La Liga Premier League Transfer News

ပါေတးကို ဂန္ဒူဇီနဲ႔ လဲဖို႔ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမွဳကို တီကို ပယ္ခ်ထားၿပီး ဆက္လက္ေဆြးေႏြးေန

အာဆင္နယ္အသင္းဆီက ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ ကမ္းလွမ္းမွဳတစ္ခုကို ရရွိခဲ့တယ္လို႔ စပိန္ကလာတဲ့ သတင္းေတြအရ သိရၿပီး ေျမာက္လန္ဒန္သားေတြရဲ႕ လူငယ္ကစားသမား မက္တီယို ဂန္ဒူဇီနဲ႔ ေပါင္သန္းအနည္းငယ္နဲ႔ ကမ္းလွမ္းမွဳကို အက္သလက္တီကို မက္ဒရစ္အသင္းက ကနဦးအေနနဲ႔ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

အသင္းကေန ထြက္ခြာခ်င္ေနတဲ့ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမွဳက အက္သလက္တီကိုအတြက္ မူအားျဖင့္ေတာ့ သေဘာတူညီခ်င္စရာျဖစ္တယ္လို႔ သိရၿပီး ကစားသမားေတြအတြက္ တန္ဖိုးျဖတ္မွဳေတြမွာသာ အျမင္နဲ႔ ေဈးကြက္ေပါက္ေဈး သတ္မွတ္မွဳမွာ ကြာျခားေနခဲ့တာလည္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ ဂန္ဒူဇီကို ယူ႐ိုသန္း ၄၀ ကေန ၄၅ သန္းၾကား သတ္မွတ္ထားခဲ့တာကို စပိန္ၿမဳိ႕ေတာ္ရဲ႕ ဒုတိယအႀကီးဆုံးကလပ္အသင္းဘက္က လက္မခံႏုိင္ဘဲျဖစ္ေနၿပီး ဒီျပင္သစ္ယူ-၂၁ ကစားသမားဟာ ယူ႐ို ၂၅ သန္းကေန သန္း ၃၀ ၾကားသာ တန္တယ္လို႔ အေၾကာင္းျပန္ၾကားထားခဲ့ပါတယ္။

ယူ႐ိုသန္း ၅၀ နဲ႔ စာခ်ဳပ္ေလ်ာ္ေၾကးထည့္သြင္းထားၿပီး အေလာတႀကီး ေရာင္းခ်စရာမလိုတဲ့ ဂါနာကြင္းလယ္လူအတြက္ အက္သလက္တီကိုတုိ႔အေနနဲ႔ ဂန္ဒူဇီအျပင္ကို ယူ႐ိုသန္း ၂၀ ေက်ာ္ အလုိက္ေပးေစလိုေနတယ္လို႔ နီးစပ္ရာအသိုင္းအဝိုင္းကလည္း ထုတ္ေဖာ္ထားၿပီး ေငြေၾကးစိစစ္သုံးစြဲရမယ့္ အာဆင္နယ္အတြက္ေတာ့ စဥ္းစားစရာျဖစ္ေနခဲ့ေပမယ့္ ညႇိႏွဳိင္းေဆြးေႏြးမွဳေတြကေတာ့ ေရွ႕ဆက္ေနဆဲလုိ႔ ဆိုပါတယ္။

အာဆင္နယ္ဘက္ကေတာ့ ကစားသမားအလဲအထပ္နဲ႔ဆိုရင္ ယူ႐ို ၁၀ သန္းဝန္းက်င္သာ အသုံးျပဳသြားမယ့္ အေနအထားလည္းရွိေနသလို စပိန္ ကလပ္အသင္းဘက္က စိတ္ဝင္စားေနတဲ့ တျခားကစားသမားတစ္ေယာက္ျဖစ္တဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကိုပဲ ေျပာင္းလဲအသုံးျပဳမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ရွိသတင္းကိုေတာ့ စပိန္ ES Radio ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ ဗီႏူဆာက ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္တယ္လုိ႔ သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းဆီက ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် ကမ်းလှမ်းမှုတစ်ခုကို ရရှိခဲ့တယ်လို့ စပိန်ကလာတဲ့ သတင်းတွေအရ သိရပြီး မြောက်လန်ဒန်သားတွေရဲ့ လူငယ်ကစားသမား မက်တီယို ဂန်ဒူဇီနဲ့ ပေါင်သန်းအနည်းငယ်နဲ့ ကမ်းလှမ်းမှုကို အက်သလက်တီကို မက်ဒရစ်အသင်းက ကနဦးအနေနဲ့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသင်းကနေ ထွက်ခွာချင်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူအတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက အက်သလက်တီကိုအတွက် မူအားဖြင့်တော့ သဘောတူညီချင်စရာဖြစ်တယ်လို့ သိရပြီး ကစားသမားတွေအတွက် တန်ဖိုးဖြတ်မှုတွေမှာသာ အမြင်နဲ့ ဈေးကွက်ပေါက်ဈေး သတ်မှတ်မှုမှာ ကွာခြားနေခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂန်ဒူဇီကို ယူရိုသန်း ၄၀ ကနေ ၄၅ သန်းကြား သတ်မှတ်ထားခဲ့တာကို စပိန်မြို့တော်ရဲ့ ဒုတိယအကြီးဆုံးကလပ်အသင်းဘက်က လက်မခံနိုင်ဘဲဖြစ်နေပြီး ဒီပြင်သစ်ယူ-၂၁ ကစားသမားဟာ ယူရို ၂၅ သန်းကနေ သန်း ၃၀ ကြားသာ တန်တယ်လို့ အကြောင်းပြန်ကြားထားခဲ့ပါတယ်။

ယူရိုသန်း ၅၀ နဲ့ စာချုပ်လျော်ကြေးထည့်သွင်းထားပြီး အလောတကြီး ရောင်းချစရာမလိုတဲ့ ဂါနာကွင်းလယ်လူအတွက် အက်သလက်တီကိုတို့အနေနဲ့ ဂန်ဒူဇီအပြင်ကို ယူရိုသန်း ၂၀ ကျော် အလိုက်ပေးစေလိုနေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းကလည်း ထုတ်ဖော်ထားပြီး ငွေကြေးစိစစ်သုံးစွဲရမယ့် အာဆင်နယ်အတွက်တော့ စဉ်းစားစရာဖြစ်နေခဲ့ပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကတော့ ရှေ့ဆက်နေဆဲလို့ ဆိုပါတယ်။

အာဆင်နယ်ဘက်ကတော့ ကစားသမားအလဲအထပ်နဲ့ဆိုရင် ယူရို ၁၀ သန်းဝန်းကျင်သာ အသုံးပြုသွားမယ့် အနေအထားလည်းရှိနေသလို စပိန် ကလပ်အသင်းဘက်က စိတ်ဝင်စားနေတဲ့ တခြားကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုပဲ ပြောင်းလဲအသုံးပြုမလား စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိသတင်းကိုတော့ စပိန် ES Radio ရဲ့ ဂျာနယ်လစ် ဒေးဗစ် ဗီနူဆာက ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.