Match Report Premier League

အိမ္ကြင္းမွာ အႏိုင္နဲ႔ ရာသီပိတ္ႏုိင္ဖို႔ အသည္းအသန္ႀကဳိးစားခဲ့ရတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းကေတာ့ ဒီေန႔မွာ နည္းျပထုတ္ပယ္ခံထားရၿပီး ကစားပုံမေကာင္းတဲ့ ဝတ္ဖို႔ဒ္တို႔ကို ေစာေစာစီးစီး သုံးဂိုးသြင္းယူၿပီး အသာစီး ရယူႏုိင္ခဲ့ေပမယ့္ ကစားသမားေတြရဲ႕ အရည္အခ်င္းမျပည့္ဝမွဳနဲ႔ အမွားအယြင္းမ်ားမွဳတုိ႔ေၾကာင့္ သေရျပန္မက်ေအာင္ အသည္းအသန္ ႀကဳိးစားခဲ့ရၿပီး သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရာသီပိတ္သိမ္းႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁ မိနစ္ မျပည့္ခင္မွာကတည္းက အူဘာမီယန္းရဲ႕ ျဖတ္တင္ေဘာကို လာကာဇက္ရယူဖို႔ ႀကဳိးစားရာမွာ ေနာက္ကေန ဝတ္ဖို႔ဒ္ေနာက္ခံလူ ေဒၚဆန္ ေဘာလုံးမထိဘဲ ဖိတုိက္ခဲ့တာေၾကာင့္ လဲက်သြားခဲ့ေပမယ့္ ဒိုင္လူႀကီး မုိက္ဒင္းက ပင္နယ္တီ မေပးခ်င္ခဲ့ဘဲရွိရာကေန အႀကိမ္ႀကိမ္ VAR ျပန္ၾကည့္ၿပီးမွ ပင္နယ္တီ ရခဲ့ရာမွာ အူဘာမီယန္းက သူ႕ရဲ႕ဒီရာသီ ၂၁ ဂိုးေျမာက္အျဖစ္ ပြဲခ်ိန္ ၅ မိနစ္မွာ အဆုံးသတ္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ညာေတာင္ပံက ေပေပရဲ႕ ျဖတ္တင္ေဘာကို အူဘာမီယန္း ထိန္းသိမ္းပုံ မေသသပ္လုိ႔ ကန္ခြင့္မသာရာကေန ေနာက္က လုိက္တက္လာတဲ့ ကီရန္ တီယာနီဆီ ခ်ေပးခဲ့တာမွာ စေကာ့တလန္သားက မဆုိင္းမတြ ကန္သြင္းခဲ့ၿပီး ဒီေဘာလုံး ဝတ္ဖို႔ဒ္ေနာက္ခံလူေတြနဲ႔ ထိၿပီး ဝင္သြားလို႔ အာဆင္နယ္တုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနပါတယ္။

ဒီေနာက္ပုိင္းမွာ ဝတ္ဖို႔ဒ္တုိ႔ တင္ကစားလာခဲ့ေပမယ့္ အာဆင္နယ္တုိ႔ ထိန္းခ်ဳပ္ထားႏုိင္ဆဲျဖစ္ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ တီယာနီရဲ႕ လက္ပစ္ေဘာကို အျမင့္ေျမႇာက္ေပးရာက ဘယ္သူနဲ႔မွ မထိဘဲ က်လာတာကို အူဘာမီယန္းက တစ္ခ်က္ထိန္းၿပီးမွ ေနာက္ျပန္ကန္သြင္းခဲ့ရာမွာ တစ္ဖက္ေနာက္တန္းေတြနဲ႔ ဂိုးသမား အငိုက္မိေနလုိ႔ ဂိုးဝင္သြားခဲ့ၿပီး တတိယဂိုး ရခဲ့ပါတယ္။

တတိယဂိုးရၿပီးေနာက္ပုိင္း အာဆင္နယ္တုိ႔ အမွားမ်ားလာခဲ့ၿပီး ခံစစ္က ေဘာလုံးေပးပုိ႔မွဳေတြကလည္း လိုတာထက္ပုိၿပီး ရွဳပ္ေထြးလာတဲ့အတြက္ ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဟိုးလ္ဒင္းရဲ႕ ေဘာလုံးေပးပို႔မွဳအမွားကို ဝဲလ္ဘက္ရယူသြားၿပီး ဝမ္းတူး႐ိုက္ကန္သြင္းတာကို ေနာက္ကေန ေဒးဗစ္ လူးဝစ္ဇ္ ဖ်က္မိလို႔ ပင္နယ္တီ ေပးခဲ့ရတာကိုေတာ့ အသင္းေခါင္းေဆာင္ ဒီးနီက ကန္ၿပီး ေခ်ပဂိုးရယူသြားခဲ့ပါတယ္။

ဒီပင္နယ္တီကေတာ့ ဝဲလ္ဘက္ လြတ္လြတ္ကၽြတ္ကၽြတ္ကန္သြင္းၿပီးမွ ေဒးဗစ္ လူးဝစ္ဇ္က ထိခဲ့တာျဖစ္လို႔ ဒိုင္လူႀကီးအေနနဲ႔ မေပးရင္လည္း ရတဲ့ အေနအထားျဖစ္ေပမယ့္ ပထမတစ္ဂိုးမွာ သူ႕ရဲ႕ ဆုံးျဖတ္ခ်က္ ေျပာင္းျပန္လွန္ခံရလုိ႔ စိတ္ပ်က္ခဲ့ရမွဳကို လက္စားေခ်ခဲ့တာလားဆုိတာကေတာ့ ဘုရားမွပဲ သိမွာျဖစ္သလို ပြဲခ်ိန္ ၄၅ မိနစ္အၿပီးမွာေတာ့ အာဆင္နယ္တုိ႔ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း အာဆင္နယ္ခံစစ္က အမွားအယြင္းမ်ားျမဲမ်ားဆဲျဖစ္ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကိုလာစီနက္ခ်္ကို သြင္းၿပီး သုံးေယာက္တန္းခံစစ္ ေျပာင္းကစားခဲ့ေပမယ့္ ဝတ္ဖို႔ဒ္ကစားသမားေတြရဲ႕ အရွိန္နဲ႔ အျမန္ႏွဳန္းကို မယွဥ္ႏုိင္ခဲ့သလို ဂန္းနားေဟာင္း ဝဲလ္ဘက္နဲ႔ ညာျခမ္းက အစၥမုိင္လာ ဆားရ္တုိ႔က မၾကာခဏ ဒုကၡေပးေနခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ညာျခမ္းက ဆားရ္ကို ကိုလာစီနက္ခ်္ မတားလိုက္ႏုိင္တာကေန ဆားရ္က အနိမ့္ေဘာျဖတ္ခ်ဳိးေပးခဲ့ၿပီး ဒါကို ကာကြယ္ဖို႔ ပ်က္ကြက္ၿပီး ေလးလံေနတဲ့ ေဒးဗစ္ လူးဝစ္ဇ္ေရွ႕က ေျပးထြက္လာတဲ့ ဝဲလ္ဘက္က အသင္းေဟာင္းဘက္ကို ဒုတိယေခ်ပဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ပုိမိုဖိကစားလာတဲ့ ဝတ္ဖို႔ဒ္တုိက္စစ္ကို အာဆင္နယ္တုိ႔ ထိန္းကစားဖို႔ ႀကဳိးစားလာခဲ့သလို ခံစစ္က ထိုင္ၿပီး ေကာင္တာနဲ႔ ျပန္ကစားခဲ့လို႔ ႏွစ္သင္းစလုံး အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ ဂိုးမျဖစ္ခဲ့သလို ဝဲလ္ဘက္ရဲ႕ ၇၄ မိနစ္ အပိုင္ပိတ္သြင္းခ်က္ကိုလည္း မာတီနက္ဇ္က ခန္႔မွန္းမွဳ မွန္ကန္စြာနဲ႔ ကာကြယ္သြားႏုိင္ခဲ့လို႔ ပြဲအၿပီးမွာ အိမ္ရွင္ အမ္းမရိတ္သားေတြ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ရာသီပိတ္ အမွတ္ေပးဇယားမွာ အာဆင္နယ္တုိ႔ အဆင့္ ၈ ေနရာမွာ ရမွတ္ ၅၆ မွတ္နဲ႔ ရပ္တည္ႏုိင္ခဲ့ၿပီး ဝတ္ဖို႔ဒ္ကေတာ့ အဆင့္ ၁၈ နဲ႔ ပရီးမီးယားလိဂ္ကေန တတိယအႀကိမ္ေျမာက္ တန္းဆင္းသြားခဲ့ၿပီး ၅ ႏွစ္တာ ထိပ္တန္းလိဂ္မွာ ကစားခဲ့မွဳကေန ႏွဳတ္ဆက္ခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကတော့ ဒီနေ့မှာ နည်းပြထုတ်ပယ်ခံထားရပြီး ကစားပုံမကောင်းတဲ့ ဝတ်ဖို့ဒ်တို့ကို စောစောစီးစီး သုံးဂိုးသွင်းယူပြီး အသာစီး ရယူနိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ အမှားအယွင်းများမှုတို့ကြောင့် သရေပြန်မကျအောင် အသည်းအသန် ကြိုးစားခဲ့ရပြီး သုံးဂိုး-နှစ်ဂိုးနဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာကတည်းက အူဘာမီယန်းရဲ့ ဖြတ်တင်ဘောကို လာကာဇက်ရယူဖို့ ကြိုးစားရာမှာ နောက်ကနေ ဝတ်ဖို့ဒ်နောက်ခံလူ ဒေါ်ဆန် ဘောလုံးမထိဘဲ ဖိတိုက်ခဲ့တာကြောင့် လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ဒင်းက ပင်နယ်တီ မပေးချင်ခဲ့ဘဲရှိရာကနေ အကြိမ်ကြိမ် VAR ပြန်ကြည့်ပြီးမှ ပင်နယ်တီ ရခဲ့ရာမှာ အူဘာမီယန်းက သူ့ရဲ့ဒီရာသီ ၂၁ ဂိုးမြောက်အဖြစ် ပွဲချိန် ၅ မိနစ်မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ ညာတောင်ပံက ပေပေရဲ့ ဖြတ်တင်ဘောကို အူဘာမီယန်း ထိန်းသိမ်းပုံ မသေသပ်လို့ ကန်ခွင့်မသာရာကနေ နောက်က လိုက်တက်လာတဲ့ ကီရန် တီယာနီဆီ ချပေးခဲ့တာမှာ စကော့တလန်သားက မဆိုင်းမတွ ကန်သွင်းခဲ့ပြီး ဒီဘောလုံး ဝတ်ဖို့ဒ်နောက်ခံလူတွေနဲ့ ထိပြီး ဝင်သွားလို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေပါတယ်။

ဒီနောက်ပိုင်းမှာ ဝတ်ဖို့ဒ်တို့ တင်ကစားလာခဲ့ပေမယ့် အာဆင်နယ်တို့ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်မှာတော့ တီယာနီရဲ့ လက်ပစ်ဘောကို အမြင့်မြှောက်ပေးရာက ဘယ်သူနဲ့မှ မထိဘဲ ကျလာတာကို အူဘာမီယန်းက တစ်ချက်ထိန်းပြီးမှ နောက်ပြန်ကန်သွင်းခဲ့ရာမှာ တစ်ဖက်နောက်တန်းတွေနဲ့ ဂိုးသမား အငိုက်မိနေလို့ ဂိုးဝင်သွားခဲ့ပြီး တတိယဂိုး ရခဲ့ပါတယ်။

တတိယဂိုးရပြီးနောက်ပိုင်း အာဆင်နယ်တို့ အမှားများလာခဲ့ပြီး ခံစစ်က ဘောလုံးပေးပို့မှုတွေကလည်း လိုတာထက်ပိုပြီး ရှုပ်ထွေးလာတဲ့အတွက် ပွဲချိန် ၄၁ မိနစ်မှာတော့ ဟိုးလ်ဒင်းရဲ့ ဘောလုံးပေးပို့မှုအမှားကို ဝဲလ်ဘက်ရယူသွားပြီး ဝမ်းတူးရိုက်ကန်သွင်းတာကို နောက်ကနေ ဒေးဗစ် လူးဝစ်ဇ် ဖျက်မိလို့ ပင်နယ်တီ ပေးခဲ့ရတာကိုတော့ အသင်းခေါင်းဆောင် ဒီးနီက ကန်ပြီး ချေပဂိုးရယူသွားခဲ့ပါတယ်။

ဒီပင်နယ်တီကတော့ ဝဲလ်ဘက် လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီးမှ ဒေးဗစ် လူးဝစ်ဇ်က ထိခဲ့တာဖြစ်လို့ ဒိုင်လူကြီးအနေနဲ့ မပေးရင်လည်း ရတဲ့ အနေအထားဖြစ်ပေမယ့် ပထမတစ်ဂိုးမှာ သူ့ရဲ့ ဆုံးဖြတ်ချက် ပြောင်းပြန်လှန်ခံရလို့ စိတ်ပျက်ခဲ့ရမှုကို လက်စားချေခဲ့တာလားဆိုတာကတော့ ဘုရားမှပဲ သိမှာဖြစ်သလို ပွဲချိန် ၄၅ မိနစ်အပြီးမှာတော့ အာဆင်နယ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်ခံစစ်က အမှားအယွင်းများမြဲများဆဲဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကိုလာစီနက်ချ်ကို သွင်းပြီး သုံးယောက်တန်းခံစစ် ပြောင်းကစားခဲ့ပေမယ့် ဝတ်ဖို့ဒ်ကစားသမားတွေရဲ့ အရှိန်နဲ့ အမြန်နှုန်းကို မယှဉ်နိုင်ခဲ့သလို ဂန်းနားဟောင်း ဝဲလ်ဘက်နဲ့ ညာခြမ်းက အစ္စမိုင်လာ ဆားရ်တို့က မကြာခဏ ဒုက္ခပေးနေခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ညာခြမ်းက ဆားရ်ကို ကိုလာစီနက်ချ် မတားလိုက်နိုင်တာကနေ ဆားရ်က အနိမ့်ဘောဖြတ်ချိုးပေးခဲ့ပြီး ဒါကို ကာကွယ်ဖို့ ပျက်ကွက်ပြီး လေးလံနေတဲ့ ဒေးဗစ် လူးဝစ်ဇ်ရှေ့က ပြေးထွက်လာတဲ့ ဝဲလ်ဘက်က အသင်းဟောင်းဘက်ကို ဒုတိယချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပိုမိုဖိကစားလာတဲ့ ဝတ်ဖို့ဒ်တိုက်စစ်ကို အာဆင်နယ်တို့ ထိန်းကစားဖို့ ကြိုးစားလာခဲ့သလို ခံစစ်က ထိုင်ပြီး ကောင်တာနဲ့ ပြန်ကစားခဲ့လို့ နှစ်သင်းစလုံး အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့သလို ဝဲလ်ဘက်ရဲ့ ၇၄ မိနစ် အပိုင်ပိတ်သွင်းချက်ကိုလည်း မာတီနက်ဇ်က ခန့်မှန်းမှု မှန်ကန်စွာနဲ့ ကာကွယ်သွားနိုင်ခဲ့လို့ ပွဲအပြီးမှာ အိမ်ရှင် အမ်းမရိတ်သားတွေ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ရာသီပိတ် အမှတ်ပေးဇယားမှာ အာဆင်နယ်တို့ အဆင့် ၈ နေရာမှာ ရမှတ် ၅၆ မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပြီး ဝတ်ဖို့ဒ်ကတော့ အဆင့် ၁၈ နဲ့ ပရီးမီးယားလိဂ်ကနေ တတိယအကြိမ်မြောက် တန်းဆင်းသွားခဲ့ပြီး ၅ နှစ်တာ ထိပ်တန်းလိဂ်မှာ ကစားခဲ့မှုကနေ နှုတ်ဆက်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.