Premier League

အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့ခင် ရော်နယ်လ်ဒိုအတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ယခုနွေရာသီ အိုးထရက်ဖို့ဒ်ကို လွှဲပြောင်းတာဝန်ယူတဲ့အချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲတိုင်း ကစားခွင့်ပေးလိုတဲ့ဆန္ဒမရှိဘူးလို့ သိရ့ါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၃ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ ကာလရှည်အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မရေရာမှုတွေရဲ့ ဖုံးလွှမ်းခြင်းကို ခံနေရတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ကြာသပတေးနေ့ညက ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ယခုရာသီ ၂၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့ ပြင်ဆင်နေတဲ့ တန်ဟက်ဂ်ကြောင့် ရော်နယ်လ်ဒိုရဲ့ အနာဂတ်ကို မရေမရာဖြစ်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အိုင်းယက်စ်နည်းပြဟာ အသင်းကို မြင့်မားတဲ့ ခွန်အားနဲ့ ငယ်ရွယ်မှုအပေါ် အခြေခံပြီး တည်ဆောက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ The Sunday Mirror က ဖော်ပြခဲ့ပါတယ်။ တန်ဟက်ဂ်က ရော်နယ်လ်ဒိုအနေနဲ့ ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ရလိမ့်မယ်လို့ အာမခံမှာမဟုတ်ဘူးလို့လည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားနဲ့ လက်ရှိ ယာယီနည်းပြ ရန်းနစ်ခ်တို့ဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာဖြစ်ပေမယ့် တန်ဟက်ဂ်က တခြား အကြံအစည်ရှိပုံရပြီး ကစားသမားဘဝအဆုံးသတ်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ တချိန်တုန်းကလို ချန်လှပ်လို့ မရနိုင်တဲ့ ကစားသမားမဟုတ်နိုင်တော့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၄၅၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုကို ယခုနွေရာသီမှာ ပြန်လည်ခေါ်ယူချင်နေပြီး နောက်ဆုံးမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်လ်ဒို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ အသင်းအနေနဲ့ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့နဲ့အတူ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ ၅ နှစ်ဆက်တိုက် ဆုဖလားလက်မဲ့ဘဝနဲ့ ယခုရာသီကို ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့ လတွေမှာ မန်စီးတီး၊ လီဗာပူးလ်၊ အဲဗာတန်၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒါက ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိတော့မှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ယခုေႏြရာသီ အိုးထရက္ဖို႔ဒ္ကို လႊဲေျပာင္းတာဝန္ယူတဲ့အခ်ိန္မွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို ပြဲတိုင္း ကစားခြင့္ေပးလိုတဲ့ဆႏၵမရွိဘူးလို႔ သိရ့ါတယ္။

ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၂၃ ဂိုးအထိ သြင္းယူထားတဲ့ ကစားသမားျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ့ ကာလရွည္အနာဂတ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ မေရရာမႈေတြရဲ့ ဖုံးလႊမ္းျခင္းကို ခံေနရတာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးဟာ ၾကာသပေတးေန႔ညက ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္မွာ ယခုရာသီ ၂၃ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕လာဖို႔ ျပင္ဆင္ေနတဲ့ တန္ဟက္ဂ္ေၾကာင့္ ေရာ္နယ္လ္ဒိုရဲ့ အနာဂတ္ကို မေရမရာျဖစ္ေနဆဲျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ခ်က္စတာယူနိုက္တက္နည္းျပသစ္ျဖစ္လာမယ့္ အိုင္းယက္စ္နည္းျပဟာ အသင္းကို ျမင့္မားတဲ့ ခြန္အားနဲ႔ ငယ္ရြယ္မႈအေပၚ အေျခခံၿပီး တည္ေဆာက္သြားဖို႔ ဆုံးျဖတ္ထားတယ္လို႔ The Sunday Mirror က ေဖာ္ျပခဲ့ပါတယ္။ တန္ဟက္ဂ္က ေရာ္နယ္လ္ဒိုအေနနဲ႔ ပြဲစဥ္တိုင္းမွာ ပြဲထြက္ပါဝင္ကစားခြင့္ရလိမ့္မယ္လို႔ အာမခံမွာမဟုတ္ဘူးလို႔လည္း ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္း ဆိုးလ္ရွားနဲ႔ လက္ရွိ ယာယီနည္းၿပ ရန္းနစ္ခ္တို႔ဟာ အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုကို အေထာင္တိုက္စစ္မႉးအျဖစ္ အသုံးျပဳခဲ့တာျဖစ္ေပမယ့္ တန္ဟက္ဂ္က တျခား အႀကံအစည္ရွိပုံရၿပီး ကစားသမားဘဝအဆုံးသတ္ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ တခ်ိန္တုန္းကလို ခ်န္လွပ္လို႔ မရနိုင္တဲ့ ကစားသမားမဟုတ္နိုင္ေတာ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၄၅၁ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒိုကို ယခုေႏြရာသီမွာ ျပန္လည္ေခၚယူခ်င္ေနၿပီး ေနာက္ဆုံးမွာေတာ့ ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေရာ္နယ္လ္ဒို ျပန္လည္ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္မွာ အသင္းအေနနဲ႔ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးတို႔နဲ႔အတူ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္နိုင္မယ္လို႔ ယုံၾကည္ခဲ့ၾကေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ ၅ ႏွစ္ဆက္တိုက္ ဆုဖလားလက္မဲ့ဘဝနဲ႔ ယခုရာသီကို ကုန္ဆုံးရေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြနဲ႔ လေတြမွာ မန္စီးတီး၊ လီဗာပူးလ္၊ အဲဗာတန္၊ အာဆင္နယ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အဲဒါက ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ရရွိေတာ့မွာမဟုတ္ဘူးဆိုတဲ့အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.