Premier League

အီလွန် မတ်စ်ခ်ဆီက အကောင့်ကို ပြန်တောင်းခဲ့ရတဲ့ မန်စီးတီးရဲ့ မာရက်ဇ်

မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်အနေနဲ့ တွစ်တာကို သဘောမကျလို့ ငွေနဲ့ပေါက်ပြီး ပါဝါပြလိုက်တဲ့ အမေရိကန် ဘီလီယံနာ အီလွန် မတ်စ်ခ်ဆီကနဲ့ သူ့ရဲ့ အကောင့်အတွက် တောင်းဆိုမှုပြုလုပ်ပြီး မူလအတည်ပြုထားတဲ့ အဆင့်ကို ပြန်ရောက်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

တက်စလာ လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီအပါအဝင် နည်းပညာမြင့် လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားတဲ့ အီလွန် မတ်စ်ခ်ဟာ ဒေါ်လာ ၃၀၀ ဘီလီယံလောက် ချမ်းသာသူဖြစ်ပြီး တွစ်တာကို ပို့စ်ပြီးရင် ပြန်လည်တည်းဖြတ် Editing လုပ်မရမှုကို အမြင်ကတ်တာကြောင့် ဝယ်ယူခဲ့တာဖြစ်ပြီး ဒီအတွက် ဒေါ်လာ ၄၄ ဘီလီယံ အသုံးပြုထားခဲ့တာပါ။

ဧပြီလ ၂၆ ရက်နေ့မှာ တွစ်တာကို အပြီးသတ် လွှဲပြောင်းယူလိုက်တဲ့ တောင်အာဖရိကဖွား လုပ်ငန်းရှင်ကြီးရဲ့ လက်ထဲမှာ မာရက်ဇ်ကတော့ သူ့ရဲ့ အတည်ပြု ဗာရီဖိုင်းလုပ်ထားတဲ့ Blue Mark အပြာခြစ်ကလေး ပျောက်သွားခဲ့တာဖြစ်ပြီး ဒီအတွက် သူ့ခမျာ ရတက်ပွားပြီး ပြန်တောင်းယူခဲ့ရတယ်လို့လည်း သိရပါတယ်။

မေလ ၂ ရက်နေ့ည မြန်မာစံတော်ချိန် ၁၁ နာရီခန့်က တောင်းယူခဲ့ရတဲ့ ပို့စ်တင်အပြီးမှာ တွစ်တာအက်ဒ်မင်တွေဘက်ကတော့ မာရက်ဇ်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးခဲ့ပြီး ဒီနေ့ ၃ ရက်နေ့မှာတော့ အပြာခြစ် အမှန်လေးနဲ့ မြင်တွေ့ခဲ့ရသလို တချို့တွေကတော့ ဒါက ရီးရဲလ်မက်ဒရစ်နဲ့ အဝေးကွင်း ဘာနေဗျူးမှာ ကန်ရမယ့် ပွဲလောက် အရေးကြီးလားလို့ ဆိုခဲ့ကြတာပါ။

မာရက်ဇ်ဟာ တွစ်တာပေါ်မှာ ဖော်လိုဝါနဲ့ မန်စီးတီးပရိသတ်တွေ ၃.၂ သန်းကျော် ရှိသူဖြစ်ပြီး တွစ်တာကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ပြီး အသုံးပြုခဲ့တာဖြစ်သလို ၉ နှစ်အကြာမှာ Blue Mark ပျောက်သွားခဲ့ရမှုအပေါ် တတ်ကျွမ်းနားလည်သူတွေကတော့ ဒါဟာ Software Error သာ ဖြစ်နိုင်ကြောင်းနဲ့ အီလွန် မတ်စ်ခ်ဘက်က ဖြုတ်တာ မဖြစ်နိုင်ကြောင်း ရှင်းလင်းသွားခဲ့ကြပါတယ်။

အသက် ၃၁ နှစ်အရွယ် အယ်လ်ဂျီးရီးသားလက်ရွေးစင် အသင်းခေါင်းဆောင်အနေနဲ့ သူ့ရဲ့ အမှန်ခြစ်ကို ပြန်လည်ရှိမှုအတွက် စိတ်ဖြောင့်ဖြောင့်နဲ့ မန်စီးတီးရဲ့ လက်ကျန်ပွဲစဉ်တွေကို ဆက်ကစားနိုင်တော့မှာဖြစ်ပြီး စောင့်ကြည့်သူတွေအတွက်တော့ ဒါက ဟာသတစ်ခုလည်းဖြစ်ခဲ့ရတာပါ။

မာရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးတို့အတွက် အားကိုးအားထားပြုနိုင်တဲ့ ဂိုးသွင်းရှင်တစ်ဦးလည်းဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၁ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၂၃ ဂိုး သွင်းယူပေးထားခဲ့ပြီး သူ့ရဲ့ ဒီအသင်းကစားသမားဘဝ စတုတ္ထရာသီမှာ ပြီးခဲ့တဲ့ ရာသီတွေကထက် အနည်းဆုံး ၉ ဂိုး ပိုမိုသွင်းယူထားနိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္အေနနဲ႔ တြစ္တာကို သေဘာမက်လို႔ ေငြနဲ႔ေပါက္ၿပီး ပါဝါျပလိုက္တဲ့ အေမရိကန္ ဘီလီယံနာ အီလြန္ မတ္စ္ခ္ဆီကနဲ႔ သူ႔ရဲ႕ အေကာင့္အတြက္ ေတာင္းဆိုမႈျပဳလုပ္ၿပီး မူလအတည္ျပဳထားတဲ့ အဆင့္ကို ျပန္ေရာက္ဖို႔ ႀကိဳးစားခဲ့ရတယ္လို႔ သိရပါတယ္။

တက္စလာ လွ်ပ္စစ္ကား ထုတ္လုပ္ေရး ကုမၸဏီအပါအဝင္ နည္းပညာျမင့္ လုပ္ငန္းမ်ားစြာကို ပိုင္ဆိုင္ထားတဲ့ အီလြန္ မတ္စ္ခ္ဟာ ေဒၚလာ ၃၀၀ ဘီလီယံေလာက္ ခ်မ္းသာသူျဖစ္ၿပီး တြစ္တာကို ပို႔စ္ၿပီးရင္ ျပန္လည္တည္းျဖတ္ Editing လုပ္မရမႈကို အျမင္ကတ္တာေၾကာင့္ ဝယ္ယူခဲ့တာျဖစ္ၿပီး ဒီအတြက္ ေဒၚလာ ၄၄ ဘီလီယံ အသုံးျပဳထားခဲ့တာပါ။

ဧၿပီလ ၂၆ ရက္ေန႔မွာ တြစ္တာကို အၿပီးသတ္ လႊဲေျပာင္းယူလိုက္တဲ့ ေတာင္အာဖရိကဖြား လုပ္ငန္းရွင္ႀကီးရဲ႕ လက္ထဲမွာ မာရက္ဇ္ကေတာ့ သူ႔ရဲ႕ အတည္ျပဳ ဗာရီဖိုင္းလုပ္ထားတဲ့ Blue Mark အျပာျခစ္ကေလး ေပ်ာက္သြားခဲ့တာျဖစ္ၿပီး ဒီအတြက္ သူ႔ခမ်ာ ရတက္ပြားၿပီး ျပန္ေတာင္းယူခဲ့ရတယ္လို႔လည္း သိရပါတယ္။

ေမလ ၂ ရက္ေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၁ နာရီခန႔္က ေတာင္းယူခဲ့ရတဲ့ ပို႔စ္တင္အၿပီးမွာ တြစ္တာအက္ဒ္မင္ေတြဘက္ကေတာ့ မာရက္ဇ္ရဲ႕ ေတာင္းဆိုမႈကို ခြင့္ျပဳေပးခဲ့ၿပီး ဒီေန႔ ၃ ရက္ေန႔မွာေတာ့ အျပာျခစ္ အမွန္ေလးနဲ႔ ျမင္ေတြ႕ခဲ့ရသလို တခ်ိဳ႕ေတြကေတာ့ ဒါက ရီးရဲလ္မက္ဒရစ္နဲ႔ အေဝးကြင္း ဘာေနဗ်ဴးမွာ ကန္ရမယ့္ ပြဲေလာက္ အေရးႀကီးလားလို႔ ဆိုခဲ့ၾကတာပါ။

မာရက္ဇ္ဟာ တြစ္တာေပၚမွာ ေဖာ္လိုဝါနဲ႔ မန္စီးတီးပရိသတ္ေတြ ၃.၂ သန္းေက်ာ္ ရွိသူျဖစ္ၿပီး တြစ္တာကို ၂၀၁၃ ခုႏွစ္ကတည္းက စတင္ၿပီး အသုံးျပဳခဲ့တာျဖစ္သလို ၉ ႏွစ္အၾကာမွာ Blue Mark ေပ်ာက္သြားခဲ့ရမႈအေပၚ တတ္ကြၽမ္းနားလည္သူေတြကေတာ့ ဒါဟာ Software Error သာ ျဖစ္ႏိုင္ေၾကာင္းနဲ႔ အီလြန္ မတ္စ္ခ္ဘက္က ျဖဳတ္တာ မျဖစ္ႏိုင္ေၾကာင္း ရွင္းလင္းသြားခဲ့ၾကပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ အယ္လ္ဂ်ီးရီးသားလက္ေ႐ြးစင္ အသင္းေခါင္းေဆာင္အေနနဲ႔ သူ႔ရဲ႕ အမွန္ျခစ္ကို ျပန္လည္ရွိမႈအတြက္ စိတ္ေျဖာင့္ေျဖာင့္နဲ႔ မန္စီးတီးရဲ႕ လက္က်န္ပြဲစဥ္ေတြကို ဆက္ကစားႏိုင္ေတာ့မွာျဖစ္ၿပီး ေစာင့္ၾကည့္သူေတြအတြက္ေတာ့ ဒါက ဟာသတစ္ခုလည္းျဖစ္ခဲ့ရတာပါ။

မာရက္ဇ္ဟာ ဒီရာသီမွာ မန္စီးတီးတို႔အတြက္ အားကိုးအားထားျပဳႏိုင္တဲ့ ဂိုးသြင္းရွင္တစ္ဦးလည္းျဖစ္ၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၁ ဂိုး အပါအဝင္ ၿပိဳင္ပြဲစုံ ၄၃ ပြဲမွာ ၂၃ ဂိုး သြင္းယူေပးထားခဲ့ၿပီး သူ႔ရဲ႕ ဒီအသင္းကစားသမားဘဝ စတုတၳရာသီမွာ ၿပီးခဲ့တဲ့ ရာသီေတြကထက္ အနည္းဆုံး ၉ ဂိုး ပိုမိုသြင္းယူထားႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.