Match Report Premier League

လက်စတာကို အနိုင်ယူပြီး ချန်ပီယံလိဂ်မျှော်လင့်ချက်ကို ပြန်အသက်သွင်းတဲ့ စပါးစ်

စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ ကစားခဲ့ရပြီး ခံစစ်မှာ ဂိုးသမား ဟူဂို လိုရစ်၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာ၊ ရိုမဲရိုးတို့နဲ့ ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အီမာဆန်၊ ဆက်ဆီညွန်၊ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာတော့ လူးကပ်စ် မော်ရာ၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ ကစားလာခဲ့ကြပါတယ်။

လက်စတာတို့ကတော့ တီးလီးမန်းစ်၊ ဗာဒီနဲ့ ဟာဗီဘန်းစ်တို့ကို အရန်ခုံမှာ ထားပြီး အထက်မရောက် အောက်မရောက်အနေအထားမှာ ချွေတာခဲ့သလို ရှမိုက်ကယ်၊ ဆိုယွန်ကျူ၊ အမာတေနဲ့ ကက်စတာညာတို့ကို ခံစစ်မှာ ထားခဲ့ပြီး သောမတ်စ်၊ အယ်လ်ဘရိုက်တန်၊ နမ်ပလီ မန်ဒီ၊ ဆူမာရေး၊ အယိုဇေ ပီရက်ဇ်တို့ကို ကွင်းလယ်မှာ ကစားခိုင်းခဲ့ပြီး တိုက်စစ်မှာတော့ ဒါကာနဲ့ အီဟန်နာချိုတို့နှစ်ဦး ပွဲထွက်လာခဲ့ကြတာပါ။

စပါးစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ဘောလုံးကိုင်ပြီး ဘာမှ မလုပ်တတ်တဲ့ ကစားပုံကြောင့် ထပ်ပြီး ဒုက္ခမများရအောင် သူတို့လိုပဲ တန်ပြန် တိုက်စစ်အသင်းဖြစ်တဲ့ လက်စတာကို ဂျင်းထည့်ပြီး ဘောလုံးပေးကိုင်သွားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ တိုက်စစ်မှူး ဒါကာရဲ့ ကန်ချက်က အဝေးတိုင်ကို ထိပြီး ပြန်ထွက်ခဲ့လို့သာ ဂိုးမပေးရဘဲ သက်သာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို ဆွန်ဟောင်မင် ကန်တင်ပေးရာမှာ တည်ကန်ဘော ကစားပုံ ညံ့ဖျင်းတယ်လို့ နာမည်တော်တော်လေးထွက်နေတဲ့ လက်စတာတို့ အားနည်းချက်ကြောင့် လွတ်လွတ်လပ်လပ် ခေါင်းတိုက်ခွင့်ရသွားတဲ့ ဟာရီကိန်းက သွင်းယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ အန်ဂိုလို ကွန်တေလက်သစ်ဖြစ်လာဖို့ ခေါ်ယူထားတဲ့ နမ်ပလီ မန်ဒီရဲ့ နောက်ပြန်ပေးမှုအမှားကနေ ဟာရီကိန်းက ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ရှမိုက်ကယ် တားဆီးသွားနိုင်ခဲ့လို့ စပါးစ်တို့ နစ်နာခဲ့ရပြီး လက်စတာတိုက်စစ်တွေကတော့ စပါးစ်ဂိုးရှေ့ကမှာ ဟောင်းလောင်းကြီး ပွင့်နေတာကိုတောင် ဂိုးပေါက်တည့်အောင် မကန်တတ်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာ ညာခြမ်းကို ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ခုန်ဆွဲရမယ့်အစား ကလေးဆန်ဆန် အောက်ကနေ လက်နဲ့ဖြန့်ခံတဲ့ ရှမိုက်ကယ်ကြောင့် စပါးစ်တို့ ခေါင်းလုတိုက်ပြီး အခွင့်အရေးရခဲ့ပေမယ့် ခံစစ်က ရှင်းထုတ်သွားနိုင်ခဲ့လို့ လက်စတာတို့ သက်သာခဲ့ရပြီး နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကတော့ ကြာလေ အလုပ်မဖြစ်လေ ပုံစံကိုပဲ ပြသနေခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဘောလုံးကိုင်ထားတာက လက်စတာတို့ပဲ ဖြစ်ခဲ့ပြီး အကြိုက်ကျနေတဲ့ စပါးစ်တို့ကတော့ Counter တွေ Break တွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက လူစားဝင်ကစားသမား ကူလူရှက်ဗ်စကီး ပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ခံစစ်သမားတွေကြားက တစ်ပတ်လှည့်ကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ် ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

နှစ်ဂိုးပေးရပြီး နောက်ပိုင်းမှာလည်း ဘောလုံးကိုင်တာ လက်စတာ၊ ထိုးဖောက်နိုင်တာ စပါးစ်ပဲ ဖြစ်နေခဲ့ပြီး ဘရန်ဒန် ရော့ဂျားစ်ကတော့ ဆူမာရေးနေရာမှာ ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ ကွင်းလယ်လူ လူးဝစ် ဘရန့်၊ အလွဲကြီးလွဲနေတဲ့ ဒါကာအစား ဗာဒီနဲ့ ကွင်းလယ်မှာ ဝင်ကစားနေရတဲ့ ပီရက်ဇ်အစား တီးလီးမန်းစ်တို့ကို ထည့်ကစားခဲ့ပြီး အသင်းကို တကယ်အကျိုးပြုမယ့် လွတ်ခ်မန်းနဲ့ ဟာဗီဘန်းစ်ကိုတော့ မေ့ထားခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ စပါးစ်တို့ သုံးမှတ်ရဖို့ သေချာစေမယ့်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ ကူလူရှက်ဗ်စကီးရဲ့ နောက်ပြန်ပေးတာကို အတွင်းမှာ ရသွားခဲ့တဲ့ ဆွန်ဟောင်မင်က ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ်ရဲ့ အဝေးတိုင်ထောင့်ကို လှလှပပ သပ်သပ်ရပ်ရပ် ဝင်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ဘောလုံးကိုင်ထားပြီး ဘာမှ သုံးမရဘူးလို့ အပြောခံရတော့မယ့် လက်စတာတို့တွေ အရှက်ပြေဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ကွင်းလယ်ကနေ တီးလီးမန်းစ် ပေးတာကို ညာခြမ်းကနေ ရသွားခဲ့တဲ့ အီဟန်နာချိုက ဖုန်းတစ်ဂိုး လိုရစ်ကို အဝေးကနေ လှမ်းကန်ခဲ့တဲ့ တိုင်ခြေကန်ချက်နဲ့ အနိုင်ယူသွားခဲ့တာကြောင့် ပွဲက သုံးဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးသွားခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် တော့တင်ဟမ်ဟော့စပါးစ်တို့အနေနဲ့ အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းတို့ မကစားခင်မှာ ရမှတ် ၆၁ မှတ်နဲ့ အဆင့် ၄ နေရာကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ်ကစားခွင့်အိပ်မက်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ချိန်မှာ လက်စတာတို့ကတော့ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္း ဝႈိက္ဟတ္လိန္းမွာ ကစားခဲ့ရၿပီး ခံစစ္မွာ ဂိုးသမား ဟူဂို လိုရစ္၊ ဘန္ေဒးဗီးစ္၊ ဒိုင္ယာ၊ ႐ိုမဲ႐ိုးတို႔နဲ႔ ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ အီမာဆန္၊ ဆက္ဆီၫြန္၊ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ လူးကပ္စ္ ေမာ္ရာ၊ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ ကစားလာခဲ့ၾကပါတယ္။

လက္စတာတို႔ကေတာ့ တီးလီးမန္းစ္၊ ဗာဒီနဲ႔ ဟာဗီဘန္းစ္တို႔ကို အရန္ခုံမွာ ထားၿပီး အထက္မေရာက္ ေအာက္မေရာက္အေနအထားမွာ ေခြၽတာခဲ့သလို ရွမိုက္ကယ္၊ ဆိုယြန္က်ဴ၊ အမာေတနဲ႔ ကက္စတာညာတို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ေသာမတ္စ္၊ အယ္လ္ဘ႐ိုက္တန္၊ နမ္ပလီ မန္ဒီ၊ ဆူမာေရး၊ အယိုေဇ ပီရက္ဇ္တို႔ကို ကြင္းလယ္မွာ ကစားခိုင္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒါကာနဲ႔ အီဟန္နာခ်ိဳတို႔ႏွစ္ဦး ပြဲထြက္လာခဲ့ၾကတာပါ။

စပါးစ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ေဘာလုံးကိုင္ၿပီး ဘာမွ မလုပ္တတ္တဲ့ ကစားပုံေၾကာင့္ ထပ္ၿပီး ဒုကၡမမ်ားရေအာင္ သူတို႔လိုပဲ တန္ျပန္ တိုက္စစ္အသင္းျဖစ္တဲ့ လက္စတာကို ဂ်င္းထည့္ၿပီး ေဘာလုံးေပးကိုင္သြားခဲ့ၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာ တိုက္စစ္မႉး ဒါကာရဲ႕ ကန္ခ်က္က အေဝးတိုင္ကို ထိၿပီး ျပန္ထြက္ခဲ့လို႔သာ ဂိုးမေပးရဘဲ သက္သာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ဆြန္ေဟာင္မင္ ကန္တင္ေပးရာမွာ တည္ကန္ေဘာ ကစားပုံ ညံ့ဖ်င္းတယ္လို႔ နာမည္ေတာ္ေတာ္ေလးထြက္ေနတဲ့ လက္စတာတို႔ အားနည္းခ်က္ေၾကာင့္ လြတ္လြတ္လပ္လပ္ ေခါင္းတိုက္ခြင့္ရသြားတဲ့ ဟာရီကိန္းက သြင္းယူေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ အန္ဂိုလို ကြန္ေတလက္သစ္ျဖစ္လာဖို႔ ေခၚယူထားတဲ့ နမ္ပလီ မန္ဒီရဲ႕ ေနာက္ျပန္ေပးမႈအမွားကေန ဟာရီကိန္းက ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရွမိုက္ကယ္ တားဆီးသြားႏိုင္ခဲ့လို႔ စပါးစ္တို႔ နစ္နာခဲ့ရၿပီး လက္စတာတိုက္စစ္ေတြကေတာ့ စပါးစ္ဂိုးေရွ႕ကမွာ ေဟာင္းေလာင္းႀကီး ပြင့္ေနတာကိုေတာင္ ဂိုးေပါက္တည့္ေအာင္ မကန္တတ္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာ ညာျခမ္းကို ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ခုန္ဆြဲရမယ့္အစား ကေလးဆန္ဆန္ ေအာက္ကေန လက္နဲ႔ျဖန႔္ခံတဲ့ ရွမိုက္ကယ္ေၾကာင့္ စပါးစ္တို႔ ေခါင္းလုတိုက္ၿပီး အခြင့္အေရးရခဲ့ေပမယ့္ ခံစစ္က ရွင္းထုတ္သြားႏိုင္ခဲ့လို႔ လက္စတာတို႔ သက္သာခဲ့ရၿပီး နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ ၾကာေလ အလုပ္မျဖစ္ေလ ပုံစံကိုပဲ ျပသေနခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေဘာလုံးကိုင္ထားတာက လက္စတာတို႔ပဲ ျဖစ္ခဲ့ၿပီး အႀကိဳက္က်ေနတဲ့ စပါးစ္တို႔ကေတာ့ Counter ေတြ Break ေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဒုတိယဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းက လူစားဝင္ကစားသမား ကူလူရွက္ဗ္စကီး ေပးတဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ခံစစ္သမားေတြၾကားက တစ္ပတ္လွည့္ကန္သြင္းခဲ့ရာမွာ ရွမိုက္ကယ္ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ႏွစ္ဂိုးေပးရၿပီး ေနာက္ပိုင္းမွာလည္း ေဘာလုံးကိုင္တာ လက္စတာ၊ ထိုးေဖာက္ႏိုင္တာ စပါးစ္ပဲ ျဖစ္ေနခဲ့ၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ ဆူမာေရးေနရာမွာ ဘယ္ေခ်ာင္က ထြက္လာမွန္းမသိတဲ့ ကြင္းလယ္လူ လူးဝစ္ ဘရန႔္၊ အလြဲႀကီးလြဲေနတဲ့ ဒါကာအစား ဗာဒီနဲ႔ ကြင္းလယ္မွာ ဝင္ကစားေနရတဲ့ ပီရက္ဇ္အစား တီးလီးမန္းစ္တို႔ကို ထည့္ကစားခဲ့ၿပီး အသင္းကို တကယ္အက်ိဳးျပဳမယ့္ လြတ္ခ္မန္းနဲ႔ ဟာဗီဘန္းစ္ကိုေတာ့ ေမ့ထားခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ စပါးစ္တို႔ သုံးမွတ္ရဖို႔ ေသခ်ာေစမယ့္ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ ကူလူရွက္ဗ္စကီးရဲ႕ ေနာက္ျပန္ေပးတာကို အတြင္းမွာ ရသြားခဲ့တဲ့ ဆြန္ေဟာင္မင္က ဘယ္ေျခနဲ႔ ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ရွမိုက္ကယ္ရဲ႕ အေဝးတိုင္ေထာင့္ကို လွလွပပ သပ္သပ္ရပ္ရပ္ ဝင္သြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ေဘာလုံးကိုင္ထားၿပီး ဘာမွ သုံးမရဘူးလို႔ အေျပာခံရေတာ့မယ့္ လက္စတာတို႔ေတြ အရွက္ေျပဂိုးတစ္ဂိုး ျပန္သြင္းႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန တီးလီးမန္းစ္ ေပးတာကို ညာျခမ္းကေန ရသြားခဲ့တဲ့ အီဟန္နာခ်ိဳက ဖုန္းတစ္ဂိုး လိုရစ္ကို အေဝးကေန လွမ္းကန္ခဲ့တဲ့ တိုင္ေျခကန္ခ်က္နဲ႔ အႏိုင္ယူသြားခဲ့တာေၾကာင့္ ပြဲက သုံးဂိုး-တစ္ဂိုးနဲ႔ ၿပီးဆုံးသြားခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔အေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ဝက္စ္ဟမ္းတို႔ မကစားခင္မွာ ရမွတ္ ၆၁ မွတ္နဲ႔ အဆင့္ ၄ ေနရာကို ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ကစားခြင့္အိပ္မက္ကို ျပန္လည္အသက္သြင္းႏိုင္ခဲ့ခ်ိန္မွာ လက္စတာတို႔ကေတာ့ ရမွတ္ ၄၂ မွတ္နဲ႔ အဆင့္ ၁၁ ေနရာမွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.