Premier League

သရဲနီဟောင်းကတောင် အာဆင်နယ်တို့ကို မနေနိုင်မထိုင်နိုင် ချီးကျူးလိုက်တာလား

အာဆင်နယ်အသင်းရဲ့ ဒီရာသီမှာ ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်ပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ အဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ဖို့ အနေအထားက အားလုံးထက် အကောင်းဆုံးဖြစ်ပြီး နောက်ဆုံးသုံးပွဲဆက်တိုက် ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ကို ဆက်တိုက်ကြီး အနိုင်ရလိုက်တာအပေါ် ပြိုင်ဘက်ကစားသမားနဲ့ နည်းပြဟောင်း မိုက်ကယ် ကာရစ်က ချီးကျူးထောက်ခံလိုက်ပါတယ်။

မြောက်လန်ဒန်အသင်းရဲ့ ပရိသတ်တွေကတော့ ခရစ္စတယ်လ်ပဲလေ့စ်၊ ဘရိုက်တန်၊ ဆောက်သမ်တန်အသင်းတွေဆီမှာ ပြိုလဲကျထားခဲ့တဲ့ သူတို့ အသင်းကို ၁၂ ရက်အတွင်း ၃ ပွဲ ကစားရမယ့် ပွဲကျပ်တွေမှာ မယုံရဲအောင်ဖြစ်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်သုံးမှတ်နဲ့ ကိုးမှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အဆင့် ၄ ကို သိမ်းပိုက်ဖို့ ဖြစ်လာခဲ့တာပါ။

နောက်ဆုံးသုံးပွဲချင်း ယှဉ်လိုက်ရင် မန်ယူနိုက်တက်တို့က သုံးပွဲစလုံး နိုင်ပွဲတစ်ပွဲမှ မရှိချိန်မှာ တော့တင်ဟမ် ဟော့စပါးစ်တို့ကတော့ တစ်ပွဲသာ အနိုင်ရထားခဲ့ပြီး ကြွေတစ်လက် ကြက်တစ်ခုန်ဆိုသလို သုံးခါဆက်ခုန်တဲ့ ဂန်းနားတွေကတော့ အားလုံး မျက်စိလည်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“သူတို့ရဲ့ ဆက်တိုက်ရလဒ်ကောင်းခဲ့တဲ့ ပုံစံကတော့ လက်ဖျားခါလောက်အောင်ပါပဲ”လို့ မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြဟောင်းက ပြောလိုက်ပြီး “အာဆင်နယ်တို့အနေနဲ့ ဒီနေရာကို သူတို့လက်ထဲ ပြန်ရောက်အောင် ကြိုးစားနိုင်ခဲ့တာကို အသိအမှတ်ပြုရမှာလည်းဖြစ်ပါတယ်”လို့ Premier League Productions က တစ်ဆင့် ဆိုလိုက်တာပါ။

အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဝက်စ်ဟမ်း၊ စပါးစ်နဲ့ မန်ယူနိုက်တက်အသင်းတွေမှာ ကစားသမားအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကာရစ်က သူ့ရဲ့ ပထမဆုံးအသင်းကို အနိုင်ရသွားခဲ့တဲ့ မြောက်လန်ဒန်သားတွေရဲ့ ပုံစံကို အံ့အားသင့်နေပြီး ဟမ်းမားတွေဟာ ဒီလိုမျိုး အဝေးကွင်းမှာ အနိုင်ယူကစားဖို့ လွယ်တဲ့ အသင်းမျိုး မဟုတ်လို့ သူတို့ရဲ့ ချန်ပီယံလိဂ်ကစားခွင့်ဟာ ထိုက်တန်တယ်လို့ ပြောလိုက်တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၄၈၁ ပွဲမှာ ၂၄ ဂိုးသွင်းပြီး ဂိုး ၄၀ ဖန်တီးပေးခဲ့တဲ့ ကာရစ်ကတော့ သူ့ရဲ့ အသင်းဟောင်းတွေရဲ့ အငြိုအငြင် ခံရနိုင်တဲ့ကြားက အာဆင်နယ်အသင်းကို မနေနိုင် မထိုင်နိုင် ချီးကျူးလိုက်ချိန်မှာ စတူဒီယိုထဲ အတူတူထိုင်နေတဲ့ ဂန်းနားဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းကတော့ ပရိသတ်တွေအနေနဲ့ Trust the Process ကို ထောက်ခံကြဖို့ အချိန်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဆီးမန်းက နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ကို မယုံကြည်တဲ့သူတွေကို ပညာပြခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်နှလုံးသားကိုတော့ ဆွဲယူသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ပြီး အာဆင်နယ်ဘက်က လူတွေအတွက်တော့ သူ့စကားထက် ကာရစ်ရဲ့ စကားကိုပိုပြီး ပီတိဖြစ်နေလိမ့်မယ်လို့ ထင်မြင်မိကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ဒီရာသီမွာ ရွိတဲ့လူနဲ႔ ျဖစ္ေအာင္လုပ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၄ အျဖစ္နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိႏိုင္ဖို႔ အေနအထားက အားလုံးထက္ အေကာင္းဆုံးျဖစ္ၿပီး ေနာက္ဆုံးသုံးပြဲဆက္တိုက္ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကို ဆက္တိုက္ႀကီး အႏိုင္ရလိုက္တာအေပၚ ၿပိဳင္ဘက္ကစားသမားနဲ႔ နည္းျပေဟာင္း မိုက္ကယ္ ကာရစ္က ခ်ီးက်ဴးေထာက္ခံလိုက္ပါတယ္။

ေျမာက္လန္ဒန္အသင္းရဲ႕ ပရိသတ္ေတြကေတာ့ ခရစၥတယ္လ္ပဲေလ့စ္၊ ဘ႐ိုက္တန္၊ ေဆာက္သမ္တန္အသင္းေတြဆီမွာ ၿပိဳလဲက်ထားခဲ့တဲ့ သူတို႔ အသင္းကို ၁၂ ရက္အတြင္း ၃ ပြဲ ကစားရမယ့္ ပြဲက်ပ္ေတြမွာ မယုံရဲေအာင္ျဖစ္ခဲ့ေပမယ့္ လိုအပ္တဲ့ အႏိုင္သုံးမွတ္နဲ႔ ကိုးမွတ္အထိ စုေဆာင္းႏိုင္ခဲ့ၿပီး အဆင့္ ၄ ကို သိမ္းပိုက္ဖို႔ ျဖစ္လာခဲ့တာပါ။

ေနာက္ဆုံးသုံးပြဲခ်င္း ယွဥ္လိုက္ရင္ မန္ယူႏိုက္တက္တို႔က သုံးပြဲစလုံး ႏိုင္ပြဲတစ္ပြဲမွ မရွိခ်ိန္မွာ ေတာ့တင္ဟမ္ ေဟာ့စပါးစ္တို႔ကေတာ့ တစ္ပြဲသာ အႏိုင္ရထားခဲ့ၿပီး ေႂကြတစ္လက္ ၾကက္တစ္ခုန္ဆိုသလို သုံးခါဆက္ခုန္တဲ့ ဂန္းနားေတြကေတာ့ အားလုံး မ်က္စိလည္ရေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

“သူတို႔ရဲ႕ ဆက္တိုက္ရလဒ္ေကာင္းခဲ့တဲ့ ပုံစံကေတာ့ လက္ဖ်ားခါေလာက္ေအာင္ပါပဲ”လို႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ယာယီနည္းျပေဟာင္းက ေျပာလိုက္ၿပီး “အာဆင္နယ္တို႔အေနနဲ႔ ဒီေနရာကို သူတို႔လက္ထဲ ျပန္ေရာက္ေအာင္ ႀကိဳးစားႏိုင္ခဲ့တာကို အသိအမွတ္ျပဳရမွာလည္းျဖစ္ပါတယ္”လို႔ Premier League Productions က တစ္ဆင့္ ဆိုလိုက္တာပါ။

အာဆင္နယ္အသင္းရဲ႕ ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ ဝက္စ္ဟမ္း၊ စပါးစ္နဲ႔ မန္ယူႏိုက္တက္အသင္းေတြမွာ ကစားသမားအျဖစ္ ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ကာရစ္က သူ႔ရဲ႕ ပထမဆုံးအသင္းကို အႏိုင္ရသြားခဲ့တဲ့ ေျမာက္လန္ဒန္သားေတြရဲ႕ ပုံစံကို အံ့အားသင့္ေနၿပီး ဟမ္းမားေတြဟာ ဒီလိုမ်ိဳး အေဝးကြင္းမွာ အႏိုင္ယူကစားဖို႔ လြယ္တဲ့ အသင္းမ်ိဳး မဟုတ္လို႔ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ကစားခြင့္ဟာ ထိုက္တန္တယ္လို႔ ေျပာလိုက္တာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ၄၈၁ ပြဲမွာ ၂၄ ဂိုးသြင္းၿပီး ဂိုး ၄၀ ဖန္တီးေပးခဲ့တဲ့ ကာရစ္ကေတာ့ သူ႔ရဲ႕ အသင္းေဟာင္းေတြရဲ႕ အၿငိဳအျငင္ ခံရႏိုင္တဲ့ၾကားက အာဆင္နယ္အသင္းကို မေနႏိုင္ မထိုင္ႏိုင္ ခ်ီးက်ဴးလိုက္ခ်ိန္မွာ စတူဒီယိုထဲ အတူတူထိုင္ေနတဲ့ ဂန္းနားဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဆီးမန္းကေတာ့ ပရိသတ္ေတြအေနနဲ႔ Trust the Process ကို ေထာက္ခံၾကဖို႔ အခ်ိန္လို႔ ဆိုလိုက္ပါတယ္။

ဒါ့အျပင္ ဆီးမန္းက နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ကို မယုံၾကည္တဲ့သူေတြကို ပညာျပခဲ့ၿပီး ပရိသတ္ေတြရဲ႕ စိတ္ႏွလုံးသားကိုေတာ့ ဆြဲယူသိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းလည္း ခ်ီးက်ဴးသြားခဲ့ၿပီး အာဆင္နယ္ဘက္က လူေတြအတြက္ေတာ့ သူ႔စကားထက္ ကာရစ္ရဲ႕ စကားကိုပိုၿပီး ပီတိျဖစ္ေနလိမ့္မယ္လို႔ ထင္ျမင္မိေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.