Premier League

၁၃.၂.၂၀၂၀ အတြက္ လီဗာပူးလ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– RB လိုက္ပ္ဇစ္မွ လာမည့္ေႏြရာသီတြင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၁ သန္း (ယူ႐ိုသန္း ၆၀)ျဖင့္ ထြက္ခြာႏုိင္သည့္ တုိက္စစ္မွဴး တီမို ဗာနာအား ေခၚယူရန္အတြက္ လီဗာပူးလ္ ပရိသတ္မ်ားအလိုရွိေန။

– ေဒါ့မြန္အသင္းမွ ထြက္ခြာဖြယ္ရွိေနသည့္ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအား ေခၚယူရန္အတြက္ မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီးတုိ႔ႏွင့္ လီဗာပူးလ္ ၿပဳိင္ဆုိင္သြားရဖြယ္ရွိေနၿပီး မိုဟာမက္ ဆာလား၏ ေရရွည္အစားထိုးမွဳအေနျဖင့္ အလိုရွိေနျခင္းျဖစ္။

– အသင္း၏ အိမ္ကြင္းအန္းဖီးလ္အား လာမည့္ ၂၀၂၂ ခုႏွစ္တြင္ စတင္၍ ပရိသတ္ ၆၀၀၀၀ ဆန္႔ ကြင္းႀကီးတစ္ကြင္းအျဖစ္ တိုးခ်ဲ႕၍ အဆင့္ျမႇင့္တင္သြားရန္ တာဝန္ရွိသူမ်ား စီစဥ္ေနၿပီး ကြင္းနာမည္စပြန္ဆာအား ရွာေဖြသြားဖြယ္ရွိေန။

– ေႏြရာသီအိုလံပစ္ၿပဳိင္ပြဲဝင္ အီဂ်စ္အသင္း၏ အသက္ ၂၃ ႏွစ္ အထက္ ကစားသမားအျဖစ္ မိုဟာမက္ ဆာလားအား ေခၚယူရန္ စီစဥ္ေနျခင္းအား လီဗာပူးနည္းျပ ယာဂန္ ကေလာ့ပ္မွ သေဘာမက်ေၾကာင္း သိရွိထားရၿပီး ယင္းအတြက္ ေအးဂ်င့္ျဖစ္သူက ကစားသမားအေနျဖင့္ မဆုံးျဖတ္ရေသးဟုဆုိ။

– လက္ရွိလီဗာပူးလ္အသင္း၏ ကစားသမားအစုအဖြဲ႕သည္ ႏွစ္ေပါင္းမ်ားစြာအတြင္း ျမင္ေတြ႕ႀကဳံႀကဳိက္ခဲ့ရသည့္ အသင္းေကာင္းမ်ားအနက္မွ အေကာင္းဆုံးတစ္သင္းျဖစ္ေၾကာင္း ေနာက္ခံလူ ဒီယန္ လိုဗရန္ ခ်ီးက်ဴးေျပာၾကား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– RB လိုက်ပ်ဇစ်မှ လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်း (ယူရိုသန်း ၆၀)ဖြင့် ထွက်ခွာနိုင်သည့် တိုက်စစ်မှူး တီမို ဗာနာအား ခေါ်ယူရန်အတွက် လီဗာပူးလ် ပရိသတ်များအလိုရှိနေ။

– ဒေါ့မွန်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအား ခေါ်ယူရန်အတွက် မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့နှင့် လီဗာပူးလ် ပြိုင်ဆိုင်သွားရဖွယ်ရှိနေပြီး မိုဟာမက် ဆာလား၏ ရေရှည်အစားထိုးမှုအနေဖြင့် အလိုရှိနေခြင်းဖြစ်။

– အသင်း၏ အိမ်ကွင်းအန်းဖီးလ်အား လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်၍ ပရိသတ် ၆၀၀၀၀ ဆန့် ကွင်းကြီးတစ်ကွင်းအဖြစ် တိုးချဲ့၍ အဆင့်မြှင့်တင်သွားရန် တာဝန်ရှိသူများ စီစဉ်နေပြီး ကွင်းနာမည်စပွန်ဆာအား ရှာဖွေသွားဖွယ်ရှိနေ။

– နွေရာသီအိုလံပစ်ပြိုင်ပွဲဝင် အီဂျစ်အသင်း၏ အသက် ၂၃ နှစ် အထက် ကစားသမားအဖြစ် မိုဟာမက် ဆာလားအား ခေါ်ယူရန် စီစဉ်နေခြင်းအား လီဗာပူးနည်းပြ ယာဂန် ကလော့ပ်မှ သဘောမကျကြောင်း သိရှိထားရပြီး ယင်းအတွက် အေးဂျင့်ဖြစ်သူက ကစားသမားအနေဖြင့် မဆုံးဖြတ်ရသေးဟုဆို။

– လက်ရှိလီဗာပူးလ်အသင်း၏ ကစားသမားအစုအဖွဲ့သည် နှစ်ပေါင်းများစွာအတွင်း မြင်တွေ့ကြုံကြိုက်ခဲ့ရသည့် အသင်းကောင်းများအနက်မှ အကောင်းဆုံးတစ်သင်းဖြစ်ကြောင်း နောက်ခံလူ ဒီယန် လိုဗရန် ချီးကျူးပြောကြား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.