Bundesliga Premier League

ကလော့ပ်အနှစ်သက်ဆုံးကစားသမားကို ခေါ်ဖို့ အခွင့်အရေးရရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယာဂန် ကလော့ပ် အနှစ်သက်ဆုံး ကွင်းလယ်ကစားသမားဟာ ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ မျှော်မှန်းထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာကြောင့် ခေါ်ယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပြီဖြစ်ပါတယ်။

ယူလီယန် ဘရန့်တ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က လေဗာကူဆင်အသင်းကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ၇ ဂိုး သွင်းယူပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဟာ နည်းပြ မာကို ဟိုဇယ်လက်အောက် ပထမ ရာသီဟာ စိတ်ပျက်စရာ ရာသီဖြစ်ခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ဟိုဇယ်ဟာ လူစာရင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာရော DFB ပိုကယ်ဖလားပြိုင်ပွဲကနေပါ စောစောစီးစီး ထွက်ခွာခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းက နောက်ထပ်တစ်ကြိမ် ဘွန်ဒက်စ်လီဂါဖလားကို သက်တောင့်သက်သာ ရရှိခဲ့ပြီဖြစ်တာကြောင့် ဒေါ့မွန်အနေနဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အလုပ်များတော့မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။ လူစာရင်း ပြုပြင်ပြောင်းလဲခြင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပထမအသင်း ကစားသမားတွေကို ရောင်းထုတ်သွားမှာဖြစ်ပြီး ဟာလန်းတစ်ဦးတည်းသာ အသင်းကနေ ထွက်ခွာမှာမဟုတ်တာဖြစ်ပါတယ်။

BILD ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လာမယ့်ရာသီအတွက် လူစာရင်းထဲမှာ ယူလီယန် ဘရန့်တ်ကို ဆက်ထားဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပြီး အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၎င်းရဲ့ဖခင်ကို အသင်းသစ်ရှာဖွေပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ဟာ ယူလီယန် ဘရန့်တ်အတွက် အဓိကပန်းတိုင်ဖြစ်လိမ့်မယ်လို့ ထင်မြင်ရပြီး အခြား ဘွန်ဒက်စ်လီဂါကလပ်အသင်းကို ပြောင်းရွှေ့ဖို့က မေးခွန်းထုတ်စရာမရှိသလောက် ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းဟာ အမ်းမရိတ်စ်မှာ အာတီတာရဲ့ လူစာရင်းကို ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့အတွက် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ ဘရန့်တ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တုန်းက အာဆင်နယ်ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်အသင်းက ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမားနဲ့ သံယောဇဉ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် အာတီတာအနေနဲ့ ၎င်းရဲ့ ပစ်မှတ်ကစားသမားကို ခေါ်ယူဖို့အတွက် ဒုတိယအကြိမ် အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးဟာ ထင်ထားတာထက်ကို စျေးပေါဖွယ်ရှိနေပြီး ယူလီယန် ဘရန့်တ်အတွက် ပေါင် ၁၆.၅ သန်းဝန်းကျင်လောက် ပေးရင် ဒေါ့မွန်အသင်းအနေနဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ BILD က ဖော်ပြခဲ့ပါတယ်။

ယူလီယန် ဘရန့်တ်က ဒေါ့မွန်အသင်းမှာ ဆက်နေချင်နေပေမယ့်လည်း လက်ရှိအခြေအနေအရ မဖြစ်နိုင်တော့တာဖြစ်ပြီး အာဆင်နယ်အသင်းသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ၎င်းတို့အတွက် ကလော့ပ်ရဲ့ အနှစ်သက်ဆုံးကစားသမားကို ခေါ်ယူနိုင်တာလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ယူလီယန် ဘရန့်တ်ကို လီဗာပူးလ်အသင်းဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နောက်ဆုံးမှာတော့ မိုဟာမက် ဆာလားဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာအဖြစ် ယုံကြည်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမားဟာ ဒေ့ါမွန်အသင်းအတွက်တော့ ခိုင်မာတဲ့ ရွေးချယ်စရာအဖြစ် ဆက်လက်ရှိနေပြီး နည်းပြ မာကို ဟိုဇယ်က ဝုလ်ဖ်စ်ဘာ့ဂ်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမားကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ယူလီက ခြုံပြောရရင် အရမ်းကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက စတုဂတ်မှာ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့ပြီး ဒီနေ့မှာ သူ့ရဲ့ အရည်အသွေးကို နောက်ထပ်တစ်ကြိမ် ပြသခဲ့တာပါ”

“သူက ဖနောင့်တစ်ချက်ပေါက်ရုံနဲ့ တစ်ကွင်းလုံးကို လှုပ်နိုးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပေမယ့် သူ လုပ်ဖို့ လိုအပ်နေတဲ့ကိစ္စက ဘာလဲဆိုတာကို သိနေပါတယ်။ သူ့ပြဿနာက ဘာလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အဲဒါကို လုပ်ဆောင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူလီယန် ဘရန့်တ်ဟာ လုပ်ဆောင်ရမယ့် ပြဿနာအများအပြားနဲ့ လူငယ်ကစားသမားအဖြစ် ရှိနေပေမယ့်လည်း အာဆင်နယ်အတွက်တော့ စိတ်ဝင်စားစရာ ပစ်မှတ်အဖြစ် ရှိနေတာဖြစ်ပြီး ယခုရာသီမှာ ဒေါ့မွန်ကွင်းလယ်ကစားသမားဟာ အဓိကအားဖြင့် ကွင်းလယ်ဗဟိုမှာ ကစားပေးရင် မတူညီတဲ့ နေရာ ၅ နေရာအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။

အများစုရဲ့ အမြင်မှာ အောင်မြင်တဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း အာတီတာဟာ အလုပ်များတဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် အစီအစဉ်ဆွဲထားတယ်လို့ မျှော်မှန်းခြင်းခံနေရဆဲဖြစ်ပါတယ်။ အာတီတာအနေနဲ့ ပြီးခဲ့တဲ့နှစ်က အာရွန် ရမ်းစ်ဒေးလ်၊ ဘန် ဝှိုက်၊ မာတင် အော်ဒီဂွါဒ်တို့ကို အမ်းမရိတ်စ် အရောက်ခေါ်ယူနိုင်ခဲ့သလိုမျိုး အောင်မြင်မှုကို နောက်ထပ်တစ်ကြိမ် ထပ်တူ ပြုလုပ်သွားနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယာဂန္ ကေလာ့ပ္ အႏွစ္သက္ဆုံး ကြင္းလယ္ကစားသမားဟာ ေဒါ့မြန္အသင္းကို စြန႔္ခြာဖို႔ ေမၽွာ္မွန္းထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာေၾကာင့္ ေခၚယူနိုင္ဖို႔ အခြင့္အေရးရရွိခဲ့ၿပီျဖစ္ပါတယ္။

ယူလီယန္ ဘရန႔္တ္ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က ေလဗာကူဆင္အသင္းကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ယခုရာသီမွာ ၇ ဂိုး သြင္းယူေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဒါ့မြန္အသင္းဟာ နည္းၿပ မာကို ဟိုဇယ္လက္ေအာက္ ပထမ ရာသီဟာ စိတ္ပ်က္စရာ ရာသီျဖစ္ခဲ့တာျဖစ္ၿပီး ရလဒ္အေနနဲ႔ ဟိုဇယ္ဟာ လူစာရင္းကို ေသြးသစ္ေလာင္းဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေရာ DFB ပိုကယ္ဖလားၿပိဳင္ပြဲကေနပါ ေစာေစာစီးစီး ထြက္ခြာခဲ့ရၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက ေနာက္ထပ္တစ္ႀကိမ္ ဘြန္ဒက္စ္လီဂါဖလားကို သက္ေတာင့္သက္သာ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ေဒါ့မြန္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ အလုပ္မ်ားေတာ့မယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရပါတယ္။ လူစာရင္း ျပဳျပင္ေျပာင္းလဲျခင္းရဲ့ ႀကီးမားတဲ့အစိတ္အပိုင္းတစ္ခုအျဖစ္ ပထမအသင္း ကစားသမားေတြကို ေရာင္းထုတ္သြားမွာျဖစ္ၿပီး ဟာလန္းတစ္ဦးတည္းသာ အသင္းကေန ထြက္ခြာမွာမဟုတ္တာျဖစ္ပါတယ္။

BILD ရဲ့ ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ လာမယ့္ရာသီအတြက္ လူစာရင္းထဲမွာ ယူလီယန္ ဘရန႔္တ္ကို ဆက္ထားဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔ သိရၿပီး အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ၎ရဲ့ဖခင္ကို အသင္းသစ္ရွာေဖြေပးဖို႔ ေျပာခဲ့တယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ဟာ ယူလီယန္ ဘရန႔္တ္အတြက္ အဓိကပန္းတိုင္ျဖစ္လိမ့္မယ္လို႔ ထင္ျမင္ရၿပီး အျခား ဘြန္ဒက္စ္လီဂါကလပ္အသင္းကို ေျပာင္းေရႊ႕ဖို႔က ေမးခြန္းထုတ္စရာမရွိသေလာက္ ျဖစ္ေနတာ ျဖစ္ပါတယ္။

ဒီသတင္းဟာ အမ္းမရိတ္စ္မွာ အာတီတာရဲ့ လူစာရင္းကို ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ အာဆင္နယ္ရဲ့ စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းနိုင္လိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။ ဘရန႔္တ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္တုန္းက အာဆင္နယ္ပစ္မွတ္ထားခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ေပမယ့္လည္း အေျပာင္းအေရႊ႕ အမွန္တကယ္ ျဖစ္ေပၚလာခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေဒါ့မြန္အသင္းက ၎တို႔ရဲ့ ကြင္းလယ္ကစားသမားနဲ႔ သံေယာဇဥ္ျဖတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ အာတီတာအေနနဲ႔ ၎ရဲ့ ပစ္မွတ္ကစားသမားကို ေခၚယူဖို႔အတြက္ ဒုတိယအႀကိမ္ အခြင့္အေရး ရရွိလာခဲ့ၿပီျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးဟာ ထင္ထားတာထက္ကို ေစ်းေပါဖြယ္ရွိေနၿပီး ယူလီယန္ ဘရန႔္တ္အတြက္ ေပါင္ ၁၆.၅ သန္းဝန္းက်င္ေလာက္ ေပးရင္ ေဒါ့မြန္အသင္းအေနနဲ႔ ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ဖြယ္ရွိတယ္လို႔ BILD က ေဖာ္ျပခဲ့ပါတယ္။

ယူလီယန္ ဘရန႔္တ္က ေဒါ့မြန္အသင္းမွာ ဆက္ေနခ်င္ေနေပမယ့္လည္း လက္ရွိအေျခအေနအရ မျဖစ္နိုင္ေတာ့တာျဖစ္ၿပီး အာဆင္နယ္အသင္းသာ ေခၚယူနိုင္ခဲ့မယ္ဆိုရင္ ၎တို႔အတြက္ ကေလာ့ပ္ရဲ့ အႏွစ္သက္ဆုံးကစားသမားကို ေခၚယူနိုင္တာလည္း ျဖစ္လာမွာျဖစ္ပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယူလီယန္ ဘရန႔္တ္ကို လီဗာပူးလ္အသင္းဆီ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မိုဟာမက္ ဆာလားဟာ ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာအျဖစ္ ယုံၾကည္သြားခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ကြင္းလယ္ကစားသမားဟာ ေဒ့ါမြန္အသင္းအတြက္ေတာ့ ခိုင္မာတဲ့ ေရြးခ်ယ္စရာအျဖစ္ ဆက္လက္ရွိေနၿပီး နည္းၿပ မာကို ဟိုဇယ္က ဝုလ္ဖ္စ္ဘာ့ဂ္ကို ၆-၁ နဲ႔ အျပတ္အသတ္ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္နိုင္ခဲ့တဲ့ ဂ်ာမန္ကြင္းလယ္ကစားသမားကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ယူလီက ျခဳံေျပာရရင္ အရမ္းေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူက စတုဂတ္မွာ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့ၿပီး ဒီေန႔မွာ သူ႔ရဲ့ အရည္အေသြးကို ေနာက္ထပ္တစ္ႀကိမ္ ျပသခဲ့တာပါ”

“သူက ဖေနာင့္တစ္ခ်က္ေပါက္႐ုံနဲ႔ တစ္ကြင္းလုံးကို လႈပ္နိုးနိုင္တဲ့ ကစားသမားမ်ိဳးျဖစ္ေပမယ့္ သူ လုပ္ဖို႔ လိုအပ္ေနတဲ့ကိစၥက ဘာလဲဆိုတာကို သိေနပါတယ္။ သူ႔ျပႆနာက ဘာလဲဆိုတာကိုလည္း ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ္တို႔ အဲဒါကို လုပ္ေဆာင္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူလီယန္ ဘရန႔္တ္ဟာ လုပ္ေဆာင္ရမယ့္ ျပႆနာအမ်ားအျပားနဲ႔ လူငယ္ကစားသမားအျဖစ္ ရွိေနေပမယ့္လည္း အာဆင္နယ္အတြက္ေတာ့ စိတ္ဝင္စားစရာ ပစ္မွတ္အျဖစ္ ရွိေနတာျဖစ္ၿပီး ယခုရာသီမွာ ေဒါ့မြန္ကြင္းလယ္ကစားသမားဟာ အဓိကအားျဖင့္ ကြင္းလယ္ဗဟိုမွာ ကစားေပးရင္ မတူညီတဲ့ ေနရာ ၅ ေနရာအထိ ကစားေပးခဲ့တာျဖစ္ပါတယ္။

အမ်ားစုရဲ့ အျမင္မွာ ေအာင္ျမင္တဲ့ရာသီကို ပိုင္ဆိုင္ေနေပမယ့္လည္း အာတီတာဟာ အလုပ္မ်ားတဲ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြက္ အစီအစဥ္ဆြဲထားတယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရဆဲျဖစ္ပါတယ္။ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က အာရြန္ ရမ္းစ္ေဒးလ္၊ ဘန္ ဝွိုက္၊ မာတင္ ေအာ္ဒီဂြါဒ္တို႔ကို အမ္းမရိတ္စ္ အေရာက္ေခၚယူနိုင္ခဲ့သလိုမ်ိဳး ေအာင္ျမင္မႈကို ေနာက္ထပ္တစ္ႀကိမ္ ထပ္တူ ျပဳလုပ္သြားနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.