Match Report Premier League

အေဝးကြင္းမွာ အႏုိင္ကစားၿပီး အဆင့္သုံးေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဒဏ္ရာရေနတဲ့ လုခ္ေရွာေနရာမွာ ဘရန္ဒန္ ဝီလီယမ္စ္ကို သုံးခဲ့တာကလြဲလုိ႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ သူ႕ရဲ႕ စိတ္ႀကဳိက္လူစာရင္းအတုိင္းပဲ ပြဲထြက္လာခဲ့ၿပီး လက္စတာကို ဒုတိယပုိင္း သြင္းဂိုးေတြရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ခုိင္မာေစမယ့္ ႏုိင္ပြဲကို ရယူႏုိင္ခဲ့ပါတယ္။

ယူႏုိက္တက္တို႔ လူမေျပာင္းခဲ့ေပမယ့္ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ ၿပဳိင္ဘက္ကို ေၾကာက္ကန္ကန္ၿပီး သူမပုိင္ႏုိင္တဲ့ ကစားကြက္နဲ႔ ကစားဖို႔ ႀကဳိးစားခဲ့ၿပီး ဒီနည္းျပရဲ႕ နည္းစနစ္ပုိင္း တည္ၿငိမ္မွဳ မရွိျခင္းဟာ ဒီႏွစ္မွာ လက္စတာကို ရာသီတတိယပုိင္း ပန္းဝင္ခ်ိန္ေတြမွာ ဆိုးရြားတဲ့ ရလဒ္ေတြနဲ႔အတူ အထိနာေစခဲ့တာျဖစ္ပါတယ္။

ဗာဒီနဲ႔ အီဟန္နာခ်ဳိကို တုိက္စစ္မွာတင္ၿပီး ေတာင္ပံသမားအျဖစ္ အယ္လ္ဘ႐ိုက္တန္သာ ပါဝင္ခဲ့သလို ကြင္းလယ္မွာ အန္ဒီဒီ၊ တီးလီးမန္းစ္နဲ႔ ေခ်ာင္ဒူရီတုိ႔ကို ဖ်က္အားလုိက္အားအတြက္ အသုံးျပဳခဲ့ခ်ိန္မွာ ခံစစ္ေတာင္ပံေတြကေတာ့ အေတြ႕အႀကဳံႏုနယ္တဲ့လူငယ္ေတြ ျဖစ္ေနခဲ့တာကေတာ့ ေရာ့ဂ်ားစ္ရဲ႕ စကတည္းက ဟန္ခ်က္မညီတဲ့ ကစားကြက္အတြက္ အကူအညီမျဖစ္ခဲ့ဘဲ ယူႏိုက္တက္တုိ႔ကို အိမ္ကြင္းမွာ အသာမရႏုိင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ယူႏုိက္တက္ရဲ႕ ကစားကြက္ကို က်ပ္ပစ္ဖို႔ စီစဥ္လာတဲ့ လက္စတာရဲ႕ ခံစစ္ဗ်ဴဟာက အလုပ္ျဖစ္ခဲ့ေပမယ့္ အႏုိင္ရလဒ္အတြက္ ျပင္ဆင္မလာခဲ့တာကေတာ့ ေရာ့ဂ်ားစ္ရဲ႕ မွားကြက္ျဖစ္ၿပီး ယူႏုိက္တက္ကေတာ့ သေရရလဒ္ရရင္ အဆင္ေျပတဲ့ အသင္းပီပီ အေဝးကြင္းမွာ အမွားကို ေစာင့္ကစားေနခဲ့ပါတယ္။

ဗာဒီနဲ႔ အီဟန္နာခ်ဳိတုိ႔ရဲ႕ ေျပးအားကို အသုံးျပဳထားတဲ့ လက္စတာရဲ႕ တန္ျပန္တုိက္စစ္ေတြက အားေကာင္းခဲ့ေပမယ့္ အပိုင္အခြင့္အေရး ဖန္တီးမွဳနဲ႔ Final Ball ပုိင္းမွာ လိုအပ္ခ်က္ေတြ မ်ားခဲ့တာေၾကာင့္ ယူႏုိက္တက္ခံစစ္က စနစ္တက် ဖ်က္ထုတ္ႏုိင္ခဲ့ၿပီး ဗာဒီနဲ႔ ဖာနန္ဒက္စ္တုိ႔ ထိုးေဖာက္မွဳေတြ လူကၽြံေနခဲ့လို႔ ဂိုးမရခဲ့ဘဲ တီးလီးမန္းစ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ကလည္း အဆုံးသတ္ အားနည္းခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္း ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဗာဒီရဲ႕ ေခါင္းတုိက္ခ်က္ ဂိုးဘားေထာင့္စြန္းနဲ႔ ထိထြက္ခဲ့လို႔ ယူႏုိက္တက္တုိ႔ ကံေကာင္းခဲ့ၿပီး ဒေဟးယားရဲ႕ ဒီေန႔လက္စြမ္းက အေကာင္းဆုံးအေနအထားမွာ ရွိမေနခဲ့သလို ခံစစ္ကလည္း ျပစ္ဒဏ္ေဘာနဲ႔ အဝါကတ္ေတြ မ်ားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ေခ်ာင္ဒူရီဆီက ဂရင္းဝုဒ္ လုယူႏုိင္ခဲ့တာကို ဖာနန္ဒက္စ္က ဖန္တီးေပးခဲ့မွဳကို မာစီယယ္လ္ ကန္သြင္းဖို႔ ႀကဳိးစားခ်ိန္မွာ တားဆီးခဲ့တဲ့ အီဗန္စ္ေၾကာင့္ ယူႏုိက္တက္တုိ႔ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ က်န္ေနက် ေပၚတူဂီကြင္းလယ္ဖန္တီးရွင္ကပဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကက္စပါ ရွမုိက္ကယ္ကို လွည့္စားသြင္းယူႏုိင္ခဲ့ပါတယ္။

ဂိုးေပးလုိက္ရၿပီးမွာ လက္စတာဘက္က ဒီမာ႐ိုင္ ဂေရး၊ ပရက္နဲ႔ ဟာဗီ ဘန္းစ္တုိ႔ကို ထည့္သြင္းၿပီး တုိက္စစ္ဆင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းက မေသခ်ာခဲ့သလို ဒေဟးယားနဲ႔ ယူႏုိက္တက္ခံစစ္ကလည္း ကာကြယ္သြားႏုိင္တာေၾကာင့္ မိနစ္ ၉၀ အထိ ဧည့္သည္ေတြက အဆင့္ ၃ ေနရာအတြက္ အသာစီးရရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ မက္ေတာ္မီေနးကို အဝင္ၾကမ္းတဲ့ ယူႏုိက္တက္ကစားသမားေဟာင္း အီဗန္စ္ ႏွစ္ဝါတစ္နီအစား တုိက္႐ိုက္အနီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ၉၈ မိနစ္မွာေတာ့ ေဘာလုံးလိမ္ဖို႔ ႀကဳိးစားတဲ့ ရွမိုက္ကယ္ဆီက လင္ဂတ္က လုယူခဲ့ၿပီး ဒုတိယအႏုိင္ဂိုးကို သြင္းယူႏုိင္ခဲ့လို႔ ပြဲအၿပီးမွာ ရမွတ္ ၆၆ မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ တတိယေနရာကေန မန္ခ်က္စတာသားေတြ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

အိမ္ရွင္ လက္စတာကေတာ့ ရာသီအစကတည္းက အဆင့္ ၃ ကေန ေတာက္ေလွ်ာက္ဦးေဆာင္ေနခဲ့ေပမယ့္ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ မတည္ၿငိမ္မွဳ၊ ဦးစားေပး ဘယ္ညာေနာက္ခံလူႏွစ္ဦး ဒဏ္ရာရရွိမွဳေတြနဲ႔ ရလဒ္ေတြ ဆုိးရြားခဲ့ရၿပီး ဒီေန႔ အရွဳံးေၾကာင့္ အဆင့္ ၅ ကေန ယူ႐ိုပါလိဂ္ကိုပဲ ယွဥ္ၿပဳိင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒဏ်ရာရနေတဲ့ လုခ်ရှောနေရာမှာ ဘရန်ဒန် ဝီလီယမ်စ်ကို သုံးခဲ့တာကလွဲလို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ စိတ်ကြိုက်လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး လက်စတာကို ဒုတိယပိုင်း သွင်းဂိုးတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ခိုင်မာစေမယ့် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ လူမပြောင်းခဲ့ပေမယ့် ဘရန်ဒန် ရော့ဂျားစ်ကတော့ ပြိုင်ဘက်ကို ကြောက်ကန်ကန်ပြီး သူမပိုင်နိုင်တဲ့ ကစားကွက်နဲ့ ကစားဖို့ ကြိုးစားခဲ့ပြီး ဒီနည်းပြရဲ့ နည်းစနစ်ပိုင်း တည်ငြိမ်မှု မရှိခြင်းဟာ ဒီနှစ်မှာ လက်စတာကို ရာသီတတိယပိုင်း ပန်းဝင်ချိန်တွေမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့အတူ အထိနာစေခဲ့တာဖြစ်ပါတယ်။

ဗာဒီနဲ့ အီဟန်နာချိုကို တိုက်စစ်မှာတင်ပြီး တောင်ပံသမားအဖြစ် အယ်လ်ဘရိုက်တန်သာ ပါဝင်ခဲ့သလို ကွင်းလယ်မှာ အန်ဒီဒီ၊ တီးလီးမန်းစ်နဲ့ ချောင်ဒူရီတို့ကို ဖျက်အားလိုက်အားအတွက် အသုံးပြုခဲ့ချိန်မှာ ခံစစ်တောင်ပံတွေကတော့ အတွေ့အကြုံနုနယ်တဲ့လူငယ်တွေ ဖြစ်နေခဲ့တာကတော့ ရော့ဂျားစ်ရဲ့ စကတည်းက ဟန်ချက်မညီတဲ့ ကစားကွက်အတွက် အကူအညီမဖြစ်ခဲ့ဘဲ ယူနိုက်တက်တို့ကို အိမ်ကွင်းမှာ အသာမရနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ ကစားကွက်ကို ကျပ်ပစ်ဖို့ စီစဉ်လာတဲ့ လက်စတာရဲ့ ခံစစ်ဗျူဟာက အလုပ်ဖြစ်ခဲ့ပေမယ့် အနိုင်ရလဒ်အတွက် ပြင်ဆင်မလာခဲ့တာကတော့ ရော့ဂျားစ်ရဲ့ မှားကွက်ဖြစ်ပြီး ယူနိုက်တက်ကတော့ သရေရလဒ်ရရင် အဆင်ပြေတဲ့ အသင်းပီပီ အဝေးကွင်းမှာ အမှားကို စောင့်ကစားနေခဲ့ပါတယ်။

ဗာဒီနဲ့ အီဟန်နာချိုတို့ရဲ့ ပြေးအားကို အသုံးပြုထားတဲ့ လက်စတာရဲ့ တန်ပြန်တိုက်စစ်တွေက အားကောင်းခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖန်တီးမှုနဲ့ Final Ball ပိုင်းမှာ လိုအပ်ချက်တွေ များခဲ့တာကြောင့် ယူနိုက်တက်ခံစစ်က စနစ်တကျ ဖျက်ထုတ်နိုင်ခဲ့ပြီး ဗာဒီနဲ့ ဖာနန်ဒက်စ်တို့ ထိုးဖောက်မှုတွေ လူကျွံနေခဲ့လို့ ဂိုးမရခဲ့ဘဲ တီးလီးမန်းစ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အဆုံးသတ် အားနည်းခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ ဗာဒီရဲ့ ခေါင်းတိုက်ချက် ဂိုးဘားထောင့်စွန်းနဲ့ ထိထွက်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ဒဟေးယားရဲ့ ဒီနေ့လက်စွမ်းက အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့သလို ခံစစ်ကလည်း ပြစ်ဒဏ်ဘောနဲ့ အဝါကတ်တွေ များခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ချောင်ဒူရီဆီက ဂရင်းဝုဒ် လုယူနိုင်ခဲ့တာကို ဖာနန်ဒက်စ်က ဖန်တီးပေးခဲ့မှုကို မာစီယယ်လ် ကန်သွင်းဖို့ ကြိုးစားချိန်မှာ တားဆီးခဲ့တဲ့ အီဗန်စ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ကျန်နေကျ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ကပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကက်စပါ ရှမိုက်ကယ်ကို လှည့်စားသွင်းယူနိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးမှာ လက်စတာဘက်က ဒီမာရိုင် ဂရေး၊ ပရက်နဲ့ ဟာဗီ ဘန်းစ်တို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းက မသေချာခဲ့သလို ဒဟေးယားနဲ့ ယူနိုက်တက်ခံစစ်ကလည်း ကာကွယ်သွားနိုင်တာကြောင့် မိနစ် ၉၀ အထိ ဧည့်သည်တွေက အဆင့် ၃ နေရာအတွက် အသာစီးရရှိနေခဲ့ပါတယ်။

ပွဲချိန် ၉၄ မိနစ်မှာတော့ မက်တော်မီနေးကို အဝင်ကြမ်းတဲ့ ယူနိုက်တက်ကစားသမားဟောင်း အီဗန်စ် နှစ်ဝါတစ်နီအစား တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၉၈ မိနစ်မှာတော့ ဘောလုံးလိမ်ဖို့ ကြိုးစားတဲ့ ရှမိုက်ကယ်ဆီက လင်ဂတ်က လုယူခဲ့ပြီး ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ရမှတ် ၆၆ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာကနေ မန်ချက်စတာသားတွေ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အိမ်ရှင် လက်စတာကတော့ ရာသီအစကတည်းက အဆင့် ၃ ကနေ တောက်လျှောက်ဦးဆောင်နေခဲ့ပေမယ့် နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ မတည်ငြိမ်မှု၊ ဦးစားပေး ဘယ်ညာနောက်ခံလူနှစ်ဦး ဒဏ်ရာရရှိမှုတွေနဲ့ ရလဒ်တွေ ဆိုးရွားခဲ့ရပြီး ဒီနေ့ အရှုံးကြောင့် အဆင့် ၅ ကနေ ယူရိုပါလိဂ်ကိုပဲ ယှဉ်ပြိုင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.