Premier League

ဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်ဖိအားပေးတာကို ရုန်းထွက်တဲ့ လိဒ်စ် ၀-၄ မန်စီးတီးတို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ ဖိအားစမ်းသပ်မှု နောက်ထပ်တစ်ကြိမ် အောင်မြင်ခဲ့တဲ့ စီးတီး

လီဗာပူးလ်အသင်းက ပုံမှန်ခြေစွမ်း ရရှိနေတဲ့ နယူးကာဆယ်လ် ယူနိုက်တက် အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် မန်စီးတီးဟာ အဲလန်းရုဒ်ကို အမှတ်ပေးဇယား ဒုတိယနေရာက အသင်းအဖြစ်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မဖြစ်မနေ အနိုင်ယူရမယ်ဆိုတာကို သိရှိနေခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ဟာ နည်းပြ ဂျက်ဆီ မာ့ရှ် ရောက်လာပြီးကတည်းက ၅ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးအနေနဲ့ အနိုင်ယူနိုင်ဖို့အတွက် ၎င်းတို့ရဲ့အရည်အသွေးတွေကို ထုတ်ပြဖို့ လိုအပ်ခဲ့ပြီး ဒီပွဲစဉ်ဟာ အမှားမခံတဲ့ ဆုဖလားပြိုင်ပွဲလမ်းကြောင်းပေါ်မှာ ရှိတဲ့ပွဲတစ်ပွဲဖြစ်သလို ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ၂ ပွဲကြားက ပွဲတစ်ပွဲလည်းဖြစ်တာကြောင့် မန်စီးတီးအတွက် ဖိအားတွေက လုံလုံလောက်လောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တ်ို့ဟာ ပြည်တွင်းမှာရော ချန်ပီယံလိဂ်မှာပါ တစ်သင်းနဲ့တစ်သင်း ဆက်လက်တိုက်ပွဲဝင်နေကြပြီး ပရီးမီးယားလိဂ်ဖလားမှာ အနိုင်မခံအရှုံးမပေးကစားနေကြရုံသာမကဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း တွေ့ဆုံနိုင်ခြေက ရှိနေတာဖြစ်ပါတယ်။

၂။ ဖန်တီးမှုအားကောင်းခဲ့တဲ့ ဖိုဒန်

ဖိုဒန်ရဲ့ ဖန်တီးနိုင်စွမ်း တောက်ပခဲ့မှုက နောက်ထပ်တစ်ကြိမ် ပွဲအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့တာဖြစ်ပြီး ပထမပိုင်း အလွတ်တည်ကန်ဘောကနေ ခုတ်တင်ပေးပို့မှုကို ရိုဒရီက ကယ်လ်ဗင် ဖိလစ်ကို ခေါင်းကျော်တိုက်ပြီး မန်စီးတီးအတွက် အဖွင့်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖိုဒန်ရဲ့ အလွတ်တည်ကန်ဘောတွေဟာ နောက်ထပ်တစ်ကြိမ် လိဒ်စ်ယူနိုက်တက်ကို လဲပြိုကျစေခဲ့ပြီး ဒုတိယပိုင်းမှာ ကန်တင်ပေးခဲ့တဲ့ ထောင့်ကန်ဘောကနေတဆင့် ရူဘင် ဒီယက်စ်ရဲ့ခေါင်းတိုက်ချက်ကို အာကီက ပိတ်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တတိယဂိုးမှာလည်း ဖိုဒန်က ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ဂါဘရီယယ်လ် ဂျေဆူးက အကောင်းဆုံး အဆုံးသတ်သွားနိုင်ခဲ့တဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ရိုဒရီ၊ ဂန်ဒိုဝမ်တို့နဲ့အတူ ကွင်းလယ်ဗဟိုကစားသမားအဖြစ် ယခုရာသီ ပြိုင်ပွဲစုံ ၄ ကြိမ်မြောက် ပွဲထွက်ကစားသမားအဖြစ် ပွဲထွက်လာခဲ့ပြီး ဒီကာလအတွင်း သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ကူးပါးကို အားကိုးနေခဲ့ရတဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် လီယန် ကူးပါး ခံစစ်မှာ မပါဝင်ဘဲ ပွဲထွက်လာခဲ့ရပြီး ၎င်းမပါဝင်နိုင်မှုက ၆ ပွဲအတွင်း ပထမဆုံး ရှုံးပွဲကို ခံစားရစေခဲ့တာဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးလို ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အားကောင်းတဲ့ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့တာက ည့ံဖျင်းလို့တော့မဟုတ်ပေမယ့် ကူးပါးရဲ့ နာမည် လူစာရင်းမှာ မပါဝင်လာတဲ့အချိန်မှာတော့ လိဒ်စ်အတွက် မန်စီးတီးကို ကိုင်တွယ်နိုင်ဖို့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကူးပါးဟာ လိဒ်စ်ရဲ့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးသူဖြစ်ပြီး အဲဒီ ၃ ပွဲစလုံးမှာ လိဒ်စ်အနေနဲ့ ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပြီး ကူးပါး မပါတဲ့ပွဲနဲ့ ပါတဲ့ပွဲက ရလဒ်တွေက စကားပြောနေခဲ့တာဖြစ်ပါတယ်။

ကူးပါး ပါဝင်ကစားပေးတဲ့အခါမှာ လိဒ်စ်ယူနိုက်တက်ဟာ ၁၈ ပွဲကနေ ၂၁ မှတ်ရယူနိုင်ခဲ့ပြီး တစ်ပွဲကို ၁.၁၇ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ ကူးပါး မပါဝင်တဲ့အချိန်မှာတော့ လိဒ်စ်ယူနိုက်တက်ဟာ ၁၆ ပွဲကနေ ၁၃ မှတ်သာ ပြောင်းလဲနိုင်ခဲ့ပြီး တစ်ပွဲကို ၀.၈၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကူးပါး ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တွေမှာ လိဒ်စ်ဟာ တစ်ပွဲကို ၁.၂၈ ဂိုးသာ ခွင့်ပြုခဲ့ပေမယ့် မပါဝင်နိုင်တဲ့ပွဲစဉ်တွေမှာတော့ တစ်ပွဲကို ၃ ဂိုးထက်ပိုပြီး ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာ အဆင့် ၁၇ မှာ ရပ်တည်နေရတဲ့ လိဒ်စ်ယူနိုက်တက်အတွက်တော့ တန်းဆင်းဇုန်ထဲကို မကျခင် ကူးပါး မြန်မြန် ပြန်လည်ပါဝင်လာနိုင်ဖို့ ဆုတောင်းနေရတော့မှာဖြစ်ပါတယ်။

၄။ ခြေချော်ခဲ့တဲ့ ရိုဒရီ၊ ကန်ဆယ်လို

လိဒ်စ်နဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်ဟာ အဖွင့်မိနစ်တွေမှာ အိမ်ရှင်အသင်းက ပိုပြီး အဆုံးသတ်ကောင်းမွန်ပြီး တိကျခဲ့တာဖြစ်ပြီး လိဒ်စ်ကို စီးတီးက အလွန်ကောင်းမွန်တဲ့အခွင့်အရေး လက်ဆောင်ပေးမိခဲ့တဲ့အချိန်မှာ မယုံနိုင်ဖွယ် ကွဲပြားခြားနားခဲ့တာဖြစ်ပါတယ်။ ရှားရှားပါးပါး ကန်ဆယ်လိုရဲ့ ခြေချော်မှုက လိဒ်စ်တိုက်စစ်မှူး ရိုဒရီဂိုကို ဘယ်တောင်ပံကနေ တန်ပြန်တိုက်စစ် စတင်ခွင့်ပေးခဲ့ပြီး အဲဒါက အဲလန်းရုဒ်က ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ် အကောင်းမြင်စိတ်တွေ ပြည့်နှက်စေခဲ့ပါတယ်။ မန်စီးတီးရဲ့ ခံစစ်နဲ့ ကွင်းလယ်ဟာ နောက်ပြန် ပြေးဆင်းလာခဲ့ကြပြီး ရာဖင်ညာက ရိုဒရီဂိုဆီကနေ ဘောလုံးရယူဖို့အတွက် ပင်နယ်တီဧရိယာထဲကို အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှု ပြုလုပ်ခဲ့ချိန်မှာ စပိန်ကွင်းလယ်ကစားသမားဟာ ဘောလုံးပေးပို့မှု ပြုလုပ်ဖို့ ကြိုးပမ်းရာမှာ အချိန်အတော်ကြာနေခဲ့တာဖြစ်ပြီး ဂန်ဒိုဝမ်က ဘောလုံးကို ဖြတ်တောက်ဖို့အတွက် ရှိနေခဲ့တာဖြစ်ပါတယ်။

ရိုဒရီသာ စောစောစီးစီး ဘောလုံးပေးခဲ့ရင် ရာဖင်ညာ ဂိုးသွင်းယူသွားနိုင်ခဲ့မှာဖြစ်ပြီး ပွဲကလည်း တော်တော်လေး ကွဲပြားခြားနားခဲ့မှာဖြစ်ပါတယ်။ မန်စီးတီး သို့ လီဗာပူးလ်တို့နဲ့ ပွဲစဉ်မှာ ရမှတ် ရယူနိုင်တဲ့ သို့မဟုတ် ဂိုးသွင်းယူနိုင်တဲ့ဘယ်လိုအသင်းမဆို အခွင့်အရေး ရှိမယ်ဆိုရင် သို့မဟုတ် အခွင့်အရေး သေးသေးလေးရှိတယ်ဆိုရင်တောင် အရယူသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခွင့်အရေးရတုန်း မယူထားဘူးဆိုရင် အပြစ်ပေးခံရမှာကြောင့် ဖြစ်ပါတယ်။ ရိုဒရီ၊ အာကီ၊ ဂျေဆူးနဲ့ ဖာနန်ဒင်ညိုတို့က လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အပြစ်ပေးသူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

၅။ ရှုံးပွဲမရှိစံချိန် ကျိုးပျက်ပြီး ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်မယ့် မျှော်လင့်ချက်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် ကြိုးပမ်းနေတဲ့ ဧည့်သည်အသင်းကို ထိန်းသိမ်းဖို့ ခက်ခဲခဲ့ပြီး မန်စီးတီးက အခွင့်အရေးရလာရင် အဲဒီအခွင့်အရေးကို အရယူဖို့ လိုအပ်တဲ့ အရည်အသွေးတွေကို ပြသခဲ့ပါတယ်။ အထူးသဖြင့် တည်ကန်ဘောတွေကနေတဆင့် ရိုဒရီနဲ့ အာကီတိုရဲ့ သွင်းဂိုးတွေက လိဒ်စ်အတွက် ပေးဆပ်ရစေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ ဝေဖန်မှုတွေနဲ့ မထိုက်တန်ခဲ့ပေမယ့် စနေနေ့ရလဒ်ကြောင့် လိဒ်စ်ဟာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ခြေက စိတ်ချရတဲ့အနေအထားမှာ မရှိတော့တာဖြစ်ပါတယ်။

ဘန်လေအသင်းက တန်းဆင်းဖို့ ကျိန်းသေသလောက်ရှိနေတဲ့ ဝက်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ရှိခဲ့တာကြောင့် လိဒ်စ်ဟာ မန်စီးတီးနဲ့ မတွေ့ခင်ကတည်းက အဆင့် ၁၇ နေရာကို ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။ ဘန်လေအသင်းနဲ့ ရမှတ်တူနေပေမယ့်လည်း ဂိုးကွာခြားချက်က ၂ ဆလောက် ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ၃ ဂိုးပေးခဲ့ရတာက ဂိုးကွာခြားချက်ကို ပိုလို့တောင် ဆိုးရွားစေခဲ့ပြီး အဆင့် ၁၈ နေရာက အဲဗာတန်နဲ့ ၅ မှတ်ကွာနေပေမယ့် လမ်းပတ်ရဲ့အသင်းဟာ ၂ ပွဲလျော့နေတာဖြစ်ပါတယ်။ လိဒ်စ်အနေနဲ့ သီအိုရီအရတော့ တန်းဆင်းဇုန်ရဲ့အထက်မှာ လုံခြုံနေပေမယ့် ထိပ်ဆုံး ၄ နေရာထဲက အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ တွေ့ဆုံဖို့ ရှိနေသေးတာကြောင့် လုံခြုံစိတ်ချရတယ်လို့ ပြောဖို့က ခက်နေတာဖြစ်ပါတယ်။

၆။ ချေပဂိုးပြန်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် စီးတီးရဲ့ ခိုင်မာတဲ့ခံစစ်ကို တိုးမပေါက်တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်အသင်းဟာ တည်ကန်ဘောကနေ ဂိုးတွေပေးခဲ့ရပြီးနောက် အိမ်ကွင်းမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ ၃-၄-၃ နဲ့ ပွဲကို စတင်ခဲ့ပြီး ညာတောင်ပံတကြောကနေ မန်စီးတီးခံစစ်ကို စတင်ဖိအားပေးခဲ့ပါတယ်။ ဗဟိုခံစစ်အဖြစ် ပိုပြီးသက်တောင့်သက်သာ ကစားနိုင်တဲ့ နာသန် အာကီဟာ ဘယ်နောက်ခံအဖြစ် ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ဟာ မန်စီးတီးခံစစ်ကို မျှောထိုးပေးပို့မှုတွေနဲ့ ချိုးဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုးမပေါက်ခဲ့တာဖြစ်ပါတယ်။ ရူဘင် ဒီယက်စ်ရော လာပေါ့တ်ပါ အချိန်ကိုက် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး ဂန်ဒိုဝမ်ကလည်း အချိန်ကိုက် ကြားဝင်ဖျက်ထုတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီအပြင် ရိုဒရီဟာ မကြာခဏ ဗဟိုခံစစ် ၂ ဦးကြားမှာ နေရာဝင်ယူပြီး ခံစစ်ကို ပိုမို မာကျောစေခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ လူအင်အားများများနဲ့ ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပြီး ဂိုးသွင်းဖို့ အခွင့်အရေးအနည်းငယ် ဖန်တီးနိုင်ခဲ့ပါတယ်။ ဘယ်နောက်ခံတောင်ပံ ဖာပိုဟာ မန်စီးတီး ပင်နယ်တီဧရိယာထဲမှာ ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ရာဖင်ညာရဲ့ ဂိုးကန်သွင်းချက်ကလည်း မန်စီးတီးနောက်ခံလူတွေထဲက တစ်ဦးရဲ့ ပိတ်ဆို့ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဂရီးလစ်ရှ်ဟာ မန်စီးတီးအတွက် အဓိက ဖန်တီးမှု ပြုလုပ်သူအဖြစ် ဆက်လက်ရှိနေခဲ့ပြီး ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဒါးလက်စ်၊ အိုင်လင်းတို့နဲ့ အကြိတ်အနယ် တိုက်ပွဲဝင်ခဲ့ရပြီး ဒါးလက်စ်ဟာ ပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပေမယ့် ဂရီးလစ်ရှ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် ကံဆိုးစွာနဲ့ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

၇။ဒုတိယပိုင်းမှာ ဖျော်ဖြေမှုပေးပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ကို ပြသခဲ့တဲ့ မန်စီးတီး

မန်စီးတီးဟာ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၉ မိနစ်အကြာမှာပဲ ဒုတိယမြောက်ဂိုးကို ထောင့်ကန်ဘောကနေ သွင်းယူသွားခဲ့ပါတယ်။ ဒီယက်စ်က အာကီဆီကို ခေါင်းတိုက်ချပေးခဲ့ပြီး ဘယ်နောက်ခံကစားသမားအဖြစ် ပွဲထွက်လာတဲ့ အာကီက ဂိုးထဲကို အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးက ဧည့်သည်အသင်းအတွက်တော့ အနိုင်သေချာစေတဲ့ သွင်းဂိုးဖြစ်ခဲ့ပေမယ့် မန်စီးတီးဟာ ကစားအားမချဘဲ ဆက်လက် တိုက်စစ်ဆင်ခဲ့ပါတယ်။

စတားလင်းဟာ ဂရီးလစ်ရှ် ပင်ပန်းနွမ်းနယ်နေတဲ့ လက္ခဏာ စတင်ပြသလာခဲ့တာကြောင့် ညာတောင်ပံကနေတဆင့် ထိုးဖောက်မှုတွေ များစွာ ပြုလုပ်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ပြီးတဲ့နောက်မှာ အာကီရဲ့နေရာမှာ ဇင်ချန်ကို ကို ထည့်သွင်းကစားခဲ့ပြီး ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် အနားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ကလည်း တိုက်စစ်ဆင်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး မန်စီးတီးကွင်းဘက်ခြမ်းမှာ လူတွေ စုပြုံလာအောင် လုပ်နိုင်တဲ့အချိန်ကြရင် အန္တရာယ်ရှိတဲ့ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာဟာ ကွင်းလယ်စည်းနားကနေ အံ့အားသင့်ဖွယ် ပြေးလွှားမှု ပြုလုပ်ခဲ့ပြီး မန်စီးတီး ဂိုးပေါက်ကို ကန်သွင်းခဲ့ပေမယ့်လည်း ဘောလုံးကို ရူဘင် ဒီယက်စ်က အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်ဟာ မန်စီးတီးရဲ့ တန်ပြန်တိုက်စစ်တွေကို မခံနိုင်ခဲ့ပုံပေါ်ပြီး ဧည့်သည်အသင်းဟာ လိဒ်စ်အသင်း ပြန်လည်စုဖွဲ့ပြီး ချေပဂိုး မသွင်းနိုင်ခင်မှာပဲ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဖိုဒန်ဟာ ကွင်းလယ်စည်းနားကနေ ဘောလုံးကို ရယူခဲ့ပြီး ပြေးလွှားပြီးနောက် ဂျေဆူးဆီကို ဘောလုံး မျှောပေးခဲ့ရာမှာ ဘရာဇီးလ်သားက သေသေသပ်သပ်ပဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဘာနာဒို ဆေးလ်ဗားက ဖိုဒန်ရဲ့နေရာမှာ လူစားဝင်ခဲ့ပြီး ကန်ဆယ်လိုဆီကို အလွန်ကောင်းမွန်တဲ့ ပေးပို့မှုပြုလုပ်နိုင်ခဲ့ပေမယ့် ကန်သွင်းချက်ကို လိဒ်စ် ဂိုးသမား မက်ဆလီယာက ကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အိမ်ရှင်အသင်းရဲ့ ပထမဆုံးဂိုးကို ကန်ဆယ်လိုက ဂိုးစည်းပေါ်က ရှင်းထုတ်ပြီး ငြင်းပယ်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။ အီဒါဆင်ဟာ ဂျိုး ဂဲလ်ဟာ့ဒ်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို သတိရှိရှိ ကာကွယ်နိုင်ခဲ့ပြီး ရိုဒရီနေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဖာနန်ဒင်ညိုက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အားပါပြင်းထန်တဲ့ကန်ချက်နဲ့ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ဖိအားစမ္းသပ္မႈ ေနာက္ထပ္တစ္ႀကိမ္ ေအာင္ျမင္ခဲ့တဲ့ စီးတီး

လီဗာပူးလ္အသင္းက ပုံမွန္ေျခစြမ္း ရရွိေနတဲ့ နယူးကာဆယ္လ္ ယူနိုက္တက္ အိမ္ကြင္းမွာ ၁-၀ နဲ႔ အနိုင္ရရွိသြားခဲ့တာေၾကာင့္ မန္စီးတီးဟာ အဲလန္း႐ုဒ္ကို အမွတ္ေပးဇယား ဒုတိယေနရာက အသင္းအျဖစ္နဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။ မန္စီးတီးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ထိန္းခ်ဳပ္နိုင္ဖို႔အတြက္ မျဖစ္မေန အနိုင္ယူရမယ္ဆိုတာကို သိရွိေနခဲ့တာျဖစ္ၿပီး လိဒ္စ္ယူနိုက္တက္ဟာ နည္းၿပ ဂ်က္ဆီ မာ့ရွ္ ေရာက္လာၿပီးကတည္းက ၅ ပြဲအထိ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္စီးတီးအေနနဲ႔ အနိုင္ယူနိုင္ဖို႔အတြက္ ၎တို႔ရဲ့အရည္အေသြးေတြကို ထုတ္ျပဖို႔ လိုအပ္ခဲ့ၿပီး ဒီပြဲစဥ္ဟာ အမွားမခံတဲ့ ဆုဖလားၿပိဳင္ပြဲလမ္းေၾကာင္းေပၚမွာ ရွိတဲ့ပြဲတစ္ပြဲျဖစ္သလို ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ၂ ပြဲၾကားက ပြဲတစ္ပြဲလည္းျဖစ္တာေၾကာင့္ မန္စီးတီးအတြက္ ဖိအားေတြက လုံလုံေလာက္ေလာက္ရွိေနခဲ့ၿပီးျဖစ္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးလ္တ္ို႔ဟာ ျပည္တြင္းမွာေရာ ခ်န္ပီယံလိဂ္မွာပါ တစ္သင္းနဲ႔တစ္သင္း ဆက္လက္တိုက္ပြဲဝင္ေနၾကၿပီး ပရီးမီးယားလိဂ္ဖလားမွာ အနိုင္မခံအရႈံးမေပးကစားေနၾက႐ုံသာမကဘဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ေတြ႕ဆုံနိုင္ေျခက ရွိေနတာျဖစ္ပါတယ္။

၂။ ဖန္တီးမႈအားေကာင္းခဲ့တဲ့ ဖိုဒန္

ဖိုဒန္ရဲ့ ဖန္တီးနိုင္စြမ္း ေတာက္ပခဲ့မႈက ေနာက္ထပ္တစ္ႀကိမ္ ပြဲအေပၚမွာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိခဲ့တာျဖစ္ၿပီး ပထမပိုင္း အလြတ္တည္ကန္ေဘာကေန ခုတ္တင္ေပးပို႔မႈကို ရိုဒရီက ကယ္လ္ဗင္ ဖိလစ္ကို ေခါင္းေက်ာ္တိုက္ၿပီး မန္စီးတီးအတြက္ အဖြင့္ဂိုးကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ ဖိုဒန္ရဲ့ အလြတ္တည္ကန္ေဘာေတြဟာ ေနာက္ထပ္တစ္ႀကိမ္ လိဒ္စ္ယူနိုက္တက္ကို လဲၿပိဳက်ေစခဲ့ၿပီး ဒုတိယပိုင္းမွာ ကန္တင္ေပးခဲ့တဲ့ ေထာင့္ကန္ေဘာကေနတဆင့္ ႐ူဘင္ ဒီယက္စ္ရဲ့ေခါင္းတိုက္ခ်က္ကို အာကီက ပိတ္သြင္းယူၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တတိယဂိုးမွာလည္း ဖိုဒန္က ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး ဂါဘရီယယ္လ္ ေဂ်ဆူးက အေကာင္းဆုံး အဆုံးသတ္သြားနိုင္ခဲ့တျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ရိုဒရီ၊ ဂန္ဒိုဝမ္တို႔နဲ႔အတူ ကြင္းလယ္ဗဟိုကစားသမားအျဖစ္ ယခုရာသီ ၿပိဳင္ပြဲစုံ ၄ ႀကိမ္ေျမာက္ ပြဲထြက္ကစားသမားအျဖစ္ ပြဲထြက္လာခဲ့ၿပီး ဒီကာလအတြင္း သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ကူးပါးကို အားကိုးေနခဲ့ရတဲ့ လိဒ္စ္

လိဒ္စ္ယူနိုက္တက္ဟာ အသင္းေခါင္းေဆာင္ လီယန္ ကူးပါး ခံစစ္မွာ မပါဝင္ဘဲ ပြဲထြက္လာခဲ့ရၿပီး ၎မပါဝင္နိုင္မႈက ၆ ပြဲအတြင္း ပထမဆုံး ရႈံးပြဲကို ခံစားရေစခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ မန္စီးတီးလို ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ အားေကာင္းတဲ့ၿပိဳင္ဘက္ကို ရႈံးနိမ့္ခဲ့တာက ည့ံဖ်င္းလို႔ေတာ့မဟုတ္ေပမယ့္ ကူးပါးရဲ့ နာမည္ လူစာရင္းမွာ မပါဝင္လာတဲ့အခ်ိန္မွာေတာ့ လိဒ္စ္အတြက္ မန္စီးတီးကို ကိုင္တြယ္နိုင္ဖို႔ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ကူးပါးဟာ လိဒ္စ္ရဲ့ ေနာက္ဆုံး ၃ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးသူျဖစ္ၿပီး အဲဒီ ၃ ပြဲစလုံးမွာ လိဒ္စ္အေနနဲ႔ ၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ကူးပါး မပါတဲ့ပြဲနဲ႔ ပါတဲ့ပြဲက ရလဒ္ေတြက စကားေျပာေနခဲ့တာျဖစ္ပါတယ္။

ကူးပါး ပါဝင္ကစားေပးတဲ့အခါမွာ လိဒ္စ္ယူနိုက္တက္ဟာ ၁၈ ပြဲကေန ၂၁ မွတ္ရယူနိုင္ခဲ့ၿပီး တစ္ပြဲကို ၁.၁၇ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။ ကူးပါး မပါဝင္တဲ့အခ်ိန္မွာေတာ့ လိဒ္စ္ယူနိုက္တက္ဟာ ၁၆ ပြဲကေန ၁၃ မွတ္သာ ေျပာင္းလဲနိုင္ခဲ့ၿပီး တစ္ပြဲကို ၀.၈၁ မွတ္သာ ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ ကူးပါး ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ေတြမွာ လိဒ္စ္ဟာ တစ္ပြဲကို ၁.၂၈ ဂိုးသာ ခြင့္ျပဳခဲ့ေပမယ့္ မပါဝင္နိုင္တဲ့ပြဲစဥ္ေတြမွာေတာ့ တစ္ပြဲကို ၃ ဂိုးထက္ပိုၿပီး ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ တန္းဆင္းဇုန္နဲ႔ ၅ မွတ္အကြာ အဆင့္ ၁၇ မွာ ရပ္တည္ေနရတဲ့ လိဒ္စ္ယူနိုက္တက္အတြက္ေတာ့ တန္းဆင္းဇုန္ထဲကို မက်ခင္ ကူးပါး ျမန္ျမန္ ျပန္လည္ပါဝင္လာနိုင္ဖို႔ ဆုေတာင္းေနရေတာ့မွာျဖစ္ပါတယ္။

၄။ ေျခေခ်ာ္ခဲ့တဲ့ ရိုဒရီ၊ ကန္ဆယ္လို

လိဒ္စ္နဲ႔ မန္စီးတီးတို႔ရဲ့ပြဲစဥ္ဟာ အဖြင့္မိနစ္ေတြမွာ အိမ္ရွင္အသင္းက ပိုၿပီး အဆုံးသတ္ေကာင္းမြန္ၿပီး တိက်ခဲ့တာျဖစ္ၿပီး လိဒ္စ္ကို စီးတီးက အလြန္ေကာင္းမြန္တဲ့အခြင့္အေရး လက္ေဆာင္ေပးမိခဲ့တဲ့အခ်ိန္မွာ မယုံနိုင္ဖြယ္ ကြဲျပားျခားနားခဲ့တာျဖစ္ပါတယ္။ ရွားရွားပါးပါး ကန္ဆယ္လိုရဲ့ ေျခေခ်ာ္မႈက လိဒ္စ္တိုက္စစ္မႉး ရိုဒရီဂိုကို ဘယ္ေတာင္ပံကေန တန္ျပန္တိုက္စစ္ စတင္ခြင့္ေပးခဲ့ၿပီး အဲဒါက အဲလန္း႐ုဒ္က ပရိသတ္ေတြအတြက္ အံ့အားသင့္ဖြယ္ အေကာင္းျမင္စိတ္ေတြ ျပည့္ႏွက္ေစခဲ့ပါတယ္။ မန္စီးတီးရဲ့ ခံစစ္နဲ႔ ကြင္းလယ္ဟာ ေနာက္ျပန္ ေျပးဆင္းလာခဲ့ၾကၿပီး ရာဖင္ညာက ရိုဒရီဂိုဆီကေန ေဘာလုံးရယူဖို႔အတြက္ ပင္နယ္တီဧရိယာထဲကို အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈ ျပဳလုပ္ခဲ့ခ်ိန္မွာ စပိန္ကြင္းလယ္ကစားသမားဟာ ေဘာလုံးေပးပို႔မႈ ျပဳလုပ္ဖို႔ ႀကိဳးပမ္းရာမွာ အခ်ိန္အေတာ္ၾကာေနခဲ့တာျဖစ္ၿပီး ဂန္ဒိုဝမ္က ေဘာလုံးကို ျဖတ္ေတာက္ဖို႔အတြက္ ရွိေနခဲ့တာျဖစ္ပါတယ္။

ရိုဒရီသာ ေစာေစာစီးစီး ေဘာလုံးေပးခဲ့ရင္ ရာဖင္ညာ ဂိုးသြင္းယူသြားနိုင္ခဲ့မွာျဖစ္ၿပီး ပြဲကလည္း ေတာ္ေတာ္ေလး ကြဲျပားျခားနားခဲ့မွာျဖစ္ပါတယ္။ မန္စီးတီး သို႔ လီဗာပူးလ္တို႔နဲ႔ ပြဲစဥ္မွာ ရမွတ္ ရယူနိုင္တဲ့ သို႔မဟုတ္ ဂိုးသြင္းယူနိုင္တဲ့ဘယ္လိုအသင္းမဆို အခြင့္အေရး ရွိမယ္ဆိုရင္ သို႔မဟုတ္ အခြင့္အေရး ေသးေသးေလးရွိတယ္ဆိုရင္ေတာင္ အရယူသြားမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အခြင့္အေရးရတုန္း မယူထားဘူးဆိုရင္ အျပစ္ေပးခံရမွာေၾကာင့္ ျဖစ္ပါတယ္။ ရိုဒရီ၊ အာကီ၊ ေဂ်ဆူးနဲ႔ ဖာနန္ဒင္ညိဳတို႔က လိဒ္စ္ယူနိုက္တက္နဲ႔ပြဲစဥ္မွာ အျပစ္ေပးသူေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

၅။ ရႈံးပြဲမရွိစံခ်ိန္ က်ိဳးပ်က္ၿပီး ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္နိုင္မယ့္ ေမၽွာ္လင့္ခ်က္အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့တဲ့ လိဒ္စ္

လိဒ္စ္ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔အတြက္ ႀကိဳးပမ္းေနတဲ့ ဧည့္သည္အသင္းကို ထိန္းသိမ္းဖို႔ ခက္ခဲခဲ့ၿပီး မန္စီးတီးက အခြင့္အေရးရလာရင္ အဲဒီအခြင့္အေရးကို အရယူဖို႔ လိုအပ္တဲ့ အရည္အေသြးေတြကို ျပသခဲ့ပါတယ္။ အထူးသျဖင့္ တည္ကန္ေဘာေတြကေနတဆင့္ ရိုဒရီနဲ႔ အာကီတိုရဲ့ သြင္းဂိုးေတြက လိဒ္စ္အတြက္ ေပးဆပ္ရေစခဲ့ပါတယ္။ လိဒ္စ္ယူနိုက္တက္ရဲ့ စြမ္းေဆာင္ရည္ဟာ ေဝဖန္မႈေတြနဲ႔ မထိုက္တန္ခဲ့ေပမယ့္ စေနေန႔ရလဒ္ေၾကာင့္ လိဒ္စ္ဟာ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္နိုင္ေျခက စိတ္ခ်ရတဲ့အေနအထားမွာ မရွိေတာ့တာျဖစ္ပါတယ္။

ဘန္ေလအသင္းက တန္းဆင္းဖို႔ က်ိန္းေသသေလာက္ရွိေနတဲ့ ဝက္ဖို႔ဒ္ကို ၂-၁ နဲ႔ အနိုင္ရွိခဲ့တာေၾကာင့္ လိဒ္စ္ဟာ မန္စီးတီးနဲ႔ မေတြ႕ခင္ကတည္းက အဆင့္ ၁၇ ေနရာကို က်ဆင္းခဲ့ၿပီးျဖစ္ပါတယ္။ ဘန္ေလအသင္းနဲ႔ ရမွတ္တူေနေပမယ့္လည္း ဂိုးကြာျခားခ်က္က ၂ ဆေလာက္ ဆိုးရြားေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာ ၃ ဂိုးေပးခဲ့ရတာက ဂိုးကြာျခားခ်က္ကို ပိုလို႔ေတာင္ ဆိုးရြားေစခဲ့ၿပီး အဆင့္ ၁၈ ေနရာက အဲဗာတန္နဲ႔ ၅ မွတ္ကြာေနေပမယ့္ လမ္းပတ္ရဲ့အသင္းဟာ ၂ ပြဲေလ်ာ့ေနတာျဖစ္ပါတယ္။ လိဒ္စ္အေနနဲ႔ သီအိုရီအရေတာ့ တန္းဆင္းဇုန္ရဲ့အထက္မွာ လုံျခဳံေနေပမယ့္ ထိပ္ဆုံး ၄ ေနရာထဲက အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နဲ႔ ေတြ႕ဆုံဖို႔ ရွိေနေသးတာေၾကာင့္ လုံျခဳံစိတ္ခ်ရတယ္လို႔ ေျပာဖို႔က ခက္ေနတာျဖစ္ပါတယ္။

၆။ ေခ်ပဂိုးျပန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ စီးတီးရဲ့ ခိုင္မာတဲ့ခံစစ္ကို တိုးမေပါက္တဲ့ လိဒ္စ္

လိဒ္စ္ယူနိုက္တက္အသင္းဟာ တည္ကန္ေဘာကေန ဂိုးေတြေပးခဲ့ရၿပီးေနာက္ အိမ္ကြင္းမွာ ေခ်ပဂိုးေတြ ျပန္လည္သြင္းယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ပါတယ္။ လိဒ္စ္ယူနိုက္တက္ဟာ ၃-၄-၃ နဲ႔ ပြဲကို စတင္ခဲ့ၿပီး ညာေတာင္ပံတေၾကာကေန မန္စီးတီးခံစစ္ကို စတင္ဖိအားေပးခဲ့ပါတယ္။ ဗဟိုခံစစ္အျဖစ္ ပိုၿပီးသက္ေတာင့္သက္သာ ကစားနိုင္တဲ့ နာသန္ အာကီဟာ ဘယ္ေနာက္ခံအျဖစ္ ပြဲထြက္လာခဲ့ၿပီး ပထမပိုင္းမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ဟာ မန္စီးတီးခံစစ္ကို ေမၽွာထိုးေပးပို႔မႈေတြနဲ႔ ခ်ိဳးဖ်က္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ တိုးမေပါက္ခဲ့တာျဖစ္ပါတယ္။ ႐ူဘင္ ဒီယက္စ္ေရာ လာေပါ့တ္ပါ အခ်ိန္ကိုက္ ပိတ္ဆို႔မႈေတြ ျပဳလုပ္ခဲ့ၿပီး ဂန္ဒိုဝမ္ကလည္း အခ်ိန္ကိုက္ ၾကားဝင္ဖ်က္ထုတ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။အဲဒီအျပင္ ရိုဒရီဟာ မၾကာခဏ ဗဟိုခံစစ္ ၂ ဦးၾကားမွာ ေနရာဝင္ယူၿပီး ခံစစ္ကို ပိုမို မာေက်ာေစခဲ့တာျဖစ္ပါတယ္။

လိဒ္စ္ယူနိုက္တက္ဟာ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ လူအင္အားမ်ားမ်ားနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဂိုးသြင္းဖို႔ အခြင့္အေရးအနည္းငယ္ ဖန္တီးနိုင္ခဲ့ပါတယ္။ ဘယ္ေနာက္ခံေတာင္ပံ ဖာပိုဟာ မန္စီးတီး ပင္နယ္တီဧရိယာထဲမွာ ကန္သြင္းလိုက္တဲ့ ေဘာလုံးဟာ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့ၿပီး ရာဖင္ညာရဲ့ ဂိုးကန္သြင္းခ်က္ကလည္း မန္စီးတီးေနာက္ခံလူေတြထဲက တစ္ဦးရဲ့ ပိတ္ဆို႔ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ဂရီးလစ္ရွ္ဟာ မန္စီးတီးအတြက္ အဓိက ဖန္တီးမႈ ျပဳလုပ္သူအျဖစ္ ဆက္လက္ရွိေနခဲ့ၿပီး ဘယ္ေတာင္ပံကေန ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးပို႔နိုင္ခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ ဒါးလက္စ္၊ အိုင္လင္းတို႔နဲ႔ အႀကိတ္အနယ္ တိုက္ပြဲဝင္ခဲ့ရၿပီး ဒါးလက္စ္ဟာ ပထမပိုင္းမွာ အလြန္ေကာင္းမြန္ခဲ့ေပမယ့္ ဂရီးလစ္ရွ္နဲ႔ ထိခိုက္မိခဲ့ၿပီးေနာက္ ကံဆိုးစြာနဲ႔ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

၇။ဒုတိယပိုင္းမွာ ေဖ်ာ္ေျဖမႈေပးၿပီး ကမၻာ့ထိပ္တန္းအဆင့္ကို ျပသခဲ့တဲ့ မန္စီးတီး

မန္စီးတီးဟာ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၉ မိနစ္အၾကာမွာပဲ ဒုတိယေျမာက္ဂိုးကို ေထာင့္ကန္ေဘာကေန သြင္းယူသြားခဲ့ပါတယ္။ ဒီယက္စ္က အာကီဆီကို ေခါင္းတိုက္ခ်ေပးခဲ့ၿပီး ဘယ္ေနာက္ခံကစားသမားအျဖစ္ ပြဲထြက္လာတဲ့ အာကီက ဂိုးထဲကို အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးက ဧည့္သည္အသင္းအတြက္ေတာ့ အနိုင္ေသခ်ာေစတဲ့ သြင္းဂိုးျဖစ္ခဲ့ေပမယ့္ မန္စီးတီးဟာ ကစားအားမခ်ဘဲ ဆက္လက္ တိုက္စစ္ဆင္ခဲ့ပါတယ္။

စတားလင္းဟာ ဂရီးလစ္ရွ္ ပင္ပန္းႏြမ္းနယ္ေနတဲ့ လကၡဏာ စတင္ျပသလာခဲ့တာေၾကာင့္ ညာေတာင္ပံကေနတဆင့္ ထိုးေဖာက္မႈေတြ မ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။ ဂြါဒီယိုလာဟာ ၿပီးတဲ့ေနာက္မွာ အာကီရဲ့ေနရာမွာ ဇင္ခ်န္ကို ကို ထည့္သြင္းကစားခဲ့ၿပီး ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အနားေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ယူနိုက္တက္ကလည္း တိုက္စစ္ဆင္မႈေတြ ဆက္လက္ျပဳလုပ္ခဲ့ၿပီး မန္စီးတီးကြင္းဘက္ျခမ္းမွာ လူေတြ စုျပဳံလာေအာင္ လုပ္နိုင္တဲ့အခ်ိန္ၾကရင္ အႏၲရာယ္ရွိတဲ့ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ရာဖင္ညာဟာ ကြင္းလယ္စည္းနားကေန အံ့အားသင့္ဖြယ္ ေျပးလႊားမႈ ျပဳလုပ္ခဲ့ၿပီး မန္စီးတီး ဂိုးေပါက္ကို ကန္သြင္းခဲ့ေပမယ့္လည္း ေဘာလုံးကို ႐ူဘင္ ဒီယက္စ္က အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ ပိတ္ဆို႔နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လိဒ္စ္ဟာ မန္စီးတီးရဲ့ တန္ျပန္တိုက္စစ္ေတြကို မခံနိုင္ခဲ့ပုံေပၚၿပီး ဧည့္သည္အသင္းဟာ လိဒ္စ္အသင္း ျပန္လည္စုဖြဲ႕ၿပီး ေခ်ပဂိုး မသြင္းနိုင္ခင္မွာပဲ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဖိုဒန္ဟာ ကြင္းလယ္စည္းနားကေန ေဘာလုံးကို ရယူခဲ့ၿပီး ေျပးလႊားၿပီးေနာက္ ေဂ်ဆူးဆီကို ေဘာလုံး ေမၽွာေပးခဲ့ရာမွာ ဘရာဇီးလ္သားက ေသေသသပ္သပ္ပဲ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဘာနာဒို ေဆးလ္ဗားက ဖိုဒန္ရဲ့ေနရာမွာ လူစားဝင္ခဲ့ၿပီး ကန္ဆယ္လိုဆီကို အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈျပဳလုပ္နိုင္ခဲ့ေပမယ့္ ကန္သြင္းခ်က္ကို လိဒ္စ္ ဂိုးသမား မက္ဆလီယာက ကာကြယ္နိုင္ခဲ့ပါတယ္။ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ အိမ္ရွင္အသင္းရဲ့ ပထမဆုံးဂိုးကို ကန္ဆယ္လိုက ဂိုးစည္းေပၚက ရွင္းထုတ္ၿပီး ျငင္းပယ္ခဲ့ၿပီး လိဒ္စ္ယူနိုက္တက္ကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။ အီဒါဆင္ဟာ ဂ်ိဳး ဂဲလ္ဟာ့ဒ္ရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို သတိရွိရွိ ကာကြယ္နိုင္ခဲ့ၿပီး ရိုဒရီေနရာမွာ လူစားဝင္ကစားခဲ့တဲ့ ဖာနန္ဒင္ညိဳက ပင္နယ္တီဧရိယာအျပင္ဘက္ကေန အားပါျပင္းထန္တဲ့ကန္ခ်က္နဲ႔ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.