Premier League

ပွဲချိန်ဇယားကြပ်လို့ ညည်းနေတဲ့ ကလော့ပ်ကို ဝါးလုံးကွဲရယ်မိစေမယ့် သတင်းစကားပါးခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အပူဒဏ် မခံနိုင်တဲ့ ဘယ်လိုနည်းပြမဆို ပရီးမီးယားလိဂ် မီးဖိုချောင်ထဲက ထွက်သွားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပက် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ရဲ့ နားချိန်မရတဲ့ ပွဲချိန်ဇယားကို မရင်ဆိုင်နိုင်တဲ့ ဘယ်သူမဆို မော်လ်ဒိုက်ကျွန်းက အုန်းပင်အောက်မှာ အေးရာအေးကြောင်း သွားထိုင်နေလိုက်တာ ပိုကောင်းမယ်လို့ အကြံပြုခဲ့ပါတယ်။ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားပြီးနောက် ၃ ရက်တောင်မပြည့်ခင် စနေနေ့ နေ့လယ် ၁၂ နာရီခွဲမှာ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အတင်းအကြပ်ကစားဖို့ စေခိုင်းခြင်းခံခဲ့ရတာနဲ့ပတ်သက်ပြီး ညည်းတွားခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်အကြောင်း မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ မျက်နှာပြောင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ဗုဒ္ဓဟူးနေ့ညက ကစားထားတဲ့အသင်းအနေနဲ့ စနေနေ့ နေ့လယ် ၁၂ နာရီခွဲမှာ ကစားရမယ့် စည်းမျဉ်းရှိလာမှာဖြစ်ပြီး အဲဒီစည်းမျဉ်းက အခုရာသီကတည်းက ဖြစ်ပျက်နေတဲ့အကြောင်းနဲ့့ပတ်သက်ပြီး ပရီးမီးယားလိဂ်ကို လီဗာပူးလ်အသင်းက စောဒကတက်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ၂ ကျော့ကြားမှာ အချိန်ကွာဟချက် တိုတောင်းနေပြီး ဒုတိယအကျော့ကို အင်္ဂါနေ့မှာ ကစားသွားရမှာဖြစ်တာကြောင့် နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ ဒေါသထွက်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တုန်းကလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၆ ရက်တာကာလအတွင်း လီဗာပူးလ်နဲ့ ၂ ကြိမ် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက နည်းပြတွေရဲ့ ပြောစကားတွေက ဘာမှ ကွဲပြားခြားနားမှုမျိုး ဖြစ်လာစေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ဒီလိုမျိုး ပွဲကြပ်အချိန်ဇယားကို မနှစ်သက်တဲ့ နည်းပြတွေအနေနဲ့ ပိုပြီး လွယ်ကူတဲ့နေရာမှာ သွားအလုပ်လုပ်ဖို့ စဉ်းစားသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

“ကျွန်တော် လီဗာပူးလ်နဲ့ပတ်သက်ပြီး အမြဲတမ်း ကိုယ်ချင်းစာမိပါတယ်။ ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်နှကြိမ်လောက်အထိ ကျွန်တော်တို့ ဆွေးနွေးပြီးပြီလဲ။ ကျွန်တော် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မပြောချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အဲဒါက ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရုပ်သံထုတ်လွှင့်သူတွေက သူတို့တွေ ကြည့်ရှုသူပိုရအောင် ဘာလုပ်ရမလဲဆိုတာပဲ တွေးနေလို့ပါ။ ကစားသမားတွေလိုအပ်တာ ဒါမှမဟုတ် အသင်းတွေ လိုအပ်တာကို တွေးပေးနေတာမဟုတ်ပါဘူး။ အဲဒါကို ကျွန်တော် နားလည်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဘာပြောနိုင်မှာလဲ”

“ကျွန်တော်တို့ ပြဿနာကို ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပြီ။ ဆာအဲလက်စ် ဖာဂူဆန်က အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အရေးအပါဆုံး ပုံရိပ်တစ်ခုဖြစ်ခဲ့ပြီး သူ ဆယ်ကျော်သက်အရွယ်လောက်တုန်းကတည်းက(အတိသယဝုတ္တိအင်္လကာမြောက် ပြောဆိုမှု) စောဒကတက်နေခဲ့တာပါ။ ဘာမှ မပြောင်းလဲသွားဘူး။ အဲဒီတော့ ကျွန်တော့်ကို လာမမေးနဲ့။ ဒီလို မေးခွန်းမျိုးတွေကို နည်းပြတွေကို မေးတာ ရပ်လိုက်ပါ။ ပရီးမီးယားလိဂ်၊ ရုပ်သံထုတ်လွှင့်သူတွေဆီကို သွားပြီး ဘာကြောင့်လဲ မေးပါ။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ ကစားသမားတွေဆီက အကောင်းဆုံးပဲ လိုချင်တယ်”

“ကျွန်တော်တို့ ကစားသမားတွေအပေါ်မှာ အာရုံစိုက်တယ်။ ကစားသမားတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ပြီး ပြိုင်ပွဲ ၃၊ ၄ ခု ပါဝင်ကစားပေးနိုင်လောက်အောင် ပြန်အားမွေးနိုင်ပါ့မလား စိတ်ပူတယ်။ ကျွန်တော့်ကို နောက်ထပ်တစ်ကြိမ် ဒီလိုမေးခွန်းတွေ မမေးပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒါက သက်သက်အချိန်ဖြုန်းနေတာမို့လို့ပါ။ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

အမှန်တော့ မန်ချက်စတာစီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆီမီးပထမအကျော့ ကစားပြီးကတည်းက ၄ ရက်အတွင်း လိဒ်စ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဘာနေဗျူးမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အတွက်လည်း ၄ ရက်သာ အနားယူ ပြင်ဆင်ချိန် ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာက အားလုံးရဲ့အခြေအနေက ဘာမှ ထူးမခြားနားဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပြီး “ကျွန်တော်တို့ မက်ဒရစ်မှာ အက်သလက်တီကိုနဲ့ ကစားခဲ့ရပြီး ၃ ရက်အကြာမှာ ကျွန်တော်တို့ ဝင်ဘလေမှာ လီဗာပူးလ်နဲ့ အက်ဖ်အေဆီမီးဖိုင်နယ်ပွဲကို ကစားခဲ့ရတယ်။

ချဲလ်ဆီးက အင်္ဂါနေ့မှာ ကစားပြီး စနေနေ့မှာ ကစားရမှာဖြစ်ပေမယ့် တနင်္ဂနွေနေ့မှာ ကစားတယ်။ သူတို့တွေ အဲဒီအကြောင်းကိုရော တွေးမိတယ်လို့ ခင်ဗျား ထင်လား။ ဟင့်အင်း၊ မတွေးမိကြဘူး။ ဘာလို့လဲဆိုတော့ နောက်အင်္ဂါနေ့မှာ လီဗာပူးလ်က မန်ယူနိုက်တက်နဲ့ ကစားသွားရမယ်။ အားလုံးက ခုခံဖို့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါ။ ကျွန်တော်တို့ အသားကျနေပါပြီ”

“တကယ်လို့ သူတို့တွေ စနေနေ့ကစားမယ်လို့ ပြောရင် ကျွန်တော်တို့ စနေနေ့ ကစားရမှာပဲ။ သူတို့တွေက အင်္ဂါနေ့ကစားလို့ ပြောရင် ကျွန်တော်တို့ အင်္ဂါနေ့ကစားရမယ်။ ကြာသပတေးဆိုရင်ရောလား။ ကျွန်တော်တို့ ကြာသပတေးနေ့ ကစားရမှာပဲလေ။ သူတို့တွေ လိုချင်တာမှန်သမျှ ကိစ္စမရှိပါဘူး။ ကျွန်တော် မကျေနပ်လို့ရှိရင် အိမ်ထပြန်ပြီး မန်စီးတီးကို နည်းပြမလုပ်ရုံပဲ။ ကျွန်တော် မော်လ်ဒိုက်က တခြားလိဂ်တွေကို သွားပြီး နည်းပြမယ်။ မော်လ်ဒိုက် လိဂ်မှာပေါ့။ တစ်ပတ်ကို တစ်ရက်လောက်ပဲ ကစားပြီး အုန်းပင်လေးအောက်မှာ အုန်းရည်လေးသောက်ပြီး အရမ်းဇိမ်ကျနေမှာ။ အဲဒီလိုဖြစ်ရင်တော့ ပြီးပြည့်စုံသွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ခင်ဗျား ၁၂ နာရီခွဲကစားရမယ်။ လီဗာပူးလ်အတွက်တော့ ကျွန်တော် စိတ်မကောင်းပေမယ့် အဲဒီကိစ္စတွေမှာ ကျွန်တော် ဝင်မပါချင်ဘူး”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာဟာ အပူဒဏ္ မခံနိုင္တဲ့ ဘယ္လိုနည္းျပမဆို ပရီးမီးယားလိဂ္ မီးဖိုေခ်ာင္ထဲက ထြက္သြားသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ပက္ ဂြါဒီယိုလာက ပရီးမီးယားလိဂ္ရဲ့ နားခ်ိန္မရတဲ့ ပြဲခ်ိန္ဇယားကို မရင္ဆိုင္နိုင္တဲ့ ဘယ္သူမဆို ေမာ္လ္ဒိုက္ကၽြန္းက အုန္းပင္ေအာက္မွာ ေအးရာေအးေၾကာင္း သြားထိုင္ေနလိုက္တာ ပိုေကာင္းမယ္လို႔ အႀကံျပဳခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာဟာ ဗီလာရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္ ကစားၿပီးေနာက္ ၃ ရက္ေတာင္မျပည့္ခင္ စေနေန႔ ေန႔လယ္ ၁၂ နာရီခြဲမွာ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အတင္းအၾကပ္ကစားဖို႔ ေစခိုင္းျခင္းခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ညည္းတြားခဲ့တဲ့ လီဗာပူးလ္နည္းၿပ ကေလာ့ပ္အေၾကာင္း ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ မ်က္ႏွာေျပာင္ခဲ့တာျဖစ္ပါတယ္။

လာမယ့္ရာသီမွာ ဗုဒၶဟူးေန႔ညက ကစားထားတဲ့အသင္းအေနနဲ႔ စေနေန႔ ေန႔လယ္ ၁၂ နာရီခြဲမွာ ကစားရမယ့္ စည္းမ်ဥ္းရွိလာမွာျဖစ္ၿပီး အဲဒီစည္းမ်ဥ္းက အခုရာသီကတည္းက ျဖစ္ပ်က္ေနတဲ့အေၾကာင္းနဲ႔့ပတ္သက္ၿပီး ပရီးမီးယားလိဂ္ကို လီဗာပူးလ္အသင္းက ေစာဒကတက္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ၂ ေက်ာ့ၾကားမွာ အခ်ိန္ကြာဟခ်က္ တိုေတာင္းေနၿပီး ဒုတိယအေက်ာ့ကို အဂၤါေန႔မွာ ကစားသြားရမွာျဖစ္တာေၾကာင့္ နည္းၿပ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ေဒါသထြက္စရာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကလည္း ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္တုန္းကလည္း အလားတူ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အက္သလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္မီ ၆ ရက္တာကာလအတြင္း လီဗာပူးလ္နဲ႔ ၂ ႀကိမ္ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ဂြါဒီယိုလာက နည္းျပေတြရဲ့ ေျပာစကားေတြက ဘာမွ ကြဲျပားျခားနားမႈမ်ိဳး ျဖစ္လာေစမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီးေနာက္ ဒီလိုမ်ိဳး ပြဲၾကပ္အခ်ိန္ဇယားကို မႏွစ္သက္တဲ့ နည္းျပေတြအေနနဲ႔ ပိုၿပီး လြယ္ကူတဲ့ေနရာမွာ သြားအလုပ္လုပ္ဖို႔ စဥ္းစားသင့္တယ္လို႔ အႀကံေပးခဲ့ပါတယ္။

“ကၽြန္ေတာ္ လီဗာပူးလ္နဲ႔ပတ္သက္ၿပီး အျမဲတမ္း ကိုယ္ခ်င္းစာမိပါတယ္။ ကၽြန္ေတာ္တို႔ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ပတ္သက္ၿပီး ဘယ္ႏွႀကိမ္ေလာက္အထိ ကၽြန္ေတာ္တို႔ ေဆြးေႏြးၿပီးၿပီလဲ။ ကၽြန္ေတာ္ အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး မေျပာခ်င္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဘာမွ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ အဲဒါက ေျပာင္းလဲသြားမွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ႐ုပ္သံထုတ္လႊင့္သူေတြက သူတို႔ေတြ ၾကည့္ရႈသူပိုရေအာင္ ဘာလုပ္ရမလဲဆိုတာပဲ ေတြးေနလို႔ပါ။ ကစားသမားေတြလိုအပ္တာ ဒါမွမဟုတ္ အသင္းေတြ လိုအပ္တာကို ေတြးေပးေနတာမဟုတ္ပါဘူး။ အဲဒါကို ကၽြန္ေတာ္ နားလည္တယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ ဘာေျပာနိုင္မွာလဲ”

“ကၽြန္ေတာ္တို႔ ျပႆနာကို ေျဖရွင္းလို႔ရမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ၿပီးၿပီ။ ဆာအဲလက္စ္ ဖာဂူဆန္က အဂၤလိပ္ေဘာလုံးသမိုင္းမွာ အေရးအပါဆုံး ပုံရိပ္တစ္ခုျဖစ္ခဲ့ၿပီး သူ ဆယ္ေက်ာ္သက္အရြယ္ေလာက္တုန္းကတည္းက(အတိသယဝုတၱိအလၤကာေျမာက္ ေျပာဆိုမႈ) ေစာဒကတက္ေနခဲ့တာပါ။ ဘာမွ မေျပာင္းလဲသြားဘူး။ အဲဒီေတာ့ ကၽြန္ေတာ့္ကို လာမေမးနဲ႔။ ဒီလို ေမးခြန္းမ်ိဳးေတြကို နည္းျပေတြကို ေမးတာ ရပ္လိုက္ပါ။ ပရီးမီးယားလိဂ္၊ ႐ုပ္သံထုတ္လႊင့္သူေတြဆီကို သြားၿပီး ဘာေၾကာင့္လဲ ေမးပါ။ နည္းျပတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္တို႔ကေတာ့ ကၽြန္ေတာ္တို႔ရဲ့ ကစားသမားေတြဆီက အေကာင္းဆုံးပဲ လိုခ်င္တယ္”

“ကၽြန္ေတာ္တို႔ ကစားသမားေတြအေပၚမွာ အာ႐ုံစိုက္တယ္။ ကစားသမားေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ၿပီး ၿပိဳင္ပြဲ ၃၊ ၄ ခု ပါဝင္ကစားေပးနိုင္ေလာက္ေအာင္ ျပန္အားေမြးနိုင္ပါ့မလား စိတ္ပူတယ္။ ကၽြန္ေတာ့္ကို ေနာက္ထပ္တစ္ႀကိမ္ ဒီလိုေမးခြန္းေတြ မေမးပါနဲ႔။ ဘာလို႔လဲဆိုေတာ့ အဲဒါက သက္သက္အခ်ိန္ျဖဳန္းေနတာမို႔လို႔ပါ။ ဘာမွ ေျပာင္းလဲသြားမွာမဟုတ္ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

အမွန္ေတာ့ မန္ခ်က္စတာစီးတီးဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ဆီမီးပထမအေက်ာ့ ကစားၿပီးကတည္းက ၄ ရက္အတြင္း လိဒ္စ္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဘာေနဗ်ဴးမွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္လည္း ၄ ရက္သာ အနားယူ ျပင္ဆင္ခ်ိန္ ရရွိမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာက အားလုံးရဲ့အေျခအေနက ဘာမွ ထူးမျခားနားျဖစ္တယ္ဆိုတာကို ေထာက္ျပခဲ့ၿပီး “ကၽြန္ေတာ္တို႔ မက္ဒရစ္မွာ အက္သလက္တီကိုနဲ႔ ကစားခဲ့ရၿပီး ၃ ရက္အၾကာမွာ ကၽြန္ေတာ္တို႔ ဝင္ဘေလမွာ လီဗာပူးလ္နဲ႔ အက္ဖ္ေအဆီမီးဖိုင္နယ္ပြဲကို ကစားခဲ့ရတယ္။

ခ်ဲလ္ဆီးက အဂၤါေန႔မွာ ကစားၿပီး စေနေန႔မွာ ကစားရမွာျဖစ္ေပမယ့္ တနဂၤေႏြေန႔မွာ ကစားတယ္။ သူတို႔ေတြ အဲဒီအေၾကာင္းကိုေရာ ေတြးမိတယ္လို႔ ခင္ဗ်ား ထင္လား။ ဟင့္အင္း၊ မေတြးမိၾကဘူး။ ဘာလို႔လဲဆိုေတာ့ ေနာက္အဂၤါေန႔မွာ လီဗာပူးလ္က မန္ယူနိုက္တက္နဲ႔ ကစားသြားရမယ္။ အားလုံးက ခုခံဖို႔ ကိုယ့္အလုပ္ကိုယ္လုပ္ေနၾကတာပါ။ ကၽြန္ေတာ္တို႔ အသားက်ေနပါၿပီ”

“တကယ္လို႔ သူတို႔ေတြ စေနေန႔ကစားမယ္လို႔ ေျပာရင္ ကၽြန္ေတာ္တို႔ စေနေန႔ ကစားရမွာပဲ။ သူတို႔ေတြက အဂၤါေန႔ကစားလို႔ ေျပာရင္ ကၽြန္ေတာ္တို႔ အဂၤါေန႔ကစားရမယ္။ ၾကာသပေတးဆိုရင္ေရာလား။ ကၽြန္ေတာ္တို႔ ၾကာသပေတးေန႔ ကစားရမွာပဲေလ။ သူတို႔ေတြ လိုခ်င္တာမွန္သမၽွ ကိစၥမရွိပါဘူး။ ကၽြန္ေတာ္ မေက်နပ္လို႔ရွိရင္ အိမ္ထျပန္ၿပီး မန္စီးတီးကို နည္းျပမလုပ္႐ုံပဲ။ ကၽြန္ေတာ္ ေမာ္လ္ဒိုက္က တျခားလိဂ္ေတြကို သြားၿပီး နည္းျပမယ္။ ေမာ္လ္ဒိုက္ လိဂ္မွာေပါ့။ တစ္ပတ္ကို တစ္ရက္ေလာက္ပဲ ကစားၿပီး အုန္းပင္ေလးေအာက္မွာ အုန္းရည္ေလးေသာက္ၿပီး အရမ္းဇိမ္က်ေနမွာ။ အဲဒီလိုျဖစ္ရင္ေတာ့ ၿပီးျပည့္စုံသြားပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီလို မလုပ္နိုင္ဘူးဆိုရင္ ခင္ဗ်ား ၁၂ နာရီခြဲကစားရမယ္။ လီဗာပူးလ္အတြက္ေတာ့ ကၽြန္ေတာ္ စိတ္မေကာင္းေပမယ့္ အဲဒီကိစၥေတြမွာ ကၽြန္ေတာ္ ဝင္မပါခ်င္ဘူး”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.