Match Report Premier League

ဝါရင့်ကစားသမားတွေရဲ့ သမ္ဘာနဲ့ ချဲလ်ဆီး ရှုံးထားတဲ့ အသင်းကို နှိပ်ကွပ်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့အသင်းကို ဝါရင့်ကစားသမားတွေကို ဦးဆောင်စေခဲ့ပြီး ကစားနေကျ ပွဲထွက်သူတွေ ဖြစ်ကြတဲ့ ဂိုးသမား ဒဟေးယား၊ နောက်ခံလူ ဗာရွန်း၊ လင်ဒီလော့ဖ်၊ အဲလက်စ် တဲလက်စ်တို့နဲ့အတူ ကွင်းလယ်မှာ မာတစ်ချ်နဲ့ မာတာတို့ကို မက်တော်မီနေးနဲ့အတူ ထည့်သွင်းခဲ့ပြီး တိုက်စစ်မှာတော့ ရော်နယ်လ်ဒိုကို အထောင်ထားပြီး အီလန်ဂါ၊ ဘရူနို ဖာနန်ဒက်စ်တို့ ရံကစားလာခဲ့ကြပါတယ်။

ဘရန့်ဖို့ဒ်တို့ကတော့ တောင်ပံကစားသမားကောင်းတွေ မရှိတဲ့အတွက် ၃-၅-၂ ပုံစံက ရိုအာဆလက်ဗ်နဲ့ ရီကို ဟင်နရီတို့ Wing Back တွေကိုပဲ အားကိုးနေခဲ့ပြီး ဂိုးသမား ရာယာ၊ ယန်ဆွန်၊ အာယေး၊ ဆိုရန်ဆန်တို့နဲ့ ခံစစ်မှာ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ယန်နဲ့လ်၊ နော်ဂါ့ဒ်နဲ့ အဲရစ်ဆန်တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဘူးမိုနဲ့ တိုနီတို့ပဲ ပွဲထွက်လာခဲ့တာပါ။

ဧည့်သည်တွေရဲ့ ဖွင့်ကစားမှုက မန်ချက်စတာယူနိုက်တက်အတွက်တော့ အကြိုက်ဖြစ်သွားခဲ့လို့ ပွဲချိန် ၉ မိနစ်မှာ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ညာခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ အီလန်ဂါက Cut Back လုပ်ပေးတာကို အရှိန်လွန်သွားတဲ့ ဘရန့်ဖို့ဒ်ခံစစ်သမားနှစ်ယောက်နောက်ကနေ ဘရူနို ဖာနန်ဒက်စ်က ပိတ်သွင်းပြီး ပထမဂိုး စရခဲ့တာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်ဆင်မှုတွေကိုတော့ ဂိုးသမား ဒဟေးယား အမှားအယွင်းမရှိ ကာကွယ်သွားခဲ့ပြီး ယူနိုက်တက်နောက်တန်းကတော့ တိုနီကို မကြာခဏ လွတ်ထွက်နေခဲ့သလို ဧည့်သည်တွေရဲ့ အဆုံးသတ်ပိုင်းကတော့ သိပ်မကောင်းခဲ့လို့ အိမ်ရှင် ပရိသတ်တွေ ရင်ခုန်စရာ သိပ်မရှိခဲ့ဘဲ ရော်နယ်လ်ဒို၊ မာတာတို့ရဲ့ ဝါရင့်တိုက်စစ်ကောင်းခဲ့ပေမယ့် လူအနည်းငယ်ကျွံနေခဲ့တာက ပထမပိုင်းမှာ ဒုတိယဂိုးကို ပယ်ဖျက်ခံခဲ့ရတာပါ။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ရော်နယ်လ်ဒို ဆန္ဒတွေ အရမ်းစောနေခဲ့လို့ မကြာခဏ လူကျွံပြီး သူ့ဆီပေးဖို့ ခက်နေခဲ့သလို ဘရူနို ဖာနန်ဒက်စ်ကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးကို ချိုးတာများသွားခဲ့ပြီး အဲရစ်ဆန်ရဲ့ ဖရီးကစ်ကိုတော့ ဒဟေးယား ပုတ်ထုတ်သွားခဲ့ရပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာတော့ ယူနိုက်တက်တို့ ပင်နယ်တီ ရခဲ့ပြီး ခံစစ်က ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘရန့်ဖို့ဒ်ဘယ်နောက်ခံလူ ရီကို ဟင်နရီနဲ့ ယှဉ်လုရာမှာ ဘော်ဒီခုပြီး ဆွပေးလိုက်တဲ့ ရော်နယ်လ်ဒိုကို ဟင်နရီက နောက်ကနေ အတင်းလိုက်ပြီး ဖိတွန်းလုယူရာမှာတော့ ပေါ်တူဂီသားကြီးရဲ့ ခွင်ထဲ ကွက်တိဝင်သွားခဲ့ပြီး မနူးမနပ် အင်္ဂလန်သားလေး ပင်နယ်တီ ပေးမိခဲ့တာပါ။

ဒီအခွင့်အရေးကိုတော့ ခုန်ဆွခုန်ဆွနဲ့ အလုပ်မဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်အစား ရော်နယ်လ်ဒိုက ကိုယ်တိုင်ပဲ ကန်သွင်းခဲ့ပြီး ညာဘက်အောက်ကို ဒိုင်ပစ်တဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာနဲ့ ဆန့်ကျင်ဘက် ဘယ်ဘက်အပေါ်ကို ထောင့်ဖြတ်ကန်သွင်းပြီး သူ့ရဲ့ ဒီရာသီ ၁၇ ဂိုးမြောက် သွင်းဂိုးကို ဒုတိယမြောက် ပင်နယ်တီသွင်းယူမှုကနေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်ပြတ်သားစေမယ့် တတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်နောက်တန်းက ကရော်ကမယ် လုပ်လို့ ပေးရတဲ့ ထောင့်ကန်ဘောကို ဘယ်ခြမ်းကနေ မာတာ ကန်တင်ပေးရာမှာ ခေါင်းမတိုက်နိုင်ဘဲ မြေကြီးပေါ် သံမှိုစွဲနေခဲ့တဲ့ တစ်ဖက်ခံစစ်ကြောင့် ကျလာတဲ့ ဘောလုံးကို ဗာရွန်းက Volley ကန်သွင်းပြီး သုံးဂိုး-ဂိုးမရှိြဖစ်စေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အီလန်ဂါအစား ကာဗာနီ၊ မာတာအစား ဖီးလ် ဂျုံးစ်တို့ကို လူစားထည့်သွင်းပြီး ယူနိုက်တက်တို့ ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ပွဲစဉ် ၃၆ ကို ကြိုတင်ကစားခဲ့အပြီးမှာ အနည်းဆုံး ယူရိုပါလိဂ်တစ်နေရာ ကစားခွင့်ရဖို့ အဆင့် ၇ က ဝက်စ်ဟမ်းကို ၆ မှတ် ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔အသင္းကို ဝါရင့္ကစားသမားေတြကို ဦးေဆာင္ေစခဲ့ၿပီး ကစားေနက် ပြဲထြက္သူေတြ ျဖစ္ၾကတဲ့ ဂိုးသမား ဒေဟးယား၊ ေနာက္ခံလူ ဗာ႐ြန္း၊ လင္ဒီေလာ့ဖ္၊ အဲလက္စ္ တဲလက္စ္တို႔နဲ႔အတူ ကြင္းလယ္မွာ မာတစ္ခ်္နဲ႔ မာတာတို႔ကို မက္ေတာ္မီေနးနဲ႔အတူ ထည့္သြင္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒိုကို အေထာင္ထားၿပီး အီလန္ဂါ၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ရံကစားလာခဲ့ၾကပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ေတာင္ပံကစားသမားေကာင္းေတြ မရွိတဲ့အတြက္ ၃-၅-၂ ပုံစံက ႐ိုအာဆလက္ဗ္နဲ႔ ရီကို ဟင္နရီတို႔ Wing Back ေတြကိုပဲ အားကိုးေနခဲ့ၿပီး ဂိုးသမား ရာယာ၊ ယန္ဆြန္၊ အာေယး၊ ဆိုရန္ဆန္တို႔နဲ႔ ခံစစ္မွာ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ယန္နဲ႔လ္၊ ေနာ္ဂါ့ဒ္နဲ႔ အဲရစ္ဆန္တို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဘူးမိုနဲ႔ တိုနီတို႔ပဲ ပြဲထြက္လာခဲ့တာပါ။

ဧည့္သည္ေတြရဲ႕ ဖြင့္ကစားမႈက မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ အႀကိဳက္ျဖစ္သြားခဲ့လို႔ ပြဲခ်ိန္ ၉ မိနစ္မွာ ဦးေဆာင္ဂိုး စတင္သြင္းယူခဲ့ၿပီး ညာျခမ္းကေန တန္ျပန္တိုက္စစ္ဆင္ခဲ့တဲ့ အီလန္ဂါက Cut Back လုပ္ေပးတာကို အရွိန္လြန္သြားတဲ့ ဘရန႔္ဖို႔ဒ္ခံစစ္သမားႏွစ္ေယာက္ေနာက္ကေန ဘ႐ူႏို ဖာနန္ဒက္စ္က ပိတ္သြင္းၿပီး ပထမဂိုး စရခဲ့တာျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္ရဲ႕ တိုက္စစ္ဆင္မႈေတြကိုေတာ့ ဂိုးသမား ဒေဟးယား အမွားအယြင္းမရွိ ကာကြယ္သြားခဲ့ၿပီး ယူႏိုက္တက္ေနာက္တန္းကေတာ့ တိုနီကို မၾကာခဏ လြတ္ထြက္ေနခဲ့သလို ဧည့္သည္ေတြရဲ႕ အဆုံးသတ္ပိုင္းကေတာ့ သိပ္မေကာင္းခဲ့လို႔ အိမ္ရွင္ ပရိသတ္ေတြ ရင္ခုန္စရာ သိပ္မရွိခဲ့ဘဲ ေရာ္နယ္လ္ဒို၊ မာတာတို႔ရဲ႕ ဝါရင့္တိုက္စစ္ေကာင္းခဲ့ေပမယ့္ လူအနည္းငယ္ကြၽံေနခဲ့တာက ပထမပိုင္းမွာ ဒုတိယဂိုးကို ပယ္ဖ်က္ခံခဲ့ရတာပါ။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ယူႏိုက္တက္တို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ေရာ္နယ္လ္ဒို ဆႏၵေတြ အရမ္းေစာေနခဲ့လို႔ မၾကာခဏ လူကြၽံၿပီး သူ႔ဆီေပးဖို႔ ခက္ေနခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္ကလည္း ဂိုးရႏိုင္တဲ့ အခြင့္အေရးကို ခ်ိဳးတာမ်ားသြားခဲ့ၿပီး အဲရစ္ဆန္ရဲ႕ ဖရီးကစ္ကိုေတာ့ ဒေဟးယား ပုတ္ထုတ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ယူႏိုက္တက္တို႔ ပင္နယ္တီ ရခဲ့ၿပီး ခံစစ္က ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဘရန႔္ဖို႔ဒ္ဘယ္ေနာက္ခံလူ ရီကို ဟင္နရီနဲ႔ ယွဥ္လုရာမွာ ေဘာ္ဒီခုၿပီး ဆြေပးလိုက္တဲ့ ေရာ္နယ္လ္ဒိုကို ဟင္နရီက ေနာက္ကေန အတင္းလိုက္ၿပီး ဖိတြန္းလုယူရာမွာေတာ့ ေပၚတူဂီသားႀကီးရဲ႕ ခြင္ထဲ ကြက္တိဝင္သြားခဲ့ၿပီး မႏူးမနပ္ အဂၤလန္သားေလး ပင္နယ္တီ ေပးမိခဲ့တာပါ။

ဒီအခြင့္အေရးကိုေတာ့ ခုန္ဆြခုန္ဆြနဲ႔ အလုပ္မျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္အစား ေရာ္နယ္လ္ဒိုက ကိုယ္တိုင္ပဲ ကန္သြင္းခဲ့ၿပီး ညာဘက္ေအာက္ကို ဒိုင္ပစ္တဲ့ ဘရန႔္ဖို႔ဒ္ဂိုးသမား ရာယာနဲ႔ ဆန႔္က်င္ဘက္ ဘယ္ဘက္အေပၚကို ေထာင့္ျဖတ္ကန္သြင္းၿပီး သူ႔ရဲ႕ ဒီရာသီ ၁၇ ဂိုးေျမာက္ သြင္းဂိုးကို ဒုတိယေျမာက္ ပင္နယ္တီသြင္းယူမႈကေန ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အႏိုင္ျပတ္သားေစမယ့္ တတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္ေနာက္တန္းက ကေရာ္ကမယ္ လုပ္လို႔ ေပးရတဲ့ ေထာင့္ကန္ေဘာကို ဘယ္ျခမ္းကေန မာတာ ကန္တင္ေပးရာမွာ ေခါင္းမတိုက္ႏိုင္ဘဲ ေျမႀကီးေပၚ သံမႈိစြဲေနခဲ့တဲ့ တစ္ဖက္ခံစစ္ေၾကာင့္ က်လာတဲ့ ေဘာလုံးကို ဗာ႐ြန္းက Volley ကန္သြင္းၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အီလန္ဂါအစား ကာဗာနီ၊ မာတာအစား ဖီးလ္ ဂ်ဳံးစ္တို႔ကို လူစားထည့္သြင္းၿပီး ယူႏိုက္တက္တို႔ ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ပြဲစဥ္ ၃၆ ကို ႀကိဳတင္ကစားခဲ့အၿပီးမွာ အနည္းဆုံး ယူ႐ိုပါလိဂ္တစ္ေနရာ ကစားခြင့္ရဖို႔ အဆင့္ ၇ က ဝက္စ္ဟမ္းကို ၆ မွတ္ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.