရောက်နေတဲ့ ဇင်ကာနာဂယ်လ်တို့လို ကစားသမားတချို့ရဲ့ အင်အားနဲ့ အိမ်ရှင် ဘုန်းမောက်ကို ဖောရက်စ်တို့ ယှဉ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးကောင်းမရှိခြင်းက သူတို့တွေရဲ့ တိုက်ရိုက်တန်းတက်ခွင့် အိပ်မက်ကို ပျက်ပြယ်စေခဲ့ပြီး Play-off ကစားရဖို့ပဲ ဖြစ်လာတော့မှာပါ။

VAR ပါဝင်ခြင်း မရှိတဲ့ ပွဲရဲ့ ပထမပိုင်း ၄၂ မိနစ်မှာ ဇင်ကာနာဂယ်လ် ပေးတဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖြတ်ထွက်သွားခဲ့တဲ့ ဖောရက်စ်တိုက်စစ်မှူး ဆာရစ်ချ်ကို ဘုန်းမောက်ဂိုးသမား ထရေဗာစ်က ဆွဲလှဲခဲ့ပေမယ့် လူကျွံနေခဲ့တယ်ဆိုတဲ့ စည်းကြပ်ဒိုင်ကြောင့် ဧည့်သည်တွေ နစ်နာခဲ့ရပြီး တကယ်တမ်းကတော့ အနီကတ်နဲ့ ပင်နယ်တီဖြစ်ခဲ့သင့်တာပါ။

ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဆိုလန်ကီရဲ့ ဖိအားပေးမှုနဲ့ တိုက်စစ်ဆင်နေခဲ့တဲ့ ဘုန်းမောက်တို့အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၈၃ မိနစ်မှာ ဖရီးကစ်ကနေ ကွင်းလယ်လူ ဘီလင်းက ကန်မလိုနဲ့ ပေးတာကို လူစားဝင်တိုက်စစ်မှူး ကီဖာ မိုးရ်က အနီးကပ် အနိမ့်ဘော ကန်သွင်းပြီး အဖိုးတန် သုံးမှတ်ရဖို့ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဘုန်းမောက်တို့အနေနဲ့ ချန်ပီယံ ဖူလ်ဟမ်တို့ရဲ့နောက်က ၅ မှတ်အကွာနဲ့ ဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး လာမယ့် ၂၀၂၂-၂၃ ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ကစားရဖို့ ဖြစ်လာခဲ့သလို ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဖောရက်စ်တို့ကတော့ တတိယ သို့မဟုတ် စတုတ္ထနေရာကို ပိုင်ဆိုင်ခွင့် ရှိနေပြီး Play-off ကစားရတော့မှာပါ။

ဘုန်းမောက်အသင်းရဲ့ တရားဝင် တွစ်တာပေ့ချ်မှာတော့ “ဟေ့… ပရီးမီးယားလိဂ်”လို့ သူတို့ရဲ့ အပျော်တွေကို ဖော်ပြသွားခဲ့သလို ဖူလ်ဟမ် နည်းပြဟောင်း စကော့ ပါကား ကိုင်တွယ်နေပြီး ချယ်ရီတွေလို့ နာမည်ပြောင်ရှိတဲ့ ဒေါ်ဆက်ကောင်တီ အခြေစိုက် အသင်းကို တန်းတက်ဖို့အတွက်တော့ ဂိုးသွင်းဘုရင် အလက်ဇန်းဒါး မီထရိုဗစ်ချ်နောက်မှာ ဒုတိယလိုက်ခဲ့တဲ့ ဒေါမနစ် ဆိုလန်ကီရဲ့ သွင်းဂိုး ၂၉ ဂိုးကလည်း အဓိက ကျခဲ့ပါတယ်။

သူတို့တွေအနေနဲ့ EFL လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ဖို့ နှစ်နှစ်အချိန်ယူခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ အဆင့် ၆ ကနေ Play-off ကစားခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ ခြေစွာပြနေတဲ့ ဘရန့်ဖို့ဒ်တို့ကို ပထမအဆင့် ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်နှစ် ထပ်စောင့်ခဲ့ရပြီး ဒီရာသီမှာတော့ ပိုင်ရှင် ဂျက်ဖ် မိုစတင်နဲ့ ပြီးခဲ့တဲ့ ဇွန်လကမှ နည်းပြသစ်ဖြစ်လာတဲ့ စကော့ ပါကားတို့ ပျော်ရွှင်နိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မေန႔ညက ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ရဲ႕ အေရးပါတဲ့ လိဂ္ခ်န္ပီယံရွစ္ ပြဲစဥ္ ၄၅ မွာ အိမ္ရွင္ ဘုန္းေမာက္အသင္းက ဧည့္သည္ ေနာ့တင္ဟမ္ေဖာရက္စ္အသင္းကို တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာကို ေသခ်ာသြားခဲ့ၿပီျဖစ္လို႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္မွာ ျပန္လည္ကစားခြင့္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အငွားကစားသမား ဂ်ိမ္းစ္ ဂါနာ၊ ဝတ္ဖို႔ဒ္ကေန အငွားနဲ႔ ေရာက္ေနတဲ့ ဇင္ကာနာဂယ္လ္တို႔လို ကစားသမားတခ်ိဳ႕ရဲ႕ အင္အားနဲ႔ အိမ္ရွင္ ဘုန္းေမာက္ကို ေဖာရက္စ္တို႔ ယွဥ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုက္စစ္မႉးေကာင္းမရွိျခင္းက သူတို႔ေတြရဲ႕ တိုက္႐ိုက္တန္းတက္ခြင့္ အိပ္မက္ကို ပ်က္ျပယ္ေစခဲ့ၿပီး Play-off ကစားရဖို႔ပဲ ျဖစ္လာေတာ့မွာပါ။

VAR ပါဝင္ျခင္း မရွိတဲ့ ပြဲရဲ႕ ပထမပိုင္း ၄၂ မိနစ္မွာ ဇင္ကာနာဂယ္လ္ ေပးတဲ့ ေဘာလုံးကို လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထြက္သြားခဲ့တဲ့ ေဖာရက္စ္တိုက္စစ္မႉး ဆာရစ္ခ်္ကို ဘုန္းေမာက္ဂိုးသမား ထေရဗာစ္က ဆြဲလွဲခဲ့ေပမယ့္ လူကြၽံေနခဲ့တယ္ဆိုတဲ့ စည္းၾကပ္ဒိုင္ေၾကာင့္ ဧည့္သည္ေတြ နစ္နာခဲ့ရၿပီး တကယ္တမ္းကေတာ့ အနီကတ္နဲ႔ ပင္နယ္တီျဖစ္ခဲ့သင့္တာပါ။

ဒုတိယပိုင္းမွာ တိုက္စစ္မႉး ဆိုလန္ကီရဲ႕ ဖိအားေပးမႈနဲ႔ တိုက္စစ္ဆင္ေနခဲ့တဲ့ ဘုန္းေမာက္တို႔အတြက္ တစ္လုံးတည္းေသာ ဂိုးကိုေတာ့ ပြဲခ်ိန္ ၈၃ မိနစ္မွာ ဖရီးကစ္ကေန ကြင္းလယ္လူ ဘီလင္းက ကန္မလိုနဲ႔ ေပးတာကို လူစားဝင္တိုက္စစ္မႉး ကီဖာ မိုးရ္က အနီးကပ္ အနိမ့္ေဘာ ကန္သြင္းၿပီး အဖိုးတန္ သုံးမွတ္ရဖို႔ တတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဘုန္းေမာက္တို႔အေနနဲ႔ ခ်န္ပီယံ ဖူလ္ဟမ္တို႔ရဲ႕ေနာက္က ၅ မွတ္အကြာနဲ႔ ဒုတိယေနရာကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး လာမယ့္ ၂၀၂၂-၂၃ ရာသီမွာ ပရီးမီးယားလိဂ္ကို တန္းတက္ကစားရဖို႔ ျဖစ္လာခဲ့သလို ဒီပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ေဖာရက္စ္တို႔ကေတာ့ တတိယ သို႔မဟုတ္ စတုတၳေနရာကို ပိုင္ဆိုင္ခြင့္ ရွိေနၿပီး Play-off ကစားရေတာ့မွာပါ။

ဘုန္းေမာက္အသင္းရဲ႕ တရားဝင္ တြစ္တာေပ့ခ်္မွာေတာ့ “ေဟ့… ပရီးမီးယားလိဂ္”လို႔ သူတို႔ရဲ႕ အေပ်ာ္ေတြကို ေဖာ္ျပသြားခဲ့သလို ဖူလ္ဟမ္ နည္းျပေဟာင္း စေကာ့ ပါကား ကိုင္တြယ္ေနၿပီး ခ်ယ္ရီေတြလို႔ နာမည္ေျပာင္ရွိတဲ့ ေဒၚဆက္ေကာင္တီ အေျခစိုက္ အသင္းကို တန္းတက္ဖို႔အတြက္ေတာ့ ဂိုးသြင္းဘုရင္ အလက္ဇန္းဒါး မီထ႐ိုဗစ္ခ်္ေနာက္မွာ ဒုတိယလိုက္ခဲ့တဲ့ ေဒါမနစ္ ဆိုလန္ကီရဲ႕ သြင္းဂိုး ၂၉ ဂိုးကလည္း အဓိက က်ခဲ့ပါတယ္။

သူတို႔ေတြအေနနဲ႔ EFL လိဂ္ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို ျပန္လာႏိုင္ဖို႔ ႏွစ္ႏွစ္အခ်ိန္ယူခဲ့ရၿပီး ၿပီးခဲ့တဲ့ ရာသီမွာေတာ့ အဆင့္ ၆ ကေန Play-off ကစားခြင့္ရခဲ့ေပမယ့္ ဒီႏွစ္မွာ ေျခစြာျပေနတဲ့ ဘရန႔္ဖို႔ဒ္တို႔ကို ပထမအဆင့္ ဆီမီးဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေနာက္တစ္ႏွစ္ ထပ္ေစာင့္ခဲ့ရၿပီး ဒီရာသီမွာေတာ့ ပိုင္ရွင္ ဂ်က္ဖ္ မိုစတင္နဲ႔ ၿပီးခဲ့တဲ့ ဇြန္လကမွ နည္းျပသစ္ျဖစ္လာတဲ့ စေကာ့ ပါကားတို႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.