Premier League Serie A Transfer News

ဒီဘားလားကို စိတ်မကျေပွဲနွှဲမယ့် အာဆင်နယ်နဲ့ အပြိုင်လုမယ့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေဟာ ဂျူဗင်တပ်စ်အသင်းနဲ့ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့ ဆက်သွယ်စုံစမ်းနေခဲ့ကြပြီး အပြိုင်အဆိုင် ကြိုးစားမှုတွေ ရှိနေတယ်လို့ အီတလီက လာတဲ့ သတင်းတွေအရ သိရပါတယ်။

လာမယ့်နွေရာသီမှာ အသင်းကို အင်အားဖြည့်ပြင်ဆင်ကြမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်းအနေနဲ့ သူတို့တွေရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းဖို့ရော ဖန်တီးဖို့ပါ အားကိုးရမယ့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးကို အားကိုးဖို့ ပြင်ဆင်ထားပြီး ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟတ်ရော အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကပါ မျက်စိကျနေကြတာပါ။

ဂျူဗင်တပ်စ်အသင်းနဲ့ တူရင်မှာ ၇ ရာသီ ဖြတ်သန်းခဲ့အပြီး စီးရီးအေချန်ပီယံ ၅ ကြိမ်အပြင် ဆုဖလားပေါင်း ၁၂ လုံးကို ပိုင်ဆိုင်ထားခဲ့တဲ့ ပိုလန်နွယ်ဖွား တိုက်စစ်မှူးအနေနဲ့ ရာသီကုန်မှာတော့ အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီး ၂၀၁၅ ခုနှစ်က ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို ပြန်လည်အသက်သွင်းလာခဲ့တာဖြစ်ပါတယ်။

စီးရီးအေနဲ့ အီတလီမြေက မထွက်ရဲခဲ့လို့ ပါလာမိုကနေ ပြောင်းရွှေ့စဉ်မှာ အာဆင်နယ်နဲ့ တော်တော်လေး ထိတွေ့ခဲ့ပြီးမှ နောက်ပြန်လှည့်ပြီး ဂျူဗီဆီ ရောက်သွားခဲ့တဲ့ ဒီဘားလားကို အဲ့ဒီတုန်းက ဂန်းနားပရိသတ်တွေက တော်တော်လေး စိတ်ပျက်ခဲ့ကြရဖူးပြီး လက်ရှိမှာတော့ ရောက်လာမယ်ဆိုရင် နွေးနွေးထွေးထွေး ကြိုဆိုကြမလား စောင့်ကြည့်ရမှာပါ။

မန်ယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟတ်ကတော့ အသင်းရဲ့ တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပြင် အသင်းကို အမှန်တကယ် အကျိုးမပြုဘဲ ညာကစားနေကြတဲ့ ရှေ့တန်းကစားသမားတွေကိုလည်း ရှင်းထုတ်သွားဖို့ ရှိနေပြီး ဒီထဲမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်ထော်နီ မာစီယယ်လ်တို့ ထိပ်ဆုံးက ပါဝင်နေချိန်မှာ သူ့ရဲ့ အိုင်းယက်စ်လူဟောင်းတွေနဲ့ ဒီဘားလားကို တွဲပေးဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။

ဒီဘားလားကို အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့အပြင် ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာဟောင်း ဖာဘီယို ပါရာတီချီ ကိုင်တွယ်နေတဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းကလည်း စိတ်ဝင်စားနေခဲ့ပြီး သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချနိုင်ဖို့ ချောင်းနေခဲ့သလို စပိန် ကလပ်အသင်းတွေကလည်း စောင့်ကြည့်နေခဲ့တာပါ။

အာဆင်နယ်တို့ကတော့ သူတို့ရဲ့ ဂျင်းကောင် နီကိုလာ ပေပေကို ဒီနွေရာသီမှာ အသင်းက ထွက်ခိုင်းဖို့အတွက် သက်ဆိုင်သူတွေနဲ့ စကားပြောဖို့ ရှိနေခဲ့ပြီး တိုက်စစ်မှာရော တောင်ပံတွေမှာပါ ကြိုက်သလို နေရာချထားနိုင်တဲ့ ဒီဘားလားကို ခြေစွမ်းအရရော အတွေ့အကြုံအရပါ အားကိုးနိုင်ဖို့ အလိုရှိနေလို့ မန်ချက်စတာယူနိုက်တက်နဲ့ အဓိက လုရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အာဂ်င္တီးနား တိုက္စစ္မႉး ေပၚလို ဒီဘားလားကို ေခၚယူဖို႔ ဆက္သြယ္စုံစမ္းေနခဲ့ၾကၿပီး အၿပိဳင္အဆိုင္ ႀကိဳးစားမႈေတြ ရွိေနတယ္လို႔ အီတလီက လာတဲ့ သတင္းေတြအရ သိရပါတယ္။

လာမယ့္ေႏြရာသီမွာ အသင္းကို အင္အားျဖည့္ျပင္ဆင္ၾကမယ့္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ႏွစ္သင္းအေနနဲ႔ သူတို႔ေတြရဲ႕ တိုက္စစ္ပိုင္းမွာ ဂိုးသြင္းဖို႔ေရာ ဖန္တီးဖို႔ပါ အားကိုးရမယ့္ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို အားကိုးဖို႔ ျပင္ဆင္ထားၿပီး ယူႏိုက္တက္ရဲ႕ နည္းျပသစ္ျဖစ္လာမယ့္ အဲရစ္ တန္ဟတ္ေရာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကပါ မ်က္စိက်ေနၾကတာပါ။

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ တူရင္မွာ ၇ ရာသီ ျဖတ္သန္းခဲ့အၿပီး စီးရီးေအခ်န္ပီယံ ၅ ႀကိမ္အျပင္ ဆုဖလားေပါင္း ၁၂ လုံးကို ပိုင္ဆိုင္ထားခဲ့တဲ့ ပိုလန္ႏြယ္ဖြား တိုက္စစ္မႉးအေနနဲ႔ ရာသီကုန္မွာေတာ့ အသင္းနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီး ၂၀၁၅ ခုႏွစ္က ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ စိတ္ဝင္စားမႈေတြကို ျပန္လည္အသက္သြင္းလာခဲ့တာျဖစ္ပါတယ္။

စီးရီးေအနဲ႔ အီတလီေျမက မထြက္ရဲခဲ့လို႔ ပါလာမိုကေန ေျပာင္းေ႐ႊ႕စဥ္မွာ အာဆင္နယ္နဲ႔ ေတာ္ေတာ္ေလး ထိေတြ႕ခဲ့ၿပီးမွ ေနာက္ျပန္လွည့္ၿပီး ဂ်ဴဗီဆီ ေရာက္သြားခဲ့တဲ့ ဒီဘားလားကို အဲ့ဒီတုန္းက ဂန္းနားပရိသတ္ေတြက ေတာ္ေတာ္ေလး စိတ္ပ်က္ခဲ့ၾကရဖူးၿပီး လက္ရွိမွာေတာ့ ေရာက္လာမယ္ဆိုရင္ ေႏြးေႏြးေထြးေထြး ႀကိဳဆိုၾကမလား ေစာင့္ၾကည့္ရမွာပါ။

မန္ယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟတ္ကေတာ့ အသင္းရဲ႕ တိုက္စစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအျပင္ အသင္းကို အမွန္တကယ္ အက်ိဳးမျပဳဘဲ ညာကစားေနၾကတဲ့ ေရွ႕တန္းကစားသမားေတြကိုလည္း ရွင္းထုတ္သြားဖို႔ ရွိေနၿပီး ဒီထဲမွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အန္ေထာ္နီ မာစီယယ္လ္တို႔ ထိပ္ဆုံးက ပါဝင္ေနခ်ိန္မွာ သူ႔ရဲ႕ အိုင္းယက္စ္လူေဟာင္းေတြနဲ႔ ဒီဘားလားကို တြဲေပးဖို႔ ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။

ဒီဘားလားကို အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔အျပင္ ဂ်ဴဗင္တပ္စ္အသင္း အားကစားဒါ႐ိုက္တာေဟာင္း ဖာဘီယို ပါရာတီခ်ီ ကိုင္တြယ္ေနတဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကလည္း စိတ္ဝင္စားေနခဲ့ၿပီး သူတို႔ရဲ႕ ရင္းႏွီးတဲ့ ဆက္ဆံေရးကို အသုံးခ်ႏိုင္ဖို႔ ေခ်ာင္းေနခဲ့သလို စပိန္ ကလပ္အသင္းေတြကလည္း ေစာင့္ၾကည့္ေနခဲ့တာပါ။

အာဆင္နယ္တို႔ကေတာ့ သူတို႔ရဲ႕ ဂ်င္းေကာင္ နီကိုလာ ေပေပကို ဒီေႏြရာသီမွာ အသင္းက ထြက္ခိုင္းဖို႔အတြက္ သက္ဆိုင္သူေတြနဲ႔ စကားေျပာဖို႔ ရွိေနခဲ့ၿပီး တိုက္စစ္မွာေရာ ေတာင္ပံေတြမွာပါ ႀကိဳက္သလို ေနရာခ်ထားႏိုင္တဲ့ ဒီဘားလားကို ေျခစြမ္းအရေရာ အေတြ႕အႀကဳံအရပါ အားကိုးႏိုင္ဖို႔ အလိုရွိေနလို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဓိက လုရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.