Analysis Article La Liga Premier League UCL&UEL

ဗီလာရီးရဲလ်ကို ကျော်ဖြတ်ခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ အောင်ပွဲက ထူးခြားထင်ရှားခဲ့သည်များ

Game Changer ဒီယက်ဇ်
လူးဝစ် ဒီယက်ဇ်ကို ဇန်နဝါရီမှာ လီဗာပူးလ်တို့ ရလိုက်တာကတော့ တန်လွန်းသွားပါပြီ။ လိုအပ်ချိန်တိုင်းမှာ ခြေစွမ်းပြနေသလို မာနေး၊ ဆာလား၊ ဖာမီနိုတို့မှာ မရှိတဲ့ လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုကို ပေါင်းစပ်ထားတဲ့ ကိုလံဘီယာသားရဲ့ ပုံစံက တစ်ဖက်ခံစစ်တွေကို အလွယ်တကူ ဖြိုဖျက်နိုင်စေခဲ့တာပါ။ ဒီနေ့မှာလည်း အလုပ်မဖြစ်တဲ့ ဂျိုတာနေရာအတွက် ဒုတိယပိုင်းအစမှာ ဝင်ကစားလာခဲ့ပြီး ဗီလာရီးရဲလ်ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့အပြီးမှာ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖြတ်ကျော်ပြီး အနိုင်ပြတ်သားစေမယ့် စတုတ္ထဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသင်းကြီးနည်းပြတိုင်းမှာ မရှိတဲ့ အရည်အချင်းနဲ့ ကလော့ပ်
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဒီနေ့မှာ ဂုဏ်ယူနိုင်တဲ့ အရာဖြစ်ပြီး အသင်းကြီးနည်းပြတိုင်းမှာ မရှိတဲ့ အရည်အချင်းကတော့ အသင်းရဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် လက်နက်ဆန်းတွေကို ပိုင်ဆိုင်ထားသမျှ လျင်လျင်မြန်မြန် ထုတ်သုံးရဲတာဖြစ်ပြီး ပထမပိုင်းမှာ ဂျိုတာ တိုင်ပတ်နေချိန်မှာ ဆက်သည်းခံမနေတော့ဘဲ လူးဝစ် ဒီယက်ဇ်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ ပက်ပ် ဂွါဒီယိုလာလို နည်းပြမျိုးဆိုရင် ဒီလူစာရင်းအတိုင်းပဲ တစ်ခုခုများ ပြောင်းလဲသွားဦးမလားဆိုပြီး ပွဲချိန် မိနစ် ၇၀ လောက်အထိ စောင့်ဆိုင်းနိုင်ပေမယ့် ကလော့ပ်ကတော့ ပြတ်သားမှုရဲ့ အကျိုးအမြတ်ကို သိရှိနေတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဒီနေ့ပွဲရဲ့ ရလဒ်ကြောင့် ဂျာမန်သားကြီးအနေနဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်၊ မာဆယ်လို လစ်ပီနဲ့ ကာလို အန်ချယ်လော့တီတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၄ ကြိမ် ကိုင်တွယ်တဲ့ စံချိန်ကိုလည်း လိုက်မီသွားတော့မှာပါ။

ရပ်တန့်ခဲ့ရတဲ့ အူနိုင်း အမ်မရီ
ဗီလာရီးရဲလ်နည်းပြ အူနိုင်း အမ်မရီရဲ့ ရေငုပ်သင်္ဘောထဲက အဝါရောင်အိပ်မက်တွေ ရပ်တန့်သွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် အသင်းလတ်တစ်သင်းကို ဒီအဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာကို ချီးကျူးရမှာဖြစ်ပြီး ယူရိုပါလိဂ်ဘုရင်ဟာ ချန်ပီယံလိဂ်ကိုလည်း နယ်ချဲ့လာပြီဆိုတာကို ကောင်းကောင်းကြီး မက်ဆေ့ပေးနိုင်ခဲ့တာပါ။ အရေးကြီးချိန်မှာ တောင်ပံသမားကောင်းတွေဖြစ်ကြတဲ့ ဒန်ဂျူးမားနဲ့ ပီနိုတို့လို ကစားသမားတွေကို ဆုံးရှုံးထားရတာ၊ တစ်ချိန်က အဓိကလက်နက် ပါကို အယ်လ်ကာဆာလို ကစားသမားမျိုးက သံချေးတက်နေတာနဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားမျိုး ပိုင်ဆိုင်မထားတာတွေက လီဗာပူးလ်တို့ကို အငိုက်ဖမ်းပြီး ခြောက်လှန့်ဖို့ထက် တကယ်တမ်း ကျားစီးဖားစီး ကစားချိန်မှာ ကွာဟမှု များသွားခဲ့တာလည်းဖြစ်ပါတယ်။

ငါးနှစ်အတွင်း သုံးကြိမ်ဆိုတာက ဆရာအဆင့်လား
လီဗာပူးလ်တို့အနေနဲ့ ချန်ပီယံလိဂ်မှာ ဆရာအဆင့်ဖြစ်နေတယ်ဆိုတာကို နောက်ဆုံး ငါးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သုံးကြိမ်အထိ တက်ရောက်ပြီး သက်သေထူနိုင်ခဲ့ပါပြီ။ နောက်ဆုံးနှစ်နှစ်မှာ ခြေချော်ပြီး ဖိုင်နယ်နဲ့ ဝေးခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကို အာရုံစိုက်ထားနိုင်ခဲ့လို့ သူတို့ရဲ့ ရလဒ်က မဆိုးဘူးလို့ ပြောနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်တို့ရဲ့ အရည်အသွေးမျိုးကို လိုက်မီခဲ့ပြီး လာမယ့် စတေဒီဖရန့်စ်ကွင်းကြီးက ဗိုလ်လုပွဲမှာလည်း ဘယ်အသင်းပဲ တက်လာတက်လာ အနိုင်ယူနိုင်စွမ်းကို ပိုင်ဆိုင်ထားလို့ သူတို့ရဲ့ ၇ ကြိမ်မြောက်ဖလားလားလို့ ထင်ချင်စရာဖြစ်ခဲ့ပါပြီ။

ဂိုးသမားကျောင်း ပြန်တက်သင့်တဲ့ ရူလီ
ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ကို ဗီလာရီးရဲလ်တို့ ဗိုလ်စွဲရာမှာ ရူလီရဲ့ လက်စွမ်းနဲ့ နောက်ဆုံးပင်နယ်တီ ကန်သွင်းမှုက အဓိက ကျခဲ့ပေမယ့် သူ့ရဲ့ ကစားပုံကတော့ အခြေခံ မကျေညက်သလိုဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ဆုံးဖြတ်ချက်၊ အဝင်အထွက်နဲ့ ကိုယ့်ဂိုးဧရိယာထဲ လာတဲ့ ဘောလုံးတွေကို ဘယ်လို ကာကွယ်မယ်ဆိုတဲ့ အပိုင်းမှာ အာဂျင်တီးနားသားဟာ ပျာယာခတ်လွန်းနေပြီး အမြင့်ဘောတွေ ထွက်ဆွဲရာမှာ မတည်ငြိမ်ခဲ့သလို ဖမ်းယူမှု Handling and Shot Stopping ပိုင်းမှာလည်း လိုအပ်ချက်တွေ များလွန်းခဲ့တာပါ။

ဖာဘင်ညိုရဲ့ ပထမ ချေပဂိုးမှာ အာရုံစိုက်မှု ပျက်ပြီး ထောင့်ကျဉ်းအနေအထားကနေ ပေါင်ကြားက ဂိုးပေးခဲ့ရသလို လူးဝစ် ဒီယက်ဇ်ရဲ့ ဒုတိယ ချေပဂိုးမှာလည်း ပျာယာခတ်ပြီး ပေါင်ကြားထဲကပဲ ခေါင်းတိုက်ခံခဲ့ရပြီး မာနေးရဲ့ ပွဲသိမ်းဂိုးမှာလည်း အသင်းဖော် နောက်ခံလူ ဟွမ် ဖွိုက်သ်ရဲ့ လိုက်လံဖိအားပေးတာကို စောင့်ပြီးမှ တက်ဖျက်ရမယ့်အစား ဘာမှမလုပ်နိုင်ချိန်မျိုးမှာ အထွက်စောလွန်းခဲ့တဲ့ ခပ်ချာချာ ဟေရိုနီမို ရူလီကြောင့် ဗီလာရီးရဲလ်တို့ အထိနာခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်း ဗီလာရီးရဲလ်နဲ့ ဒုတိယပိုင်း လီဗာပူးလ်
ပထမပိုင်းမှာ ဗီလာရီးရဲလ်တို့အနေနဲ့ ဧည့်သည်တွေကို အငိုက်ဖမ်းပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့အပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့အနေနဲ့ အိမ်ရှင်တွေကို ဖြိုလှဲပြီး သုံးဂိုးပြန်သွင်းယူနိုင်ခဲ့တာပါ။ ဒီနေ့ပွဲရဲ့ မှတ်တမ်းမှတ်ရာ စာရင်းအင်း အချက်အလက်တွေိကို လေ့လာကြည့်မယ်ဆိုရင်တော့ ဗီလာရီးရဲလ်တို့အနေနဲ့ ပထမပိုင်းမှာ ၅ ကြိမ် ကန်ခွင့်ရခဲ့တာက သူတို့ရဲ့ တစ်ပွဲလုံးစာ Package ဖြစ်ပြီး လီဗာပူးလ်တို့ကတော့ သူတို့ရဲ့ ဂိုးပေါက်ကန်ချက် ၁၅ ကြိမ်ထဲက ၁၃ ကြိမ်ကို ဒုတိယပိုင်းမှာ ပြုလုပ်ခဲ့သလို ဒီထဲက ရရှိခဲ့တဲ့ ၃ ဂိုးက နှစ်ကျော့ပေါင်းရလဒ်ကို ထည့်တွက်စရာမလိုဘဲ ဂုဏ်ဆာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘွဲ့ထူးဂုဏ်ထူးတွေ များသွားတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းအနေနဲ့ ၂၀၂၁-၂၂ ရာသီအတွင်း ကစားခဲ့သမျှ ပွဲပေါင်း ၅၇ ပွဲမှာ ၁၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားစတဲ့ ပြိုင်ပွဲတွေမှာ ဖိုင်နယ်အဆင့်အထိ အနည်းဆုံး တက်ရောက်ထားနိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်ကိုလည်း ဗိုလ်လုပွဲလို မန်ချက်စတာစီးတီးနဲ့ လုနေရတာဖြစ်ပါတယ်။ သူတို့ရဲ့ ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်တဲ့ လီဗာပူးလ်တို့အနေနဲ့ ချန်ပီယံလိဂ်မှာတော့ ၁၀ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာလည်းဖြစ်ပြီး သူတို့ထက် ပိုလုပ်ပြနိုင်ခဲ့တာဆိုလို့ အေစီမီလန် (၁၁ ကြိမ်)နဲ့ ရီးရဲလ်မက်ဒရစ် (၁၆ ကြိမ်)တို့ပဲ ရှိတော့တာကြောင့် ဂုဏ်သိက္ခာအရ မြင့်မားလွန်းခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Game Changer ဒီယက္ဇ္
လူးဝစ္ ဒီယက္ဇ္ကို ဇန္နဝါရီမွာ လီဗာပူးလ္တို႔ ရလိုက္တာကေတာ့ တန္လြန္းသြားပါၿပီ။ လိုအပ္ခ်ိန္တိုင္းမွာ ေျခစြမ္းျပေနသလို မာေနး၊ ဆာလား၊ ဖာမီႏိုတို႔မွာ မရွိတဲ့ လ်င္ျမန္မႈနဲ႔ ႀကံ့ခိုင္မႈကို ေပါင္းစပ္ထားတဲ့ ကိုလံဘီယာသားရဲ႕ ပုံစံက တစ္ဖက္ခံစစ္ေတြကို အလြယ္တကူ ၿဖိဳဖ်က္ႏိုင္ေစခဲ့တာပါ။ ဒီေန႔မွာလည္း အလုပ္မျဖစ္တဲ့ ဂ်ိဳတာေနရာအတြက္ ဒုတိယပိုင္းအစမွာ ဝင္ကစားလာခဲ့ၿပီး ဗီလာရီးရဲလ္ဂိုးေပါက္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့အၿပီးမွာ လူကြၽံေထာင္ေခ်ာက္ကို ပါးပါးနပ္နပ္ ျဖတ္ေက်ာ္ၿပီး အႏိုင္ျပတ္သားေစမယ့္ စတုတၳဂိုးကို ေခါင္းတိုက္သြင္းယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသင္းႀကီးနည္းျပတိုင္းမွာ မရွိတဲ့ အရည္အခ်င္းနဲ႔ ကေလာ့ပ္
လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဒီေန႔မွာ ဂုဏ္ယူႏိုင္တဲ့ အရာျဖစ္ၿပီး အသင္းႀကီးနည္းျပတိုင္းမွာ မရွိတဲ့ အရည္အခ်င္းကေတာ့ အသင္းရဲ႕ ပြဲအေျဖကို ေျပာင္းလဲႏိုင္မယ့္ လက္နက္ဆန္းေတြကို ပိုင္ဆိုင္ထားသမွ် လ်င္လ်င္ျမန္ျမန္ ထုတ္သုံးရဲတာျဖစ္ၿပီး ပထမပိုင္းမွာ ဂ်ိဳတာ တိုင္ပတ္ေနခ်ိန္မွာ ဆက္သည္းခံမေနေတာ့ဘဲ လူးဝစ္ ဒီယက္ဇ္ကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ပက္ပ္ ဂြါဒီယိုလာလို နည္းျပမ်ိဳးဆိုရင္ ဒီလူစာရင္းအတိုင္းပဲ တစ္ခုခုမ်ား ေျပာင္းလဲသြားဦးမလားဆိုၿပီး ပြဲခ်ိန္ မိနစ္ ၇၀ ေလာက္အထိ ေစာင့္ဆိုင္းႏိုင္ေပမယ့္ ကေလာ့ပ္ကေတာ့ ျပတ္သားမႈရဲ႕ အက်ိဳးအျမတ္ကို သိရွိေနတယ္လို႔ပဲ ဆိုရပါလိမ့္မယ္။ ဒီေန႔ပြဲရဲ႕ ရလဒ္ေၾကာင့္ ဂ်ာမန္သားႀကီးအေနနဲ႔ ဂႏၴဝင္ေတြျဖစ္တဲ့ ဆာအဲလက္စ္ ဖာဂူဆန္၊ မာဆယ္လို လစ္ပီနဲ႔ ကာလို အန္ခ်ယ္ေလာ့တီတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ၄ ႀကိမ္ ကိုင္တြယ္တဲ့ စံခ်ိန္ကိုလည္း လိုက္မီသြားေတာ့မွာပါ။

ရပ္တန႔္ခဲ့ရတဲ့ အူႏိုင္း အမ္မရီ
ဗီလာရီးရဲလ္နည္းျပ အူႏိုင္း အမ္မရီရဲ႕ ေရငုပ္သေဘၤာထဲက အဝါေရာင္အိပ္မက္ေတြ ရပ္တန႔္သြားခဲ့ပါၿပီ။ ဘာပဲျဖစ္ျဖစ္ အသင္းလတ္တစ္သင္းကို ဒီအဆင့္အထိ ပို႔ေဆာင္ေပးႏိုင္ခဲ့တာကို ခ်ီးက်ဴးရမွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ဘုရင္ဟာ ခ်န္ပီယံလိဂ္ကိုလည္း နယ္ခ်ဲ႕လာၿပီဆိုတာကို ေကာင္းေကာင္းႀကီး မက္ေဆ့ေပးႏိုင္ခဲ့တာပါ။ အေရးႀကီးခ်ိန္မွာ ေတာင္ပံသမားေကာင္းေတြျဖစ္ၾကတဲ့ ဒန္ဂ်ဴးမားနဲ႔ ပီႏိုတို႔လို ကစားသမားေတြကို ဆုံးရႈံးထားရတာ၊ တစ္ခ်ိန္က အဓိကလက္နက္ ပါကို အယ္လ္ကာဆာလို ကစားသမားမ်ိဳးက သံေခ်းတက္ေနတာနဲ႔ ကမာၻ႔အဆင့္ကြင္းလယ္ကစားသမားမ်ိဳး ပိုင္ဆိုင္မထားတာေတြက လီဗာပူးလ္တို႔ကို အငိုက္ဖမ္းၿပီး ေျခာက္လွန႔္ဖို႔ထက္ တကယ္တမ္း က်ားစီးဖားစီး ကစားခ်ိန္မွာ ကြာဟမႈ မ်ားသြားခဲ့တာလည္းျဖစ္ပါတယ္။

ငါးႏွစ္အတြင္း သုံးႀကိမ္ဆိုတာက ဆရာအဆင့္လား
လီဗာပူးလ္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ဆရာအဆင့္ျဖစ္ေနတယ္ဆိုတာကို ေနာက္ဆုံး ငါးႏွစ္အတြင္း ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို သုံးႀကိမ္အထိ တက္ေရာက္ၿပီး သက္ေသထူႏိုင္ခဲ့ပါၿပီ။ ေနာက္ဆုံးႏွစ္ႏွစ္မွာ ေျခေခ်ာ္ၿပီး ဖိုင္နယ္နဲ႔ ေဝးခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ကို အာ႐ုံစိုက္ထားႏိုင္ခဲ့လို႔ သူတို႔ရဲ႕ ရလဒ္က မဆိုးဘူးလို႔ ေျပာႏိုင္ခဲ့သလို ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အရည္အေသြးမ်ိဳးကို လိုက္မီခဲ့ၿပီး လာမယ့္ စေတဒီဖရန႔္စ္ကြင္းႀကီးက ဗိုလ္လုပြဲမွာလည္း ဘယ္အသင္းပဲ တက္လာတက္လာ အႏိုင္ယူႏိုင္စြမ္းကို ပိုင္ဆိုင္ထားလို႔ သူတို႔ရဲ႕ ၇ ႀကိမ္ေျမာက္ဖလားလားလို႔ ထင္ခ်င္စရာျဖစ္ခဲ့ပါၿပီ။

ဂိုးသမားေက်ာင္း ျပန္တက္သင့္တဲ့ ႐ူလီ
ၿပီးခဲ့တဲ့ႏွစ္က ယူ႐ိုပါလိဂ္ကို ဗီလာရီးရဲလ္တို႔ ဗိုလ္စြဲရာမွာ ႐ူလီရဲ႕ လက္စြမ္းနဲ႔ ေနာက္ဆုံးပင္နယ္တီ ကန္သြင္းမႈက အဓိက က်ခဲ့ေပမယ့္ သူ႔ရဲ႕ ကစားပုံကေတာ့ အေျခခံ မေက်ညက္သလိုျဖစ္ေနခဲ့တာကို ေတြ႕ရပါတယ္။ ဆုံးျဖတ္ခ်က္၊ အဝင္အထြက္နဲ႔ ကိုယ့္ဂိုးဧရိယာထဲ လာတဲ့ ေဘာလုံးေတြကို ဘယ္လို ကာကြယ္မယ္ဆိုတဲ့ အပိုင္းမွာ အာဂ်င္တီးနားသားဟာ ပ်ာယာခတ္လြန္းေနၿပီး အျမင့္ေဘာေတြ ထြက္ဆြဲရာမွာ မတည္ၿငိမ္ခဲ့သလို ဖမ္းယူမႈ Handling and Shot Stopping ပိုင္းမွာလည္း လိုအပ္ခ်က္ေတြ မ်ားလြန္းခဲ့တာပါ။

ဖာဘင္ညိဳရဲ႕ ပထမ ေခ်ပဂိုးမွာ အာ႐ုံစိုက္မႈ ပ်က္ၿပီး ေထာင့္က်ဥ္းအေနအထားကေန ေပါင္ၾကားက ဂိုးေပးခဲ့ရသလို လူးဝစ္ ဒီယက္ဇ္ရဲ႕ ဒုတိယ ေခ်ပဂိုးမွာလည္း ပ်ာယာခတ္ၿပီး ေပါင္ၾကားထဲကပဲ ေခါင္းတိုက္ခံခဲ့ရၿပီး မာေနးရဲ႕ ပြဲသိမ္းဂိုးမွာလည္း အသင္းေဖာ္ ေနာက္ခံလူ ဟြမ္ ဖြိဳက္သ္ရဲ႕ လိုက္လံဖိအားေပးတာကို ေစာင့္ၿပီးမွ တက္ဖ်က္ရမယ့္အစား ဘာမွမလုပ္ႏိုင္ခ်ိန္မ်ိဳးမွာ အထြက္ေစာလြန္းခဲ့တဲ့ ခပ္ခ်ာခ်ာ ေဟ႐ိုနီမို ႐ူလီေၾကာင့္ ဗီလာရီးရဲလ္တို႔ အထိနာခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္း ဗီလာရီးရဲလ္နဲ႔ ဒုတိယပိုင္း လီဗာပူးလ္
ပထမပိုင္းမွာ ဗီလာရီးရဲလ္တို႔အေနနဲ႔ ဧည့္သည္ေတြကို အငိုက္ဖမ္းၿပီး ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့အၿပီး ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔အေနနဲ႔ အိမ္ရွင္ေတြကို ၿဖိဳလွဲၿပီး သုံးဂိုးျပန္သြင္းယူႏိုင္ခဲ့တာပါ။ ဒီေန႔ပြဲရဲ႕ မွတ္တမ္းမွတ္ရာ စာရင္းအင္း အခ်က္အလက္ေတြိကို ေလ့လာၾကည့္မယ္ဆိုရင္ေတာ့ ဗီလာရီးရဲလ္တို႔အေနနဲ႔ ပထမပိုင္းမွာ ၅ ႀကိမ္ ကန္ခြင့္ရခဲ့တာက သူတို႔ရဲ႕ တစ္ပြဲလုံးစာ Package ျဖစ္ၿပီး လီဗာပူးလ္တို႔ကေတာ့ သူတို႔ရဲ႕ ဂိုးေပါက္ကန္ခ်က္ ၁၅ ႀကိမ္ထဲက ၁၃ ႀကိမ္ကို ဒုတိယပိုင္းမွာ ျပဳလုပ္ခဲ့သလို ဒီထဲက ရရွိခဲ့တဲ့ ၃ ဂိုးက ႏွစ္ေက်ာ့ေပါင္းရလဒ္ကို ထည့္တြက္စရာမလိုဘဲ ဂုဏ္ဆာႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဘြဲ႕ထူးဂုဏ္ထူးေတြ မ်ားသြားတဲ့ လီဗာပူးလ္
လီဗာပူးလ္အသင္းအေနနဲ႔ ၂၀၂၁-၂၂ ရာသီအတြင္း ကစားခဲ့သမွ် ပြဲေပါင္း ၅၇ ပြဲမွာ ၁၃၉ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ကာရာေဘာင္းဖလားနဲ႔ အက္ဖ္ေအဖလားစတဲ့ ၿပိဳင္ပြဲေတြမွာ ဖိုင္နယ္အဆင့္အထိ အနည္းဆုံး တက္ေရာက္ထားႏိုင္ခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္ကိုလည္း ဗိုလ္လုပြဲလို မန္ခ်က္စတာစီးတီးနဲ႔ လုေနရတာျဖစ္ပါတယ္။ သူတို႔ရဲ႕ ဖလားေလးလုံး လမ္းေၾကာင္းေပၚမွာ ရွိေနဆဲျဖစ္တဲ့ လီဗာပူးလ္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္မွာေတာ့ ၁၀ ႀကိမ္ေျမာက္ ဗိုလ္လုပြဲကို တက္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး သူတို႔ထက္ ပိုလုပ္ျပႏိုင္ခဲ့တာဆိုလို႔ ေအစီမီလန္ (၁၁ ႀကိမ္)နဲ႔ ရီးရဲလ္မက္ဒရစ္ (၁၆ ႀကိမ္)တို႔ပဲ ရွိေတာ့တာေၾကာင့္ ဂုဏ္သိကၡာအရ ျမင့္မားလြန္းခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.