La Liga Match Report Premier League UCL&UEL

ဗီလာရီးရဲလ်ရဲ့မျှော်လင့်ချက်ကို ဒုတိယပိုင်းမှာ ရိုက်ချိုးပြီး ဖိုင်နယ်တက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့ကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ကီတာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျိုတာ၊ မာနေးနဲ့ ဆာလားတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

ဗီလာရီးရဲလ်ကတော့ ပထမအကျော့က အရှုံးကို ချေပနိုင်ဖို့ ဂိုးသမား ရူလီ၊ ခံစစ်မှာ ဟွမ် ဖွိုက်သ်၊ ရာအူးလ် အယ်လ်ဘီယိုလ်၊ ပေါ်တောရက်စ်၊ အက်စ်တူပီညန်တို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ကာပူး၊ ပါရီဂို၊ ကိုကလန်နဲ့ လိုဆဲလ်ဆိုတို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ ဂျရတ် မိုရီနိုနဲ့ ဘူလာယေး ဒီယားတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ဗီလာရီးရဲလ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဂိုးရှေ့မှာ ဝဲနေခဲ့ပြီး ဘယ်ခြမ်းထွက်သွားတဲ့ ဘောလုံးကို အက်စ်တူပီညန်က ဖြတ်တင်ပေးခဲ့ရာမှာ ညာခြမ်းကနေ ပြေးဝင်သွားတဲ့ ကာပူးက ရောဘတ်ဆန်နဲ့ ယှဉ်လုပြီး ချိုးပေးတာကို တိုက်စစ်မှူး ဘူလာယေး ဒီယားက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပါတယ်။

လီဗာပူးလ်တို့ အခြေတည်ဖို့ ခက်နေစဉ်မှာ အိမ်ရှင်တွေအနေနဲ့ ဖိကစားနေခဲ့ပြီး တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့သလို အပြန်အလှန် ထိုးဖောက်ခဲ့ကြရာမှာ ပါရီဟိုရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားပြီး ကီတာရဲ့ တန်ပြန်ထိုးဖောက်မှုကတော့ ဘားပေါ်က ကပ်ကျော်သွားခဲ့လို့ ဧည့်သည်တွေ တုံ့ပြန်မှုကို ပြသနိုင်ခဲ့ကြပြီး ပွဲချိန် ၂၃ မိနစ်မှာတော့ ဆာလားရဲ့ ကန်ချက်က ဂိုးဘေးက လွဲချော်ခဲ့ပြန်တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ ဒီပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး လီဗာပူးလ်တို့ ရှေ့ကနေ နောက်ကို လူပေးမှားတာကို ဘောလုံးရသွားတဲ့ လိုဆဲလ်ဆိုက ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ လဲကျခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးဖို့ ငြင်းဆန်သွားခဲ့တာဖြစ်ပြီး Replay တွေ မှာတော့ ဘောလုံးကို အရင်ထိခဲ့တဲ့ အယ်လစ်ဆန်ကြောင့် ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ နှစ်ကျော့ပေါင်းရလဒ်မှာ သရေကျစေမယ့်ဂိုးကို ဗီလာရီးရဲလ်တို့ သွင်းယူသွားနိုင်ခဲ့ပြီး ရောဘတ်ဆန်ရဲ့ ဘယ်ခြမ်းကို တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ ကာပူးကပဲ တစ်ချက်ခေါက်ပြီး ဖြတ်တင်ပေးရာမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ် ခေါင်းခုန်တိုက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နောက်က ပါလာတဲ့ ကိုကလန်က ခေါင်းတိုက်သွင်းသွားခဲ့လို့ လီဗာပူးလ်တို့ ရင်ခုန်ရဖို့ ဖြစ်လာခဲ့တာပါ။

ဂိုးပေးလိုက်ရပြီး မကြာခင်မှာပဲ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်တို့ ထိုးဖောက်မှုက တည်ငြိမ်ချင်ယောင်ဆောင်နေပြီး ထင်သလောက် မဟုတ်တဲ့ ဂိုးသမား ရူလီကြောင့် နီးစပ်ခဲ့သေးပြီး ပထမပိုင်းကတော့ နှစ်ဂိုး-ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ နည်းပြ ယာဂန် ကလော့ပ်က သူ့ရဲ့ လက်နက်ကြီး လူးဝစ် ဒီယက်ဇ်ကို အလုပ်သိပ်မဖြစ်တဲ့ ဂျိုတာအစား ထည့်သွင်းခဲ့ပါတယ်။

ဗီလာရီးရဲလ်တို့ဘက်က ဒန်ဂျူးမား မပါဝင်နိုင်ခဲ့တာကတော့ လီဗာပူးလ်တို့အတွက် လုပ်ရကိုင်ရလွယ်စေခဲ့ပြီး ဒုတိယပိုင်းမှာ တင်ကစားနေရင်း ချေပဂိုးတစ်ဂိုး ပြန်ရယူနိုင်ခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာတော့ ညာခြမ်းကနေ ဆာလားနဲ့ ဝမ်းတူးရိုက်ထွက်သွားတဲ့ ဖာဘင်ညိုက ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းပြီး ဂိုးသမားပညာရပ်တွေ မပြည့်စုံသေးတဲ့ ရူလီကို ပေါင်ကြားက အနိုင်ယူသွားခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ လီဗာပူးလ်တို့ ဦးဆောင်သွားခဲ့လို့ ဗီလာရီးရဲလ်တို့ တိုက်စစ်ပြန်ဖွင့်ကစားသမား ထင်ခဲ့ရပေမယ့် ဧည့်သည်တွေကပဲ တောက်လျှောက်ဖိတိုက်သွားခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာတော့ ဒုတိယ ချေပဂိုး ထပ်ရသွားခဲ့သလို လူကျွံထောင်ချောက်တွေကို ကျော်ဖြတ်ဖို့ ကျွမ်းကျင်လွန်းတဲ့ စုဖွဲ့မှုတွေနဲ့ပဲ ညာခြမ်းက အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကို လူးဝစ် ဒီယက်ဇ်က ပါးပါးနပ်နပ် ခေါင်းတိုက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

လေးဂိုး-နှစ်ဂိုးဖြစ်အပြီးမှာ ဗီလာရီးရဲလ်တို့ မိုရီနိုနဲ့ ကိုကလန်တို့အစား ချူကွယ်ဇီနဲ့ ပက်ဒရာဇာတို့ကို လဲကစားခဲ့ပေမယ့် လီဗာပူးလ်တို့ပဲ သိပ်မကြာခင် ပွဲချိန် ၇၄ မိနစ်မှာ တတိယဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကီတာ ကန်တင်လိုက်တာကို လွတ်ထွက်သွားခဲ့တဲ့ မာနေးက ရှေ့တက်နောက်ကျတဲ့ ဂိုးသမား ရူလီနဲ့ ညာနောက်ခံလူ ဖွိုက်သ်တို့ကို လိမ်ခေါက်ပြီးမှ အသာအယာ ကန်သွင်းယူသွားခဲ့တာပါ။

ဒီနေ့မှာ ဗီလာရီးရဲလ်ဂိုးသမား ရူလီကတော့ သူတို့တွေကို အထိနာစေခဲ့တဲ့ အဓိက အကြောင်းရင်ဖြစ်ပြီး ဂိုးသမားတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ နေရာယူပုံ၊ အတက်အဆင်းနဲ့ ဝင်လာတဲ့ ဘောလုံးတွေကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ ကာကွယ်နိုင်ခြင်းမျိုး မရှိတာက အူနိုင်း အမ်မရီကို ပြန်လာဖို့ အတားအဆီး ဖြစ်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ နှစ်ဂိုးဖန်တီးရှင် ကာပူး နှစ်ဝါ တစ်နီနဲ့ ထွက်ခဲ့ရလို့ မျှော်လင့်ချက် လုံးဝကုန်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ ဗီလာရီးရဲလ်ကွင်းမှာ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-နှစ်ဂိုးနဲ့ ပြတ်ပြတ်သားသား ချေမှုန်းသွားနိုင်ခဲ့ကြသလို လုံလောက်မှု မရှိတဲ့ အိမ်ရှင်တွေကို ပညာပေးပြီး နောက်ဆုံးငါးနှစ်အတွင်း တတိယအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔ကို ပြဲထြက္ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ကီတာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ မာေနးနဲ႔ ဆာလားတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ဗီလာရီးရဲလ္ကေတာ့ ပထမအေက်ာ့က အရႈံးကို ေခ်ပႏိုင္ဖို႔ ဂိုးသမား ႐ူလီ၊ ခံစစ္မွာ ဟြမ္ ဖြိဳက္သ္၊ ရာအူးလ္ အယ္လ္ဘီယိုလ္၊ ေပၚေတာရက္စ္၊ အက္စ္တူပီညန္တို႔ကို စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာပူး၊ ပါရီဂို၊ ကိုကလန္နဲ႔ လိုဆဲလ္ဆိုတို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ရတ္ မိုရီႏိုနဲ႔ ဘူလာေယး ဒီယားတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဗီလာရီးရဲလ္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ဂိုးေရွ႕မွာ ဝဲေနခဲ့ၿပီး ဘယ္ျခမ္းထြက္သြားတဲ့ ေဘာလုံးကို အက္စ္တူပီညန္က ျဖတ္တင္ေပးခဲ့ရာမွာ ညာျခမ္းကေန ေျပးဝင္သြားတဲ့ ကာပူးက ေရာဘတ္ဆန္နဲ႔ ယွဥ္လုၿပီး ခ်ိဳးေပးတာကို တိုက္စစ္မႉး ဘူလာေယး ဒီယားက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာခဲ့ပါတယ္။

လီဗာပူးလ္တို႔ အေျခတည္ဖို႔ ခက္ေနစဥ္မွာ အိမ္ရွင္ေတြအေနနဲ႔ ဖိကစားေနခဲ့ၿပီး ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့သလို အျပန္အလွန္ ထိုးေဖာက္ခဲ့ၾကရာမွာ ပါရီဟိုရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားၿပီး ကီတာရဲ႕ တန္ျပန္ထိုးေဖာက္မႈကေတာ့ ဘားေပၚက ကပ္ေက်ာ္သြားခဲ့လို႔ ဧည့္သည္ေတြ တုံ႔ျပန္မႈကို ျပသႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဆာလားရဲ႕ ကန္ခ်က္က ဂိုးေဘးက လြဲေခ်ာ္ခဲ့ျပန္တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ဒီပြဲရဲ႕ ႀကီးမားတဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ၿပီး လီဗာပူးလ္တို႔ ေရွ႕ကေန ေနာက္ကို လူေပးမွားတာကို ေဘာလုံးရသြားတဲ့ လိုဆဲလ္ဆိုက ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ လဲက်ခဲ့ေပမယ့္ ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးဖို႔ ျငင္းဆန္သြားခဲ့တာျဖစ္ၿပီး Replay ေတြ မွာေတာ့ ေဘာလုံးကို အရင္ထိခဲ့တဲ့ အယ္လစ္ဆန္ေၾကာင့္ ဆုံးျဖတ္ခ်က္က မွန္ကန္ခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ႏွစ္ေက်ာ့ေပါင္းရလဒ္မွာ သေရက်ေစမယ့္ဂိုးကို ဗီလာရီးရဲလ္တို႔ သြင္းယူသြားႏိုင္ခဲ့ၿပီး ေရာဘတ္ဆန္ရဲ႕ ဘယ္ျခမ္းကို တစ္ခ်ိန္လုံး ဒုကၡေပးေနတဲ့ ကာပူးကပဲ တစ္ခ်က္ေခါက္ၿပီး ျဖတ္တင္ေပးရာမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ေခါင္းခုန္တိုက္ဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ေနာက္က ပါလာတဲ့ ကိုကလန္က ေခါင္းတိုက္သြင္းသြားခဲ့လို႔ လီဗာပူးလ္တို႔ ရင္ခုန္ရဖို႔ ျဖစ္လာခဲ့တာပါ။

ဂိုးေပးလိုက္ရၿပီး မၾကာခင္မွာပဲ တန္ျပန္တိုက္စစ္ကေန လီဗာပူးလ္တို႔ ထိုးေဖာက္မႈက တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနၿပီး ထင္သေလာက္ မဟုတ္တဲ့ ဂိုးသမား ႐ူလီေၾကာင့္ နီးစပ္ခဲ့ေသးၿပီး ပထမပိုင္းကေတာ့ ႏွစ္ဂိုး-ဂိုးမရွိ သေရရလဒ္နဲ႔ ၿပီးဆုံးခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာေတာ့ နည္းျပ ယာဂန္ ကေလာ့ပ္က သူ႔ရဲ႕ လက္နက္ႀကီး လူးဝစ္ ဒီယက္ဇ္ကို အလုပ္သိပ္မျဖစ္တဲ့ ဂ်ိဳတာအစား ထည့္သြင္းခဲ့ပါတယ္။

ဗီလာရီးရဲလ္တို႔ဘက္က ဒန္ဂ်ဴးမား မပါဝင္ႏိုင္ခဲ့တာကေတာ့ လီဗာပူးလ္တို႔အတြက္ လုပ္ရကိုင္ရလြယ္ေစခဲ့ၿပီး ဒုတိယပိုင္းမွာ တင္ကစားေနရင္း ေခ်ပဂိုးတစ္ဂိုး ျပန္ရယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ညာျခမ္းကေန ဆာလားနဲ႔ ဝမ္းတူး႐ိုက္ထြက္သြားတဲ့ ဖာဘင္ညိဳက ေထာင့္က်ဥ္းအေနအထားကေန အျပင္းကန္သြင္းၿပီး ဂိုးသမားပညာရပ္ေတြ မျပည့္စုံေသးတဲ့ ႐ူလီကို ေပါင္ၾကားက အႏိုင္ယူသြားခဲ့တာပါ။

ႏွစ္ေက်ာ့ေပါင္းရလဒ္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ လီဗာပူးလ္တို႔ ဦးေဆာင္သြားခဲ့လို႔ ဗီလာရီးရဲလ္တို႔ တိုက္စစ္ျပန္ဖြင့္ကစားသမား ထင္ခဲ့ရေပမယ့္ ဧည့္သည္ေတြကပဲ ေတာက္ေလွ်ာက္ဖိတိုက္သြားခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဒုတိယ ေခ်ပဂိုး ထပ္ရသြားခဲ့သလို လူကြၽံေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ဖို႔ ကြၽမ္းက်င္လြန္းတဲ့ စုဖြဲ႕မႈေတြနဲ႔ပဲ ညာျခမ္းက အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာကို လူးဝစ္ ဒီယက္ဇ္က ပါးပါးနပ္နပ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေလးဂိုး-ႏွစ္ဂိုးျဖစ္အၿပီးမွာ ဗီလာရီးရဲလ္တို႔ မိုရီႏိုနဲ႔ ကိုကလန္တို႔အစား ခ်ဴကြယ္ဇီနဲ႔ ပက္ဒရာဇာတို႔ကို လဲကစားခဲ့ေပမယ့္ လီဗာပူးလ္တို႔ပဲ သိပ္မၾကာခင္ ပြဲခ်ိန္ ၇၄ မိနစ္မွာ တတိယဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကီတာ ကန္တင္လိုက္တာကို လြတ္ထြက္သြားခဲ့တဲ့ မာေနးက ေရွ႕တက္ေနာက္က်တဲ့ ဂိုးသမား ႐ူလီနဲ႔ ညာေနာက္ခံလူ ဖြိဳက္သ္တို႔ကို လိမ္ေခါက္ၿပီးမွ အသာအယာ ကန္သြင္းယူသြားခဲ့တာပါ။

ဒီေန႔မွာ ဗီလာရီးရဲလ္ဂိုးသမား ႐ူလီကေတာ့ သူတို႔ေတြကို အထိနာေစခဲ့တဲ့ အဓိက အေၾကာင္းရင္ျဖစ္ၿပီး ဂိုးသမားတစ္ေယာက္ ရွိသင့္ရွိထိုက္တဲ့ ေနရာယူပုံ၊ အတက္အဆင္းနဲ႔ ဝင္လာတဲ့ ေဘာလုံးေတြကို ဆုံးျဖတ္ခ်က္မွန္မွန္နဲ႔ ကာကြယ္ႏိုင္ျခင္းမ်ိဳး မရွိတာက အူႏိုင္း အမ္မရီကို ျပန္လာဖို႔ အတားအဆီး ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ႏွစ္ဂိုးဖန္တီးရွင္ ကာပူး ႏွစ္ဝါ တစ္နီနဲ႔ ထြက္ခဲ့ရလို႔ ေမွ်ာ္လင့္ခ်က္ လုံးဝကုန္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ဗီလာရီးရဲလ္ကြင္းမွာ ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ျပတ္ျပတ္သားသား ေခ်မႈန္းသြားႏိုင္ခဲ့ၾကသလို လုံေလာက္မႈ မရွိတဲ့ အိမ္ရွင္ေတြကို ပညာေပးၿပီး ေနာက္ဆုံးငါးႏွစ္အတြင္း တတိယအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.