Premier League

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ်ရာသီဟာ တဖြည်းဖြည်းနဲ့ အဆုံးသတ်ဖို့ နီးကပ်လာနေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးတော့မှာဖြစ်လို့ အသင်းတွေအနေနဲ့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ဖြစ်လာဖို့အတွက် လုပ်ဖို့ လိုအပ်တာ ဘာလဲဆိုတာကို လက်ရှိမှာတော့ အတိအကျ သိနေကြပြီဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဟာ လက်ရှိအချိန်အထိတော့ ကွဲပြားခြားနားတဲ့အဆင့်အတန်းမှာ ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံဖွယ်ရှိတယ်လို့ မျှော်မှန်းရပါတယ်။

အာဆင်နယ်အသင်းကတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ တန်းဆင်းဇုန်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး လိဒ်စ်၊ ဘန်လေ၊ အဲဗာတန်တို့ဟာ ပရီးမီးယားလိဂ်မှာ ရှင်ကျန်နိုင်ရေးအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်နေကြပြီး ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နယူးကာဆယ် vs လီဗာပူးလ်
နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားတဲ့ နယူးကာဆယ်လ်အသင်းဟာ ယခုအပတ်မှာတော့ ထိပ်တန်းစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်ဟာ နယူးကာဆယ်လ်အနေနဲ့ ခြေစွမ်း ဘယ်လောက်တက်လာလဲ၊ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို အဖြေပေးသွားမှာဖြစ်ပါတယ်။ ကလော့ပ်အနေနဲ့ ဒီအပတ်မှာ အသင်းလူစာရင်းကို အလှည့်ကျပုံစံနဲ့ ပွဲထွက်လာခဲ့ရင် အံ့အားသင့်မိမှာဖြစ်ပြီး ဗီလာရီးရဲလ်ဟာ ပြီးခဲ့တဲ့ ပထမအကျော့မှာ လီဗာပူးလ်ကို မယှဉ်နိုင်ခဲ့တာကြောင့် လာမယ့်အပတ်မှာလည်း ၃ ဂိုးအထိ သွင်းနိုင်မှာမဟုတ်ပါဘူး။ လီဗာပူးလ်အနေနဲ့ အဲဒီပွဲစဉ်ကို အရှုံးကစားလို့ရနိုင်ပေမယ့်လည်း နယူးကာဆယ်လ်နဲ့ပွဲမှာတော့ ရမှတ်လျော့ကျလို့ မရတာဖြစ်ပါတယ်။ လီဗာပူးလ်အတွက်တော့ မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်ဖြစ်ပြီး နယူးကာဆယ်လ်ကတော့ ဘယ်လိုမှ ရလဒ်ကောင်း ရယူနိုင်မှာမဟုတ်ပါဘူး။ ခန့်မှန်းရလဒ်(နယူးကာဆယ် ၁-၃ လီဗာပူးလ်)

ဝက်ဖို့ဒ် vs ဘန်လေ
ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီး အဲဗာတန်အသင်းကလည်း ဒီပွဲကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ သရေကစားနိုင်ခဲ့ပြီး နိုင်ပွဲ ၂ ပွဲအထိ ရယူထားနိုင်ခဲ့တာကြောင့် ဒီပွဲကိုသာ အနိုင်ရခဲ့ရင် အဲဗာတန်အတွက်တော့ ဖိအားက ပိုများလာမှာဖြစ်ပါတယ်။ ဝက်ဖို့ဒ်ဟာ ဒီရာသီမှာ အခွင့်အရေးအများကြီး ဖြုန်းတီးခဲ့ပြီး ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲများစွာ ဆက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဝက်ဖို့ဒ်အတွက် အနိုင်ရလဒ်မမြင်မိဘဲ တန်းဆင်းဇုန်အထက်က ဘန်လေနဲ့ ၉ မှတ်အထိ ကွာဟနေတာဖြစ်တာကြောင့် တန်းမဆင်းရဖို့ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ဒီလမှာ ပွဲကောင်းအချို့ ပိုင်ဆိုင်ခဲ့ပြီး ဝက်ဖို့ဒ်ကိုသာ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အမှန်တကယ်မထိုက်တန်လို့သာ ဖြစ်မှာဖြစ်ပါတယ်။ ဘန်လေအတွက်တော့ မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ခန့်မှန်းပွဲရလဒ်(ဝက်ဖို့ဒ် ၀-၁ ဘန်လေ)

ဆောက်သမ်တန် vs ခရစ္စတယ် ပဲလေ့စ်
ဒီပွဲဟာ တစ်သင်းနဲ့ တစ်သင်း အားစမ်းကြတဲ့ပွဲစဉ်ဖြစ်ပြီး ဘာမှ ထူးမလာနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ ဘာအတွက်နဲ့မှ ကစားစရာမရှိတော့တာကြောင့် ကိုယ်ဘာကောင်လဲ၊ သူဘာကောင်လဲဆိုတာကို ထုတ်ပြရမယ့်ပွဲစဉ်သာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ခန့်မှန်းပွဲရလဒ်(ဆောက်သမ်တန် ၂-၂ ခရစ္စတယ်ပဲလေ့စ်)

အက်စတန်ဗီလာ vs နောဝစ်ချ်
အက်စတန်ဗီလာဟာ လက်ရှိမှာ ရုန်းကန်နေရပြီး ဒီပွဲကိုသာ မနိုင်ဘူးဆိုရင် ၆ ပွဲအထိ နိုင်ပွဲမရတဲ့စံချိန်ဆိုးကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ နောဝစ်ချ်နဲ့ပွဲမှာ ဗီလာအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး နောဝစ်ချ်ဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်လ်ရဲ့ အမဲဖျက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အက်စတန် ဗီလာဟာ ဒီအပတ်မှာ ပွဲကြီးပွဲကောင်းတစ်ပွဲ ကစားသွားရမှာဖြစ်ပြီး နောဝစ်ချ်နဲ့ပွဲမှာ နိုင်ပွဲ ပြန်ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခန့်မှန်းပွဲရလဒ်(အက်စတန် ဗီလာ ၃-၀ နောဝစ်ချ်)

ဝုလ်ဗ်စ် vs ဘရိုက်တန်
ဒီပွဲစဉ်မှာတော့ သွင်းဂိုးအနည်းငယ်ရှိနေမယ်လို့ ထင်ရပြီး ၂ သင်းကြား အများကြီး ကွာဟချက်မရှိတာကြောင့် ပွဲကြပ်တစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ ဝုလ်ဗ်စ်ဟာ မကြာသေးမီက ခြေစွမ်းကျဆင်းနေပြီး ဘရိုက်တန်ကတော့ ပုံမှန်ခြေ နည်းနည်း ပြန်ရနေခဲ့ပါတယ်။ ခန့်မှန်းပွဲရလဒ်(ဝုလ်ဗ်စ် ၁-၁ ဘရိုက်တန်)

လိဒ်စ် vs မန်ချက်စတာစီးတီး
လာမယ့်အပတ် အကြီးမားဆုံးပွဲစဉ်မှာတောင် မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းကို ခန့်မှန်းလို့မရနိုင်လောက်အောင်အထိ ၎င်းတို့ရဲ့ လူစာရင်းက ကြီးမားလွန်းနေပါတယ်။ မန်ချက်စတာစီးတီးအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ပြဿနာများများစားစားရှိမယ်လို့ မထင်ဘဲ ဒီပွဲစဉ်မှာလည်း အနိုင်ကလွဲပြီး ဘာမှမမြင်မိပါဘူး။ လီဗာပူးလ်အသင်းကလည်း သူတို့ရဲ့ ပွဲစဉ်ကို အနိုင်ယူသွားမှာဖြစ်တာကြောင့် မန်စီးတီးအတွက်လည်း အမှားခံလို့မရတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ လိဒ်စ်ဟာ နည်းပြသစ် ရောက်ရှိလာပြီးကတည်းက အနိုင်ယူဖို့ အခက်ခဲဆုံးအသင်းဖြစ်နေခဲ့တာဖြစ်ပေမယ့် မန်စီးတီးကိုတော့ တားဆီးနိုင်မယ့်ပုံမပေါ်ပါဘူး။ ခန့်မှန်းပွဲရလဒ် (လိဒ်စ် ၀-၃ မန်ချက်စတာစီးတီး)

တော့တင်ဟမ်ဟော့စပါး vs လက်စတာစီးတီး
လက်စတာစီးတီးရဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင် ဒီပွဲက သိပ်တော့ စိတ်ဝင်စားစရာကောင်းတဲ့ပွဲတော့ ဖြစ်မှာမဟုတ်ပါဘူး။ လက်စတာစီးတီးဟာ ကြာသပတေးနေ့ညက ရိုးမားနဲ့ ကစားခဲ့တဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး နောက်အပတ် ကြာသပတေးနေ့ ရောမမှာ အနိုင်ယူဖို့ကိုပဲ အာရုံစိုက်နေမှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ဟာရီ ကိန်းရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေဆဲဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်အတွက်တော့ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ပြီး အနိုင်ရသွားမယ်လို့ မျှော်လင့်မိပါတယ်။ လက်စတာစီးတီးဟာ ဥရောပပွဲစဉ်ကိုသာ အာရုံစိုက်နေမှာဖြစ်တာကြောင့် စပါးစ်ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။ ခန့်မှန်းပွဲရလဒ်(တော့တင်ဟမ်ဟော့စပါး ၃-၀ လက်စတာစီးတီး)

အဲဗာတန် vs ချဲလ်ဆီး
ဒီပွဲဟာ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဘန်လေအသင်းသာ အနိုင်ရသွားရင် အဲဗာတန်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မတိုင်ခင် ၄ မှတ်အထိ ကွာဟသွားတော့မှာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လီဗာပူးလ်နဲ့ပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒီအပတ်မှာတော့ ရလဒ်ကောင်းရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကြာသပတေးနေ့ညက မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ်သာ ရယူနိုင်ခဲ့ပြီး အဲဗာတန်အသင်းအနေနဲ့ ဒီပွဲစဉ်မှာ ရနိုင်သမျှ ရမှတ်တွေကို ရယူဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။ ခန့်မှန်းပွဲရလဒ်(အဲဗာတန် ၁-၁ ချဲလ်ဆီး)

ဝက်စ်ဟမ်း vs အာဆင်နယ်
ဝက်စ်ဟမ်းရဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်က ပွဲချဉ်းကပ်ပုံဟာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး အကောင်းဆုံးကစားသမားတွေထဲက ၃ ဦးကို ယူရိုပါလိဂ်ပွဲစဉ်အတွက် ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းဟာ ကြာသပတေးနေ့ညက ဖရန့်ဖွတ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် အာဆင်နယ်အတွက်တော့ ပြီးပြည့်စုံတဲ့ အချိန်ဖြစ်လာပြီဖြစ်ပါတယ်။ အနားသိပ်မရဘဲ ကစားနေတဲ့ ဝက်စ်ဟမ်းအတွက်တော့ အာဆင်နယ်ဆီကနေ ရမှတ် ရယူနိုင်စရာအကြောင်းမရှိဘဲ အာတီတာရဲ့ လူငယ်အစုအဖွဲ့ကပဲ အောင်ပွဲဆင်သွားပါလိမ့်မယ်။ခန့်မှန်းပွဲရလဒ်(ဝက်စ်ဟမ်း ၀-၂ အာဆင်နယ်)

မန်ချက်စတာယူနိုက်တက် vs ဘရန့်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးအသင်းနဲ့ကစားခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်မှာ ရော်နယ်လ်ဒို ကယ်တင်ခဲ့လို့သာ သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်အသင်းကလည်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး ပုံမှန်ခြေစွမ်းရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘရန့်တ်ဖို့ဒ်ဟာ ဒီပွဲကို အနိုင်ရဖို့ မျှော်မှန်းပြီး ယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ခန့်မှန်းပွဲရလဒ် (မန်ချက်စတာယူနိုက်တက် ၂-၂ ဘရန့်တ်ဖို့ဒ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ရာသီဟာ တျဖည္းျဖည္းနဲ႔ အဆုံးသတ္ဖို႔ နီးကပ္လာေနၿပီျဖစ္ၿပီး လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း ၿပီးဆုံးေတာ့မွာျဖစ္လို႔ အသင္းေတြအေနနဲ႔ ၎တို႔ရဲ႕ရည္မွန္းခ်က္အတိုင္း ျဖစ္လာဖို႔အတြက္ လုပ္ဖို႔ လိုအပ္တာ ဘာလဲဆိုတာကို လက္ရွိမွာေတာ့ အတိအက် သိေနၾကၿပီျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ လက္ရွိအခ်ိန္အထိေတာ့ ကြဲျပားျခားနားတဲ့အဆင့္အတန္းမွာ ရွိေနခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေတြ႕ဆုံဖြယ္ရွိတယ္လို႔ ေမွ်ာ္မွန္းရပါတယ္။

အာဆင္နယ္အသင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ယူၿပီး ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔ ေနာက္ထပ္ေျခလွမ္းတစ္လွမ္း လွမ္းႏိုင္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ႀကီးမားတဲ့ စမ္းသပ္မႈနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ တန္းဆင္းဇုန္မွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနၿပီး လိဒ္စ္၊ ဘန္ေလ၊ အဲဗာတန္တို႔ဟာ ပရီးမီးယားလိဂ္မွာ ရွင္က်န္ႏိုင္ေရးအတြက္ ေရကုန္ေရခမ္း တိုက္ပြဲဝင္ေနၾကၿပီး ယခုအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြက္ ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

နယူးကာဆယ္ vs လီဗာပူးလ္
ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲအထိ အႏိုင္ရထားတဲ့ နယူးကာဆယ္လ္အသင္းဟာ ယခုအပတ္မွာေတာ့ ထိပ္တန္းစြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဒီပြဲစဥ္ဟာ နယူးကာဆယ္လ္အေနနဲ႔ ေျခစြမ္း ဘယ္ေလာက္တက္လာလဲ၊ ဘယ္ေလာက္အထိ လုပ္ႏိုင္မလဲဆိုတာကို အေျဖေပးသြားမွာျဖစ္ပါတယ္။ ကေလာ့ပ္အေနနဲ႔ ဒီအပတ္မွာ အသင္းလူစာရင္းကို အလွည့္က်ပုံစံနဲ႔ ပြဲထြက္လာခဲ့ရင္ အံ့အားသင့္မိမွာျဖစ္ၿပီး ဗီလာရီးရဲလ္ဟာ ၿပီးခဲ့တဲ့ ပထမအေက်ာ့မွာ လီဗာပူးလ္ကို မယွဥ္ႏိုင္ခဲ့တာေၾကာင့္ လာမယ့္အပတ္မွာလည္း ၃ ဂိုးအထိ သြင္းႏိုင္မွာမဟုတ္ပါဘူး။ လီဗာပူးလ္အေနနဲ႔ အဲဒီပြဲစဥ္ကို အရႈံးကစားလို႔ရႏိုင္ေပမယ့္လည္း နယူးကာဆယ္လ္နဲ႔ပြဲမွာေတာ့ ရမွတ္ေလ်ာ့က်လို႔ မရတာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ေတာ့ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲစဥ္ျဖစ္ၿပီး နယူးကာဆယ္လ္ကေတာ့ ဘယ္လိုမွ ရလဒ္ေကာင္း ရယူႏိုင္မွာမဟုတ္ပါဘူး။ ခန႔္မွန္းရလဒ္(နယူးကာဆယ္ ၁-၃ လီဗာပူးလ္)

ဝက္ဖို႔ဒ္ vs ဘန္ေလ
ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္ၿပီး အဲဗာတန္အသင္းကလည္း ဒီပြဲကို ေစာင့္ၾကည့္ေနမွာျဖစ္ပါတယ္။ ဘန္ေလအသင္းဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ သေရကစားႏိုင္ခဲ့ၿပီး ႏိုင္ပြဲ ၂ ပြဲအထိ ရယူထားႏိုင္ခဲ့တာေၾကာင့္ ဒီပြဲကိုသာ အႏိုင္ရခဲ့ရင္ အဲဗာတန္အတြက္ေတာ့ ဖိအားက ပိုမ်ားလာမွာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္ဟာ ဒီရာသီမွာ အခြင့္အေရးအမ်ားႀကီး ျဖဳန္းတီးခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အိမ္ကြင္းရႈံးပြဲမ်ားစြာ ဆက္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဒီပြဲစဥ္မွာေတာ့ ဝက္ဖို႔ဒ္အတြက္ အႏိုင္ရလဒ္မျမင္မိဘဲ တန္းဆင္းဇုန္အထက္က ဘန္ေလနဲ႔ ၉ မွတ္အထိ ကြာဟေနတာျဖစ္တာေၾကာင့္ တန္းမဆင္းရဖို႔ လက္က်န္ပြဲစဥ္အားလုံးကို အႏိုင္ရဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ဘန္ေလအသင္းဟာ ဒီလမွာ ပြဲေကာင္းအခ်ိဳ႕ ပိုင္ဆိုင္ခဲ့ၿပီး ဝက္ဖို႔ဒ္ကိုသာ အႏိုင္မယူႏိုင္ခဲ့ဘူးဆိုရင္ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနဖို႔ အမွန္တကယ္မထိုက္တန္လို႔သာ ျဖစ္မွာျဖစ္ပါတယ္။ ဘန္ေလအတြက္ေတာ့ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲစဥ္ျဖစ္လာမွာ ျဖစ္ပါတယ္။ ခန႔္မွန္းပြဲရလဒ္(ဝက္ဖို႔ဒ္ ၀-၁ ဘန္ေလ)

ေဆာက္သမ္တန္ vs ခရစၥတယ္ ပဲေလ့စ္
ဒီပြဲဟာ တစ္သင္းနဲ႔ တစ္သင္း အားစမ္းၾကတဲ့ပြဲစဥ္ျဖစ္ၿပီး ဘာမွ ထူးမလာႏိုင္တဲ့ပြဲစဥ္ျဖစ္ပါတယ္။ ၂ သင္းစလုံးဟာ ဘာအတြက္နဲ႔မွ ကစားစရာမရွိေတာ့တာေၾကာင့္ ကိုယ္ဘာေကာင္လဲ၊ သူဘာေကာင္လဲဆိုတာကို ထုတ္ျပရမယ့္ပြဲစဥ္သာျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ အျပန္အလွန္သြင္းဂိုးေတြ ျမင္ေတြ႕ရႏိုင္ပါတယ္။ခန႔္မွန္းပြဲရလဒ္(ေဆာက္သမ္တန္ ၂-၂ ခရစၥတယ္ပဲေလ့စ္)

အက္စတန္ဗီလာ vs ေနာဝစ္ခ်္
အက္စတန္ဗီလာဟာ လက္ရွိမွာ ႐ုန္းကန္ေနရၿပီး ဒီပြဲကိုသာ မႏိုင္ဘူးဆိုရင္ ၆ ပြဲအထိ ႏိုင္ပြဲမရတဲ့စံခ်ိန္ဆိုးကို ပိုင္ဆိုင္သြားမွာျဖစ္ပါတယ္။ ေနာဝစ္ခ်္နဲ႔ပြဲမွာ ဗီလာအတြက္ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာျဖစ္ၿပီး ေနာဝစ္ခ်္ဟာ ၿပီးခဲ့တဲ့အပတ္က နယူးကာဆယ္လ္ရဲ႕ အမဲဖ်က္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ အက္စတန္ ဗီလာဟာ ဒီအပတ္မွာ ပြဲႀကီးပြဲေကာင္းတစ္ပြဲ ကစားသြားရမွာျဖစ္ၿပီး ေနာဝစ္ခ်္နဲ႔ပြဲမွာ ႏိုင္ပြဲ ျပန္ရယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ခန႔္မွန္းပြဲရလဒ္(အက္စတန္ ဗီလာ ၃-၀ ေနာဝစ္ခ်္)

ဝုလ္ဗ္စ္ vs ဘ႐ိုက္တန္
ဒီပြဲစဥ္မွာေတာ့ သြင္းဂိုးအနည္းငယ္ရွိေနမယ္လို႔ ထင္ရၿပီး ၂ သင္းၾကား အမ်ားႀကီး ကြာဟခ်က္မရွိတာေၾကာင့္ ပြဲၾကပ္တစ္ပြဲျဖစ္လာမွာျဖစ္ပါတယ္။ ဝုလ္ဗ္စ္ဟာ မၾကာေသးမီက ေျခစြမ္းက်ဆင္းေနၿပီး ဘ႐ိုက္တန္ကေတာ့ ပုံမွန္ေျခ နည္းနည္း ျပန္ရေနခဲ့ပါတယ္။ ခန႔္မွန္းပြဲရလဒ္(ဝုလ္ဗ္စ္ ၁-၁ ဘ႐ိုက္တန္)

လိဒ္စ္ vs မန္ခ်က္စတာစီးတီး
လာမယ့္အပတ္ အႀကီးမားဆုံးပြဲစဥ္မွာေတာင္ မန္စီးတီးရဲ႕ ပြဲထြက္လူစာရင္းကို ခန႔္မွန္းလို႔မရႏိုင္ေလာက္ေအာင္အထိ ၎တို႔ရဲ႕ လူစာရင္းက ႀကီးမားလြန္းေနပါတယ္။ မန္ခ်က္စတာစီးတီးအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ျပႆနာမ်ားမ်ားစားစားရွိမယ္လို႔ မထင္ဘဲ ဒီပြဲစဥ္မွာလည္း အႏိုင္ကလြဲၿပီး ဘာမွမျမင္မိပါဘူး။ လီဗာပူးလ္အသင္းကလည္း သူတို႔ရဲ႕ ပြဲစဥ္ကို အႏိုင္ယူသြားမွာျဖစ္တာေၾကာင့္ မန္စီးတီးအတြက္လည္း အမွားခံလို႔မရတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။ လိဒ္စ္ဟာ နည္းျပသစ္ ေရာက္ရွိလာၿပီးကတည္းက အႏိုင္ယူဖို႔ အခက္ခဲဆုံးအသင္းျဖစ္ေနခဲ့တာျဖစ္ေပမယ့္ မန္စီးတီးကိုေတာ့ တားဆီးႏိုင္မယ့္ပုံမေပၚပါဘူး။ ခန႔္မွန္းပြဲရလဒ္ (လိဒ္စ္ ၀-၃ မန္ခ်က္စတာစီးတီး)

ေတာ့တင္ဟမ္ေဟာ့စပါး vs လက္စတာစီးတီး
လက္စတာစီးတီးရဲ႕ ဘက္ကေန ၾကည့္မယ္ဆိုရင္ ဒီပြဲက သိပ္ေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ပြဲေတာ့ ျဖစ္မွာမဟုတ္ပါဘူး။ လက္စတာစီးတီးဟာ ၾကာသပေတးေန႔ညက ႐ိုးမားနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါကြန္းဖရင့္လိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီး ေနာက္အပတ္ ၾကာသပေတးေန႔ ေရာမမွာ အႏိုင္ယူဖို႔ကိုပဲ အာ႐ုံစိုက္ေနမွာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ ဟာရီ ကိန္းရဲ႕ အနာဂတ္ကလည္း မေရမရာျဖစ္ေနဆဲျဖစ္ၿပီး လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးႏိုင္မလားဆိုတဲ့အေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္အတြက္ေတာ့ ဒီပြဲက ပြဲေကာင္းတစ္ပြဲျဖစ္ၿပီး အႏိုင္ရသြားမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ လက္စတာစီးတီးဟာ ဥေရာပပြဲစဥ္ကိုသာ အာ႐ုံစိုက္ေနမွာျဖစ္တာေၾကာင့္ စပါးစ္ပဲ ေအာင္ပြဲခံသြားပါလိမ့္မယ္။ ခန႔္မွန္းပြဲရလဒ္(ေတာ့တင္ဟမ္ေဟာ့စပါး ၃-၀ လက္စတာစီးတီး)

အဲဗာတန္ vs ခ်ဲလ္ဆီး
ဒီပြဲဟာ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္လာမွာျဖစ္ၿပီး ဘန္ေလအသင္းသာ အႏိုင္ရသြားရင္ အဲဗာတန္အေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မတိုင္ခင္ ၄ မွတ္အထိ ကြာဟသြားေတာ့မွာျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ လီဗာပူးလ္နဲ႔ပြဲမွာ ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး ဒီအပတ္မွာေတာ့ ရလဒ္ေကာင္းရရွိဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၾကာသပေတးေန႔ညက မန္ခ်က္စတာယူႏိုက္တက္အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ တစ္ဖက္ ၁ ဂိုးစီ သေရ ရလဒ္သာ ရယူႏိုင္ခဲ့ၿပီး အဲဗာတန္အသင္းအေနနဲ႔ ဒီပြဲစဥ္မွာ ရႏိုင္သမွ် ရမွတ္ေတြကို ရယူဖို႔ ႀကိဳးပမ္းမွာျဖစ္ပါတယ္။ ခန႔္မွန္းပြဲရလဒ္(အဲဗာတန္ ၁-၁ ခ်ဲလ္ဆီး)

ဝက္စ္ဟမ္း vs အာဆင္နယ္
ဝက္စ္ဟမ္းရဲ႕ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္က ပြဲခ်ဥ္းကပ္ပုံဟာ အံ့အားသင့္စရာျဖစ္ခဲ့ၿပီး အေကာင္းဆုံးကစားသမားေတြထဲက ၃ ဦးကို ယူ႐ိုပါလိဂ္ပြဲစဥ္အတြက္ ခ်န္လွပ္ထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဝက္စ္ဟမ္းအသင္းဟာ ၾကာသပေတးေန႔ညက ဖရန႔္ဖြတ္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ အိမ္ကြင္းမွာ ၂-၁ နဲ႔ ရႈံးနိမ့္သြားခဲ့တာေၾကာင့္ အာဆင္နယ္အတြက္ေတာ့ ၿပီးျပည့္စုံတဲ့ အခ်ိန္ျဖစ္လာၿပီျဖစ္ပါတယ္။ အနားသိပ္မရဘဲ ကစားေနတဲ့ ဝက္စ္ဟမ္းအတြက္ေတာ့ အာဆင္နယ္ဆီကေန ရမွတ္ ရယူႏိုင္စရာအေၾကာင္းမရွိဘဲ အာတီတာရဲ႕ လူငယ္အစုအဖြဲ႕ကပဲ ေအာင္ပြဲဆင္သြားပါလိမ့္မယ္။ခန႔္မွန္းပြဲရလဒ္(ဝက္စ္ဟမ္း ၀-၂ အာဆင္နယ္)

မန္ခ်က္စတာယူႏိုက္တက္ vs ဘရန႔္ဖို႔ဒ္
မန္ခ်က္စတာယူႏိုက္တက္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ကစားခဲ့တဲ့ ၾကာသပေတးေန႔ညပြဲစဥ္မွာ ေရာ္နယ္လ္ဒို ကယ္တင္ခဲ့လို႔သာ သေရ ၁ မွတ္ရရွိခဲ့တာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္အသင္းကလည္း ေနာက္ဆုံး ၅ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးရလဒ္ကို ပိုင္ဆိုင္ထားၿပီး ပုံမွန္ေျခစြမ္းရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘရန႔္တ္ဖို႔ဒ္ဟာ ဒီပြဲကို အႏိုင္ရဖို႔ ေမွ်ာ္မွန္းၿပီး ယွဥ္ၿပိဳင္သြားမွာျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အတြက္ ျပႆနာျဖစ္လာႏိုင္ပါတယ္။ ခန႔္မွန္းပြဲရလဒ္ (မန္ခ်က္စတာယူႏိုက္တက္ ၂-၂ ဘရန႔္တ္ဖို႔ဒ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.