Premier League

VAR က လီဗာပူးလ်ဂိုးကို ခွင့်ပြုခဲ့လို့ ဂျိမ်းစ် မီလ်နာရဲ့ ဖျက်ထုတ်မှုအပေါ် အငြင်းပွားနေတဲ့ ပရိသတ်များ

ပရိသတ်တွေဟာ လီဗာပူးလ်အသင်းက နယူးကာဆယ်လ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဂိုး ခွင့်ပြုပေးခြင်းခံခဲ့ရပြီးနောက် အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ နယူးကာဆယ်လ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဂျိမ်းစ် မီလ်နာက ဖေဘီယံ ရှားကို တိုက်စစ်စတင်ချိန်မှာ ဖျက်ထုတ်ခဲ့ပြီး နာဘီ ကီးတားရဲ့ သွင်းဂိုးဆီ ဦးတည်ခဲ့ပြီးနောက် ၂ ဖက်အသင်း ပရိသတ်တွေကြားမှာ ပြင်းထန်တဲ့ အငြင်းအခုံတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်အချို့ဟာ VAR က ဖြစ်စဉ်ကို ပြန်လည် စစ်ဆေးခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ပြီးနောက် ဒေါသအိုး ပေါက်ကွဲခဲ့ကြတာ ဖြစ်ပါတယ်။

“မီလ်နာရဲ့ အရမ်းကောင်းမွန်တဲ့ ဖျက်ထုတ်မှုတစ်ခုတင်မကပါဘူး။ တခြားလူတစ်ယောက် ဒဏ်ရာရသွားခဲ့တာကို ကျွန်တော် မမြင်ပါဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးက “မီလ်နာက ကီးတားရဲ့ ဂိုးမတိုင်ခင် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။ အန်ဒရီ မာရီနာနဲ့ ဒိုင်လူကြီးတွေက VAR မှာရှိနေတဲ့ မိုက်ဒင်းကို လိုအပ်ခဲ့တာ မှန်တာပေါ့”လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြားပရိသတ်တွေကတော့ လီဗာပူးလ်ဝါရင့်တောင်ပံကစားသမားရဲ့ ဖျက်ထုတ်မှုဟာ မျှတတဲ့ ဖျက်ထုတ်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဆူညံသံတွေ ရပ်လိုက်။ သူ မီလ်နာကို ကန်ခဲ့တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ဘာတွေ ညည်းနေကြတာလဲ။ မီလ်နာရဲ့ ဖျက်ထုတ်မှုက ဘာမှ ပြစ်ဒဏ်ဘောမဟုတ်ဘူး”လို့ ဝင်ရောက် မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း အခြေအနေကို “ရှားက တကယ်ပဲ ဂျိမ်းစ် မီလ်နာကို ကန်ခဲ့တယ်။ မီလ်နာက ဘောလုံးကို အရင်ရသွားခဲ့တာကြောင့် နယူးကာဆယ်လ် ကစားသမားက မီလ်နာရဲ့ ခြေသလုံးကို ကန်ခဲ့တယ်။ ကီးတားက အရမ်းကောင်းတဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဂိုးခွင့်ပြုတာ မှန်တယ်”လို့ သုံးသပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အက်ဒီ ဟောင်းရဲ့ အသင်းနဲ့ စိန့် ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်ခဲ့ရာမှာ ကီးတားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းက လိဒ်စ်ယူနိုက်တက်အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်သာနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်လ်နည်းပြ အက်ဒီ ဟောင်းက လီဗာပူးလ်ရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ပွဲမတိုင်ခင် ပြောဆိုခဲ့ရာမှာ “ခင်ဗျား လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ကစားတဲ့အခါမှာ ကျစ်လစ်တဲ့ခံစစ်ပိုင်းနဲ့ သူတို့ကို ခြိမ်းခြောက်ပြီး တခြားနည်းနဲ့ ပြဿနာဖြစ်စေနိုင်တဲ့ တိုက်စစ်ကြားမှာ ဟန်ချက်ညီနေရမှာပါ။ ဘာကြောင့် အချို့အသင်းတွေက သူတို့မှာရှိတဲ့အတိုင်း တည်ဆောက်ထားလဲဆိုတာ ကျွန်တော် အပြည့်အဝနားလည်ပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ကြမ်းကြမ်းတမ်းတမ်း ကစားနိုင်သလောက် ကစားဖို့ ကြိုးပမ်းရမှာဖြစ်ပြီး သူတို့ကို ပြဿနာဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ မလှုပ်မရှားဘဲ ဒါမှမဟုတ် ခံစစ်ဆင်းပိတ်ပြီး လုံးဝမကစားချင်ပါဘူး။ ကျွန်တော်တို့ အဲဒီလို မကစားရပါစေနဲ့ မျှော်လင့်ကြတာပေ့ါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရိသတ္ေတြဟာ လီဗာပူးလ္အသင္းက နယူးကာဆယ္လ္ ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ဂိုး ခြင့္ျပဳေပးျခင္းခံခဲ့ရၿပီးေနာက္ အျပင္းအထန္ အျငင္းအခုံ ျဖစ္ခဲ့ၾကပါတယ္။

ကေလာ့ပ္ရဲ့အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားေနတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ နယူးကာဆယ္လ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ဂ်ိမ္းစ္ မီလ္နာက ေဖဘီယံ ရွားကို တိုက္စစ္စတင္ခ်ိန္မွာ ဖ်က္ထုတ္ခဲ့ၿပီး နာဘီ ကီးတားရဲ့ သြင္းဂိုးဆီ ဦးတည္ခဲ့ၿပီးေနာက္ ၂ ဖက္အသင္း ပရိသတ္ေတြၾကားမွာ ျပင္းထန္တဲ့ အျငင္းအခုံေတြျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္အခ်ိဳ႕ဟာ VAR က ျဖစ္စဥ္ကို ျပန္လည္ စစ္ေဆးခဲ့ၿပီး လီဗာပူးလ္အသင္းရဲ့ သြင္းဂိုးကို ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ေဒါသအိုး ေပါက္ကြဲခဲ့ၾကတာ ျဖစ္ပါတယ္။

“မီလ္နာရဲ့ အရမ္းေကာင္းမြန္တဲ့ ဖ်က္ထုတ္မႈတစ္ခုတင္မကပါဘူး။ တျခားလူတစ္ေယာက္ ဒဏ္ရာရသြားခဲ့တာကို ကၽြန္ေတာ္ မျမင္ပါဘူး”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးက “မီလ္နာက ကီးတားရဲ့ ဂိုးမတိုင္ခင္ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္။ အန္ဒရီ မာရီနာနဲ႔ ဒိုင္လူႀကီးေတြက VAR မွာရွိေနတဲ့ မိုက္ဒင္းကို လိုအပ္ခဲ့တာ မွန္တာေပါ့”လို႔ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္လည္း အျခားပရိသတ္ေတြကေတာ့ လီဗာပူးလ္ဝါရင့္ေတာင္ပံကစားသမားရဲ့ ဖ်က္ထုတ္မႈဟာ မၽွတတဲ့ ဖ်က္ထုတ္မႈတစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဆူညံသံေတြ ရပ္လိုက္။ သူ မီလ္နာကို ကန္ခဲ့တယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ဘာေတြ ညည္းေနၾကတာလဲ။ မီလ္နာရဲ့ ဖ်က္ထုတ္မႈက ဘာမွ ျပစ္ဒဏ္ေဘာမဟုတ္ဘူး”လို႔ ဝင္ေရာက္ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း အေျခအေနကို “ရွားက တကယ္ပဲ ဂ်ိမ္းစ္ မီလ္နာကို ကန္ခဲ့တယ္။ မီလ္နာက ေဘာလုံးကို အရင္ရသြားခဲ့တာေၾကာင့္ နယူးကာဆယ္လ္ ကစားသမားက မီလ္နာရဲ့ ေျခသလုံးကို ကန္ခဲ့တယ္။ ကီးတားက အရမ္းေကာင္းတဲ့ အဆုံးသတ္နဲ႔ ဂိုးသြင္းယူနိုင္ခဲ့တယ္။ ဂိုးခြင့္ျပဳတာ မွန္တယ္”လို႔ သုံးသပ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ အက္ဒီ ေဟာင္းရဲ့ အသင္းနဲ႔ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ ရင္ဆိုင္ခဲ့ရာမွာ ကီးတားရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းက လိဒ္စ္ယူနိုက္တက္အိမ္ကြင္းမွာ ၄-၀ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁ မွတ္သာနဲ႔ ျပန္လည္ဦးေဆာင္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

နယူးကာဆယ္လ္နည္းၿပ အက္ဒီ ေဟာင္းက လီဗာပူးလ္ရဲ့ အရည္အေသြးနဲ႔ပတ္သက္ၿပီး ပြဲမတိုင္ခင္ ေျပာဆိုခဲ့ရာမွာ “ခင္ဗ်ား လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ ကစားတဲ့အခါမွာ က်စ္လစ္တဲ့ခံစစ္ပိုင္းနဲ႔ သူတို႔ကို ၿခိမ္းေျခာက္ၿပီး တျခားနည္းနဲ႔ ျပႆနာျဖစ္ေစနိုင္တဲ့ တိုက္စစ္ၾကားမွာ ဟန္ခ်က္ညီေနရမွာပါ။ ဘာေၾကာင့္ အခ်ိဳ႕အသင္းေတြက သူတို႔မွာရွိတဲ့အတိုင္း တည္ေဆာက္ထားလဲဆိုတာ ကၽြန္ေတာ္ အျပည့္အဝနားလည္ပါတယ္”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔ ၾကမ္းၾကမ္းတမ္းတမ္း ကစားနိုင္သေလာက္ ကစားဖို႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး သူတို႔ကို ျပႆနာျဖစ္ေအာင္ လုပ္ဖို႔ ႀကိဳးပမ္းရမွာပါ။ ကၽြန္ေတာ္တို႔ မလႈပ္မရွားဘဲ ဒါမွမဟုတ္ ခံစစ္ဆင္းပိတ္ၿပီး လုံးဝမကစားခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ အဲဒီလို မကစားရပါေစနဲ႔ ေမၽွာ္လင့္ၾကတာေပ့ါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.