Premier League

ရော်နယ်လ်ဒိုက မက်ဆီနဲ့ယှဉ်ရင် နံပါတ် ၁ ဖြစ်နေဆဲလို့ ဝေဖန်သူတွေကို တုံ့ပြန်ခဲ့တဲ့ ဖော်စတာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဘန် ဖော်စတာက ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ အကြွင်းမဲ့ စံနမူနာတစ်ခုဖြစ်ပြီး အချိန်တစ်ခုအထိ ဆက်ကစားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ တိုက်ပွဲမှာ နံပါတ် ၁ ဖြစ်နေဆဲဖြစ်တယ်လို့ ဘန် ဖော်စတာက ပြောကြားခဲ့ပြီး တသက်တာအကောင်းဆုံးကစားသမားကို ဝေဖန်မှုအားလုံးဟာ လုံးဝကို ရူးမိုက်နေလို့သာဖြစ်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၂၁-၂၀၂၂ ရာသီမှာ အဓိက ဆုဖလား သို့မဟုတ် ထိပ်ဆုံး ၄ နေရာအတွင်း ပြီးဆုံးနိုင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ်မှာ ခြေစွမ်း ကျဆင်းလာတာကို စတင်မြင်တွေ့နေရပြီလားလို့ မေးခွန်းထုတ်ခံနေရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ နွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် ဖော်စတာက ဂန္တဝင်တိုက်စစ်မှူးရဲ့ ခြေစွမ်း ကျဆင်းလာတဲ့လက္ခဏာမျိုး မမြင်တွေ့မိဘဲ အနည်းဆုံး နောက်ထပ် ၁ နှစ်၊ ၂ နှစ်လောက် ကစားနိုင်မယ်ဆိုရင် အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မှုက ပိုလို့တောင် မြင့်တက်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လက်ရှိ ဝက်ဖို့ဒ်အသင်းမှာ ကစားနေတဲ့ ဘန် ဖော်စတာဟာ တစ်ခါတုန်းက အိုးထရက်ဖို့ဒ်မှာ ရော်နယ်လ်ဒိုနဲ့အတူ တွဲကစားခဲ့ဖူးသူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ စံချိန်မှန်သမျှ ရေးထိုးခဲ့တဲ့ ကစားသမားဘဝဟာ တသက်တာအကောင်းဆုံးကစားသမား ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ရာမှာ အာဂျင်တီးနားကြယ်ပွင့် မက်ဆီထက် အနည်းငယ် ရှေ့ရောက်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဆင့်အတန်းက ခင်ဗျား မြင့်ချင်သလောက် မြင့်လို့ရပါတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက်တော့ သူက အကြွင်းမဲ့ စံနမူနာပါပဲ။ သူက လျင်မြန်နေဆဲပါ။ သူက ပင်ကိုဂိုးသွင်းရှင်ဗီဇပါတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ ကျွန်တော့်အတွက်တော့ မက်ဆီနဲ့ ရော်နယ်လ်ဒို အငြင်းအခုံမှာ သူက နံပါတ် ၁ ဖြစ်နေဆဲပါ။ ဒီရာသီမှာ လူတွေက သူ ခြေစွမ်းကျသွားပြီလို့ ထင်နေကြတာက လုံးဝကို ရူးသွပ်နေတာလို့တောင် ကျွန်တော် ထင်ပါတယ်။ သူက ခြေစွမ်းကျသွားတာမဟုတ်ပါဘူး။ သူ ဘယ်လောက် ဂိုးတွေ သွင်းထားခဲ့လဲဆိုတာကို ကြည့်လိုက်ပါ။ အဲဒါက မယုံနိုင်စရာပါပဲ။ ဘယ်သူ့အတွက်မဆို ဒါက ထူးခြားတဲ့ရာသီပါ။ ဘာလို့လဲဆိုတော့ အဲဒါက ရော်နယ်လ်ဒိုဖြစ်နေလို့ လူတွေက သွင်းဂိုး ၃၀၊ ၄၀၊ ၅၀ လောက် မျှော်မှန်းနေကြလို့ပါ”

“သူ ခြေစွမ်းကျသွားတာမဟုတ်ပါဘူး။ သူက ဘယ်လိုနည်းနဲ့မှ ဂိုးအများကြီး သွင်းယူလို့ မရနိုင်တဲ့ အသင်းမှာ ကစားနေတာပါ။ ဒါပေမယ့် သူ့ကို ခြေစွမ်းကျသွားပြီလို့ ပြောစရာ အကြောင်းကိုမရှိဘူး ကိုယ့်လူ။ သူက အနည်းဆုံးနောက်ထပ် ၁ နှစ်၊ ၂ နှစ်လောက်အထိ ဆက်ကစားလို့ရတဲ့အထိ ကောင်းမွန်နေဆဲပါ”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လကျန်ရှိနေသေးပေမယ့် ၂၀၂၂-၂၀၂၃ ရာသီမှာ အခြားတစ်နေရာမှာ ၎င်းရဲ့ စွမ်းရည်တွေကို အသုံးချသွားဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဟောင်းကို ပြန်လည်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး မေဂျာလိဂ်မှာ ဘဝသစ်စတင်နိုင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုက စိန်ခေါ်မှုအသစ်တွေအတွက် ကိုယ့်ကိုကိုယ် အဆင်သင့်ပြုလုပ်ထားတယ်ဆိုတဲ့ အရိပအယောင်မျိုး မပြသခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ကစားခွင့်မရတဲ့ မန်ချက်စတာယူနိုက်တက်မှာ ဆက်မနေဘဲ အသင်းပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော် ဒါလော့ကလည်း ယနေ့ည ဘရန့်တ်ဖို့ဒ်နဲ့ပွဲမတိုင်ခင်မှာ “ကျွန်တော့်အတွက်ပဲ ကျွန်တော် ပြောနေတာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် သူက ဒီရာသီနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာအဆန်ဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်၊ ပရော်ဖက်ရှင်နယ်ပီသမှု၊ စိတ်ဓာတ်ပိုင်း ပြင်းထန်မှုရှိတဲ့ တစ်စုံတယောက်နဲ့ အနီးကပ်နေပြီး အလုပ်လုပ်ရတာက ကျွန်တော့်အတွက် အရမ်းကို အကူအညီဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ အလုပ်လုပ်တဲ့ပုံစံနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး ချီးကျူးစရာ စကားမရှိတော့ပါဘူး။ သူက ထူးခြားဆန်းကြယ်တဲ့ သက်ရှိလူသားတစ်ယောက်လည်း ဟုတ်ပါတယ်။ ကိန်းဂဏန်းတွေက သက်သေပြတယ်။ အချက်အလက်တွေက သက်သေပြနေတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ဒီမှာ ပိုင်ဆိုင်ထားရလို့ အရမ်းပျော်ရွှင်နေတယ်ဆိုတာ သိသာပါတယ်”

“သူက အရမ်းကို ရင်းနှီးခင်မင်တတ်တဲ့သူတစ်ယောက်ပါ။ တခြားလူတွေကို သူ ယုံကြည်ရတယ်လို့ ခံစားရရင် ခင်ဗျားကို သူ ၁၀၀ ရာခိုင်နှုန်း ပေးတတ်တဲ့သူပါ။ ဒီမှာ သူနဲ့အတူတူရှိနေတဲ့ လူတိုင်းက သူ့နားမှာ ရှိနေရတာကို နှစ်သက်ကြပါတယ်။ အဝတ်လဲခန်းထဲမှာ ဒီလို လူမျိုး၊ ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာ ကြီးမားတဲ့ အပေါင်းလက္ခဏာတစ်ခု အမြဲတမ်း ဖြစ်နေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂိုးသမားေဟာင္း ဘန္ ေဖာ္စတာက ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ အႂကြင္းမဲ့ စံနမူနာတစ္ခုျဖစ္ၿပီး အခ်ိန္တစ္ခုအထိ ဆက္ကစားနိုင္မယ္လို႔ ေမၽွာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ ၿပိဳင္ဘက္ျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ တိုက္ပြဲမွာ နံပါတ္ ၁ ျဖစ္ေနဆဲျဖစ္တယ္လို႔ ဘန္ ေဖာ္စတာက ေျပာၾကားခဲ့ၿပီး တသက္တာအေကာင္းဆုံးကစားသမားကို ေဝဖန္မႈအားလုံးဟာ လုံးဝကို ႐ူးမိုက္ေနလို႔သာျဖစ္တယ္လို႔ ယူဆေနတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၂၀၂၁-၂၀၂၂ ရာသီမွာ အဓိက ဆုဖလား သို႔မဟုတ္ ထိပ္ဆုံး ၄ ေနရာအတြင္း ၿပီးဆုံးနိုင္ေအာင္ မစြမ္းေဆာင္ေပးနိုင္ခဲ့တာေၾကာင့္ အသက္ ၃၇ ႏွစ္အရြယ္မွာ ေျခစြမ္း က်ဆင္းလာတာကို စတင္ျမင္ေတြ႕ေနရၿပီလားလို႔ ေမးခြန္းထုတ္ခံေနရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ေႏြရာသီမွာ အသင္းေျပာင္းေရႊ႕နိုင္တယ္လို႔ ေျပာဆိုမႈေတြ ရွိေနေပမယ့္ ေဖာ္စတာက ဂႏၲဝင္တိုက္စစ္မႉးရဲ့ ေျခစြမ္း က်ဆင္းလာတဲ့လကၡဏာမ်ိဳး မျမင္ေတြ႕မိဘဲ အနည္းဆုံး ေနာက္ထပ္ ၁ ႏွစ္၊ ၂ ႏွစ္ေလာက္ ကစားနိုင္မယ္ဆိုရင္ အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္နိုင္မႈက ပိုလို႔ေတာင္ ျမင့္တက္လာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လက္ရွိ ဝက္ဖို႔ဒ္အသင္းမွာ ကစားေနတဲ့ ဘန္ ေဖာ္စတာဟာ တစ္ခါတုန္းက အိုးထရက္ဖို႔ဒ္မွာ ေရာ္နယ္လ္ဒိုနဲ႔အတူ တြဲကစားခဲ့ဖူးသူျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ့ စံခ်ိန္မွန္သမၽွ ေရးထိုးခဲ့တဲ့ ကစားသမားဘဝဟာ တသက္တာအေကာင္းဆုံးကစားသမား ဂုဏ္ပုဒ္အတြက္ ယွဥ္ၿပိဳင္ရာမွာ အာဂ်င္တီးနားၾကယ္ပြင့္ မက္ဆီထက္ အနည္းငယ္ ေရွ႕ေရာက္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အဆင့္အတန္းက ခင္ဗ်ား ျမင့္ခ်င္သေလာက္ ျမင့္လို႔ရပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ ကစားသမားတစ္ေယာက္အတြက္ေတာ့ သူက အႂကြင္းမဲ့ စံနမူနာပါပဲ။ သူက လ်င္ျမန္ေနဆဲပါ။ သူက ပင္ကိုဂိုးသြင္းရွင္ဗီဇပါတဲ့ ကစားသမားေတြထဲက တစ္ဦးပါ။ ကၽြန္ေတာ့္အတြက္ေတာ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒို အျငင္းအခုံမွာ သူက နံပါတ္ ၁ ျဖစ္ေနဆဲပါ။ ဒီရာသီမွာ လူေတြက သူ ေျခစြမ္းက်သြားၿပီလို႔ ထင္ေနၾကတာက လုံးဝကို ႐ူးသြပ္ေနတာလို႔ေတာင္ ကၽြန္ေတာ္ ထင္ပါတယ္။ သူက ေျခစြမ္းက်သြားတာမဟုတ္ပါဘူး။ သူ ဘယ္ေလာက္ ဂိုးေတြ သြင္းထားခဲ့လဲဆိုတာကို ၾကည့္လိုက္ပါ။ အဲဒါက မယုံနိုင္စရာပါပဲ။ ဘယ္သူ႔အတြက္မဆို ဒါက ထူးျခားတဲ့ရာသီပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ေရာ္နယ္လ္ဒိုျဖစ္ေနလို႔ လူေတြက သြင္းဂိုး ၃၀၊ ၄၀၊ ၅၀ ေလာက္ ေမၽွာ္မွန္းေနၾကလို႔ပါ”

“သူ ေျခစြမ္းက်သြားတာမဟုတ္ပါဘူး။ သူက ဘယ္လိုနည္းနဲ႔မွ ဂိုးအမ်ားႀကီး သြင္းယူလို႔ မရနိုင္တဲ့ အသင္းမွာ ကစားေနတာပါ။ ဒါေပမယ့္ သူ႔ကို ေျခစြမ္းက်သြားၿပီလို႔ ေျပာစရာ အေၾကာင္းကိုမရွိဘူး ကိုယ့္လူ။ သူက အနည္းဆုံးေနာက္ထပ္ ၁ ႏွစ္၊ ၂ ႏွစ္ေလာက္အထိ ဆက္ကစားလို႔ရတဲ့အထိ ေကာင္းမြန္ေနဆဲပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ျပန္လည္ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး လက္ရွိမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လက်န္ရွိေနေသးေပမယ့္ ၂၀၂၂-၂၀၂၃ ရာသီမွာ အျခားတစ္ေနရာမွာ ၎ရဲ့ စြမ္းရည္ေတြကို အသုံးခ်သြားဖြယ္ရွိတယ္လို႔ ေျပာဆိုမႈေတြ ရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ့ထိပ္တန္းဂိုးသြင္းရွင္ေဟာင္းကို ျပန္လည္ေခၚယူဖို႔အတြက္ စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေမဂ်ာလိဂ္မွာ ဘဝသစ္စတင္နိုင္တယ္ဆိုတဲ့ ေဆြးေႏြးမႈေတြလည္း အမ်ားအျပား ရွိေနတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုက စိန္ေခၚမႈအသစ္ေတြအတြက္ ကိုယ့္ကိုကိုယ္ အဆင္သင့္ျပဳလုပ္ထားတယ္ဆိုတဲ့ အရိပအေယာင္မ်ိဳး မျပသခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္ ကစားခြင့္မရတဲ့ မန္ခ်က္စတာယူနိုက္တက္မွာ ဆက္မေနဘဲ အသင္းေျပာင္းေရႊ႕ေကာင္း ေျပာင္းေရႊ႕နိုင္ေျခလည္း ရွိေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းေဖာ္ ဒါေလာ့ကလည္း ယေန႔ည ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမတိုင္ခင္မွာ “ကၽြန္ေတာ့္အတြက္ပဲ ကၽြန္ေတာ္ ေျပာေနတာ မဟုတ္တာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူက ဒီရာသီနဲ႔ပတ္သက္ၿပီး အေပါင္းလကၡဏာအဆန္ဆုံးအရာေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ အလုပ္အေပၚထားတဲ့ က်င့္ဝတ္၊ ပေရာ္ဖက္ရွင္နယ္ပီသမႈ၊ စိတ္ဓာတ္ပိုင္း ျပင္းထန္မႈရွိတဲ့ တစ္စုံတေယာက္နဲ႔ အနီးကပ္ေနၿပီး အလုပ္လုပ္ရတာက ကၽြန္ေတာ့္အတြက္ အရမ္းကို အကူအညီျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ သူ အလုပ္လုပ္တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ဒီထက္ပိုၿပီး ခ်ီးက်ဴးစရာ စကားမရွိေတာ့ပါဘူး။ သူက ထူးျခားဆန္းၾကယ္တဲ့ သက္ရွိလူသားတစ္ေယာက္လည္း ဟုတ္ပါတယ္။ ကိန္းဂဏန္းေတြက သက္ေသျပတယ္။ အခ်က္အလက္ေတြက သက္ေသျပေနတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ သူ႔ကို ဒီမွာ ပိုင္ဆိုင္ထားရလို႔ အရမ္းေပ်ာ္ရႊင္ေနတယ္ဆိုတာ သိသာပါတယ္”

“သူက အရမ္းကို ရင္းႏွီးခင္မင္တတ္တဲ့သူတစ္ေယာက္ပါ။ တျခားလူေတြကို သူ ယုံၾကည္ရတယ္လို႔ ခံစားရရင္ ခင္ဗ်ားကို သူ ၁၀၀ ရာခိုင္ႏႈန္း ေပးတတ္တဲ့သူပါ။ ဒီမွာ သူနဲ႔အတူတူရွိေနတဲ့ လူတိုင္းက သူ႔နားမွာ ရွိေနရတာကို ႏွစ္သက္ၾကပါတယ္။ အဝတ္လဲခန္းထဲမွာ ဒီလို လူမ်ိဳး၊ ကစားသမားမ်ိဳးကို ပိုင္ဆိုင္ထားရတာ ႀကီးမားတဲ့ အေပါင္းလကၡဏာတစ္ခု အျမဲတမ္း ျဖစ္ေနမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.